ခွတ်ဒေါင်းဂျာနယ်တွေရမယ် တစ်စောင်မှ ၅၀ဝ ပဲ

CharTooLanMarch 23, 20111min973

၂၁/၀၃/၂၀၁၁ ခုနှစ် တနင်္လာ နေ့လယ် ၁၂နာရီခွဲခန့်က တာမွေမြို ့နယ်အတွင်း ခွတ်ဒေါင်းဂျာနယ်အားလှည့်လည်ရောင်းချခြင်း
မြန်မာအင်္ကျ ီအဖြူ နှင့် ချည်လုံချည်ဝတ်ဆင်ထားပီး ပင်နီလွယ်အိတ်ဆင်တူ လွယ်ထားကြသော လူရည်သန့် အမျိုးသမီးတစ်ဦးနှင့် အမျိူးသားနှစ်ဦးသည် “ခွတ်ဒေါင်းဂျာနယ်တွေရမယ်… ဒီရွေးကောက်ပွဲမှာ တရားမျှတလား မမျှတလားဆိုတာ သိချင်ရင် ဒီဂျာနယ်ကိုဖတ် .. ဒီလိုရောင်းမရောင်းရတာ နှစ်၂ဝရှိပီ….XXX …XXXX …….တစ်စောင်မှ ၅၀ဝ ထဲ” စသဖြင့် အော်ဟစ်ရောင်းချနေတာကို ကျနော်အိမ်မှာရှိနေတဲ့ မိသားစုအပါအဝင် ပတ်ဝန်းကျင်မှ ကြားမြင်သူတွေက ပြောပါတယ်။ လမ်းထဲမှာတော့ အဲ့ဒီမှာပါတဲ့ အမျိုးသမီးအော်ဟစ်ရောင်း ချနေတာ တော်တော့်ကိုဆူညံသွားပါတယ်လို့ ပြောကြပါတယ်။ ကိုယ်တိုင်ဂျာနယ် မဝယ်လိုက်ရလို့ ဝယ်ထားတဲ့လူဆီကနေ ဂျာနယ်ရဲ ့စာမျက်နှာအချို ့ကို ဓာတ်ပုံပြန်ရိုက်ယူခဲ့ပါတယ်။

ဂျာနယ်၏ အရှေ့ဆုံးစာမျက်နှာ (မျက်နှာဖုံး)

3 comments

  • kai

    March 23, 2011 at 8:16 am

    ကြည့်ရတာ… ကိုအေးလွင်ရဲ့ပါတီက ရံပုံငွေအတွက်ထုတ်တဲ့ဂျာနယ်ဖြစ်မယ်ထင်တယ်..။
    အစိုးရဆီမှာ တရားဝင်လျှောက်ထားတာနေမှာပါ..။
    လူထုက တပါတ်ရိုက်ရောင်းဖို့တော့ မကောင်းပါဘူး..။ ပွင့်ပွင့်လင်းလင်း.. ပါတီအမည်နဲ့ရောင်းသင့်တယ်..။

    ကြိုက်တဲ့သူဝယ်မှာပေါ့..။
    ကိုယ့်ပါတီအပေါ် ယုံကြည့်ချက် ပြတ်ပြတ်မချထားတဲ့နောက်တော့ .. ဘယ်လိုဆက်သွားမလဲ.. စဉ်းစားစရာ…။

  • bigbird

    March 23, 2011 at 10:52 am

    ဟုတ်ပါတယ်။ ပြည်သူလူထုရဲ့ ရေးရေးလေးသာမြင်နေရတဲ့မျော်လင့်ချက်တွေကို အခွင့်ကောင်းယူပြီး လိမ်ရောင်းတယ်ဆိုရင်တော့ မကောင်းပါဘူး။
    စစ်မှန်တဲ့ဒီမိုကရေစီအတွက် တစ်ကယ့်အစစ်အမှန်စာစောင်ဆိုရင်တော့ ကြိုဆိုအားပေးပါတယ်။

  • photwenty

    March 24, 2011 at 2:17 am

    ဒီဂျာနယ်ကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ် ကတည်းက ဝယ်ဖတ်ဖူးတယ် သတင်းတွေက update မဖြစ်ဘူး ဇန်နဝါရီလက သတင်းတွေများတယ် ပြီးတော. တစ်စောင် ၅၀ဝ ဆိုတဲ. ဈေးက အရမ်းများလွန်းတယ် အထဲမှာပါတဲ.သတင်းနဲ. ရိုက်ထားတဲ. စာရွက်ရဲ.အရည်အသွေးက ၃၀ဝလောက်ဆိုရင်ဖြစ်သင်.ပါပြီ အခုတော. ပါတီနာမည်ကိုအလွဲသုံးစားလုပ်နေသလိုပဲ
    ဒီတစ်ခါပဲရောင်းရမှာဆိုတဲ.ပုံစံနဲ.များလုပ်သလားမသိဘူး

Leave a Reply