အမုန်းစာရင်း

rabbitApril 8, 20111min47720

မုန်းတယ်..

Voltage မမှန်တဲ့ လျှပ်စစ်မီးကိုလဲမုန်းတယ်။

မီးအားကျတိုင်း ပိတ်ပိတ်သွားတဲ့ ကွန်ပျူတာ အစုတ်ကိုလည်း မုန်းတယ်။

မနိုင်ဝန်ထမ်းနေတဲ့ UPS ကိုလည်း မုန်းတယ်။

ဘာမှန်းညာမှန်းမသိပြောချင်ရာ စွတ်ပြောနေတဲ့သူတွေကိုလည်း မုန်းတယ်။

သင်္ကြန်တွင်းမှာ မထွက်တဲ့ အဝေးပြေးကားတွေကိုလည်း မုန်းတယ်။

အပြောနဲ့အလုပ်မညီတာတွေကိုလည်း မုန်းတယ်။

ကျပြီး ပြန်မတက်လာတော့တဲ့ ဒေါ်လာဈေးကိုလဲ မုန်းတယ်။

လေယာဉ်လက်မှတ်လေး ၄စောင်လောက် တစ်ရက်တည်းရအောင် အကူအညီတောင်းမိတာကို

Cheves ၂ လုံးကြားထဲက ဖြတ်စားတဲ့ ခွက်ကျတဲ့ လဒကိုလည်းမုန်းတယ် (အမူးလွန်ပြီး

အံဖတ်ဆို့ပါစေဟယ်)

သင်္ကြန်ပိတ်ရက် ရုံးတက်ရတာကိုလည်း မုန်းတယ်။

ဖယ်ရီမပေးတဲ့ရုံးကိုလည်းမုန်းတယ်။

ခရီးသည်တွေ ကျပ်ပိတ်ညပ်အောင်တင်တဲ့ အထူးကားတွေကိုလည်းမုန်းတယ်။

အဲဒါတွေကြားက ထွက်မသွားနိုင်တဲ့ ကိုယ့်ကို ကိုယ် ပိုမုန်းတယ်။

 

တိုက်ဆိုင်မှုရှိရင် Sorry ပါ…

 

20 comments

  • naywoonni

    April 8, 2011 at 12:33 pm

    ဟားးး ဒီမှာကွန်မန့်လာပေးတဲ့သူကိုလည်း မုန်းတယ်လို့တော့မလုပ်လိုက်ပါနဲ့နော်

  • monmon

    April 8, 2011 at 12:39 pm

    အဝေးပြေးကားမရှိရင် တစ်ရက်ကြိုပြန်လို့မရဘူးလား..
    မွန် တို့က တစ်ရက်ကြိုပြန်တယ်…

  • rabbit

    April 11, 2011 at 1:57 am

    တစ်ရက်ကြိုပြန်ဖို့ လက်မှတ်ပါ မရှိတော့တာတဲ့ မွန်ရဲ့။။ ယုန်က စီစဉ်တာ နောက်ကျသွားတာကိုး ဘယ်တတ်နိုင်ပါ့မလဲ.. ကိုယ့် အပြစ်နဲ့ ကိုယ်ပေါ့.. း(

    • bigcat

      April 11, 2011 at 3:02 am

      ယုန့်အတွက် ကြောင်ရှိပါသေးတယ်ကွယ်၊ အားမငယ်ပါနဲ့…..

      • rabbit

        April 11, 2011 at 3:14 am

        ဒုက္ခပါပဲ …. သူများတွေတော့ ယုန်ထင်ကြောင်ထင် ထင်ကုတ်တောါမှာပဲ… 😀

      • bigcat

        April 11, 2011 at 3:20 am

        ယုန်ကမလှုပ် ကြောင်ကလှုပ်ပေါ့ကွယ်.. ကြောင်က မကုတ်တတ်ဘူး၊ ခြစ်ယုံသာခြစ်မှာ 😳

  • nozomi

    April 11, 2011 at 2:50 am

    အခုထိသတိရနေမိသေးလို့ ရည်းစားဦးကိုလဲမုန်းတယ်
    မန္တလေးဂဇက်ကို မကြည့်ရင်မနေနိုင်အောင်လုပ်ထားတဲ့သူကြီးကိုလဲမုန်းတယ်

    • rabbit

      April 11, 2011 at 2:54 am

      Heeee…. Agree with u nozomi… I forget to write those two sentences… so I hate myself again… 😀

    • kai

      April 11, 2011 at 7:12 am

      မုန်းသည်ဖြစ်စေ ချစ်သည်ဖြစ်စေ…တဲ့..။
      First Love’s Are Never Forgotten ဆိုပါတယ်..။

      မန္တလေးဂေဇက်ကိုလည်း.. ဘယ်တော့မှ မမေ့ရင်..မုန်းမုန်းချစ်ချစ်.. ကျေနပ်ပါတယ်..။ 🙂

  • meelay

    April 11, 2011 at 3:28 am

    ဒီပို့စ်ရေးတဲ့သူကိုလဲ မုန်းတယ် … အမှန်တွေကြီးပဲ ရေးလို့ ….. 😛

  • rabbit

    April 11, 2011 at 9:14 am

    ကျန်ခဲ့လို့ ထပ်ဖြည့်တာ

    ရုံးတွေအားလုံးပိတ်ပြီး ဘာ reservation မှ လုပ်မရတော့တဲ့အချိန် လာပြီး ငွေဆောင်မှာ room reservation လာလုပ်လိုင်းတဲ့လူကို လဲ မုန်းတယ်

    အားတိုင်းကို မျက်နှာထိ မျက်နှာထားနဲ့ လာပြောတတ်တဲ့ ခပ်ပုပုလဒ ကိုလဲ မုန်းတယ်

  • kopauk mandalay

    April 11, 2011 at 11:08 am

    နောက်ဆုံးဘာမုန်းစရာကျန်သေးလဲလို့ပြန်တွေးတော့
    မှန်ရှေ့မှာရပ်တိုင်းပေါ်ပေါ်လာတဲ့သူကိုလဲ
    မုန်းတယ် မုုန်းတယ် မုန်းတယ်…………………………………………….

  • Yin Nyine Nway

    April 11, 2011 at 12:41 pm

    မုန်းကြ မုန်းကြ မုန်းရမှာ များလို့ မုန်းရမှာကို မုန်းတယ်
    🙂

  • manawphyulay

    April 11, 2011 at 1:33 pm

    အမုန်းစာရင်းဆိုလို့ ကိုရီးယားကား အောင်းမေ့လို့ အဟိ။ ဘာမှမုန်းမနေပါနဲ့ မုန်းနေရင် ချစ်နေသေးလို့ပဲလေ…

  • OQ23

    April 11, 2011 at 3:05 pm

    အမှန်တွေရေးထားတာကိုသိပ်ကောင်းတဲ့အတွေးပဲချီးကျူးထိုက်တယ်။
    မုန်းတာထက်ကိုပိုတဲ့လူတွေရှိတယ်၊မင်းရဲ့အပြောတွေ၊မင်းရဲ့အရေးအသားတွေ
    တော်တော်ကောင်းတယ်။

    • rabbit

      April 22, 2011 at 3:46 am

      မုန်းတာထက်ပိုရင် အဲဒီလူကို ရွံသွားရော.. မုန်းတဲ့အထိပဲကောင်းပါတယ် … ရွံသွားရင်စကားထဲထည့်ပြောဖို့နေနေသာသာ လှည့်တောင်မကြည့်ချင်တော့ဘူး

  • nature

    April 11, 2011 at 5:01 pm

    အမုန်းမြို့တော်ကြီးတည်ဆောက်ကြပါစို့။ 😉

  • Yin Nyine Nway

    April 12, 2011 at 10:20 am

    တော်တော် မုန်းပါ၏

  • dream

    April 22, 2011 at 4:11 am

    တက်လိုက်ကျလိုက် ကွန်နက်ရှင်ကိုလဲ မုန်းတယ်
    စားမလောက် သောက်မလောက် လစာကိုလဲ မုန်းတယ်

  • winkyawaung

    April 22, 2011 at 9:42 am

    မုန်းပင်စိုက်ပါလို့ မုန်းမိုးတွေရွာ တကမ္ဘာလုံးမှာ များသတ္တဝါ မုန်းပင်ကိုယ်စီ စိုက်နိုင်ကြပါစေ…။ ဟို သီချင်းလိုပေါ့ နေရစ်ပေတော့ မိမိမုန်းရေ…။

Leave a Reply