Yoga ( 2 )

မမေလးMarch 26, 20111min1206

* ပြီးရင် စိတ်တွေ တည်ငြိမ်ဖို့  တင်ပလေခွေထိုင်လိုက်ပါ ။ ထိုင်ပုံကတော့ ယောဂကျင့်စဉ်မှာ ထိုင်သလိုပေါ့ အားလုံးသိပါတယ် … ပထမဆုံးတော့ မရနိုင်ပါဘူး … ခြေထောက်နှစ်ချောင်းကို ထပ်မထားပါနဲ့ ။ တစ်ချောင်းကို ရှေ့ နောက်တစ်ချောင်းကို အနောက်မှာထားပါ ။ နှစ်ဖက်စလုံး ကြမ်းပြင်နဲ့ထိပါစေ ။
* ၁ . လက်မ နဲ့ လက်ညှိုး ကို ထိထားပါ ။ စက်ဝိုင်းပုံစံလေး ဖြစ်သွားပါပြီ ၂. ပေါင်ပေါ်မှာ တင်ထားပါ ။ ၃ . မျက်လုံးကို မှိတ်ပါ ။ ၄. ဦးခေါင်းခွံ ၊ မျက်နှာ ၊ တင်းအားတွေ အားလုံးကိုလျော့လိုက်ပါ ။  ပြုံးလိုက်ပါ မျက်နှာကြောတွေ ပြေလျော့သွားပါလိမ့်မယ် ။ ခါးကိုလည်း အတင်းကြီး မတ်ထားသလို မဟုတ်ပဲ ပုမှန် မတ်နေတဲ့ အနေအထားမှာထားပါ ။ နောက်ကျော ခုံးနေတာ ကုန်းနေတာမျိုး မဖြစ်စေရပါ ။ ခေါင်းကလည်း မော့လွန်း ၊ ငုံ့လွန်း မဖြစ်အောင် သတိထားပါ ။
* မျက်လုံး မှိတ်လိုက်တာနဲ့ အတွေးတွေက မျိုးစုံ ဝင်လာနှောင့်ယှက်နေတတ်ပါတယ် ။ အတွေးတွေဝင်လာပြီဆိုတာနဲ့ ဖယ်ရှားပေးပါ ။ ပျော်ရွှင်မှုတွေ ၊ စိတ်ညစ်မှုတွေ အားလုံးကို မေ့ဖျောက်ထားလိုက်ပါ ။ ဝင်လေထွက်လေပဲမှတ်ပြီး ဗိုက်ဖာင်းလာတဲ့အထိအရှည်ကြီး ရှုသွင်းပါ ။ အရှည်ကြီးရှုသွင်းခြင်းက အောက်စီဂျင်ကောင်းကောင်းရလို့ သွေးကြဲပြီး  သွေးလည်ပါတ်မှုကောင်းစေပါတယ် ။ ဗိုက်ချပ်သွားတဲ့အထိ အရှည်ကြီးရှုထုတ်ပါ ။ အရှည်ကြီး ရှုထုတ်ခြင်းက ကာဗွန်ဒိုင် အောက်ဆိုဒ် ၊ အညစ်အကြေး အဆိပ်အတောက်များကို ဖယ်ရျားစေပါတယ် ။ သန့်စင်ပြီး သွေးလည်ပါတ်မှုအားကောင်းရင် စိတ် နဲ့ ခနာ ကျန်းမာစေမှာ ဖြစ်ပါတယ် ။    ၁ဝ မိနစ်လောက်ကြာရင် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပါ ။ မျက်လုံးမှိတ်ထားလည်းရပါတယ် ။
* ရှုသွင်းနဲ့လေနဲ့အတူ လက်ကို ပေါင်ဘေးမှာ ခေါင်းအပေါ်သို့ ဖြည်းဖြည်းချင်းမြှောက်လိုက်ပါ ။ ထိုအချိန်တွင် တစ်ပြိုင်တည်း ရှုသွင်းပါ ။ ရှိုုက်တယ် … (* လက်ကို လျော့မထားပဲ အတင်းဆုံးအနေအတားနဲ့ ဆန့်ထုတ်ပေးပါ ) … ခေါင်းပေါ်ရောက်လျှင် ရှုထုတ်လိုက်နဲ့လေနဲ့ အတူ လက်ကို ဖြည်းဖြည်းချင်းပြန်ချပါ ။ ငါးခါလောက်လုပ်ပေးပါ ။ နောက်ဆုံးတစ်ကြိမ် ရှိုက်တယ် … ခေါင်းပေါ်မှာ လက်ကို ပတ်တာချိတ်လိုက်ပြီး တစ်ဆုံး အကြောတွေ တင်းသွားတဲ့အထိ ဆန့်ထုတ်လိုက်ပါ ။ ထိုပုံစံအတိုင်း ရှုသွင်းရှုထုတ် ငါးကြိမ်လုပ်ပါ ၊ နောက်ဆုံးအကြိမ်  ရှိုက်တယ် …  ရှုထုတ်တဲ့လေနဲ့အတူ လက်ကို ဖြည်းဖြည်းချင်း ချတယ် … လက်မောင်းမှ လက်ဖျားထိပ်ကို ပူပြီးဆင်းသွားတာလေးကို ခံစားကြည့်မယ် ။
*၁ . လက်ကို ကျောနောက်မှာ ပတ်တာချိတ်ပါ ။ ၂ . ရှေ့ကို ကိုင်းချလိုက်ပါ ။ ရှုသွင်း ရှုထုတ် ငါးကြိမ် ။ ။ ထို့နောက် ပြန်ထပါ ။ ၃ . ညာဘယ်ကိုကိုင်းချလိုက်ပါ  ။ ငါးကြိမ်  ။ ပြီးလျှင် ပြန်ထပါ ၄ .  ဘယ်ဘက်ကို စောင်းပါ ရှုသွင်းရှုထုတ် ငါးကြိမ် ။ ပြီးလျှင် လက်ကိုဖြုတ် ရှေ့ကို ဝိုက်သိမ်းလိုက်ပါ ။ လက်ဖျားထိပ်တွေ ပူပြီး ဖြာဆင်းသွားပါလိမ့်မယ် ။
*ပေါင်ပေါ်လက်တင်လိုက်ပါ ။ ခါးလှည့်ပါမယ် ။ ညာဘက်ထောင့်ကနေ ရှုသွင်းတဲ့လေနဲ့အတူ ခါးကနေ အပေါ်ကိုကော့ လှည့်ပေးပါ ။ ရှုထုတ်တဲ့လေနဲ့အတူတူ ရှေ့သို့ညွတ်ချပါ ။ ခေါင်းကိုလည်း ခနာကိုယ်နဲ့ အတူတူ လိုက်လှည့်ပါ ။ နောက်တစ်ဖက် ဘယ်ထောင့်နေလှ့်ပါ ။

6 comments

  • bigcat

    March 27, 2011 at 1:09 am

    အလို ကုန်းကျူလေး ကွန်ပြူတာသုံးရင်နဲ့ လေထဲမြောက်တက်သွားပါလား…. (ကွန်ပြူတာခုံအောက်က ကြွက်ဖြတ်ပြေးလို့yg) 😀

  • PEACEMAKER

    March 27, 2011 at 4:47 am

    Its a nice post. Thanks ညီမလေး း-)

  • unclegyi1974

    March 27, 2011 at 3:28 pm

    ကုန်းကျူ ရေ ပုံလေးတွေနဲ့ဆိုပိုမြင်ပြီးပိုမှတ်မိတာ
    ပေါ့ ပုံလေးတွေရိုက်ပြီးတင်ပါလား

  • nature

    March 27, 2011 at 5:33 pm

    ယောဂကိုလေ့လာချင်ရင် National CD ဆိုင် မှာ Wellness of Yaga ဆိုတဲ့ခွေ တော်တော်ကောင်းပါတယ်။လေ့လာကြည့်ပါ။ကျမ်းမာရေးအတွက်အကျိုးရှိပါတယ်။

  • search123

    March 28, 2011 at 5:11 am

    ရန်ကုန်မှာလည်း နန်းမို ယောဂကျင့်စဉ် ဆိုပြီး VCD ထွက်နေပြီလို့ပြောကြတယ်။

  • Gong Zhu

    March 28, 2011 at 5:51 am

    uncle gyii ရေ … ပုံက အင်တာနက်မှာ ဒေါင်းလုပ်လုပ်ရမှာလား … ဘယ်လိုလုပ်ရမှာလဲ … search 123 … ဟုတ်တယ် ခွေထွက်တာ မကြာသေးဘူး … ဒါပေမယ့် သူတို့ဆီမှာ သင်သလိုတော့ အစီအစဉ် တကျတော့မဟုတ်ဘူးပေါ့ … အကြောလျော့တာလည်းမပါဘူး … တစ်ချို့ အကွက်တွေလည်း ခွေထဲမှာ မပါဘူး …

Leave a Reply