ကားပေါ်တွင်ပျားအုံစွဲ

bigbirdApril 7, 20111min1099


ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ လွဲအက်မြို့တွင်နေထိုင်သော ထမင်းဟင်းရောင်းသူတစ်ဦး၏ ကိုယ်ပိုင်ကားတွင် ပျားအုံစွဲနေပါတယ်။
ပျားတွေကလဲ လူကိုအန္တရယ်မပြုတဲ့အပြင် ကားဘယ်သွားသွား လိုက်ပါနေကြပါတယ်။
ထိုသူရဲ့အိမ်နံပါတ်ကတော့ ၁/၈ ဖြစ်ပြီး ကားနံပါတ်ကတော့ ၁၈၁၅ ဖြစ်ပါတယ်။
အဲ့ဒီမြို့မှာရှိတဲ့သူတွေက ဒီအပါတ် ၁၈ မဟုတ်ရင် ၁၅ ထွက်မယ်ဆိုပြီး အသည်းအသန် ချဲလိုက်ထိုးနေကြပါတယ်။ ဝါသနာပါတဲ့သူတွေအတွက် ထိုးချင်ရင်လိုက်ထိုးနိုင်ဖို့ပါ။
ငှက်ကြီးတော့ ဝါသနာမပါဘူးဗျို့..ဟီး..ဟီး။

9 comments

  • ဆူး

    April 7, 2011 at 5:36 pm

    ပျားစွဲရင် စီးပွားတက်တယ်တဲ့.. ကားမှာ လာစွဲတာ ထူးဆန်းတာပေါ့။
    ၁၈
    ၁၅
    ၈၅
    ၅၈
    ၁၁
    ၈၁
    ၅၁
    အတွဲလိုက်.. စဉ်းစားလိုက်တာ.. ကျန်သေးရင် ဆက်ပါအုန်း.. အခုတော့ အိပ်ချင်နေလို့.. ဒီလောက်ဘဲ တွဲလိုက်တယ်။

  • ဆူး

    April 7, 2011 at 5:41 pm

    ဒါနဲ့ စကားမစပ် သဂျီး နဲ့ ဦးကြောင်ကြီးတို့.. ထီထိုးလို့ စီရီးဆွဲတဲ့ အတိုင်း ထိုးလိုက်မိလို့ ပေါက်ရင် ရှယ်ယာ ပြန်ခွဲပေးရမယ်။ ဒါဘဲ.. မူပိုင်ခွင့် အရင် တင်လိုက်ပြီ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2011 at 7:32 pm

    မုတ်ဆိတ်မှာ ပျားလာစွဲတာလိုမျိုးဖြစ်နေပြီ

  • kai

    April 7, 2011 at 8:47 pm

    ပြောရရင်..ကျုပ်နေတဲ့အိမ်တွေ တော်တော်များများ ပျားအိမ်အစွဲခံရဖူးတယ်.။
    ရေနဲ့ဖြန်း…မရ..။
    ဆပ်ပြာရေပက်မရ..နဲ့..။ အပြင်းစား ပိုးသတ်ဆေးနဲ့ ချမှ သေကြလေသတည်းပဲ..။

    မချလို့လည်း မရဘူးလေ..။ တော်ကြာ လမ်းဘေးလမ်းလျှောက်တဲ့သူတွေ သွားတုတ်တာတို့.. ဒုက္ခပေးတာတို့လုပ်မှ ..ကိုယ်ပါရော.. အပြောခံနေရမယ်..။
    ကိုယ့်ပရောပါးတီး ထဲကအကောင်တွေမို ့.. ကိုယ်ကတာဝန်ရှိတာပေါ့…။
    တချို ့ဆို … ဆိုင်ရာ ပိုးမွှားနှိမ်နင်းရေးဖုံးဆက် သတ်ခိုင်းတာပဲ..။
    ပျားအိမ်စွဲရင်… ထီပေါက်မပေါက်တော့ မသိ… ငွေကုန်မှာတော့..သေချာတယ်..။ 🙂

    ( ပျားအုံစွဲချင်ရင်.. လုပ်နည်းတွေရှိပါတယ်..။ ပျားမွေးတဲ့သူတွေ ပိုသိမှာပေါ့..။ အသေးစိတ်သိချင်ရင် အောက်ကလင့်မှာ ဖတ်ပါ..
    http://www.beesource.com/how-to-start-beekeeping/

    ရှေးပဝေဏသီခေတ်ကလို ..ပျားအကြောင်းနားမလည်.. ပျားမမွေးတတ်သူတွေခေတ်က တော့ ..ပျားစွဲရင်..ဘာညာပြောကြမှာပေါ..။ မသိတာကိုး…)

  • etone

    April 8, 2011 at 1:57 am

    မြန်မာလူမျိုးတွေမှာ ဆိုရင်တော့ ပျားစွဲတာ ကောင်းတဲ့ နမိတ်လို့ ယူဆကြတယ်… သူလည်း နေရာတိုင်းမှာမှ မစွဲပဲကိုး …။ ကြီးပွားတော့မဲ့ နမိတ်လက္ခဏာလို့လည်း ပြောကြတယ် … သဂျီးက အဲ့လို လုပ်နေလို့ ထီ အချီကြီး မပေါက်တာ 😀

  • nigimi77

    April 8, 2011 at 2:09 am

    အိမ်မှာ ပိုးဟပ်တွေ ယောက်ယပ်ခတ် နေရင် ငွေဝင်မယ်တဲ့…။

    ဂုဏ်ယူနည်းကတော့ လန်ထွက် နေတာပဲ……။

    ကျုပ် အိမ်မှာတော့ ဂျပိုး(ကြမ်းပိုး) တွေ ယောက်ယပ်ခတ် နေတာ……

    နားလည်သူများ ရှိရင် နဲနဲ လောက် လုပ်ပါဦး……။

    လာဘ်လာဘ လေးများ ရွှင်နိုင် သလားလို ့……။ 🙂

    • etone

      April 8, 2011 at 2:56 am

      ဂျပိုး(ကြမ်းပိုး) တွေ ယောက်ယတ်ခတ်နေတာ ဆရာကြီး ဆဲဗမ်းဆဲဗမ်းက ညစ်ပတ်လို့နေမှာပေါ့ … ။ ငွေဝင်မဝင်တော့ မသိဘူး ရောဂါပိုးတွေ အများကြီး ဝင်လာမှာတော့ ကျိန်းသေပဲ … အဲ့ဒီ ပိုးဟပ်တွေက အ ိမ်သာထဲမှာ တခါတခါ နေတတ်တယ်လေ … 😀

    • kai

      April 8, 2011 at 6:03 am

      ကြမ်းပိုး ဘယ်မှာရှိသလည်း ခွေးကသိတယ်..။
      အဲဒါကြောင့် လေ့ကျင့်ထားတဲ့ခွေးတကောင်လိုတယ်..။
      ကြမ်းပိုး သေအောင်သတ်နိုင်တာ… အနှုတ် ၃ဝ စင်တီဂရ်တ်လောက်ထွက်တဲ့ အအေးငွေ့ပဲ..။
      အဲဒါနဲ့မှုတ်ရတယ်..။

      ဆိုတော့ ..ခွေးအနံ ့ခံခိုင်း..အဲဒီနေရာဝန်းကျင်.. အေးခဲသွားအောင် ဂက်စ်နဲ့မှုတ်..။
      ကြမ်းပိုးမျိုးပြုတ်…
      ဒါက ..လဘ်လာဘ ကုန်နည်း..။

      ွှ့ရွှင်နည်းကတော့…
      ကြမ်းပိုးတွေရဲ့ .. တလတာနေမှုထိုင်မှု..။ မိတ်လိုက်မှု..သားမွေးမှု..လှုပ်ရှားပုံ..။ လူထီးသွေး.။ လူမသွေး..။ကလေးသွေး..။တိရ်စ္ဆန်သွေး..စသဖြင့် သောက်သုံးကြပုံ..။
      ကြမ်းပိုးကြိုက်နှစ်သက်သောအရာများ..။ မကြိုက်တာတွေ..။
      စသဖြင့်..အနညာ်းဆုံး စာမျက်နျာ ၅၀ဝ လောက်ရှိတဲ့ကျမ်းတစောင်ပြုစု..။
      စာရင်းဇယား.. ကိန်းဂဏန်းတွေအတိအကျပါပစေ..။
      အဲဒါကို ထုတ်ရောင်းရင်.. လဘ်လာဘ တော်တော်ရွှင်မယ် သေချာတယ်..။
      ကံကောင်းရင်.. နိုင်ငံခြားဘာသာတွေပါ…ပြန်ရပြီး .. မူပိုင်ခွင့်နဲ့… ကမ္ဘာကျော်သွားနိုင်တယ်..။ 🙂
      ဒါက.. လဘ်ရွှင်နည်း…။

  • winkyawaung

    April 8, 2011 at 6:35 am

    ပြားစွဲတာက မြန်မာလိုကတော့ အထက်မှာစွဲရင် မွဲတာဘဲ ပြောကြပါတယ်။

Leave a Reply