၅၅ သိန်းနဲ့ ရောင်းမယ့် ဆလွန်းကား အသစ်စက်စက် ကလေးများ

လင်းဝေMarch 29, 20111min1518

တရုပ်နိုင်ငံကနေလုပ်တဲ့ Cherry Wagon ဆိုတဲ့ ကားသေးသေးလေးတွေ၊ တီကိုထက်နည်းနည်းလေးဖောင်းပြီး ဆူဇူကီး R+ ထက်သေးတဲ့ ကားတွေကို စက်မှု(၂)ကနေ မြန်မာမီနီဆလွန်း လို့ အမည်တပ်ပြီး ရောင်းချပေးပါမယ်တဲ့။ ရောင်းချပေးမယ့် ဈေးကတော့ ကျပ်ငွေ (၅၅)သိန်းဖြစ်ပါတယ်။ အခွန်အခ ဘာညာ ပေါင်းလိုက်ရင်တော့ ကျပ်သိန်း၆ဝ ပတ်ဝန်းကျင်လောက် ကျမယ်လို့ဆိုပါတယ်။

ဒီကားတွေကို ပြီးခဲ့တဲ့အပတ်က စလို့ ဝယ်ယူလိုသူတွေရဲ့ ဝယ်လိုကြောင်းလျှောက်လွှာတွေကို စပြီးလက်ခံပေးနေတာပါ။ ပထမတော့ နေပြည်တော်ကြီးမှာလို့ကြားပါတယ်။ သို့သော် အရင်အပတ် သောကြာနေ့က ကမာ္ဘအေးဘုရားလမ်း စက်မှု(၂)နားဖြတ်တော့ စုရုံးစုရုံးလုပ်နေကြတာတွေ့ခဲ့တယ်။ ဒီတစ်ပါတ်တော့ နည်းနည်းစုံစမ်းလိုက်တော့ ဟုတ်ပါတယ် အဲဒီနေရာမှာ လျှောက်လွှာတင်ရတာပါတဲ့။

ကားကတော့ ဓါတ်ဆီသုံး ဘယ်မောင်း လေးယောက်စီးဖြစ်ပါတယ်။ တရုပ်ပြည်မှာပဲ အစိတ်အပိုင်းအားလုံးကို ထုပ်လုပ်တပ်ဆင်ထားတယ်လို့ဆိုပါတယ်။ ဂီယာကတော့ ရိုးရိုး Manual ဘောဂီယာပါ။ အဲကွန်းပါတယ်။ ရှမွိုင်းခုံတွေလို့ဆိုပါတယ်( အထင်တော့ ချည်သားခုံပဲဖြစ်ဖို့များပါတယ် )။ အင်ဂျင်ပါဝါတော့ သေချာမသိသေးပါဘူး။ တစ်ချို့ကပြောတာတော့ 800cc လို့ဆိုပါတယ်။ ဆိုင်ကယ်အဆင့်သာသာ လောက်ပဲရှိတာကို ဘယ်လို အဲကွန်းသုံးမလဲမသိပါဘူး။

မည်သူမဆို လျှောက်လွှာတင်ပြီး ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ကားအရောင်တွေအနေနဲ့ အနီရောင် ၊ အဝါရောင်၊ ရွှေအိုရောင်၊ အစိမ်းရောင် ၊ ငွေရောင် စတဲ့ အရောင်ငါးမျိုးဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဝယ်ယူရန်လျှောက်လွှာတင်ထားသူ အလွန်များပြားနေပြီလို့ဆိုပါတယ်။ လျှောက်လွှာပေါင်းသောင်းကျော်တင်ထားတယ်လို့ သတင်းရပါတယ်။

တရုပ်ကား ၈၀ဝစီစီလေးတွေ နဲ့ ဖွတ်ချက်ကလေး စီးဖူးသလားဟေ့ လုပ်ချင်သူများ အထူးလုံ့လပြုပြီး လျှောက်လွှာအမြန်တင်ကာ ဝယ်ယူနိုင်ကြပါစေ။
သိပ်ရယ်စရာကောင်းတဲ့ ကောင်တွေ။ တစ်နေ့က လွှတ်တော်ထဲမှာ ကားတွေပေးသွင်းဖို့ရှိသလားဆိုတော့ သွင်းကုန်အစားထိုးလုပ်ဆောင်နေလို့ လောလောဆယ် အစီအစဉ်မရှိပါဘူးတဲ့။ အခုတော့ ဒီတရုပ်ကားတွေက သူ့အမေလင် ဆီကမသွင်းပဲ ဒီမှာ တကယ်လုပ်တာလိုလိုနဲ့ ပေါ်တင်ဗြောင်လိမ်တွေ။ သူတို့စားဖို့အကွက် ကို မလုပ်ရမှာစိုးလို့ ကားသွင်းခွင့်ကို ဖွင့်မပေးပဲ စားကွက်ဖော်နေကြတာ။ ဒီကားလေး လောက်လုပ်စားဖို့၊ တယ်လီဖုန်းလေး လုပ်စားဖို့လောက်ပဲ ခေါင်းထဲရှိတယ်။ ဒါတွေ စဉ်းစားနေရတော့ တိုင်းပြည်ကောင်းရာကောင်းကြောင်း မစဉ်းစားနိုင်တော့ဘူး။ ကောင်းရာကောင်းကြောင်း သူများကလာပြောနေရင်တောင် ကိုယ့်စားကျက် စားခွက် ပျောက်မှာစိုးပြီး ရူးချင်ယောင်ဆောင် ပေါက်ပန်းဈေးတွေ တွေ့ကရာ ဖြီဖြန်းညာချနေကြတာပဲ။

တော်ပါပြီ အများကြီး ပြောမနေတော့ဘူး။
စီးချင်သူတွေသာ နောက်ကျတယ် မရှိရအောင် သတင်းပေးလိုက်တယ်။ ခံစရာရှိတော့ လည်း ခံလိုက်ကြပေါ့လေ။

8 comments

  • nature

    March 29, 2011 at 4:28 pm

    သတင်းပေးတာကျေးဇူးတင်ပါတယ်။မြန်မြန်သွားတန်းစီလိုက်ဦးမယ်။ လင်းဝေကျော်ကိုနောက် ၆ လလောက်ကြာမှလာခေါ်မယ်။ဝိုင်းတွန်းပေးဘို့။

  • unclegyi1974

    March 29, 2011 at 4:50 pm

    သူတို့လည်းကောင်းအောင်လုပ်နေတာပဲလေ

  • Ko Ko Aung

    March 29, 2011 at 5:24 pm

    ဒါက ပြည်သူတွေစီးဘို့ အစုတ်ဆုံးတွေသွင်းပေးတာပါ။ သူတို့လူတွေစီးဘို့တော့ လွန်ခဲ့တဲ့၆လလောက်က ကားအကောင်းစားတွေသွင်း ၊ သိန်း၂၀ဝလောက်နဲ့ချပေးပြီး ၁ဝ နှစ်အရစ်ကျ မြဝတီဘဏ်ကိုသွင်းရမယ်လို့ ကြားပါတယ်။ အဲဒါ နိုင်ငံတော်ရဲ့ ကွက်ကြားမိုး စေတနာပါ။

  • nature

    March 29, 2011 at 11:08 pm

    တော်ကြပါတော့၊သတင်းပေးတဲ့မိတ်တွေကိုကျေးဇူးတင်ပါတယ်၊ချိပ်လို့ရမယ့် VIP line လေးတွေရှိရင်လည်းတင်ပေးပါဦး။

  • bigcat

    March 30, 2011 at 1:11 am

    ကြားတာတော့ တရုတ်က အဲဒီ၈၀ဝစီစီ အင်ဂျင်ကို လေယာဉ်ပျံအတွက် ထွင်တယ်ဆိုလားပဲ။ မဖြစ်နိုင်တဲ့ နောက်ဆုံးကြမှ မြန်မာပြည်အတွက် ကားအင်ဂျင်လို့ ပေးလိုက်တာတဲ့။ ကံကောင်းထောက်မရင် မြန်မာပြည်လုပ် ကားပျံတွေ ထွက်လာနိုင်တယ်ဗျို့။

  • Shwe Tike Soe

    March 30, 2011 at 2:42 am

    ဟေဟေ ကားတော့ စီးရချည်သေးရဲ.
    တရုတ်စက် တစ်ရက်စုတ် ကလေးတွေ မဖြစ်ပါစေနဲ.လို.ဆုတောင်းကြ

  • nature

    March 30, 2011 at 2:29 pm

    ကားပျံတွေထွက်လာမှပဲဝယ်စီးတော့မယ်။

  • shan

    March 30, 2011 at 3:10 pm

    ဟာ ဟ တရုတ်လုပ်ဆိုကျိန်း သေပြီ ဆရာ

Leave a Reply