စစ်ကိုင်းမြို့ရှိမင်းဝင်တောင် ပေါက်ကွဲမည်ဆိုသောကြောင့် သတိပေးချက်များထုတ်ပြန်

soethuya7March 26, 20111min1238

စစ်ကိုင်းမြို့ ရှိ မင်းဝင်တောင်ပေါက်ကွဲ မည်ဆိုသောကြောင့် စစ်ကိုင်းမြို့ရှိ လူများပြောင်းရွေ့ ကြရန်သတိပေးချက်များထုတ်ပြန်ထားကြောင်း ကြားသိရပါသည်။ ထို့ကြောင့် စစ်ကိုင်းရှိ လူများ ပြောင်းရွေ့  ြ့ကရန် ပြင်ဆင်နေကြကြောင်းသိရပါသည်။ တကယ်လား ကောလဟာလ လားတော့ အတိအကျမသိရသေးပါဘူး ။လူအများပြောနေသံကိုတော့ ကြားနေရပါတယ်။

8 comments

  • onlinezz

    March 26, 2011 at 7:46 am

    ဘယ်က သတင်းရတာလဲ?ဘယ်သတင်းငှာနမှာ သွားဖတ်ရမလဲ .. လင့်ရှိရင်ပေးပါ

  • တညင်သား

    March 26, 2011 at 11:59 am

    ဒါမျိုးတွေက ..တိကျမှ ရေးတာ ကောင်းပါတယ် ပြည်သူတွေ အထိပ်တလန့်ဖြစ်မှာဆိုးလို့ပါ..တိကျတယ်ဆိုတာက ..သတင်းဌာန တခုခုပေါ့

  • ဆူး

    March 26, 2011 at 2:39 pm

    ဘာလို့ ပေါက်ကွဲချင်နေတာလဲ.. ဘိုးဘိုးအောင် ဓါတ်အောင်သွားလို့လား။ ပိုပြီး အချက်အလက်နဲ့ ပြောရင် ပိုကောင်းမယ်။

  • လင်းငယ်

    March 26, 2011 at 4:36 pm

    ဟုတ်တယ်။ ခုတလော ဘာတွေ ဖြစ်နေလဲ မသိဘူး။ ကောလဟာသ သတင်းတွေ ကြားနေရတယ်။ ကျွန်တော်တို့ မကွေးတိုင်းထဲက ကျောက်ပန်းတောင်မြို့ အနီးမှာလည်း ငလျင်လှုပ်မယ်လို့ သတင်းတွေ ကြားနေရတယ်။ သေချာလား မသေချာလားတော့ မသိဘူး။ ပြောနေကြတာပဲ။

  • kopauk mandalay

    March 26, 2011 at 5:00 pm

    လောက သဘာဝ ပြောကြပြန်ရ
    ကောလဟာလ
    အမှန်သိလိုက ဉာဏ်လေးနဲ့ဆင်ခြင်ပါ။

  • Gong Zhu

    March 26, 2011 at 5:15 pm

    ပြောင်းဆိုတော့ ဘယ်ကိုပြောင်းရမှာလည်း … စစ်ကိုင်းမှာ သီလရှင်ကျောင်း ၊ ဘုန်းကြီးကျောင်းတွေပိုပေါတယ်နော် …

  • bigcat

    March 27, 2011 at 1:03 am

    လွန်ခဲ့တဲ့တနှစ်လောက်ကထဲက ၂၀၁၂ဆိုတဲ့ ကမာ္ဘပျက်တဲ့ရုပ်ရှင် ထွက်ခဲ့တယ်။ အဲဒီမတိုင်ခင်ကလည်း ထင်ရှားတဲ့ ပရောဟိတ်တွေက ကမာ္ဘပျက်တော့မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ လတ်တလောကြည့်ပြန်တော့လည်း အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကမှာ သွေးထွက်သံယို အုံကြွလှုပ်ရှားမှုတွေဖြစ်နေတယ်။ ဂျပန်မှာလည်း ဆူနာမီငလျင်ကြီးလှုပ်ပြီးသွားပြီ။ ရှမ်းပြည်ဖက်မှာလည်း ငလျင်လှုပ်သွားတာ မကြာသေးဘူးဆိုတော့ ဖြစ်နိုင်မဖြစ်နိုင် ကိုယ့်ညဏ်နဲ့သာ တွေးကြည့်တော့ဗျာ…

  • cobra

    March 27, 2011 at 4:48 pm

    သိပ်သေချာတဲ့သတင်းပဲနော်..
    ဘယ်ကရတဲ့တင်းမှန်းကိုမသိတာ…။

Leave a Reply