Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝဋ် ဆိုတာရှိလား

တညင္သားApril 23, 20111min47612

ငရဲကြီးမယ် ဝဋ်လိုက်လိမ့်မယ်လို့ ကျွန်တော်တို့ တတွေ

သိကြမှာပါ..ငရဲကြီးတာကိုတော့ ကောင်းမှု့တွေများများလုပ်ပေါ့

ပပြောက်နိင်တယ်(သို့မဟုတ်) တကြိမ်တော့ ခံရလိမ့်မယ်..

ဝဋ်ရှိရင်တော့ဆပ်လို့ မကုန်ဘူးတဲ့.. ဝဋ်မှာအမြဲ ငရဲမှာ အပ

လို့ဆိုတာကိုး..ဒီစကားမှားခဲ့ရင်လဲ ကျွန်တော်ဉာဏ်မှီလို့ပဲ

ထားလိုက်ပါ..ဘာပဲဖြစ်ဖြစ် လူတွေကတော့ စားတာ၊သွားတာ

နေတာ၊ ထိုင်တာ နောက်ဆုံးသေရင်တောင် ကောင်းကောင်း

သေချင်ကြတာပဲမဟုတ်လား သေပြီးရင်ဘာမှ မသိတော့ဘူး

ဆိုပေမဲ့ မသေခင်မှာ ကိုသေရမဲ့ အဖြစ်ဆိုးကြီးတွေ့လိုက်ရရင်

ဘယ်လို ခံစားရမလဲမသိဘူး…… ဥပမာ. ကိုကဘယ်လိုမှ့လူပ်လို့

မရတဲ့အချိန် ကို့ကိုယ် သေစေနိင်တဲ့ အရာဝထ္ထုုတစ်ခုက

တဲ့တဲ့ကြီးတဖြေးဖြေး လာနေတဲ့အချိန်မျိုးဆို မစဉ်းစားရဲဘူး…

တစ်နေ့ငါသည်သေရမည် မှန်သော်လဲ ဒီလိုအဖြစ်မျိုးတော့

ကြောက်မိတာအမှန်..အဖန်တလဲလဲခံရမဲ့ဝဋ်ဆိုရင်တော့

ပိုဆိုးတာပေါ့နော်…

ကျွန်တော် မအူပင် စက်က္ကူစက်ရုံ မှာ တာဝန်ကျတော့ တွေ့

ခဲ့ရတဲ့အဖြစ်တခုပါ..ဒီစက်ရုံမှာက သယ်ယူပို့ဆောင်ရေးက

လယ်ထွန်စက်နဲ့ ပဲ့ထောင်လို့ခေါ်တဲ့စက်တပ်လှေတွေပဲရှိ

တာ..

လမ်းကတော့ ရာသီမရွေးသွားလို့ရတဲ့ကျောက်ခင်းလမ်း

စက်ရုံရဲ့ ကုန်ကြမ်းဖြစ်တဲ့ ဂုန်လျှော်ရိုး ကို လယ်ထွန်စက်

တွေနဲ့သယ်ယူပါတယ်.. မအူပင်နဲ့ ၄ မိုင်လောက်ဝေးပြီး

မြစ်ကြီးရဲ့ မြစ်လက်တက်တခုအဖြင့်ပန်သပွတ်ချောင်းဝ

ဘေးနားမှာတည်ထားတာပါ .. ပန်သပွတ်ချောင်းနဲ့ စက်ရုံနဲ့

သိပ်မဝေးဘူး မန္တလေးအခေါ် တပြပေါ့ ရန်ကုန်အခေါ်တော့

တဘလောက်မရှိတရှိပေါ့ အဲဒီရေဆိပ်လေးကတော့ စက်ရုံ

ရဲ့ ကုန်ချောတင၊် ဟိုဖက်ကမ်းဒီဖက်ကမ်းကူးတဲ့လူတွေနဲ့

ဆိုတော့ နဲနဲစည်ကားပါတယ်ထမင်းစားလက်ဖက်ရည်သောက်

အဲဒီကမ်းနားမှာပဲ အကုန်ရပါတယ် …

တနေ့တော့  နေ့ခင်းထနင်းစားချိန်လေး       လယ်ထွန်စက်မောင်းတဲ့သူ စက်ရုံထဲက လယ်ထွန်စက်ကိုမောင်းထွက်လာပြီး ကမ်းနားသွာချင်ရင်

သူနဲ့လိုက်ခဲ့ဖို့ ပြောတယ် ကျွန်တော်လဲအဖော်တွေနဲ့

ဆိုတော့ မလိုက်ဘူးလို့ပဲငြင်းလိုက်ပါတယ် ကျွန်တော့်ရှေ့က

မောင်းထွက်သွားတဲ့သူ့ထွန်စက်ကိုကြည့်ရင်း မျက်စိတမှိတ်

အတွင်းမှာ အမျိုးသမီးတယောက်ကို ထွန်စက်နဲ့ ကြိတ်လိုက်

ပါရော ကျွန်တော်တို့လဲ အပြေးသွားကြည့်တယ် ဖြစ်ပုံက

အဲဒီအမျိုးသမီးက ရွာထဲမှာငါးရောင်းတယ် မအူပင်မြို့နယ်မှာ

ငါး၊ ဖား ရောင်းတာ မထူးဆန်းဘူးဆိုပေမဲ့ သူကတော့ နံမည်ကြီး

သားသတ်သမား..   အမျိုးသမီးဆိုပေမဲ့ လက်က ရင်တယ်တဲ့(သတ်ရဲဖြတ်ရဲတာကိုပြောတာပါ)

ငါးရောင်းကနေပြီးပြန်လာပုံရတယ် ဇလုံကြီးတလုံလဲပါသေး..

မျက်စေ့နဲ့မြင်ပေမဲ့ သေချာသိရအောင်မေးကြည့်တော့

ဒီအမျိုးသမီးကိုကျော်တက်စဉ် လမ်းဘေးကပ်ပြီးလျှောက်လှမ်း

လာတဲ့အမျိုးသမီးက ခလုပ်တိုက် ပြီးထွန်စက်ရှေ့ လဲသွားလို့  ယာဉ်မောင်းက

ရှောင်လိုက်စဉ်မှာ ရှေ့ဘီးက လွတ်သွားပြီး နောက်ဘီးက

ကြိတ်မိသွားကြောင်းသိရတော့တယ် .. ကြံကြံဖန်ဖန်နော်…..ဒါပေမဲ့    ပတ်ဝန်းကျင်ကလာကြည့်တဲ့သူတွေ အမျိုးမျိုးပြောနေတာတော့

 ဒီအမျိုးသမီး ဝဋ်လိုက်တာတဲ့…….ဘုရား ..ဘုရား… ငါးတွေကို ခေါင်းထု

သတ်ခဲ့လို့ သူလဲ အခု ခေါင်းပြားသွားတာတဲ့ ဟုတ်ပဗျာ မမြင်ရက်စရာ

ခေါင်းပြားသွားတာ..  ခန္ဓာကိုယ် တခုလုံး ခေါင်းတခုပဲကြိတ်မိတာပါ   လူတရပ်

လောက်ရှိတဲ့ဖတ်ခေါင်းအုန်း ယပ်တောင်လေးစိုက်ထားသလို ……

 မယုံကြည်ပါဘူးလို့ပဲပြောပြော တိုက်ဆိုင်တာလို့ပဲဆိုဆို  ဝဋ်ဆိုတာ စာတမ်း

ထိုးပြီး ဝဋ်ခံရမယ်လို့ လာတာမှ မဟုတ်တာ ဒီလိုပဲ ပေးဆပ်ရမယ်လို့ထင်တယ်လေ ..ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ  ဗျာ…………..

12 comments

  • weiwei

    April 23, 2011 at 5:17 pm

    အဲဒီလို မပေးဆပ်ရအောင် တရားအားထုတ်ရခြင်းဖြစ်ပါတယ် … တရားတကယ်အားထုတ်ရင် တော်ရုံဝဋ်ကြွေးတွေ ကျေနိုင်ပါတယ် …

  • ဆူး

    April 23, 2011 at 5:31 pm

    အသိ တယောက် က သူရဲ့ အလုပ်မှာ ယခင်က အတူလုပ်ဘူးတဲ့ လုပ်သား တယောက်က ကြွက်တကောင် အရှင်ဖမ်းပြီး အမြီးကနေ ကိုင်ထားပြီး ရေနွေးထဲကို ထည့်လိုက် မ လိုက် လုပ်နေတာ ကြွက်ကလည်း ဖြတ်ဖြတ်လူး အော်နေတာ ကြားတော့ အနားက လူတွေက မင်းသတ်ချင်လည်း သတ်လိုက် အဲလို လုပ်မနေနဲ့ ပြောတော့.. ဒီလို လုပ်တာ အရသာရှိတယ်တဲ့.. နောက်တပတ်လောက်နေတော့.. ထို လုပ်သား ငံပြာရည် စက်ရုံက ငံပြာရည် ကျိုတဲ့ ကန်ထဲ ပြုတ်ကျသွားပါတယ်။ သူကို ဝိုင်းဆွဲပေမဲ့ ပူပူလောလော အထက်မရောက် အောက်မရောက် တက်လိုက် ကျလိုက်နဲ့ နောက်ဆုံးတော့ လက်လွတ်ပြီး ကျသေသွားခဲ့တယ်။ အဲဒီ အလုပ်မှာ ရှိတဲ့ လူတွေ အားလုံး ထိတ်လန့်ပြီး ဝဋ်ဆိုတာ ဒါများလားဆိုပြီး ကိုတညင်သား တွေးပြီး ပြောသလို ပြောပြလို့ ဆူးလည်း ဒီဇတ်လမ်းကို သိခဲ့ရတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 5:35 pm

    သဂျီးနဲ ့ကိုကြောင်ကြီးတို ့ရဲ ့
    ဘတစ်ပြန်ကြောင်တစ်ပြန်ထိုးသတ်ပွဲ
    မကြာမီလာမည်
    မျှော်………………………………………..

  • kai

    April 24, 2011 at 2:30 am

    ဝဋ်ဆိုတာ ရှိတာပေါ့…
    ဂေါတမ ဘုရားကိုတောင်.. ဒုက္ခအကြီးအကျယ်ပေးသွားတာ.. အဲဒီဝဋ်ပဲ..။
    ဘုရားဝက်ပျိုသားဟင်းဘုန်းပေးပြီး ဝမ်းတော်လားတော့… အခြေအနေသိပ်မကောင်းတာနဲ့.. ပရိနိဗ္ဗာန်ပြုမဲ့နေရာပြန်ကြွလာတာ..လမ်းမှာ.. ဝမ်းလျှောတာမို ့.. သောက်ရေလိုတာကို.. အတူတူပါလာတဲ့ညီတော် အာနန႖ာဆီရေတောင်းတာ… အရှင်အာနန႖ာက အနီးအနားချောင်းမှာရေသွားခပ်သတဲ့..။
    အဲဒါ.. ဘဝပေါင်း ဂွမ်တီးဂွမ်တီးက.. နွားကလေးဖြစ်တုံး အမေနွားမကြီးသောက်မဲ့ရေ နောက်အောင်လုပ်ဖူးတဲ့အဖြစ်ကြောင့် ဝဋ်ခံရပြီး ..ရေကနောက်နေသတဲ့..။
    အဲဒီလို..အဲဒီလို..
    နောက်တခုကတော့ ..တန်ခိုးအရာမှာ အချွန်ဆုံး ရတဲ့..လက်ဝဲရံ ရှင်မဟာမောဂ္ဂလာန် ..
    ဝဋ်ကြောင့်သူခိုးတွေ ဝိုင်းရိုက်လို့ ပရိနိဗ္ဗာန်ပြုရတယ်ဆိုပဲ..။ အဲဒါလည်း လွန်ခဲ့တဲ့ ဘဝပေါင်း..ဂွမ်တီး..ဂွမ်တီးက.. အမေကို..ရိုက်ခဲ့တဲ့ ဝဋ်ကြောင့်ဆိုပါတယ်..။

    ဝဋ်ဆိုတာ ရှိတာပေါ့…။ ဘုရားပရိနိဗ္ဗာန်ပြုပြီး နောင် အနှစ် ၄-၅ရာလောက်က… အဌကထာဆရာတွေလက်ထဲမှာ….။ 🙂
    ဒီရွာထဲလည်း ရှိတာပဲ..
    မယုံရင်.. ဆူးမမရေးတဲ့… ပျားဘုရင်မကျိန်စာဖတ်ကြည့်..။
    နောင် အနှစ်၁၀ဝ ဆို.. သူကြီးခမျာ.. ပျားသတ်မိတဲ့ဝဋ်ကြောင့်… သစ်ပင်ပေါ်တက်… ပျားအိမ်လို..အလုံးလေးလုံးနေနေတုံး… အေလီယန်တွေက… ပစ်လိုက်တဲ့.. ဘိုင်အိုလက်နက်ဆန်းမိပြီး.. သေရှာလေးသတည်းဖြစ်နေချင်ဖြစ်နေမှာ..
    အဲဒီလိုနဲ့.. ရွာသားတွေခမျာ.. ရှေးရှေးဘဝဝဋ်ကြောင့်… ရေးသမျှ..ပွိုင်တွေ..ငွေမရတော့ပဲ.. လုံးပါးပါးလေသတည်းဖြစ်ချင်ဖြစ်မှာ…။
    ဒါက.. ကမ္ဘာကျော်ဝဋ်ဒုက္ခကြီးဖြစ်ချင်ဖြစ်နေမှာ…။
    အခုရေးနေရာတာလည်း.. ပြီးခဲ့တဲ့ ဘဝဂွန်တီး..ဂွမ်တီးက.. သူများစာရေးတာကို.. အပြစ်ပြောမိလိုပ.. ဝဋ်ခံနေရတာဖြစ်ချင်ဖြစ်နေမှာ…။

    ဒန်တန်တန်…။ ဒန့်တန်တန်…ဝဋ..ဝဋ်.. အွတ်…။

    • bigcat

      April 24, 2011 at 2:58 am

      ဆက်ကြိုးစားထား သဂျီး။ လမ်းမှန်ပေါ်တော့ ရောက်စပြုလာပြီ။

    • ဆူး

      April 24, 2011 at 2:20 pm

      ဘုရားရှင်တောင်မှ ခံစားရတဲ့ ဝဋ် အကြောင်း ၁၂ ချက်ရှိပါတယ်။
      နွားကျောင်းသား ဘဝ တုန်းက နွားတွေ ရေသောက်နေရင်ကြာမှာ စိုးလို့.. အတင်းမောင်းခဲ့တဲ့ အကျိုးပေး..ကြောင့် ရေဆာ တယ် ဆိုပြီး ရှင် အာနန္ဒာကို ရေကပ်ခိုင်းတာ ဖြစ်ပါတယ်။

  • nagargyi

    April 24, 2011 at 3:38 am

    မသိလို့။ သဂျီးကဘယ်သူလဲဟင်။
    ဝဋ်ထက်ငရဲကပို၍ကြောက်စရာ ကောင်းကြောင်းသိရတယ်။
    ဝဋ်က–ဝဋ်ပြန်ခံရမယ့်ဘဝမှာပဲ ခံရတာ။ (ဘဝ အကျိုးပေး)
    ငရဲက–ငရဲကျမယ့်အလုပ်ကိုလုပ်ရင် ငရဲကျပြီး ငရဲမှာခံရမယ်။
    ငရဲကလွတ်ရင်လည်း အကျိုးဆက်အနေနဲ့ ရောက်တဲ့ဘဝမှာ ခံရတယ်။ (သံသရာအကျိုးပေး)

  • တညင်သား

    April 24, 2011 at 4:11 am

    ကျွန်တော်ကတော့ ဝဋ်ကို ယုံတယ်..ဘာလို့လဲမမေးနဲ့.. mandalay gazette ထဲက မထွက်နိင်ဘူး ဒါလဲ ဝဋ်တမျိုးလိုပဲ ထင်တာပဲနော့…..ဆူး ရေးတာကိုလဲဖတ်ပြီးပြီ သူကြီးက ဘိုင်အို လက်နက်ဆန်းထိမှာမဟုတ်ဘူး .. ဒုတ်နဲ့အထိုးခံရမယ်ထင်တယ်….

    • ဆူး

      April 24, 2011 at 2:14 pm

      ဒုတ်နဲ့ ထိုးခံရမှာ မဟုတ်ဘူး.. မီးခိုးမှိုင်းတိုက်ခံရမှာ.. ပျား ဆိုတာ ပျားရည် အတွက် အလုပ်လုပ်သလို ပျားရည် အတွက် အသက်ပေးရတာပါဘဲ။

  • nigimi77

    April 24, 2011 at 11:39 am

    အဟမ်း…. ဒီမှာ မောင်ရင်။

    မန်းတာကို မဖျက်ဘူးလို ့ အာမခံရင်တော့ မောင့်ရင့် ပိုစ့်မှာ မန်းပေးချင်သကွယ်…။

  • parlayar46

    April 24, 2011 at 3:19 pm

    ကျုပ်တို့ မြန်မာပြည်မှာပဲအပြောများတဲ့ “ဝဋ် ”ဆိုတာ သမိုင်းတလျှောက် ပြောရင်း ရေးရင်းနဲ့ ကျယ်လဲကျယ် ရှုပ်လဲရှုပ်ကုန်တယ်ထင်ပါတယ်။ ကျုပ်ကြားဘူးသလောက်- ဝဋ် ဆိုတာ ဝိပါက ဆိုတဲ့ မာဂဓ စာလုံးကဆင်းသက်လာတာ။ (အကြာင်း တစုံတရာ၏ ) အကျိုးပေး / အကျိုးဆက် လို့ဆိုလိုပါတယ်။ ပြုလိုက်တဲ့ ကုသိုလ်/အကုသိုလ် အလျှောက် ဆိုင်ရာဘဝတွေမှာဖြစ်ရတာ ၊ ဖြစ်တဲ့ဘဝတွေမှာ ကံအကျိုးပေးဘို့ အခွင့်သာတဲ့အခါ ကောင်းကျိုး ဆိုးကျိုးတွေ ခံစားရတာအားလုံးကိုပဲ ဝဋ်လို့ ဆိုထိုက်ပါတယ်။ ကံတခုကိုပြုစဉ်ကအတိုင်း အတိအကျ ပြန်အကျိုးပေးရမယ်ရယ်လို့ မဟုတ်ပေမယ့် သရက်စေ့ကိုစိုက်ရင် သရက်ပင်ပဲပြန်ပေါက်ပြီး အချိန်တန်ရင် သရက်သီးပဲ ပြန်သီးတဲ့ဥပမာလိုပဲ ပြုခဲ့တဲ့ကံနှင့်ဆင်တူတဲ့ အခြေအနေမျိုးနဲ့လဲ ပြန်အကျိုးပေးတတ်တယ်လို့ မှတ်ရဘူးပါတယ်။ သို့သော် အခြားနည်းပေါင်းများစွာနှင့်လဲ အကျိုးပေးနိုင်ပါသေးတယ်။
    ကျုပ်ပြောလိုတာကတော့ လုပ်ခဲ့တဲ့အတိုင်းပြန်ခံရတာတွေ့ရရင် အကုန်မကြောက်ပစ်နဲ့ဦး နောက်ထပ်ဒါ့ထက်ဆိုးတဲ့အကျိုးပေးတွေရှိဦးမှာ အဲဒါတွေကို ကြောက်ဘို့ချန်ထားဦး လို့ပါပဲ။

Leave a Reply