ကမာ္ဘ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်
တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City)
တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။
တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ ” ပြလမ္ဗနာသန” ဖြစ်တယ်။
ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။
အာဖဂန်နစ္စတန် ဘာမီရန် တောင်ကြားက အကြီးဆုံးရုပ်ပွါးတော်တွေထက် ၁၈မီတာ ပိုရှည်လို့ ကမာ္ဘ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်အဖြစ်မှတ်တမ်းဝင်တယ်။
ဦးခေါင်းထက် ရစ်ခွေပြီးပုံဖော်ထားတဲ့ ဆံကျစ်တော် ပေါင်း ၁၀၂၁ ရှိကာ
အမြင့် ၇၁ မီတာ။
ပခုံးအကျယ် ၂၈ မီတာ။
မျက်နှာတော် အရှည် ၁၄.ရ မီတာ နဲ့ မျက်နှာပြင်အကျယ် ၁ဝ မီတာ။
နားရွက်တော် ၈.၅ မီတာအရှည်။
မျက်လုံးတော် ဘေးအကျယ်၃.၃ မီတာ။
လက်ခလယ် တစ်ချောင်းတည်းရဲ့ အရှည်ဟာ ၈.၃ မီတာ။
ခြေဖဝါးတော် ၁၁ မီတာ ရှည်ပြီး ဘေးအကျယ် ၈.၅ မီတာ။
တရုတ်နိုင်ငံ ” တန် ” မင်းဆက်လက်ထက်၊ အေဒီ ၇၁၃ မှာစတင် ထွင်းထုပြီး နှစ်ပေါင်း ၉ဝ အကြာ အေဒီ ၈၀၃ မှာအပြီးသတ်တယ်။ ခေတ်အဆက်ဆက် မင်း နဲ့လူတွေ ထိမ်းသိမ်းလာခဲ့ တာ နှစ်ပေါင်း ၁၂၀ဝ ကျော်လာပါပြီ။
လီရှန်မြစ်ဘေး သစ်တောထဲမှာရှိတဲ့ အချို့ သစ်ပင်တွေ ဟာလည်းဘဲ နှစ်ပေါင်း ၁၀၀ဝ ကျော် သက်တမ်းရှိ အပင်တွေ ဖြစ်တဲ့အတွက် ၁၉၉၆ ခုနှစ်မှာ ယူနစ်စကို အဖွဲ့ကြီးရဲ့ ” ကမာ္ဘ့ ယဉ်ကျေးမှု နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ” ဆိုက်တစ်ခုအဖြစ် စာရင်းသွင်းခဲ့တယ်။
4 comments
ဆူး
April 1, 2011 at 4:26 pm
သူငယ်ချင်း ပိုစ်လိုက်တဲ့ မေးထဲက အချက်အလက်တွေကို ယူပြီး တင်ပေးထားတာ ဖြစ်ပါတယ်။
kopauk mandalay
April 2, 2011 at 3:37 pm
မြန်မာပြည်က ဗောဓိတစ်ထောင်ရပ်တော်မူရုပ်ပွားတော်ကြီးကလဲအမြင့်ကြီးနော်။
အဝေးကဘဲ ဖူးလိုက်ရတယ်။
မရောက်ဘူးသေးဘူးဗျာ။
အခုဖူးရတဲ့ဘုရားကြီးကလဲအံ့မခန်းပါဘဲနော်။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
April 2, 2011 at 9:35 pm
အာဖဂန်နစ္စတန် ဘာမီးယန်းက ရုပ်ပွားတော်ကြီးတွေက သက်တမ်းပိုရင့်တာပေါ့နော်။ အာဖဂန်က ရုပ်ပွားတော်ကြီးတွေကိုပဲ အရမ်းနှမျောမိတယ်။ ပြန်ပြုပြင်မယ်ကြားပေမယ့် ဘယ်တူတော့မလဲ။
အခု လီရှန်ရုပ်ပွားတော်ကြီးက လက်ချောင်းတွေ အတိုအရှည်မတူဘူး။ ဗမာပြည်က ရုပ်ပွားတော်တွေကျတော့ လက်ချောင်းတွေညီတယ်နော်။ ဘာကြောင့်လဲမသိဘူး။
Gong Zhu
April 5, 2011 at 7:23 pm
သွားချင်တယ် …. ကျေးဇူးပဲ မမဆူးရေ တရုတ်ပြည်ရောက်ခဲ့ရင် အဲ့ဒီကို လိုက်ပို့ခိုင်းမယ် …