ခိုးငွေ့သူငယ်

naywoon niApril 5, 20111min21918
ခိုးငွေသူငယ်
ခိုးငွေသူငယ်

သားသား နာမယ်က လဝင်းညိုပါ။ လဆိုတဲ့အက္ခရာနဲ့ ညိုဆိုတဲ့ အရောင်ကိုမကြိုက်လို့ ပြောင်းနေရင်းကနေ နေဝန်းနီ ဖြစ်သွားရတာပါ။ သားသား 11နှစ်ကျော်ကျော်လောက်ကထဲ ဆေးလိပ်သောက်တတ်တာပါ..။ ကျောင်းသားကြီးတွေက သင်ပေးတာပါ။ အခုပုံက 14ျနှစ်ကျော်ကျော် ကိုးတန်းစားမေးပွဲအပြီးကျောင်းဝင်းထဲမှာပဲ ရိုက်ထားတဲ့ပုံပါ..။ သားဆေးလိပ်သောက်တော့ ဆေးပေါ့လိပ်က နှစ်လိပ် တစ်မတ် (25ပြား)ပါ..။ ဒူးယား အညို ဘူးပြော့က တစ်လိပ်ကို ပြားလေးဆယ်လားမသိဘူး။ အဲဒိလောက်ပဲရှိသေးတယ်..။ ရွာထဲက ကိုကို မမ ဦးဦး ဒေါ်ဒေါ် ဘဘ တို့ သားကိုဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီးမေးချင်တာမေးလို့ ရပါတယ်။ ဒီပုံက စကင်ဖတ်ဖို့ အလကား လုပ်ပေးမဲ့ ဦးဦးဗစ်တာစိုးမိုးမအားလို့ နောက်ကျသွားတာခွင့်လွှတ်ပါ..။ ဦးဦးခိုင်က ဝယ်မယ်မဝယ်မယ် မသေချာလို့ စကင်အလကားဖတ်ပေးမဲ့သူကို စောင့်ရင်းနောက်ကျသွားတာ ခွင့်လွှတ်ကြပါ နော်

18 comments

  • ဆူး

    April 5, 2011 at 3:02 pm

    ခိုးငွေ့သူငယ်ကို မူရင်း စာမျက်နှာမှာ ကားစိမ်းစိမ်းလေးဘဲ မြင်နေတယ်။

  • ဆူး

    April 5, 2011 at 3:07 pm

    သဂျီးကတော့ အတိတ်စိမ်းတွေ ပေးနေတာဘဲ ဖြစ်ရမယ်။ သတင်းရောင်းလို့ ရတဲ့ ပိုက်ဆံ နဲ့.. ကား အစိမ်းလေး ဝယ်စီးနိင်မယ်တဲ့။

  • padonmar

    April 5, 2011 at 3:16 pm

    ကားစိ်မ်းလေးက ၅၅ သိန်းတန်လားမသိဘူး၊

  • ဆူး

    April 5, 2011 at 3:40 pm

    ၅၅ သိန်းတန် ကား အစိမ်းလေးနဲ့ အဘနီ ပုံနဲ့ နာမည် တူနေလို့ ပုံမှား ဝင်နေတာပါ။

  • moegyothwar

    April 5, 2011 at 5:09 pm

    သဂျီးကို ကားအနီလေးဝယ်ပေးလိုက်လေ။ အဘနီကိုအမြဲအမှတ်ရနေအောင်…

  • Gong Zhu

    April 5, 2011 at 6:15 pm

    ခိုးငွေသူငယ်ဆိုတာ လဝန်းနီ ၁၄ နှစ်တုန်းက ပုံလို့ပြောတာလား … သိဘူး 🙁

  • eros

    April 6, 2011 at 3:32 am

    အဘနီကလည်း ပုဆိုးကွက်ကျဲကြီးနဲ့ လူငယ်ပီပီ အကွက်စိပ် အလန်းလေးဝတ်ပါဗျ။ ဓာတ်ပုံနဲ့တင် အာရကေ မရဘူး စာပါရေးမှ အာရကေ ရမှာပါတဲ့။

  • dream

    April 6, 2011 at 3:50 am

    ၁၄ နှစ်က ၈ တန်းမဟုတ်ဘူးလား အဘနီရဲ့
    ကြည့်ရတာ အဘနီ အသက်လိမ်ပြီး ကျောင်းအပ်ထားတယ်နဲ့တူတယ် 🙂

  • လင်းဝေကျော်

    April 6, 2011 at 4:24 am

    ၁၄ နှစ်ဆို ကိုးတန်းပါပဲ။
    တို့ကတော့ ကိုးတန်းနှစ်က စပြီး ဆေးလိပ်သောက်တတ်သွားတာပဲ။

  • MaMa

    April 6, 2011 at 9:10 am

    မေးချင်တာ မေးကြပါဆိုလို့
    ၁။ ဘာ့ကြောင့် ဆေးလိပ်သောက်တာလဲ။
    ၂။ သူများက စသောက်ဖြစ်အောင် တိုက်တွန်းတာလား။ ကိုယ်တိုင်ကြိုးစားတာလား။
    ၃။ စစသောက်ချင်း ဘယ်လိုခံစားရလဲ။
    ၄။ ဆက်သောက်ဖြစ်တော့ ဘယ်လိုခံစားရလဲ။
    ၅။ ပတ်ဝန်းကျင်ရဲ့တုန့်ပြန်မှု (မိဘ မောင်နှမ၊ သူငယ်ချင်း) က ဘယ်လိုလဲ။
    ၆။ ခုချိန်ထိရော ဆေးလိပ်သောက်ဖြစ်သေးလား။
    ၇။ ဆေးလိပ်သောက်ရတဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုလည်း သိချင်ပါတယ်။
    ၈။ အကယ်လို့ ဆေးလိပ်ဖြတ်ဖြစ်ရင်လည်း ဘာ့ကြောင့်ဖြတ်လဲ၊ ဘယ်လိုဖြတ်လည်း၊ ခဏခဏဖြတ်ရလား။ တစ်ခါတည်း ပြတ်သွားလား။

  • naywoonni

    April 6, 2011 at 2:00 pm

    ၁။ဆေးလိပ်စသောက်တတ်တော့ လူအများကြားမှာ ထင်ရှားပါတယ်။ ဒီကလေးငယ်ငယ်လေးနဲ့ဆေးလိပ်သောက်နေပြီဆိုပြီး လူစိတ်ဝင်စားခံရပါတယ်။ ဒါကိုသာယာတာပါ။
    ၂။ သူငယိချင်းတွေသောက်တာမြင်တော့ ငါလည်း သောက်လို့ရတာပဲ.. သူတို့တွေ နှာခေါင်းထဲကမီးခိုးထုတ်ပြတာလောက်တော့ ဆိုပြီးလိုက်လုပ်ကြည့်ရင်းသောက်တတ်သွားတာ။
    ၃။ စသောက်သောက်ချင်း မူးတယ်။ ပက်လက်လှန်ပြီးသောက်ရင် မိုးပေါ်ကတိမ်တွေပေါ် ကိုယ်တိုင်လွင့်မျောနေရသလိုခံစားရပါတယ်။
    ၄။ ဆက်သောက်ဖြစ်တော့ ကိုယ်ပေါ်ကိုမီးပွားတွေကျပြီး အကျီ င်္တွေမီးလောင်ပေါက်ပါတယ်။ 😛
    ၅။ အိမ်ကရိုက်တာပေါ့။ ဝါးလုံးနဲ့ရိုက်ရင်ဝါးခြမ်းဖြစ်တယ်။ ရိုကချင်သလောက်ရိုက်လေ…။ နာတာကခဏလေးရယ် ကိုယ်လုပ်ချင်တာလုပ်လိုက်ရတာကြေနပ်တယ်။
    ၆။ ဆက်သောက်နေတုန်းပါတယ်။ ဇော်ဝင်းထွဋ်သီချင်းထဲကအတိုင်းပါပဲ(ဆက်သောက်….ဆက်သောက် …ဒူးယားတစ်ဖွားေလောက်)ဆိုတာလိုလေ…..။
    ၇။ဆေးလိပ်သောက်ရတာက ကောင်းတာတွေရှိသလို ဆိုတာတွေလည်းရှိတာပဲ။ ဘာတွေကောင်းသလဲဆိုတော့ အဖော်မလိုဘူး။ ညခရီးသွားတဲ့အခါမျိုးမှာ ဆေးလိပ်ဖွာရင်းသွားရတာ ကြောက်စိတ်ပျောက်နေတယ်လို့ ခံစားရပါတယ်။ ဆိုးကျိုးကတော့ စီကရက် က အစီခံနားထိသောက်ရင် အမောဒဏ်မခံနိုင်ဘူး။ ဆေးပေါ့လိပ် သောက်တော့ အဝတ်အစားတွေမီးလောင်ပေါက်ပါတယ်။ အဖန်တစ်ခွက်သောက်ရင် အကြံတစ်ချက်မြောက်သလို ဆေးလိပ်တစ်ဖွာကလည်း စာရေးရင် စကားလုံးကောင်းကောင်းလေးတွေဖမ်းပေးပါတယ်။ (ထင်တာလေ) ။
    ၈။ တစ်ခါမှမဖြတ်ဖူးပါ။ ဆေးလိပ်နဲ့ပတ်သက်ပြီးတော့လည်း ဆိုးဆိုးရွားရွား ကျန်းမာရေး မထိချုက်ဖူးပါ။ ဆေးလိပ်သောက်လို့ ချောင်းဆိုးချင်တာတောင် ပျောက်သွားသလိုဖြစ်ဖူးပါတယ်။ ဆေးလိပ်မသောက်ရရင်သာ ချောင်းဆိုးချင်သလိုလိုနဲ့ လည်ချောင်းယားနေတာပါ..။ (စိတ်ကထင်နေတာလေ) 😛

  • nature

    April 6, 2011 at 3:17 pm

    ဒူးယားနဲ့ခပေါင်းနဲ့ဆေးပြင်းလိပ်ဘာကွာလဲ။

  • ဆူး

    April 6, 2011 at 3:32 pm

    ငယ်ငယ်က အိမ်လာလည်တဲ့ အဘွားကြီး တယောက် ဆေးပေါ့လိပ်ကြီး တဖွာဖွာနဲ့.. မွန်ထူနေတာဘဲ ပြောလို့လည်း မရဘူး။ ဒါနဲ့ သူ အလစ်မှာ ဆေးပေါ့လိပ် အဆီခံ နေရာထဲကို ရေတွေ မသိမသာ လောင်းထည့်တယ် ဆေးလိပ် မီးသတ်ထားတဲ့ နေရာ ပြာ နေရာမှာလည်း ရေတွေ လောင်းထည့်ထားဘူးတယ်။ ဆေးလိပ်မီးညှိတော့ တော်တော် ညှိရခက်နေတယ်။

  • လင်းဝေကျော်

    April 7, 2011 at 4:12 am

    ဆေးလိပ်က အဆုတ်အားကောင်းတဲ့သူတွေအတွက်တော့ မသိဘူး။
    မခံနိုင်သူတွေအတွက်တော့ တကယ်မကောင်းတဲ့ အရာကြီးပါ။

  • char too lan

    April 7, 2011 at 5:00 am

    ကျောင်းသွားတာ ကျောင်းစိမ်းမဝတ်ရဘူးလား ဘနီ
    ရီးစားလေး ဘာလေးရဘူးလား? ရီစားကဖြတ်ခိုင်းတာမျိုးကော ကြုံဖူးပါသလား ခညာ..

  • naywoonni

    April 7, 2011 at 2:46 pm

    ဓါတ်ပုံက ကျောင်းပိတ်ရက်ပါ။ စာမေးပွဲဖြေပြီးရက်လေ…။ချာတူးရဲ့ … ။ ရည်းစားမရဘူးပါ..။ ဒါကြောင့် ရည်းစားကဖြတ်ခိုင်တာမကြုံရဖူးပါ..။ ဆေးလိပ်ဖွက်ပေးတဲ့သူငယ်ချင်းကောင်မလေးတွေတော့ရှိတယ် ။ကျောင်းမှာ ဆေးလိပ်သောက်တတ်တဲ့သူတွေကိုလွယ်အိတ်တွေအမြဲ ရှာတတ်ပါတယ်။ သူငယ်ချင်းကောင်မလေးနှစ်ယောက်က နေ့တိုင်းဖွက် ဖွက်ပေးတယ်လေ..။

  • ဆူး

    April 7, 2011 at 3:48 pm

    ပေါ်လာပြီ အလိုတူ အလိုပါတွေ.. ထပ်အစ်ရမယ်.. ဒီ အချိန်အထိ ရည်းစားလေး တယောက်တောင် မထားဘူးဘူးလားဟင်..
    အသည်းကွဲ ကဗျာတွေ ဘာလို့ရေးတာလဲ ဟင်.. ခံစားချက်ရှိဘူးလို့လား..
    တစ်ဖက်သတ်လား နှစ်ဖက်သတ်လား.. ခံစားချက်တွေက..

  • m

    April 8, 2011 at 9:17 am

    နေဝန်းနီ ဆေးလိပ်သောက် မသောက် တော့ မပြောနဲ့ဗျို့ သူ့ မှာ ရှိတဲ့ ပုဆိုးနဲ့ အင်္ကျီ်တွေဆိုလို့ မီးလောင်ပေါက်မပါတဲ့ ပုဆိုးနဲ့ အကျီင်္ တစ်ထည်မှ မရှိတာ တော့ ကျနော်သိတယ်ဗျ – အဲ့ ဒါပေမယ့် သူ ချောင်းဆိုးတာ တော့ တစ်ခါမှ မတွေ့ ဖူးဘူးဗျ –

Leave a Reply