ရတနာပုံစီးတီးမှ ပြည်တွင်းထုတ်နည်းပညာပစ္စည်းများမကြာမီသုံးစွဲနိုင်တော့မည်

klnApril 28, 20101min863

ရတနာပုံဆိုက်ဘာစီးတီးတွင် အခြေစိုက်တည်ထောင်ထားသော နည်းပညာကုမ္ပဏီများအနေဖြင့် လုပ်ငန်းများစတင်လလည်ပတ်နေပြီဖြစ်သောကြောင့် ပြည်တွင်းထုတ်နည်းပညာပစ္စည်းများ မကြာမီးသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါနည်းပညာမြို့တော်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးနည်းပညာမြို့တော်ဖြစ်သော ရတနာပုံဆိုက်ဘာစီးတီး၏ Soft Based Factories Area Zone အတွင်းရှိ Asia Mega Link စက်ရုံ ITE မိုဘိုင်းလ်ကုမ္ပဏီနှင့်ပူးပေါင်းထုတ်လုပ်လျက်ရှိသည့် Mobile Base Station Terminal ( BTS) များကို စတင်ထုတ်လုပ်နေပြီဖြစ်ပြီး အဆိုပါစက်ရုံမှ တစ်နှစ်လျှင် ဂျီအက်စ်အမ်မိုဘိုင်းလ်ဟန်းဆက်အရေအတွက် တစ်သိန်းနှစ်သောင်းခန့်နှင့် မိုဘိုင်းလ် BTS အလုံးရေတစ်ထောင့်နှစ်ရာဝန်းကျင်ထုတ်လုပ်နိုင်မည်ဟု သတင်းရရှိသည်။ ထို့အပြင် ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ Solar Cell ပြားများကိုလည်းကောင်း Mc Will ( Multi- carrier Wireless Information Local Loop) ဆက်သွယ်ရေးစနစ်အတွက် ဟန်းဆက်( Handset ) များကိုလည်း ထုတ်လုပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။ မိုဘိုင်းလ်ဆက်သွယ်ရေး စက်ပစ္စည်းများဖြစ်သည့် CDMA 450MHz နှင့် CDMA 800MHz Mobile စနစ်အတွက် BTS နှင့် Handset များ တပ်ဆင်ထုတ်လုပ်မှုအား Elite Tech Manufacturing Co., Ltd နှင့် HUAWEI Co., Ltd တို့မှ ပူးပေါင်းထုတ်လုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ မန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရတနာပုံနည်းပညာမြို့တော်တွင် ပြည်တွင်းပြည်ပမှ နည်းပညာကုမ္ပဏီရ ခုခန့် စတင်ဆက်သွယ်လုပ်ကိုင်နေပြီဖြစ်ကြောင်း အများစုမှာ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများဖြစ်သည်။ www.khitlunge.org.mm

3 comments

  • susunosuki

    April 28, 2010 at 6:25 am

    ဈေးသက်သာတယ်
    အရည်အသွေးသင့်တယ်ဆိုရင် ရောင်းရမှာပါ

  • mamanoyar

    June 20, 2012 at 4:09 pm

    ကျေးဇူးတင်ပါတယ်ရှင် သတင်းကောင်းလေးပါ

Leave a Reply