UMFCCI ဥက္ကဌ ဘယ်သူူဖစ်မလဲ

moegyothwarApril 4, 20111min20413

ကုန်သည်/စက်မှုအသင်းချုပ်ရဲ့ ဥက္ကဌ ဦးဝင်းမြင့် စီး/ကူးဝန်ကြီးဖြစ်သွားတဲ့အတွက် လစ်လပ်သွားတဲ့နေရာမှာ အစားထိုးဖို့ ဥက္ကဌအသစ်ရွေးချယ်ဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ ဒီဥက္ကဌနေရာက တော်တော်ပါဝါရှိ တဲ့အတွက်လိုချင်တဲ့လူတွေ ၊ လိုချင်ရက်နဲ့မလိုချင်ယောင်ဆောင်နေသူတွေ၊ဘယ်လူကြီးဆီဝင်တွေ့ပြီး နေရာရအောင်ပြောရပါလိမ့်လို့စဉ်းစားနေသူတွေ အသင်းချုပ်ကြီးထဲမှာ တပုံကြီးဖြစ်နေပါတယ်။

နိုင်ငံတော်အစိုးရအသစ်လက်ထက်မှာ အသင်းချုပ်ဥက္ကဌဘယ်သူဖြစ်လာမလဲဆိုတာကတော့ ခန့်မှန်းရခက်နေပါတယ်။ အခုကြားရတာကတော့ လက်ရှိဒု ဥက္ကဌ ၆ ယောက်အပြင် အရွေးခံချင်တဲ့သူတွေ ပါဝင်ပြီး လျှို့ဝှက်မဲစနစ်နဲ့ရွေးကြမယ်လို့သိရပါတယ်။

လက်ရှိဒု ဥက္ကဌ ၆ ယောက်ကတော့- ဦးအောင်လွင် ( လူရှုပ်လေး ) ၊ နေရာတကာဒိုင်ဘင်ပစ်တတ်တဲ့ ဒိုင်ဘင်ဝင်းအောင် ( Dagon International ) ၊ KMD ကကိုသောင်းတင်၊ Fortune က ကိုမြဟန်၊ ကုန်ဈေးနှုန်းဆရာကြီး ကိုထွန်းအောင်၊ ပြင်ပနိုင်ငံခြားခရီး ကန်ထရိုက်ဆွဲထားတဲ့ ကိုဇော်မင်းဝင်း တို့ပါဘဲ။

ခေတ်သစ်စနစ်သစ်နဲ့သွားရမယ့်အချိန်မှာ အရင်ကမဲပြာပုဆိုးတွေ၊ အခွင့်အရေးသမားတွေ မပါဝင်တဲ့၊ ပြည်သူ့အကျိုးကိုလိုလားတဲ့လုပ်ငန်းရှင်တွေ အသင်းချုပ်ကြီးကို ဦးဆောင်နိုင်ရင် အလွန်ကောင်းမွန်ပါလိမ့် မယ်။ ဘယ်သူဥက္ကဌဖြစ်လာပြီး လက်ရှိပြည်တွင်းလုပ်ငန်းရှင်တွေဘက်က မားမားမတ်မတ်ရပ်ပြီး ကိုယ်စားပြု ပေးနိုင်မည့်သူ ဥက္ကဌဖြစ်လာပါစေလို့ …..



13 comments

  • MaMa

    April 5, 2011 at 12:57 am

    အသင်းအဖွဲ့တစ်ခုရဲ့ အောင်မြင်မှုကို အသင်းသူ အသင်းသားတွေရဲ့ အသင်းအပေါ် စိတ်ပါဝင်စားမှု၊ အသင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အသင်းရဲ့ထုတ်ပြန်ချက်တွေအပေါ် ယုံကြည်ကိုးစားမှုတွေနဲ့ တွက်မယ်ရမယ်ထင်တယ်။ အသင်းမှာ ဦးဆောင်တဲ့ လူတွေကလည်း အသင်းသားတွေအပေါ် စည်းရုံးဆောင်ရွက်ရေးလုပ်ဖို့ကို စိတ်ပါဝင်စားပြီး ကြိုးစားဖို့လိုပါတယ်။ အသင်းဝင်တိုင်း သာတူညီမျှမှု၊ ပွင့်လင်းမြင်သာမှုတွေနဲ့ ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပေ့ါ။

    • moegyothwar

      April 5, 2011 at 3:24 am

      ဟုတ်ပါတယ်… အသင်းအဖွဲ့ဆိုတာ တဦးတစ်ယောက်ကောင်းနဲ့လုပ်လို့မရတာ၊ အသင်းဝင်တွေရဲ့အကျိုးကို ကာကွယ်ဆောင်ရွက်ပေးတာ၊ အရေးကြုံလာရင် အသင်းဝင်တွေရှေ့က မားမားမတ်မတ်ရပ်ပြီးဖြေရှင်းပေးတာ တွေလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ၁၉၉ရ လောက်ထဲက အသင်းဝင်ဖြစ်လာပေမယ့် အရင်အစိုးရလက် ထက်တလျှောက်လုံး အသင်းသားတွေအပေါ်ဘာတွေများထိထိရောက်ရောက်ဆောင်ရွက်ပေးတာတွေရှိလဲ၊ အသင်းကြီးကြောင့်စီးပွားရေးလုပ်ငန်းတွေပိုမိုဖွံ့ဖြိုးလာလဲဆိုတာတွေ ပြန်သုံးသပ်မိပါတယ်။ ဘာမှထိထိရောက် ရောက်ဆောင်ရွက်ပေးတာမရှိပါဘူး။ မနှစ်လောက်ကမှ စာတမ်းဖတ်ပွဲတွေဘာတွေ အစပြုလာလို့ ဗဟုသုတ ရှာစရာနေရာတစ်နေရာဖြစ်လာတာကလွဲလို့ မထူး.. မထူးပါဘဲ။ အသင်းဝင်တွေအတွက်ထိထိရောက်ရောက် လုပ်ပေးဖို့မဆိုနဲ့ အသင်းဝင်ကြေးသွင်းဖို့သွားတာတောင် မျက်နှာကြောတင်းတင်းဆက်ဆံခံရတာ တော်တော် အောက်သက်သက်နိုင်လှပါတယ်။
      အစိုးရအသစ်လက်ထက်မှာ စိတ်သစ်၊ လူသစ်နဲ့ အသင်းဝင်တွေအတွက်ထိထိရောက်ရောက်ဆောင်ရွက်ပေး နိုင်မယ့် အသင်းချုပ်ဖြစ်လာစေချင်ပါတယ်။ အပြည်ပြည်ဆိုင်ရာမျက်နှစာမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ကိုကိုယ်စားပြုပြီး ပြောနိုင်ဆိုနိုင်ဆွေးနွေးနိုင်လောက်တဲ့ ဥက္ကဌတစ်ယောက်အသင်းချုပ်မှာလိုအပ်နေပါတယ်။ လက်ရှိဒုဥက္ကဌတွေရဲ့သက်တမ်းတွေလဲ မနဲတော့ပါဘူး။ အသစ်အသစ်တွေလိုအပ်နေပြီဆိုတာအားလုံးသိစေ ချင်ပါတယ်။ အရင်အစိုးရတုန်းကလဲဒီလူတွေ၊ အစိုးရအသစ်လက်ထက်မှာလဲဒီလူတွေဆိုရင်တော့ကြည့်လို့ သိပ်မကောင်းတော့ပါဘူး။ ပြုပြင်ပြောင်းလဲသင့်နေပါပြီ။

  • maungmoenyo

    April 5, 2011 at 1:19 am

    ဒီအချိန်ကတော့ အထက်ဆွဲရာထူးနဲ့အောက်ဆွဲ ရာထူးတွေ ပလူပျံချိန်မို့၊ ရာထူးရာခံများသာမက၊ စီးပွားရေးလုပ်ငန်းရှင်များခြေသိပ်များတဲ့အချိန်ပါ။ ဆရာမွေးတပည့်မွေး စနစ်ကြီးစိုးတဲ့နိုင်ငံမို့ ခုချိန်ဆရာမွေးတပည့်မွေးကိစ္စတွေ ဇောက်ချလု်ပ်ကြချိန်ပေါ့။ ပြည်သူ သန်း(၆၀) ကတော့ ပါးစပ်ဟောင်းလောင်း ဘဝကအပြောင်းအလဲမရှိသေးပါဘူး။
    ဒဂုဏ်ဝင်းအောင် က ဒုဥက္ကဌ(၁) မို့ သူများဖြစ်လေမလားဘဲ။

  • bigcat

    April 5, 2011 at 2:26 am

    ဥက္ကဌတော့ ဘယ်သူဖြစ်မလည်းမသိဘူး၊ ငှက္ကဌကတော့ သဂျီးခိုင်ဗျို့…..

    • moegyothwar

      April 5, 2011 at 3:44 am

      ကိုကြောင်ကြီးရေ.. ဥက္ကဌသွားလုပ်မလား။ ကျွန်တော်ကိုကြောင်ကြီးကိုမဲပေးမယ်လေ။

      • bigcat

        April 5, 2011 at 4:18 am

        မဲရင်ကြိုက်ဖူး။ ဖြူတာလေးပဲပေးပါ။

      • etone

        April 5, 2011 at 9:36 am

        ကြောင်မ တကောင် ထုံး သုတ်ပြီး ပါဆယ် ထုတ်ပို့လိုက်ရမလား 😀

  • လင်းဝေကျော်

    April 5, 2011 at 2:55 am

    ဒိုင်ဗင်ဝင်းအောင်ကတော့ အခုကတည်းက ဆရာကြီးဂိုက် သူ့အဘတွေဂိုက်ဖမ်းနေပြီ။
    သူသာဖြစ်ရင် ပိုဆိုးမယ်။ ဟိုငတုံးကြီးထက် အခွင့်အရေးပိုယူတတ် ဝန်ထမ်းတွေကို ဟောက်တတ်တဲ့ တရုပ်။
    အဲဒီထဲမှာ ဦးမြဟန် နဲ့ ဥိီးသောင်းတင် ကတော့ မဆိုးဘူး။ ဇော်မင်းဝင်းကတော့ အူကြောင်ကျားပေါချာ။

  • moegyothwar

    April 5, 2011 at 3:42 am

    ဒိုင်ဘင်ကြီးက အသင်းချုပ်မှာ ဥက္ကဌပြောင်းဖို့လုပ်တိုင်း ဖင်တကြွကြွနဲ့၊ ပြောလိုက်ရင် အနားယူချင်တယ်၊ မလုပ်ချင်ဘူး။ ကိုဇော်မင်းဝင်းလဲအတူတူဘဲ။ ပင်ပန်းလို့ နားချင်နေတာ ဘာညာနဲ့…. နောက်မှနာမယ် စာရင်းပါမလာရင် ဖင်ဆောင့်နေကြမဲ့လူတွေ။ ကိုအောင်လွင်ကတော့နားသင့်နေပါပြီ… သူ့အကြောင်း သူသိပါတယ်။ အတွင်းရေးတွေပေါ်မလာခင်နားရင်ပိုကောင်းတာပေါ့။ ကိုသောင်းတင်၊ ကိုမြဟန်တို့ က PROFESSIONAL ဆန်တယ်။ အထက်အောက်နားလည်မှု့ရှိတယ်။ လူကောင်းတွေတက်စေချင်တယ်။ ကုန်ဈေးနှုန်းကြီးလဲနားရင်ကောင်းမယ်…. နို့မို့ဆို စီး/ကူးကလူတွေဈေးနှုန်းကော်မတီအစည်းအဝေးခေါ်ရင် ကုန်သည်ဘက်ကလိုလို အစိုးရဘက်ကလိုလိုနဲ့ နှစ်ဘက်ကြိတ်ဝါးနေတာ… သူလဲကြောက်ရတဲ့သူတွေထဲမှာ ပါတယ်။
    ကျွန်တော်ကြားတာကတော့ အထွေထွေအတွင်းရေးမှုးကြီးဒေါက်တာမောင်မောင်လေးလဲနားတယ်ကြားတယ်။ ကိုမျိုးသန့် ကအဲဒီနေရာယူမယ်ထင်တယ်။ ဥက္ကဌကြီးဦးဝင်းမြင့်ရော၊အတွင်းရေးမှုးကြီးရော အရင်တခေါက် အသင်းချုပ်ရွေးကောက်ပွဲအပြီး ထဲက ကိုဇော်အဖွဲ့ရဲ့အာဏာသိမ်းခံလိုက်ရပြီး တွဲဖက်အတွင်းရေးမှုးတွေက ကိုဇော်ရဲ့ လက်ရုံးတွေဖြစ်လာတော့ လုပ်ရကိုင်ရခက်လာလို့ဒီနှစ်နားလိုက်တယ်ထင်ပါတယ်။

  • လင်းဝေကျော်

    April 5, 2011 at 4:44 am

    အခုပဲသတင်းတွေထွက်နေပြီ။
    မဲ နဲ့ရွေးမယ်ဆိုတာ အလကားတဲ့။
    သိန်းစိန်က ဝင်အောင်ကြီးကို ခန့်လိုက်ပြီတဲ့။

    • moegyothwar

      April 5, 2011 at 6:08 am

      ကိုလင်းရေ.. မြန်လှချီလား၊ ကိုဝင်းအောင်ဆိုရင်တော့…. အင်း ။ ခက်ရချေသေးရဲ့။ Chamber ကိုသုံးပြီးဘာတွေစီးပွားရေးလုပ်အုန်း မလဲမသိဘူး။

      • moegyothwar

        April 5, 2011 at 10:10 am

        ကိုလင်းရေ…. ကိုဝင်းအောင်ကိုမခန့်ရသေးပါဘူးဗျာ။ လျှို့ဝှက်မဲပေးကြဖို့လုပ်နေကြတုန်းပါ။ လူသစ်တွေ တက်လာပါစေလို့ဆုတောင်းပါတယ်။ လူတွေတနေရာမှာ ကြာလာရင် ထိုင်ခုံက မခွာချင်ကြတော့ဘူး။ နည်းအမျိုးမျိုးနဲ့ နေရအောင်လုပ်လာကြတယ်။ အသင်းချုပ်ကြီးကအပြင်ကကြည့်ရင်သာ… အတွင်းမှာ ဂိုဏ်းဂဏတွေ၊ အစွဲတွေစုံနေကြပြီ….. မကောင်းတော့ဘူး။ အသွင်သစ်ပြောင်းဖို့လိုနေပြီ….

    • moegyothwar

      April 5, 2011 at 5:29 pm

      ကိုလင်းရေ… အခုည ၁၂းဝဝ နာရီမှာရတဲ့သတင်းက ကိုဝင်းအောင် ကမဲအများဆုံးရတယ်လို့ပြောတယ်။ ကိုဇော်က ဒုတိယဆိုလားဘဲ။ နောက်ကြားရတာက အရင်ဥက္ကဌရဲ့ အကို … ကိုစိန်ဝင်းလှိုင် ဝင်ပြိုင်ဖို့ တင်တဲ့လျှောက်လွာ ပျောက်တယ်ဆိုလား၊ ပယ်တယ်ဆိုလားဘဲ။ ကိုစိန်ဝင်းလှိုင် ကိုအတွင်းရေးမှုးဘဝကရွေ့ပစ်လိုက်တာ ကိုဝင်းအောင်တို့၊ ကိုဇော်တို့လူစုတွေဘဲလေ…

Leave a Reply