မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား ဥပမာ

naywoon niMarch 24, 20111min27213

သမိုင်းထဲက သမိုင်းပေါ့ဗျာ…….
အခါတစ်ပါး မြန်မာပြည်ဖွား သမိုင်းပါရဂူတစ်ယောက်ကို မြန်ပြည်သား ကမ္ဘာကျော်စာရေးဆရာကြီးတစ်ယောက်က မေးခွန်းတစ်ခုမေးခဲ့တယ်။ (သူ့ဝတ္ထု အတော်များများကို နိုင်ငံတော်တော်များများက ဘာသာပြန်ခြင်းခံခဲ့ရသူပါ)။ ဘယ်လိုမေးခဲ့လဲဆိုတော့ ” သမိုင်းကို ဘာကြောင့်သင်ရသလဲ” တဲ့လေ……။ ဟိုဆရာကြီးက တခွန်းထဲပဲထိထိမိမိ ပြန်ဖြေပေးခဲ့တယ်။ ” မအ, အောင်လို့” တဲ့ ။ပညာရှိပီသ ပါပေရဲ့။ အဲဒိတော့ ကျွန်တော်တို့လည်း သမိုင်းကို (ခုဆို မူလတန်းကတည်းက သင်တယ်နဲ့တူရဲ့) သင်နေကြသူများပိပီ.. အ, နေလို့တော့ မဖြစ်ချေဘူးနော်..။
ကျွန်တော် ပြောမဲ့ သမိုင်းကြောင်းက ခေါင်းစဉ်ပေးထားတဲ့ အတိုင်းပါပဲ။ ” မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား “အကြောင်းပါပဲ။ အဲ… သမိုင်း ဘာသာရပ်မှာ သင်ခဲ့ရတာတော့မဟုတ်ဘူးဗျို့။ မြန်မာစာမှာပါ.။ 1984-85 ပညာသင်နှစ်က ဆယ်တန်းမြန်မာစာမှာပါ..။ မှီလိုက်တဲ့သူ တွေတော့ သတိရနေမှာပါပဲ။ မှီလိုက်တဲ့သူတွေ လို့ ပြောရအောင်က နောက်နှစ်နှစ်လောက်နေတော့ ပညာရေး သင်ရီုးတွေ အကုန်ပြောင်းလိုက်လို့ပါပဲ. ။ ကျွန်တော်တို့ထက် သုံးလေးနှစ် ငယ်ရင်တောင် ဒီသင်ရိုးကိုမှီလိုက်မှာ မဟုတ်ပါဘူး။ 25 နှစ်တောင်ကျော်သွားပြီဆိုတော့ ကျွန်တော်တောင် အဓိကဆိုလိုရင်းလောက်ပဲ မှတ်မိတော့တာ ။ သူတို့ထဲက စကားလုံးတွေကောင်းနေလို့သာ…..။
မင်းတုန်းမင်းရဲ့ ငယ်နာမယ်က မောင်လွင်ပါတဲ့..။ အဲဒိအချိန်ပညာရေး စနစ်ကတော့ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ပေါ့လေ……။ ဘုရင့်သားဆိုပြီးတော့ တက္ကသီလာက ဒိဿာပါမောက္ခဆီ မရောက်ပါဘူး။ ခုချိန်နဲ့ ကွာတယ်နော်..။ ခုဆိုရင်တော့ နိုင်ငံတစ်ခုခုက ကျောင်းတစ်ကျောင်းကို ရောက်နေရောပေါ့.. နော့..။ အင်းလေ..။ ထားပါ.။ သမိုင်းထဲက အဖြစ်ဆိုတော့..။ အဲဒိလိုဘုန်းတော်ကြီးကျောင်းမှာနေရတာဆိုတော့ နေရာရပုံ မပေါ်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်နေ့ အောက်ပြည်က ဒကာ တစ်ယောက်က လာရောက်လှူတန်းတဲ့ ငါးခြောက်ပြားကို မောင်လွင့်ကို သေချာသိမ်းထားဆိုပြီး လိုက်လိုက်လို့ပါ..။ မင်းတုန်းမင်းဖြစ်လာမဲ့ မောင်လွင်ကလည်း ကျောင်း ကျက်သရေ တိုက်ခန်းထဲ ဝင်ပြီးသေချာ သိမ်းခဲ့ပါသတဲ့.။ တစ်နေ့ ကျတော့ ဘုန်းတော်ကြီးက မောင်လွင်ကို သိမ်းထားတဲ့ ငါးခြောက် ယူလာခဲ့ဖို့ ခိုင်းလိုက်ပါသတဲ့.။ အဲဒိမှာ မောင်လွင် ပျားတုတ်တော့တာပဲလေ..။ သိမ်းထားတဲ့ ငါးခြောက်ပြားက ပျောက်ချင်းမလှ ပျောက်နေပြီကော………။ အဲဒါကို သိသွားတဲ့ ဘုန်းကြီးက ကြိမ်လုံးဆွဲပြီး ဆုံးမပါသတဲ့..။ ကြိမ်နဲ့ ရိုက်နေရင်းနဲ့ ဘာလိုပြောနေသလဲဆိုတော့………. ” ဟင်.. တစ်နေ့ကျ ရင် ရှင်ဘုရင် ဖြစ်လာမဲ့သူတဲ့ ။ ဒီ ငါးခြောက်ပြားလေးမှ လုံခြုံ အောင် မထိန်းသိမ်းနိုင်ရင် တိုင်းပြည်ကို ဘယ်လိုအုပ် ချုပ် မင်းလုပ်မှာလဲ” တဲ့လေ………။
ကဲ..။ တို့တစ်တွေလဲ ဒီသမိုင်းထဲက အချက်အလက်လေးကို နမူနာယူ ပြီး ဒီကနေ့ မ,အ ပဲနေကြရအောင်နော်……။
( ကလေးတွေးတွေး ပြီးတော့ မပြောနဲ့နော်..။ သူ့ဟာသူ သိမ်းထားတဲ့ ငါးခြောက်ပြားပျောက်တာ သူပဲ မီး ဖုတ်စားလိုက်မှာပေါ့ရယ်လို့ ။ ကျွန်တော်တို့တုန်းကလည်း ဒီလိုပဲ တွေးခဲ့ဖူးလို့ပါ..။ ပြောချင်တာက ငါးခြောက်ပျောက်တာက အဓိက မဟုတ်ဘူး။ ဆုံးမတဲ့ ဘုန်းတော်ကြီး ရဲ့ ဆုံးမ စကားက အဓိက နော်…….။)

နေဝန်းနီ

13 comments

  • naywoonni

    March 24, 2011 at 2:35 pm

    ဒီပို့ စ်တင်နေတုန်း ည 8း30 လောက်မှာ ငလျင်တစ်ခု လှုပ်သွားတယ် ။ တော်တော်လေးလှုပ်သွားတာ ။ တိုက်အပေါ်ထပ်မှာ မို့လားမသိဘူး။ ရမ်းသွားတာပဲ။ နှစ်မိနစ်လောက်ငြိ မ့် ပြီးလှုပ်နေသေးရဲ့…….။

    • kai

      March 24, 2011 at 4:36 pm

      ကိုရင်နေရေ.. သတင်းတက်လာပြီ.. ။
      ကြည့်ရတာ.. ပထဝီမြေကြောတွေ … နေရာပြန်ချနေတယ်ထင်တယ်..။ ထပ်လှုပ်နိုင်ပါသေးတယ်..။
      ကမ္ဘာ့တနေရာရာမှာပေါ့..။

      http://www.nytimes.com/2011/03/25/world/asia/25myanmar.html?src=twrhpEarthquake Hits Myanmar
      Earthquake Hits Myanmar
      By SETH MYDANS
      Published: March 24, 2011

      BANGKOK — A strong earthquake of magnitude 6.8 struck northeastern Myanmar Thursday evening near the borders of Thailand and Laos, shaking buildings as far away as Bangkok, about 480 miles to the south.

      The epicenter was about 70 miles north of the Thai border city of Chiang Rai, but Thai television said little damage had been reported there. It said a 55-year-old woman had died in the border town of Mae Sai when a wall collapsed on her while she was sleeping. There were no immediate reports of damage from within Myanmar or from Luang Prabang, a tourist town not far away in Laos. The Pacific Tsunami Warning Center said the quake was too far inland to raise a danger of a tsunami.

      The United States Geological Survey said the earthquake was just six miles deep, meaning that severe shaking could have caused major damage to buildings in the area. It also reported a smaller quake, of 4.8 magnitude, about a half-hour later.

      “I felt I was swaying like a child in a cradle,” said Nutpisut Thongkika, 50, a teacher, in a telephone interview from Chiang Rai. “The situation here was very chaotic when the earthquake hit.”

      Trees were swaying, she said, and she had to hold on to a pole to keep her balance.

  • unclegyi1974

    March 24, 2011 at 3:31 pm

    ဟုတ်ကဲ့ကိုနီရေ အခုနေများ
    ဆရာတော်ကြီးသက်ရှိထင်ရှားရှိတယ်လို့ထားပါ
    ပြည်သူ့ချစ်တော်ကလေးကလည်းသူ့ကျောင်းမှာ
    ကျောင်းနေ နေတယ်လို့ထားပါ
    ကိုနီ ကဆရာတော်ကိုငါးခြောက်ပြားကြီးလှူလို်က်
    ပြီလို့ထားပါ
    ဆရာတော်ကလည်းငါးခြောက်ပြားကြီးကို
    မင်းသားလေးကိုသိမ်းခိုင်းထားလု်ိက်ပါပြီ
    ငါးခြောက်ပြားကြီးလည်းပျောက်သွားပါပြီ
    ဆရာတော်ကလည်းမင်းသားလေးကို
    ကြိမ်တုတ်နဲ့နာနာနှက်လို့ဆုံးမနေပါပြီ
    ဘာတွေများဖြစ်လာမယ်လို့ထင်ပါသလဲ

    • bigcat

      March 25, 2011 at 2:28 am

      ရှေ့တန်းမှာတော့ ပေါ်တာအထမ်းသမားတွေ မိုင်းရှင်းပေးဖို့လူတွေ လိုနေသတဲ့…

  • MaMa

    March 25, 2011 at 1:53 am

    ူငါးခြောက်လှူတဲ့ ကိုနီကို ငလျှင်ကြီး ထပ်လှုပ်မှာပေါ့ အန်ကယ်ကြီးရယ်။

    • antimoe

      March 25, 2011 at 3:52 am

      ငါးခြောက်လှူတဲ့ ကိုနီကြီး..ဆူနာမိ..လေးထပ်ကွမ်းပါ ထိမှာပေါ့၊

  • လင်းဝေကျော်

    March 25, 2011 at 3:39 am

    အရင်တုန်းက ဒါလေးကို အထက်တန်းမှာ ပြဌာန်းချက်အနေနဲ့သင်ပေးပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 25, 2011 at 8:36 am

    ဟုတ်ပါ့
    ဆရာတော် ဆော်ပလော်တီးတာလဲတီးစရာဘဲ
    ဘုရင်လုပ်မဲ့သူက ဒါလေးတောင်ဖန်လို ့မတတ်ဘူး
    ဓာတ်ဘဲ
    အောင်ပုသာဆို
    နောက်ဖေးပေါက်ကနေ သူ ့ထက်ကြီးတဲ့ငါးခြောက်ကြီးလေးငါးကောင်လောက်
    အကြံဖန်လုပ်လာပြီး
    ဘုန်းတော်ကြောင့် ငါးခြောက်တွေ သားပေါက်ပြီး
    အရေတွက်တိုးလာကြောင်းပါဆို
    ဖုံးဖုံး…
    သနားဒယ်

  • kai

    March 25, 2011 at 9:00 am

    အဲဒီ ရိုက်ပြီး ဆုံးမခံရတဲ့ စိတ်ဒဏ်ရာတွေကြောင့်.. မင်းတုန်းမင်းဖြစ်လာတဲ့အခါ…
    ိစိတ္တဇနဲ့အုပ်ချုပ် မင်းလုပ်ခဲ့ပြီး.. . မြန်မာပြည်ဟာ ကျဆုံးခြင်းလမ်းပေါ်ရောက်ခဲ့တယ်လို့.. တွေးကြည့်သူများမရှိဘူးလား..။
    ရီဗတ်စ်အင်ဂျင်နီယာရင်း..နည်းနဲ့တွက်မယ်ပေါ့..။
    မင်းတုန်းမင်းလက်ထက်မှာ ..မြန်မာပြည်ဟာ..ကောင်းတာထက် ဆိုးတာတွေဖြစ်ခဲ့တာမို ့.. မြင့်မြတ်ကောင်းမွန်တဲ့သမိုင်းရေးခဲ့တဲ့..အုပ်ချုပ်သူမဟုတ်ဖူး..ဆိုတဲ့ဖက်က နေ.. ပြန်လှန်..စဉ်းစားမယ်ပေါ့..။

    တကယ်တော့ .. လူတဦးက .လူတဦးကို ရိုက်ဆုံးမတဲ့ ဓလေ့အကျင့်မရှိသင့်ပါဘူး..။
    ဒါမျိုးတွေလုပ်ရင်.. ကလေး၊လူငယ်ဟာ.. ပိုဆိုးဝါးတဲ့လမ်းပေါ်..အတွေးပေါ်ရောက်သွားတတ်တယ်..။ စိတ်အနာဖြစ်သွားတတ်တယ်တဲ့..။

  • naywoonni

    March 26, 2011 at 8:49 am

    အောင်ပု …နင်တော်တော် လူလည်ကျ ………အဲဒါကြောင့် ဟင်း !!!!!!!!! ငါမပြောလိုက်ချင်ဘူး

  • ဆူး

    March 26, 2011 at 2:34 pm

    အဘနီ ငလျင်လှုပ်တဲ့ အချိန် ဆူး နေပြည်တော် မှာ ရှိတယ်။
    တော်တော်လှုပ်တယ် ရန်ကုန်ကို ဖုန်းဆက်မေးတာ မလှုပ်ဘူးလို့ ပြောတယ်။
    ငလျင်လှုပ်တာ အချိန်နည်းနည်းကြာတယ်။

  • nature

    March 28, 2011 at 12:09 am

    အောင်ပုကတော့မြန်မာပြည်သားပီသပါပေတယ်။ငခြောက်ပြားဗားရှင်းအသစ်ပေါ့။ မဟုတ်လို့ကတော့အဝတ်တစုံအပိုရှာထားပေတော့။

Leave a Reply