ပြတိုက်ပိတ်ရက်သတ်မှတ်လိုက်ခြင်း

moonpoemMarch 25, 20111min1142

နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ရုံးပိတ်ရက်တွေ၊ အထိမ်းအမှတ်နေ ့တွေ သူ ့နေရာနဲ ့သူ ရှိကြပါတယ်။

မြန်မာနိုင်ငံရဲ ့ ရုံးပိတ်ရက်နဲ ့ကျောင်းပိတ်ရက်နေ ့ကတော့ အားလုံးသိကြတဲ့အတိုင်း

စနေ၊တနင်္ဂနွေ ဖြစ်ပါတယ်။ ဈေးနဲ ့တခြားပုဂ္ဂလိက ကုမ္ပဏီတွေရဲ ့ပိတ်ရက်တွေကတော့

အသီးသီးပါပဲ။ ယခင်က မြန်မာနိုင်ငံမှာ ရှိတဲ ့ ပြတိုက်တွေက တည်ရှိတဲ့ နေရာနဲ ့ပြတိုက် အမျိုးအစားကိုလိုက်ပြီး မတူညီကြပါဘူး ။ ဒါပေမယ့် ၂၀၁၁ ခုနှစ်၊ ၄လပိုင်း ၊ ၁ရက်နေ ့က

စတင်ပြီး တင်္နလာ၊ အင်္ဂါနဲ ့ အခါကြီးရက်ကြီး ရုံးပိတ်ရက်တွေကိုမြန်မာမှာရှိတဲ့ပြတိုက်အားလုံးရဲ ပြတိုက်ပိတ်ရက်အဖြစ် တပြေးညီ သတ်မှတ်သွားမယ်လို ့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဋ္ဌာန

မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ ့ ပြတိုက်အမျိုးအစားတွေက

ယဉ်ကျေးမှုပြတိုက်၊ အမျိုးသားပြတိုက်၊ ဗုဒ္ဓပြတိုက်၊ ရှေးဟောင်း သုတေသနပြတိုက်အပြင်

နေရာဒေသကိုလိုက်ပြီး မတူတဲ့ ပြတိုက်တွေ ရှိနေသေးတာကြောင့် အောက်ပါအတိုင်း

အသိပေးလိုက်ရပါတယ်။

 

1. အမျိုးသားပြတိုက်(ရန်ကုန်)

2. အမျိုးသားပြတိုက်(နေပြည်တော်)

3. ယဉ်ကျေးမှုပြတိုက်(မြစ်ကြီးနား)

4. ယဉ်ကျေးမှုပြတိုက်(လွိုင်ကော်)

5. ယဉ်ကျေးမှုပြတိုက်(ဘားအံ)

6. ယဉ်ကျေးမှုပြတိုက်(ဟားခါး)

7. ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်)

8. ယဉ်ကျေးမှုပြတိုက်(စစ်တွေ)

9. ယဉ်ကျေးမှုပြတိုက်(တောင်ကြီး)

10. ဗုဒ္ဓပြတိုက်(ညောင်ရွှေ)

11. ယဉ်ကျေးမှုပြတိုက်(ကျိုင်းတုံ)

12. ယဉ်ကျေးမှုပြတိုက်(ပုသိမ်)

13. ယဉ်ကျေးမှုပြတိုက်(မန ္တလေး)

14. ရှေးဟောင်းသုတေသနပြတိုက်(ပုဂံ)

15. စလေရုပ်စုံကျောင်းပြတိုက်

16. ရှေးဟောင်းသုတေသနပြတိုက်(ပခန်း)

17. မြနန်းစံကျော်ယဉ်ကျေးမှုပြတိုက်

18. ရှေးဟောင်းသုတေသနပြတိုက်(အင်းဝ)

19. ဗုဒ္ဓပြတိုက်(စစ်ကိုင်း)

20. ရှေးဟောင်းသုတေသနပြတိုက်(ရွှေဘို)

21. ဗုဒ္ဓပြတိုက်(ဘုတလင်)

22. ဟံသာဝတီရှေးဟောင်းသုတေသနပြတိုက်

23  သရေခေတ္တရာရှေးဟောင်းသုတေသနပြတိုက်

24. ရှေးဟောင်းသုတေသနပြတိုက်(မြောက်ဦး)

25. ဗုဒ္ဓပြတိုက်(စစ်တွေ)

26. ကျောက်တော်မဟာမုနိပြတိုက်

27. ဗိဿနို်းရှေးဟောင်းသုတေသနပြတိုက်

28. တကောင်းရှေးဟောင်းသုတေသနပြတိုက် စတာတွေပဲ ဖြစ်ပါတယ်။ အခြားသော

ပြတိုက်တွေလည်း ရှိနေသေးပေမယ့် လတ်တလောမှာတော့ ဒီ၂၈ကိုပဲ တရားဝင်ထုတ်ပြန်ထားပါသေးတယ်။

 

2 comments

  • santds

    March 25, 2011 at 7:58 am

    ပိတ်ရက်အားတဲ့အချိန်မှာမှ လေ့လာဖို ့အခွင့်အရေးရှိတာကို။
    ပိတ်ရက်မှာပိတ်တယ်ဆိုတော့ ..ဘယ်လိုဦးနှောက်တွေနဲ ့ဆုံးဖြတ်တာပါလိမ့်။
    ဒီတိုင်းတော့ တိုးတက်ပါဦးမယ်။

  • moonpoem

    March 25, 2011 at 8:42 am

    ဟုတ်ပါတယ်ပြတိုက်တစ်ခုဟာတစ်ပိတ်မှာတစ်ရက်လောက်ပိတ်ရင်ပဲ
    လုံလောက်တယ်လို ့ထင်ပါတယ်။အများပြည်သူတွေကအားလပ်ရက်မှာ
    ပဲလေ့လာဖို ့အချိန်ရှိကြတာဆိုတော့ ဂဇက်တက်နေ ့တွေမှာ မပိတ်သင့်ဘူးလား
    လို ့ပါ။

Leave a Reply