” အဖြေမသိတဲ့ပုစ္ဆာ”
“အဖြေမသိတဲ့ပုစ္ဆာ”
တစ်ခုသော
ညနေခင်းလေးမှာ
စစ်ကိုင်းဘက်ကအပြန်
ကန်ပါတ်လမ်းဘက်အဆင်း
အလင်းရောင်ကလဲရှိတဝက်မရှိတဝက်
မှောင်တဲ့နေရာမှောင်လင်းတဲ့နေရာလင်း
ကန်ုဘေးကမြက်ခင်းလေးပေါ်မှာ၊
သစ်ပင်အောက်မှာ၊
ခြုံအကွယ်မှာ၊
ကန်ဘောင်ပေါ်မှာ၊
အအေးဆိုင်ကခင်းပေးတဲ့ထိုင်ခုံလေးတွေမှာ
မှာ …..မှာ………..မှာ…………….မှာ………………..မှာ
လူမြင်ကွင်းမှာတောင် မရှောင် ချစ်ခြင်းသမုဒယဖွဲ့သူ၊
သူများ မြင်မှာတောင်မရှက်ဘဲအကြင်နာတွေပေးနေကြသူ။
မရောင်းချင်ဘူးဆိုတာတောင်ဇွတ်အတင်းဝယ်ချင်သူ၊
မလိမ်မိုးမလိမ်မာ သနားကမား စားနေကျကြောင်ဖားနဲ့မှတွေ့နေသူ
ရှက်သလိုလို မူနွဲ့သလိုနဲ့ယူဟဲ့လို့ ပေးဝေနေသူ၊
လူစင်စစ်တွေ ဖြစ်ပါရဲ့နဲ့တော်သလင်းပွဲနွဲချင်သူ၊
မကြည့်လဲမြင် ကြည့်လဲမြင်
မြင်…………..မြင်………….မြင်……………မြင်…………….။
မပီဝိုးတဝါး နံနက်ခင်း
ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ရင်း
ဟိုးခပ်ဝေးဝေးအရောက်
ည ညဆို လူပြတ်တဲ့
ကန်တော်ကြီးရဲ့သစ်ပင်ရိပ်အောက်
ပုတ်သင်ညို အဖော်လိုရင်ခေါင်းငြိတ်ဆိုတဲ့ဘူးခွံလေးက နှစ်ခွံ
တစ်ဝက်တစ်ပျက်ကျန်နေတဲ့ ရေသန့်ဘူးက တစ်ခု
အုန်းပင်ရိပ်မှာကျားအိပ်နေဟန် ဘာမှမကျန်တဲ့ ဘီယာပုလင်းလွတ်ကတလုံး
သုံးထားပြီး မွှစာကြဲနေတဲ့တစ်သျှုးစတွေက နေရာအနှံ့
ဘာမှန်းမသဲကွဲ နီနီရဲရဲ အဝတ်စကလေးက ကမ်းစပ်မှာတစ်ခု၊
မြင်မိတော့ရင်မော၊
ရောင်းသူ ဝယ်သူ အသံဘဲတူသွားသလား?
မသနားတတ်တဲ့ ကျားနဲ့မှ တွေ့သွားတဲ့ နွားမလေးဘဲလား ?
ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပန်ကျိုးဘဲလား ?
ခွေးငတ်နဲ့ခုံဖိနပ်ပြတ်ဘဲလား ?
ပေးဝေသူနဲ့ ရယူသူ ရင်ခုန်သံခြင်းတူသွားသလား?
သူနိုင်ကိုယ်နိုင်အားပြိုင်ပွဲမှာ ဒိုင်ပွဲရပ်ဘဲဖြစ်သွားသလား?
လား………..လား……………….လား………….လား………….
အားအားယားယား အတွေးတွေပွားမိတော့
လမ်းသွားရင်ခလုတ်တောင်တိုက်မိပါတယ်။
ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။
…………………
ကိုပေါက်လက်ဆောင် အတွေးစဉ်
13 comments
bigcat
April 2, 2011 at 2:24 am
ကိုယ်ဖာသာကိုယ် အေးအေးမနေ ဘာလို့သွားကြည့်သတုန်း၊ မြင်တော့လည်း ဆိတ်ဆိတ်မနေ ဘာလို့လျောက်တွေးသတုန်း။ စဉ်းစားတော့လည်း ငြိမ်ငြိမ်မစဉ်းစား ဘာလို့လျောက်သွားသတုန်း၊ လမ်းလျောက်တော့လည်း ကောင်းကောင်းမလျောက် လမ်းကိုဘာလို့ သွားတိုက်သတုန်း၊ ခလုပ်တိုက်တော့လည်း တိတ်တိတ်မတိုက် ဘာလို့ရွာထဲလျောက်ပြောသတုန်း……..
nigimi77
April 2, 2011 at 6:51 am
သူလဲပဲ လောကီသားပေမို ့…….
မိုက်ကယ်ဂျော်နီအောင်ပု
April 2, 2011 at 8:09 am
ဪ..ဪ..အော်
အဲဒီနေ ့က
ကောင်မလေးနဲ ့ကိုယ်နဲ ့ကလိထိုးတမ်းဂဂျားနေတဲ့ချိန်မှာ
နောက်ကနေလာချောင်းနေတာ
ကိုပေါက်ဂျီးဂို
kai
April 2, 2011 at 8:30 am
ဖွဟဲ့ ဖယ်ပါစေ လွဲပါစေ
မသေချာတဲ့သဘော တသောသောပြောရင်း
ကြွေခဲ့ ကြွေလု ကြွေဆဲပန်းတွေများလှပြီ။
ဟော..ဟိုမှာ..
အလင်းရောင်တပွင့်
ခပ်တင်းတင်းနင်းလှမ်းရင်း ထိသိအောင် ကလိရတယ်
ဒါဟာသတင်းသမားအလုပ်
အရင်းပြုတ်ပြုတ် ထင်းလုပ်လုပ်
ထမင်းတလုပ်အတွက်မဟုတ်
ရောက်လာစေ၊သွားလတံ့ မျိုးဆက်ဟောင်းသစ်တွေအတွက်
သတင်းအဖြစ် အတင်းမရစ်ပဲ အရင်းစစ်အောင်
အမြစ်မြေကဆိုသလို အကြောင်းရင်း မနှောင်းပဲသိအောင် ဇတ်ခင်းပြရတယ်
ဒါဟာ သတင်းသမားရဲ့ အထင်းသားပြရမယ့် ရဲခြင်းတပါး။
သတင်းနဲ့အတင်းမတူ
ကျော်မူအောင် ပြည်တခွင်တင်ပြလိုက်ရင်ဖြင့်
နောင်လူတွေ ကျဉ်းကြုပ်စာရင်းမလုပ်ပဲ ရှောင်ကြမယ်ပ…။
ဩောင်း…
လွဲကြစေ၊ ဖယ်ကြစေကြောင်း…။
monmon
April 2, 2011 at 9:51 am
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ…
winmya
April 2, 2011 at 1:23 pm
ပြောသွားတဲ့ စကားပုံတွေလို အားလုံးလည်းဖြစ်နိုင်ချေ ရှိပါတယ်။
“အဖြေမသိတဲ့ပုစ္ဆာ” တစ်ပုဒ်လို့လည်းပြောလို့ရမှာပေါ့နော်၊
nature
April 2, 2011 at 2:35 pm
Give and take ပေါ့၊ တခုပေးတခုယူလေ။
naywoonni
April 2, 2011 at 3:23 pm
နေရာတိုင်းမှာရှိဗျာ.. အဲဒါမျိုးတွေက ဒီတော့ ………ဒီလိုပဲရှိစေတော့ ရောဂါမကြောက် ဘာမကြောက်နဲ့ နောက်ဆုံးတော့ဝမ်းရေးကိုလက်ညှိုးထိုးပြမှဗျ ..။ တစ်ဖက်ကကျတော့လည်း ငါ့ဝမ်းပူဆာမနေနိုင်လို့ပါဗျတဲ့
kopauk mandalay
April 2, 2011 at 3:34 pm
ကိုယ်ဖာသာကိုယ် အေးအေးမနေ ဘာလို့သွားကြည့်သတုန်း၊ မြင်တော့လည်း ဆိတ်ဆိတ်မနေ ဘာလို့လျောက်တွေးသတုန်း။ စဉ်းစားတော့လည်း ငြိမ်ငြိမ်မစဉ်းစား ဘာလို့လျောက်သွားသတုန်း၊ လမ်းလျောက်တော့လည်း ကောင်းကောင်းမလျောက် လမ်းကိုဘာလို့ သွားတိုက်သတုန်း၊ ခလုပ်တိုက်တော့လည်း တိတ်တိတ်မတိုက် ဘာလို့ရွာထဲလျောက်ပြောသတုန်း……..
အကျင့်ပါနေလို့ပါငါ့တူလေးရယ်
naywoonni
April 3, 2011 at 9:29 am
မှတ်ပြီလားကြေ ာင်ကလေးရယ် ….
unclegyi1974
April 3, 2011 at 3:03 pm
ကိုနီရေ ငါ့ဝမ်းပူဆာတွေလည်းပါပ
ခေတ်ကာလသားသမီးလေးတွေလည်းအတုမြင်
အတတ်သင်ရင်းပါပ
ကိုပေါက်ကဘာဖြစ်လို့ ဖွတွေဘာတွေရွတ်နေတာ
လဲ သမီးတော်လေးများပါနေမှာစိုးလို့လား
kopauk mandalay
April 3, 2011 at 3:08 pm
အခုခေတ်ကလေးများက ကိုယ့်ထက်တစ်လှမ်းသာနေတော့
သိတတ်နိုင်ဘူးလို့ဘဲပြောရမှာဘဲ အန်ကယ်ကြီးရေ
ဒါကြောင့်လဲ ဖွဟဲ့လွဲပါစေ ဖယ်ပါစေ လို့ရွတ်ရတာပါဘဲဗျာ
dream
April 4, 2011 at 2:22 am
အင်း ခေတ်ကာလ သားသမီးများ ခက်ပါတယ်ကွယ် 🙁