မြေနီကုန်း က ပလက်ဖောင်း ပိတ်ဆို့မှု

လင်းဝေApril 4, 20111min727

ပလက်ဖောင်းနဲ့ ( pavement )ပတ်သက်လာရင် ကျွန်တော် တော်တော် အထိမခံဖြစ်ပါတယ်။ မြို့ပြက လူတွေကို လူ့သိက္ခာနဲ့အညီ နေထိုင်နိုင်အောင် ကူညီတဲ့နေရာမှာ ပလက်ဖောင်းဟာလည်း အရေးပါပါတယ်။ မြို့ပြ လူထု ပို့ဆောင်ရေး စနစ်ကြီး ပြီးရင် သူကလည်း အရေးပါသော အစိတ်အပိုင်းပါ။ မြန်မာပြည် ရန်ကုန်မြို့မှာတော့ အဲဒီ ပလက်ဖောင်းဆိုတဲ့ လူသွား စင်္ကြန်တွေကို ပိတ်ဆို့ဖျက်ဆီး ပြီး လူတွေ အသုံးပြုလို့မရအောင် လုပ်နေတဲ့ လုပ်ရပ်တွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ အဆိုးဆုံးကတော့ လူသွားစင်္ကြန်ပေါ်မှာ ယာဉ်ထိမ်းရဲ တဲကိုဆောက်ပြီး လူသွားစင်္ကြန်ပိတ်အောင်လုပ်တာပါ။ လူတွေ လမ်းလျှောက်ရဖို့ ဘေးကင်းရဖို့ လုပ်နေတဲ့ ဌာနက လမ်းပိတ်အောင် ဆောက်လိုက်တာတော့ တော်တော်လွန်သွားပြီ။ ဦးတည်ချက်ကို ပြောင်းပြန်ဖြစ်အောင်လုပ်လိုက်တာပဲ။ နေရာကျယ်တဲ့ လမ်းဘေးဆိုကိစ္စမရှိပါဘူး။ နေရာကျဉ်းကျဉ်းပလက်ဖောင်းမှာ သူတို့တဲ( တိုက် ) လေးကို မရ ရအောင် ပိတ်ပြီး ဆောက်လိုက်ကြတာ တော်တော်ကို အမြင်မတင့်တယ်၊ လူတွေကို ထည့်မတွက် တာ ပေါ်လွင်လွန်းလှပါတယ်။ နောက်ပိတ်ဆို့စေသော အရာများကတော့ မီးစက်၊ ဈေးသည်၊ ပလက်ဖောင်းပေါ်ရပ်ထားတဲ့ကား၊ ဈေးဆိုင်က အမိုးနဲ့ ဆိုင်းဘုတ် စသည် အမျိုးပေါင်းများစွာ ပါပဲ။
အခု ဒီမနက် ရလာတဲ့ သတင်းကတော့ မြေနီကုန်းမှာ ကြော်ငြာဘုတ်ကြီးထောင်ဖို့အတွက် လမ်းကို ပိတ်လို့ တိုင်ထူမယ့် ကိစ္စဖြစ်ပါသတဲ့။ ပို့လာတဲ့သူက သက်ဆိုင်ရာက သိစေ ကြားစေ လူအများ သိစေ လိုသော ဆန္ဒရှိတယ် ဆိုလို့ ပြန်လည်တင်ပြပေးလိုက်ပါတယ်။

သူ ခပ်ပြင်းပြင်းလေး စပြောထားပုံက

အခု ကျွန်တော်ပြောမှာက လူအများကြီး ဒုက္ခရောက်၊ အခက်အခဲတွေ ့၊ အသက်အန ္တရယ်နဲ ့
နီးရလောက်တဲ့ အခြေအနေဆီ တွန်းပို ့လိုက်တဲ့ စီပွားရေးသမားလုပ်ငန်းရှင်ရဲ ့စက်ဆုတ်ဖွယ်ကောင်း
တဲ့ လောဘနဲ ့ဒါကို ခွင့်ပြုခဲ့တဲ့ အာဏာပိုင်တွေအကြောင်းပါ။

မြေနီကုန်းမီးပွိုင့်ဆိုတာ ရန်ကုန်မြို ့ရဲ ့လူသွားလူလာအရှုပ်ဆုံးနေရာတစ်ခုပါ။
ဗားကရာလမ်းနဲ ့ပြည်လမ်းထောင့်၊ ပဒုမ္မာပန်းခြံလေးရဲ ့အရှေ ့ဗားကရာလမ်းဘက်ထိပ်လေးမှာ
ကြော်ငြာဗီနိုင်းဆိုင်းဘုတ်ကြီးတစ်ခုစိုက်ဖို ့လူသွားပလက်ဖောင်းအလယ်တည့်တည့်ှမှာ ၃ ပေ ပတ်လည်
ကွန်ကရစ်တုံးကြီးကို ဖောင်ဒေးရှင်း လာချထားပါတယ်။ ပလက်ဖောင်းအကျယ် ရှိတာက ၄ ပေ မပြည့်
ပါဘူး။ တစ်ဘက်က ဗားကရာလမ်းက ပြည်လမ်းဘက်ချိုးကွေ ့မယ့် ကားတွေ ဥဒဟိုမောင်းနေကြတဲ့
ကားလမ်းပါ။ ပလက်ဖောင်းရဲ ့တခြားဘက် ပဒုမ္မာပန်းခြံလေးရှေ ့မှာ မြောင်းရှိပါတယ်။
ပိုဆိုးတာက အဲဒီဖောင်ဒေးရှင်းကြီး လာမလုပ်ခင်ကတည်းက ဒီနေရာ လူသွားပလက်ဖောင်းပေါ်
မှာ ဓာတ်တိုင် ၂ တိုင်ရှိနေခဲ့ပါတယ်။ နဂိုကတည်းက ပြည်သူတွေ လမ်းလျှောက်တဲ့အခါ ဟိုရှောင်
ဒီတိမ်းနဲ ့အဆင်မပြေရတဲ့ နေရာပါ။ ခုတော့ လူတွေ ကားလမ်းပေါ် လမ်းဆင်းလျှောက်နေရပါတယ်။

မြေနီကုန်းလမ်းဆုံမှာလည်း စီးပွားရေးကြော်ငြာဆိုင်းဘုတ်တွေလည်း လူမြင်သူမြင်မကောင်း
လောက်အောင် မွစိတက်နေပါပြီ။ ဆိုင်းဘုတ်ထောင်ခွင့်ရထားတဲ့ လုပ်ငန်းရှင်ကြီးလည်း အမြတ်အစွန်း
တွေ တောင်ပုံရာပုံ မောက်နေပါပြီ။ ဖြစ်ချင်တော့ နေရာလွတ်လေးဆိုလို ့အဲဒီနေရာလေးဘဲ ကျန်နေတာ
လုပ်ငန်းရှင်ကြီး ရှာဖွေတွေ ့ရှိသွားပုံရပါတယ်။ သူ ့လောဘဇောဟာ ဘာကိုမှ မမြင်တော့ပုံရတာကို
ကျွန်တော်တို ့အောင့်အီးနားလည်ပေးနိုင်ပေမယ့် သူလုပ်ချင်တာကို လုပ်ခွင့်ပေးခဲ့တဲ့ သက်ဆိုင်ရာ
စည်ပင်သာယာရေးဝန်ကြီးဌာန (အရင် မြို ့တော်စည်ပင်) ကိုတော့ လက်ခံလို ့မရပါဘူး၊ နားလည်ပေးဖို ့
မဖြစ်နိုင်ပါဘူး။
လမ်းသွားလမ်းလာပြည်သူလူထုရဲ ့သွားရေးလာရေးကို ကြီးစွာအနှောင့်အယှက်ပေးနေပြီး
အခန် ့မသင့်ရင် လူတွေ ကားတိုက်ခံရပြီး အသက်အန ္တရယ်ရှိလာနိုင်တဲ့ အနေအထားမျိုးကို မသိကျိုးကျွံ
ခွင့်ပြုပေးတဲ့ အဓိကတာဝန်ရှိသူ စည်ပင်သာယာဌာနကို အတိဒုက္ခရောက်ကြရတဲ့ ပြည်သူလူထုကိုယ်စား
ကျွန်တော်တို ့က ဒီကိစ္စကို ဆက်မလုပ်ဖို ့ပြောပေးရမှာဘဲ။ ကန် ့ကွက်ကြောင်း အသိပေးရမှာဘဲ။
တစ်နေကုန် ရန်ကုန်မြို ့မှာ ဘတ်စ်ကားစီး၊ ပလက်ဖောင်းပေါ် လမ်းလျှောက်သွားလာနေရပြီး
ဘဝရှင်သန်ရေးအတွက် အသည်းအသန်ရုန်းကန်နေရတဲ့ ရန်ကုန်သူရန်ကုန်သားတွေရဲ ့ဘဝအမောကို
မြွေပူရာကင်းမှောင့်ဘဝဆိုးမျိုး ထပ်မရောက်စေချင်ပါဘူး။
သည်းခံရတယ်ဆိုတာလည်း အကန် ့အသတ်နဲ ့ပါ။ အဆင်မပြေတာတွေ များလာတဲ့အခါ ပြည်သူ
တွေဘက်က ဒေါသစိတ်တွေ စုပုံလာတတ်ပါတယ်။ အုပ်ချုပ်သူအစိုးရဆီ ဦးတည်တဲ့ ဒေါသတွေဟာ
လူမှုရေးတည်ငြိမ်မှုကို တွန်းတိုက်စေပါတယ်။

ကဲ ထင်မြင်ချက်လေးများ မစပါ။
ဒီလို လူထုကို နည်းနည်းမှ မလေးစားတဲ့ စည်ပင်များ၊ခွင့်ပြုသူများကို စောင်မကြည့်ရှုနိုင်မယ် ဆိုရင်လည်း ကြည့်ရှုစောင်မ ပေးကြစေလိုကြောင်းပါခင်ဗျား။

7 comments

  • eros

    April 4, 2011 at 9:48 am

    http://hittai.net/?show=rm&fileid=77&t=home5&id=5 အားမိမိကိုယ်ပိုင် အတွေး၊ ခံစားချက် နှင့် အမြင်များ ထည့်သွင်းပြီး စာဖတ် ပရိသတ်အား တင်ဆက်ပါသည်။

  • eros

    April 4, 2011 at 9:50 am

    http://hittai.net/?show=rm&fileid=77&t=home5&id=5 အား မှီငြမ်းပြီး မိမိကိုယ်ပိုင် အတွေး၊ ခံစားချက် နှင့် အမြင်များ ထည့်သွင်းပြီး စာဖတ် ပရိသတ်အား တင်ဆက်ပါသည်။

  • zawinaing

    April 4, 2011 at 9:53 am

    ကိုလင်းလုပ်တာနဲ့ ကျုပ်တို့ရဲ့ သမ္မတ အသစ်ကျပ်ချွတ် ကြီးမကြားမှီ စောင်မကြည့်ရှုဖို့ မျှော်လင့်နေပါမယ်….

    ကြော်ငြာဘုတ်တွေက စည်ပင်ရဲ့အဓိက ရံပုံငွေတိုက် ကြီးဖြစ်နေတော့လည်း
    စည်ပင်က ပုတ်ကိုယ်တွေ (ပုဂ္ဂုလ် မဟုတ်ပါ) ဝဖြိုးဖို့ ကျွန်တော်တို့ ပြည်သူတွေကဘဲ အနစ်နာ ခံကြတာပေါ့ဗျာ…..(ခံလက်စနဲ့ဆက်ခံတာပေ့ါ)

  • လင်းဝေကျော်

    April 4, 2011 at 9:57 am

    ဟုတ်ပါတယ်။ အဲဒီ စမ်းချောင်းက ကတုံးကြီးက ပို့ပြီး လူတွေပိုသိအောင်လုပ်ပေးပါဆိုလို့ပါကွယ်။
    မူရင်းတောင် ပြရမလိုဖြစ်နေပြီ။ ဟစ်တိုင်က ကူးတာမဟုတ်ပါကြောင်း။

    • eros

      April 4, 2011 at 10:09 am

      ဟဲဟဲ တိတယ်မဟုတ်လား ကိုလင်းဝေကျော်ရဲ့ အခုတလော ဘာ ပတ်တနာတွေ ဖစ်နေတယ်ဆိုဒါ ၊ ဆိုဒေါ့ဂါ ကိုလင်းဝေကျော် ပညာရှိ တတိဖစ်ခဲ ဒါမှမဟုတ် မေ့တွားဒါလားလို့ ကြိုကာထားဒါ။ မွှားတွားရင်ရဲ တောင်းပန်ဒယ်နော်။ လွန်တာချိ ဝန္ဒာမိ ပါဂျာ။

  • good

    April 4, 2011 at 10:05 am

    အဲဒီရော ကို မနေ့ က ဖြတ်လျောက် တော့ တွေ့တယ်။
    ပလက်ဖောင်း ဟာ လမ်းလျောက် သူ တွေ အတွက် မဟုတ်ပဲ စည်ပင်အတွက် ဖြစ်နေတာ ကြာပါပေါ့လား။

  • my name is phone myat htay

    April 4, 2011 at 4:31 pm

    ကျွန်တော်တို. မြန်မာပြည်မှာ ဘယ်သူသေသေ ငတေမှာပြီးရော. လူတွေ မြန်မာပြည် မှာ ဘာကြောင့်များနေ ကြတာလဲနော်။ အော်ငွေငွေ……….
    ငွေနောက်လိုက်နေကြပါလားနော်။ သံသရာမှာ ဝအောင်ခံကြပေအုန်းတော.။

Leave a Reply