လက်တွေ့ ပိန်နည်း…

lu ta loneApril 28, 20101min2939

ကိုယ်တွေ့ပါဗျာ…

လူတလုံး ဘုန်းကြီးဝတ်ပြီး ထွက်လာတော့ တော်တော်ကို ဝ လာတာဗျ…

ပေါင်ကို ၁၃၆ ဖြစ်နေတာ… ဗိုက်ကလဲ ထွက်လာတယ်… တချို့ဆို မထီလေးစားဆက်ဆံလာတယ်…

ဘယ်တော့ မွေးမှာလဲ… ကလေးအဖေကျနေတာပဲတို့… လူများက နှာတဇျားသာအောင် တော်တယ်… နင်ကျတော့ ဗိုက်တလုံးသာအောင် တော်တယ်ဆိုပြီး…

အဲဒါနဲ့ လူတလုံးလဲ တင်းပြီး…

ပိန်အောင်လုပ်လိုက်တာ…

၃ ၄ ၅ ရက်မှာပဲ  ၅ ပေါင်လောက်ကျသွားတယ်… ဗိုက်ကတော့ သိသာတယ်ဗျ…

လုပ်နည်းက လွယ်တယ်…

မနက်ပိုင်းကို Soft ဘဲ စားတယ်… မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ် တပွဲလောက်ပဲ… အရင်ကဆို

လူတလုံးက ထမင်းကြမ်းနဲ့ ကြိတ်နေကျလေ… လက်ဖက်ရည်တော့ ထပ်မသောက်နဲ့ …

ဒီလောက်စားရင်တော်ပေါ့…

နေ့လည်စာတော့ ဝ အောင် စား… တအား တော့ ဝ အောင် မစားနဲ့… ၂ ခါ ခွဲစား…

၁၁ နာရီတခါ၊  ၄ နာရီ တခါ …

ညစာတော့ မစား ရပါ…

အဲဒီအစား ပေါင်မုန့် အကြမ်းကို နို့နဲ့ တို့စားရင် စား…

မဟုတ်ရင် ကြက်ဥ တလုံးကို ကြော်ပြီး  ပေါင်မုန့်နဲ့ စားပါ…

အဲဒါကလည်း  ၆နာရီခွဲလောက် နောက်ဆုံးထားစားပါ…

မဟုတ်ရင် ရ နာရီ ၈ နာရီလောက်ဆို အိပ်ချိန်နဲ့ နီးပြီလေ…

ဒါဆို အဆီတက်မှာ… အဲဒါကိုမှ ဗိုက်ဆာရင်တော့ အဆီမတက်မယ့် အစာကို နည်းနည်းချင်း

စားကြည့်ပေါ့… လူတလုံးကတော့ ယတိပြတ်ပဲ… နာကြည်းချက်ကလည်း ရှိနေတာကိုး… လူကို

ကလေး အဖေလို့ ပြောတာလောက် တင်းတာမရှိဘူးဗျ… ဟဲ… လိုတိုးပိုလျှော့လေးပေါ့…

အရေးကြီးတာက ပုံမှန် လိုအပ်တဲ့ ကယ်လိုရီထက်တော့ မနည်းစေနဲ့ပေါ့…

ပြီးရင် အားကစား .. ယောကျာင်္းလေးတွေကတော့ ဒိုက်ထိုးပေါ့… တနိုင်ပါပဲ…

မိန်းကလေးတွေကတော့ လမ်းလေး ပါလေး နည်းနည်းလျှောက်…

ရေများများသောက်…

သိသာပါတယ်… လုပ်ကြည့်ပါ… ကိုယ်တွေ့မို့ပါ…

ခုလဲ လူတလုံး အဲဒီအတိုင်း ကျင့်သုံးနေတုန်းပါ…

လိုတိုးပိုလျှော့ကတော့ ကိုယ့်ဖာသာချိန်ပါ…

ကိုယ်လိုတဲ့ ဝိတ်ကိုရောက်ရင် ညစာကို ပြန်စားပါ… အိပ်ချိန်နဲ့ မနီးပါစေနဲ့… စားပြီး

လမ်းနည်းနည်း လျှောက်ဖို့လည်း မမေ့ပါနဲ့…  သံပုရာရည်လည်း ပြန်သောက်လို့ရပါပြီ…

ဝိတ်လျှော့နေတုန်းတော့ သံပုရာရည်မသောက်ပါနဲ့…

အဆင်ပြေပြေနဲ့ ပိန်နိုင်ကျပါစေ…

9 comments

  • khunmyomyat

    April 28, 2010 at 3:26 pm

    အင်း …ကျနော်ကတော့ တမျိုးဗျာ

    ကျနော်က သိပ်တော့ မဝပါဘူး။ ကျနော်က ၁၁ဝ လောက်ထိကိုပဲ ပိန်ချင်တာ။
    အခုက ၁၃၅ လောက်ဖြစ်နေတာကိုး။

    ကျနော်က မနက်ဆို ကော်ဖီ တခွက်ပဲ သောက်တယ်။ ဒါမှ မဟုတ်
    လီမွန်တီးတခွက်။

    နေ့လည်စာ ထမင်းကို ၅ ဇွန်းလောက်ပဲ စားတယ်။

    ညစာ လီမွန်တီး ၁ ခွက်ပြန်သောက်တယ်။

    ညနေ ဘောလုံး ၂ နာရီ အင်တိုက်အားတိုက်ကန်တယ်။
    ဒါပေမယ့် သိပ်မပိန်ဘူးပဲ။

    ဘယ်လိုလုပ်ရပါ့။ ဝူးးးးးးးးးး

  • susunosuki

    April 28, 2010 at 3:54 pm

    မြန်မာပြည်မှာနေရင် နောက်တခါပိန်နည်းမပြောပါနဲ့
    ပိုက်ဆံနည်းနည်းနဲ့ ထမင်းပွဲဖြစ်တဲ့နည်းပဲပြောပါလား
    `နောက်တာ´

  • balarkg

    April 30, 2010 at 9:53 am

    ဖြစ်နိုင်ရင် ကျွန်တော့်ိကို ဝနည်း လေး ပြန်ပြောပေးပါလား……
    ကျွန်တော်က နည်းနည်းပိန်လို့ဗျ…
    ဆေးလိပ်လည်းသောက်တယ်…
    အရက်ကတော့ တစ်ခါတစ်လေ သောက်တယ်..
    အလုပ်ကတော့ စာစီစာရိုက်ပါ…
    အဲဒါ ဘယ်လို ပြုမူနေထိုင်ရမလဲ ဆိုတာ ပြောပြပေးပါဗျာ

  • lu ta lone

    April 30, 2010 at 10:43 am

    ုko khun myo myat…

    အကို့ရဲ့ အရပ်နဲ့ အသက်ကို သိပါရစေ…
    လူတလုံး က ၅ပေ ၆လက်မဆိုတော့ ပေါင်က ၁၂၅ မှ အတော်ပဲဗျ…
    အသက်က ၂၅ လေ…
    အဲဒါဆို အကို့ရဲ့ ဝိတ်က များလား မများလား တွက်လို့ရပါပြီ…
    Post ကို ဖတ်တဲ့ အတွက် ကျေးဇူးပါ…

  • lu ta lone

    April 30, 2010 at 10:48 am

    balarkg…

    ဝချင်ရင်တော့ အထက်က ဖော်ပြထားတာတွေကို ဆန့်ကျင်ဘက်သာလုပ်လို့ ပြောပါရစေ…
    မနက်စာကို ထမင်းကြမ်းနဲ့ အဝတီး (လူတလုံးလိုပဲပေါ့)…
    အဆီအဆိမ့်ကို များများစားပေါ့…
    ညအိပ်ခါနီး ထမင်းစားပေါ့ (အဲဒါ အထိရောက်ဆုံးပဲ)…
    စားပြီးပြီးချင်းကို ကျောခင်းပါ… ဒါမှ အဆီတက်လာမှာလေ…
    ကျိန်းသေတာက ဗိုက်ထွက်လာမှာပဲ…
    အဲ ဗိုက်ထွက်ပြီးရင် ဝ ဖို့များလာပြီ…
    အရက်အစား ဘီယာပြောင်းသောက်ပါ… အဲလောက်ဆို ဝ လောက်ပါပြီ…
    Post ကို ဖတ်တဲ့ အတွက် ကျေးဇူးပါ…

  • laypyay

    May 2, 2010 at 1:58 pm

    စာရေးတာလေး ကောင်းတယ်ဗျို ့ ချီးကျူးပါတယ်..ဟာသ လေးနဲ့ရောပြီး လိုချင်တာ ဆွဲရေးသွားတယ်. ။ နည်းလေး လဲ ကောင်းပါတယ် ခင်ဗျာ.. ။

  • Shwemannmay

    May 12, 2010 at 2:37 am

    ပိန်နည်းလည်းကြော်ငြာတယ် ကလေးအဖေမပာုတ်ဘူးဆိုတာလည်း ထည့်သွားသေးတယ် ကိုလူ၁လုံးက အပြောကောင်းပဲ

  • yelwinsoe

    May 23, 2010 at 10:13 am

    မိုက်တယ် တော်တော်ကောင်းတယ်ဗျာ..

  • Htoo

    July 7, 2010 at 6:27 am

    ကျွန်တော်လဲ အခုတလောတော်တော် ဝလာလို့ဗျ အခုတော့ နည်းလမ်းရသွားပြီ။ ကျေးဇူးနော်

Leave a Reply