ပုဇွန်တောင်ဈေးနားမှာ ဗုံးတလုံးတွေ့ရှိ

နွယ်ပင်April 11, 20111min978

April 9, 2011 3 ညနေ ၅ နာရီခန့်တွင် ပုဇွန်ဈေးရှေ့ စိုးမိုးကျော်ထီဆိုင်နားမှ ဖိနပ်ဆိုင် တဆိုင်တွင် အထုတ်တထုပ်လာအပ် ထားခ့ရာ ထို အထုပ်မှအနံ့တ မျိုးရသဖြင့် ရဲစခန်းသို့အကြောင်းကြားရာ မပေါက်သေးသော ဗုံးတဗုံးဖြစ်နေကြောင်း တွေ့ရှိခဲပရပါတယ် ။

ထိုနေ့က အနီးပတ်ဝန်းကျင်မှ ဆိုင်တွေအားလုံးကို ခေတ္တခဏ ပိတ်ခိုင်းထားပြီး။ အထက်ပုဇွန်တောင်လမ်းမကို လည်း ခဏပိတ်ထားလိုက်တယ်လို့ သိရှိရပါတယ်။
ယနေ့ April 11 ရက်နေ့တွင်မူ ပိတ်ထားသော ဆိုင်များလည်းပြန်ဖွင့်နေပြီး ပုဇွန်တောင်ဈေးမှာလည်း အရင်လည်ပြန်လည်စည်ကားနေကြောင်းသတင်းရရှိပါတယ် ။

8 comments

  • လင်းဝေကျော်

    April 11, 2011 at 6:19 am

    ပုဇွန်တောင်ဈေးပြောပြီး ဗန္ဓုလလမ်းမ ပုံထည့်ထားတယ်။
    ဘာတုန်း ၃၃ကား နဲ့သွားရင် ရောက်တယ်ပြောတာလား

  • winkyawaung

    April 11, 2011 at 6:50 am

    သတင်းဓာတ်ပုံဆိုတာ ပုံပါရင်ပြီးရော မထည့်ရတာ မှန်ပါတယ်။

  • etone

    April 11, 2011 at 7:51 am

    ဘာလို့များ လူတွေ ကြားထဲ ထိခိုက်နစ်နာအောင် လုပ်နေရတာလဲကွာ … ဘယ်သူ့ကိုရည်ရွယ်ပြီး လုပ်ချင်နေတာလဲ…. ။

  • နွယ်ပင်

    April 11, 2011 at 7:51 am

    နွယ်ပင်မှာ ပုဇွန်ဈေးကိုရောက်ထားတဲ့ ပုံမရှိတာနဲ့ တစ်ခြားပုံကို သုံးလိုက်တာပါ အမှန်က စည်ကားနေတာကိုပြောချင်တာပါ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ် .

  • kooo

    April 11, 2011 at 9:19 am

    အသာလုပ်ပါဗျား…….ဗုံးက ဘာနံ့တွေ ထွက်တာလဲဗျာ…..တော်တယ်နော်….
    မိုင်းတို့ ဗုံးတို့ကို နှာခေါင်းနဲ့ အနံခံခိုင်းမယ် ….အဲဒီလူကိုလေ….ဟဲဟဲ……
    ယုတ္တိရှိအောင်လဲလုပ်ပါအုံး…….ဘယ်နှယ်ဗျာ….သူကျမှ ဗုံးနံ့တဲ့…..

  • nigimi77

    April 11, 2011 at 9:24 am

    ရေနစ်တုန်း ဝါးကူထိုးလိုက်ဦးမယ်။ ပုဇွန်ဈေး မဟုတ်ဘူး ပုဇွန်တောင်ဈေး။ 🙂

    ဖိနပ်ဆိုင်တဆိုင်မှာ ဘယ်သူက ဘယ်သူ ့ကို အထုပ် တစ်ထုပ် လာအပ်တာတဲ့လည်း။

    အပ်တယ်ဆိုတာမျိုးက မသိပဲ အပ်ရင် လက်မခံဘူးနော်။ ဖိနပ်တရံလောက်ဝယ်ပြီး ဈေးဝယ်ချင်လို ့

    ဒါလေး ခဏလောက် အပ်ထားပါရစေ ဆိုရင်တော့ ဖြစ်နိုင်တယ်။

    ဘယ်လိုပဲ ဖြစ်ဖြစ် သတင်းဆိုတာမျိုးက စာဖတ်သူကို အချက်အလက် တခုခု ပေးနိုင်မှ တင်တာမျိုး

    ပိုကောင်းမယ် ထင်ပါတယ်။ ကိုယ်တိုင် သွားပြီး သတင်းယူတာပဲ ဖြစ်ဖြစ် သတင်းဓါတ်ပုံ ရယူတာမျိုးပဲဖြစ်ဖြစ်။

    အိမ်မှာပဲ ထိုင်နေရင်း ကြားရတာလေးတွေကို အဆင်ပြေမဲ့ ပုံနဲ ့တင်တာကတော့ သတင်းမဟုတ်ပါဘူး။

    ကောလဟာလ ကို လက်ဆင့်ကမ်းတာပါ။ အပြုသဘော ဝေဖန်လိုက်ပါတယ်။

  • Yin Nyine Nway

    April 11, 2011 at 12:24 pm

    ဟာ သူများက ပြောပြတာကို စိတ်မကောင်းဖြစ်အောင် ဝေဖန်နေတယ်လို့
    သူလဲ သိသလောက်ပြောပြတာပေါ့
    ဟွန်း……. ဝေဖန်မယ် လေကန်မယ်ဆိုတာချည်းပဲ….:)

  • nigimi77

    April 11, 2011 at 1:55 pm

    ဝါသနာက တားမရလို ့ပါဗျာ။ 🙂

Leave a Reply