ကုသိုလ် တတ်အား နည်းများ မဆို…

nigimi77March 25, 20111min22220

မနေ ့ ညက ကိစ္စ တခုရှိလို ့ မြောက်ဥက္ကလာ အဝိုင်းကြီး ကို သွားပြီး ပြန်ဖို ့ မှတ်တိုင်ရှေ  ့မှာ

ကားရပ်စောင့်နေတုံး  အလွန် ဆူညံစွာ အော်ဟစ်နေတဲ့ အသံကို သတိပြုမိတယ်။

Phone ပြောနေတုံးမို ့ လှည့်မကြည့်မိပေမဲ့  မျက်စိရှေ  ့တည့်တည့် ကို ဝင်လာတာက အသက် ၁ရ နဲ ့ ၁၈ ကြား

လောက်မှာ ရှိမယ်လို ့ ထင်ရတဲ့ ယောဂီ ဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးနှစ်ယောက်။

ကျုပ် ရပ်နေတဲ့ နေရာနဲ ့ ခြေလှမ်း ၅ လှမ်းလောက်ကွာတဲ့ နေရာမှာ ရပ်ထားတဲ့ တက္ကဆီ နဲ  ့

ကျုပ်ရဲ  ့မြင်ကွင်းထဲကို ဝင်လာတာပေါ့။

နှစ်ယောက်ထဲက တစ်ယောက်က  နောက်တယောက်ရဲ  ့ အလှုခံတဲ့ ဒန်ဖလားကို ကိုင်ပေးဖို  ့ယူလိုက်တယ်။

ကျန်တဲ့ တယောက်က ဒန်ဖလားကို ပေးပြီးတဲ့ နောက်မှာ………..

အားရပါရ ထမီကို  ပြင်ဝတ်ဖို ့ ဆွဲဖြန် ့လိုက်ပါတယ်။   ဘယ်ဖက်လက်နဲ ့ ထမီ အထပ်ဆင် နေရာကို ကိုင်ထားပါတယ်။  ညာဖက်လက်က ထမီစ ကို လွှတ်ချလိုက်ပါတယ်။

ထင်ထင်ရှားရှားကို ညာဖက်အခြမ်းရဲ  ့ အတွင်းခံ ဘောင်းဘီ အပါ အဝင် ဖင် တခြမ်းလုံး ရဲ  ့

ရှုခင်းကို တွေ ့ရပါတယ်။ ထမီကို လွှတ်လိုက်တဲ့  ညာဖက်လက် က မြောက်တက်လာပါတယ်။

တခြား တစ်ယောက်က ကိုင်ပေးထားတဲ့ ဒန်ဖလား အထဲကို ညာဖက်လက် က ဝင်သွားပါတယ်။

လက်ကပြန် မြောက်တက် လာပါတယ်။  ပိုက်ဆံ လက်တစ်ဆုပ် ပါလာပါတယ်။

လက်က တဖြည်းဖြည်း အောက်ဖက် အရပ်ကို ဦးတည်နေပါတယ်။

ညာဖက် လက်ဟာ ထမီစ လွတ်ပြီး  ဖင် တခြမ်းပေါ်နေတဲ့ အနေအထားမှ လက်ကို အရှေ ့ဖက်သို ့ ဦးတည်

နေပါတယ်။ တဖြည်းဖြည်းနဲ ့ ညာဖက်လက်ဟာ  အတွင်းခံ ဘောင်းဘီ အတွင်းသို ့ဝင်သွားပါတယ်။

ညာဖက်လက် ပြန်ထွက် လာပါတယ်။  မျက်လှည့်ပွဲက ပြီးသွားပါပြီ။

ဖင် တခြမ်းပေါ်နေတဲ့ ထမီကို ပြန်ဝတ်ရင်း ကောင်မလေး နှစ်ယောက် စလုံးက ကျုပ်ကို ငါးသလဲထိုး အပြုံး

ဖြင့် နှုတ်ဆက်ခါ ထွက်ခွာသွားလေ သတတ်။

သတိ ဝင်လာပြီး  ဓါတ်ပုံ လိုက်ရိုက်သော်လည်း ကောင်မလေးနှစ်ယောက် လူကြားထဲ လှည့်ပတ်ပြီး အလှုခံနေသောကြောင့် မရိုက်လိုက်ရပါ။ ယောကျာင်္များ မိန်းမများ  ၉ ယောက်ထက် မနည်းဟုထင်ရသည်။

မျက်စိရှေ  ့တွင်ပင် လှုသွားသူတွေမနည်း။

အလှုခံသူများမှာ သနားစရာ …။

လူတွေက လှုလေ  သူတို ့က ထမီ တွေ ပုဆိုးတွေ ပြန်ပြင်ဝတ်ရနှင့်

နွမ်းရိ စုတ်ပြတ်လုနီး  အတွင်ခံ ဘောင်းဘီတို ့လည်း ဖောင်းကားလှချေပြီ။

သာဓု သာဓု သာဓု။

ယခုကဲ့သို ့လှုတန်းရသော ………..။

20 comments

  • nigimi77

    March 25, 2011 at 8:41 am

    ကော်နက်ရှင် မကောင်းလို ့ ညကျမှ ဓါတ်ပုံတင်တော့မယ်။

  • search123

    March 25, 2011 at 8:57 am

    ခပ်တည်တည်နဲ့ လုပ်စားနေကြတာပေါ့။
    ဘယ်လိုပြောပြီး အလှူခံလဲ မသိဘူး။

  • True Faith

    March 25, 2011 at 9:59 am

    အင်း ဒါကတော့ နောက်ဆုံးပေါ် Made in Burma အလှူခံတဲ့ နည်းသစ်ထင်ပါရဲ့ဗျာ။ ပြည်သူတွေခမျာ စားဝတ်နေရေး ကြပ်တည်းလွန်းတော့ လုပ်မိလုပ်ရာတွေ လုပ်ကုန်ကြပြီ ထင်ပါရဲ့။

    ကျနော့်မိတ်ဆွေ တယောက် ပြောဖူးတာက ညနေစောင်းရင် ပန်းခြံနားတွေမှာ အကိုကြီးရေ အာသာဖြေပေးမယ်။ ကိုင်ထားခွင့်လည်း ပေးပါ့မယ်။ ၅၀ဝ ထဲပါဆိုပြီး တောင်းပန်တိုးလျှိုးတဲ့ လေသံနဲ့ ဖောက်သည်ဆွယ်နေတဲ့ ကောင်မလေးတွေ
    ဆိုတာ ပေါမှပေါပဲတဲ့ဗျ။

    ဒီလိုအခြေအနေတွေ လွတ်မြောက်ဖို့ နည်းလမ်းလေးတွေ ဝိုင်းဝန်း စဉ်းစားကြပါဦး ဘော်ဒါတို့။

  • လင်းဝေကျော်

    March 25, 2011 at 10:10 am

    စားဝတ်နေရေးမကျပ်တည်းလည်း လူတွေက လွယ်လွယ်လှူနေရင် လူလည်တွေကလုပ်စားမှာပဲ။
    ဆိုင်ရာက စည်းမျဉ်းတွေ တင်းကျပ်ပေးဖို့၊ လူတွေကလည်း ဘာမှန်းမသိ ကိုယ့်ရှေ့လာအလှူခံတာနဲ့ လက်မလွယ်ဖို့၊
    အတုမှန်းသိရင် လူတွေစုပြီး ဝိုင်းဗျင်းပေးကြဖို့ က စလို့ ထိရောက်သော တုန့်ပြန်မှုတွေ လုပ်ပေးသင့်ပါတယ်။

  • intro

    March 25, 2011 at 12:19 pm

    စိတ်မောစရာကြီးဗျာ… ဟူး…

  • kai

    March 25, 2011 at 9:39 pm

    အဲဒီမိန်းကလေးတွေမှာ ရောဂါရှိရင်.. အဲဒီထဲကထွက်လာတဲ့.. ပိုက်ဆံကိုင်တဲ့သူတွေ ကူးနိုင်တာပေါ့..။
    ဒုက္ခပဲ..။

    • eros

      March 26, 2011 at 10:35 am

      ဘာရောဂါတွေကူး နိုင်သလဲဗျ။

  • peacemaker35183777

    March 26, 2011 at 1:37 am

    ဒါ ဒို့တိုင်း ဒို့ပြည် ဒို့ ြ မန်မာပြည်
    ရန်ကုန်တွင်ရှိသော ကေတီဗွီ မာဆက်(မြန်မာလို) များက်ိုစာရင်းကောက် ပါက
    တမြို့နယ် ၁၅ ဆိုင် (အနည်းဆုံး) မြို့နယ် ၂၀(ခန့်မှန်း) ပေါငိး ဆိုင် ၃၀ဝ တဆိုင်ကို ၁ဝ ယောက်(အနည်းဆုံး)စုစုပေါရင်း လူ ၃၀၀ဝ အသက် ၁၅ နှစ် မှ ၂၅ အတွင်းအများဆုံး
    night club များတွင်လုပ်စားနေသော သူများမပါ။
    ရပ်ကွက်တွင်းတိုးတိုးတိတ်တိတ် လုပ်စားနေသူများမပါ။
    တနိုုင်ငံလုံးတွင်လည်း ကေတီဗွီ မာဆက်(မြန်မာလို) ဆိုင်များပေါများစွာတွေ့ရ။
    တိုးတက်လေစွတကား

  • bigcat

    March 26, 2011 at 3:17 am

    ဘာကြောင့် ယောဂီဝတ်စုံ ဝတ်လုပ်ရတာလည်း။ သူတို့မှာ ဝတ်စရာဒါပဲရှိလို့လား၊ အခြားရည်ရွယ်ချက် တခုခုများ ရှိလေသလား…။ ညဖက်အဲဒီအချိန်ရောက်တိုင်း စစ်သား၇ရ မြောက်ဥက္ကလာပအဝိုင်းဖက်ကို သွားဖို့ကိစ္စ မပေါ်လောက်ပါဘူးနော်။

  • etone

    March 26, 2011 at 5:09 am

    သူပြောတာမြင်ယောင်ပြီး ရွံလာပီ ။ တကိုယ်ရည်သန့်ရှင်းမှူမရှိတဲ့ လူမျိုးဆို ဘယ်လို ဘတ်တီးရီးယားတွေ ပါလာမလဲ မပြောတတ်ဘူး ။ အဲ့ဒီပိုက်ဆံ လည်ပတ်ပြီးကိုယ့်လက်ထဲ ရောက်လာမှာ ကြောက်တယ် ။
    လိမ်ပြီး အလှူခံတဲ့လူတွေက ယောဂီယောင်ဝတ်ထားတယ်ဆိုတော့ ဘုရားအကြောင်းပြ လိမ်စားတာဖြစ်မယ် … သူ့အကုသိုလ် သူ အကျိုးပေးပါလိမ့်မယ် … ။

    • kai

      March 26, 2011 at 8:37 am

      သူ့အကုသိုလ် သူ အကျိုးပေးသွားတာပေါ့..။ ငွေထုတ်လေးပိုက်ပြီး အိမ်ပြန်ရတဲ့..အကျိုးလေ..။ 🙂

      ကိုရင်နိဂိမိရေ..
      ဓါတ်ပုံလေးကြိုးစားတင်ပါဦး..။ ဒါမျိုးက.. အဲဒီလိုလုပ်ပေးမှ.. မှတ်ကြမှာ..။

  • dream

    March 26, 2011 at 6:58 am

    ဪ အကျင့်ဇာရိတ္တတွေ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာပါလား။
    ကျောင်းတွေမှာလဲ ဇာရိတ္တအချိန်မှာ စာပဲသင် အားကစားချိန်မှာ စာပဲသင်ဆိုတော့

  • nigimi77

    March 26, 2011 at 6:59 am

    လံကျုတ်လုပ်ပြီး ယောဂီ ဝတ်စုံ ဝတ်ခိုင်းရတာ မဟုတ်ပါ။ ဓါတ်ပုံတွေကို မနေ ့
    ညကတင်တာ ကွန်မကောင်းတော့ လုံးဝတင်လို ့မရဘူး။
    ညဖက် ရ နာရီနဲ ့ ၈ နာရီကြားမှာ ကျုပ်ဟာ မြောက်ဥက္ကလာ အဝိုင်းကို တပတ်မှာ ၃ ရက်လောက်ကို သွားရပါတယ်။ အဲဒီမှာ မြောက်ဥက္ကလာပ စက်မှုဇုံ ရှိတယ်။
    အလှုခံကားက LIGHT TRUCK အဖြူရောင်ပါ။ ဆင်းတုတော်ပေါင်းစုံကို တင်ပြီး
    မီးထိန်ထိန်ညီးပြီး စပီကာကျယ်လောင်စွာဖွင့်ပြီး ကားပေါ်ကနေပြီးတော့ရော
    အောက်မှာ ဆင်းပြီးတော့ရော အလှုခံနေကြတာ။
    ကျုပ် အမြင်ကို အမြင် အတိုင်းရေးထားပါတယ်။ ဘယ်သူ ့ကို မှ ညှိးနွမ်းစေချင်တဲ့
    စိတ် မဟုတ်ပါ။

  • intro

    March 26, 2011 at 11:02 am

    ကိုရင် နိဂိမိ ပြောချင်တာက ကောင်မလေးနှစ်ယောက်က ယောဂီဝတ်စုံဝတ်ထားတယ်၊ ဘုရားအလှူခံ တွေ ဖြစ်မယ်နဲ့ တူတယ်၊ ဖလားနဲ့ အလှူခံတယ်၊ နိဗ္ဗာန်ဆော်တွေပေါ့ … Light Truck လေးနဲ့ အလှူခံတဲ့ အဖွဲ့ထဲမှာပါတယ်… အောက်က လူတွေကလဲ ဘုရားကို ပိုက်ဆံ လှူကြတယ်ပေါ့… သူတို့က အဲ့သည့်လှူတဲ့ပိုက်ဆံကို လူအလစ်မှာ ဖလားထဲကနေ ထမိန်ဖြန့်ဝတ်ပြီးအတွင်းခံထဲကို ထည့်ပြီး ယူတာကို နိဂိမိက မြင်လိုက်တယ် လို့ ပြောချင်တာလား?
    (ပထမတစ်ခေါက်ဖတ်တော့ သိတ်ပြီး သဘောမပေါက်လိုက်လို့)

  • Gong Zhu

    March 26, 2011 at 5:29 pm

    ဘာပဲဖြစ်ဖြစ် ကိုယ်ကလှုလိုက်ပြီးပြီပဲ နိဗာန်နသ ပစ်စယောဟောတုပေါ့ ( ဘယ်လိုပေါင်းတာလဲမသိဘူး ) 😛 / မယုံရင် စောစောတည်းက မလှုနဲ့တဲ့ လှုပြီးရင်လည်း လိမ်တာလား ညာတာလား ပြန်မစဉ်းစားနဲ့တဲ့ ။ ကုသိုလ်က ကိုယ်ကရလိုက်ပြီးပြီ လိမ်ညာသူက သူ့အကုသိုလ်နဲ့သူဖြစ်သွားလိမ့်မယ်တဲ့ . အထူးသဖြင့် ဘုရားငွေတွေကို လိမ်ညာယူတာက အပါယ်လား တတ်တယ်တဲ့ … ရိုးရိုးမဟုတ်ဘူး ရှယ် ဟိုးအောက်ဆုံးမှာ ဂျိုးကပ်မယ်တဲ့ …

    • kai

      March 28, 2011 at 8:34 am

      ဒီလိုမစဉ်းစားရဘူးလေ လုံမလေးရယ်..။
      လှူတယ်ဆိုတဲ့ ဟာမှာ..ကိုယ်ကကုသိုလ်ချည်း ယူသွားလို့ (ဒါမှမဟုတ်) ရသွားတယ်ဘယ်ဖြစ်နိုင်ပါ့မလည်း..။
      ကိုယ်လှူတဲ့ငွေဟာ.. လူတဦးတယောက်ရဲ့ ဘဝကို ပျက်သွားသလား..။ ထိခိုက်သလား..။
      အဲဒီ ငွေကနေ ဆက်စပ်ဖြစ်ပျက်တာတွေ(ကြောင်းကျိုးတွေ)က … ကောင်းလာသလား..ဆိုးသွားသလား.. တာဝန်ယူမှုရှိရမှာပေါ့..။
      responsibility ဆိုတာ ..အဲဒါပဲ..။
      တာဝန်ယူမှုပေါ့..။ လူသားဟာ ..တာဝန်ယူမှုရှိမှ.. တိုးတက်အောင်မြင်မယ်.။ ခေါင်းဆောင်ဖြစ်မယ်..။

      “with great power comes great responsibility” Uncle Ben -Spider-Man

    • bigcat

      March 29, 2011 at 1:00 am

      မင်းသမီးလေးရေ..
      အပြင်လူစကား နားမယောင်နဲ့ကွဲ့။ ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်ဆိုတာ ကြားဖူးတယ် မဟုတ်လား။ လုပ်စရာရှိတာ လုပ်ပစ်လိုက်၊ နောက်ကြောင်းပြန်မတွေးနဲ့။ အဆုံးတနေ့မှာ အားလုံးကို လူတွေမေ့သွားကြမှာပဲ။

      “No matter what you do for them, eventually, they will hate you.” Green Goblin – Spider- Man’s archenemy

  • nigimi77

    March 27, 2011 at 1:44 pm

    ယုံဝူး။ တရုပ်မတွေ ညာတတ်တယ်လို ့ အမေ ပြောတယ်။

  • လင်းဝေကျော်

    March 28, 2011 at 7:41 am

    တရုပ်မတွေက ဘယ်လိုညာတတ်တာတုန်း။ ပြောရင်း ဘေးရောက်ကုန်ပြီ။

Leave a Reply