စနေနံဆို စိတ်နာတယ်

etoneApril 8, 20111min35320

cvnv

ကျမဘဝ သက်တမ်းတလျှောက်လုံးမှာ ပြသနာ အတတ်ဆုံး လူ့အသုံးဆောင် ပစ္စည်းကတော့ စနေနံဖြစ်တဲ့ ထီးနဲ့ ဖိနပ်ပါပဲ … ကျမသုံးတဲ့ ထီးတစ်ချောင်း မိုးတွင်းတောင် မခံဘူးလေ … တစ်မိုးကို နှစ်ချောင်းသုံးချောင်းလောက်ကိုဝယ်ရတယ် … ။ ကိုင်းကျိုးလိုက်… လက်ကိုင်ပြုတ်သွားလိုက် … အရွက်ပြဲလိုက်နဲ့ မရိုးနိုင်အောင်ကိုပဲ ဖြစ်နေတာ… ။ ထီးနဲ့ပတ်သတ်ပြီး စိတ်နာစရာကလည်း ရှိခဲ့တာကိုး …။ မိုးတွင်း အပြင်က ပြန်လာလို့ ထီးလှန်းထားလျှင် ဘယ်အိမ်က အလေနတောကြောင် သေးလာပန်းလည်း မသိဘူး (အိမ်ကကြောင်လေးက သေးမပန်းတတ်ပါ) ။ …. မွန်ထူနေတာပဲ.. လူကြားထဲ ထီးဖွင့်ဆောင်းရင် အရှက်ကွဲရတယ်… ။ ကျမက ပျော်ပျော်နေတတ်တော့ တစ်ခါတစ်လေ အိမ်မှာနေရင် နည်းနည်းပေါတယ်… ခုန်ပေါက်နေချင်လည်း နေတတ်တယ် … ။ တစ်ရက် အဖွားက ထီးလှန်းထားတယ်… ကျမကလည်း ဆော့နေကြအတိုင်း စောင်ကြီးကို ပတ်ပြီး ထိုင်မသိမ်းလုပ်ဆော့တယ် … ခုန်ပေါက်ပြီး ဆော့လိုက်တာ ထီးပေါ်ဖင်ထိုင်ရက် ကျပါလေရော… ဒီတော့ ထီးလည်း ကျိုးပါသတဲ့…။ ထီးကျိုးတော့ အတီးခံရတာပေါ့…စိတ်လည်းနာတယ်  ။ အဲ့ဒီကတည်းက စောင်ကြီးပတ်ပြီး မခုန်တော့တာ အခုထက်ထိပါပဲ … ။
ဖိနပ်ဆိုလည်း ဘာထူးလဲ … ခဏခဏပြတ်တယ်….။ သူများလို လှတပတလေး စီးချင်တာပေါ့ …. နုနုရွရွလေးလမ်းထိန်းလျှောက်ပါတယ်… ဒါပေမဲ့ ဘာလို့မှန်းမသိအောင်ပဲ ဖိနပ်ထိပ်ဦးတွေ စုတ်ပြဲလာတယ်… ။ မနက်ပိုင်း အသစ်စီး ညနေရုံးဆင်းလို့ ဖိနပ်ထိပ်မှ ပဲ့မလာလျှင် အဲ့ဒီနေ့ ထီထိုးရမဲ့နေလို့ အိမ်ကလူတွေ ဝိုင်းလှောင်ကြတယ်… ။ ခိုင်မယ်ထင်တဲ့ ဖိနပ်အမျိုးစားတွေ ဝယ်စီးတယ် … ဒါလည်း ထူးမခြားနားပါပဲ… ခဏပဲခံတယ်…သူများတွေ ဖိနပ်တစ်ရံ လေးငါးလစီးရတယ်… ကျမဖြင့် ဖိနပ်တရံ တစ်လခံအောင် မနည်းစီးရတယ်… ။ အိမ်ကတောင် ပြောတယ်… အပြင်ထွက်တိုင်း ပြန်လာရင် ဖိနပ်တွေချည်းပဲ ဝယ်ဝယ်လာတတ်လို့ ဖိနပ်ဆိုင်ဖွင့်မလားလို့တောင် ပြောယူကြရတယ်… ။ နောက်ပိုင်း သူငယ်ချင်းတွေ အကြံပေးတာနဲ့ မိတ်အင်ဘားမား ကတီ္တပါ ဖိနပ်တွေ စီးကြည့်တယ်…။ တကယ့်ကို ဂွက်ပါပဲ… သူတို့ ဆိုဒ် အကြီးဆုံးက ကျမနဲ့ ဘယ်လိုမှ ဘောင်မဝင်ပါဘူး … ။ ဆိုင်က ညာရောင်းတယ် … စီးရင်းနဲ့ သဲကြိုးက ချောင်လာမှာ ဒါဆို အတော်ပဲ ဘာညာနဲ့ပြောတော့ … အဟုတ်မှတ်လို့ စီးကြည့်ပါတယ်…. ဖိနပ်ပေါက်တာပဲ အဖတ်တင်တယ်… ။ ဖိနပ်မပေါက်အောင် အဲ့ဒီဖိနပ်ကို မစီးခင် ကိုက်ရတယ်တဲ့.. ဘယ်သူက ရူးကြောင်ကြောင် သတ်မှတ်ခဲ့လည်း မသိပါဘူး…။ ကျမကတော့ ပေါက်ချင်ပေါက်မပေါက်ချင်နေ … အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် ဖိနပ်ကြီးတော့ မကိုက်နိုင်ပါဘူး … ။ လူတွေ ပြောကြတာတော့ ဖိနပ်ကို အရင်ကိုက်မှ သူက ကိုယ့်ကို မကိုက်(ဖိနပ်မပေါက်) မှာတဲ့… ။ ကျမနားလည်လိုက်တာက ဖိနပ်ကို အရင် နာအောင်လုပ်မှ ကျမကို ဖိနပ်က နာအောင် မလုပ်ရဲမှာ ဆိုတဲ့ အဓိပါ္ပယ်ပေါ့… ။ ယုံတော့မယုံပါဘူး … ဒါပေမဲ့ အပန်းကြီးတာမှ မဟုတ်တော့လည်း ကျမဖိနပ်ကို နာအောင်လုပ်ဖြစ်ပါတယ်…။ ဖိနပ်သစ်မစီးခင် ဖိနပ်ကို ဖနောင့်နဲ့ လေးခါးချက်ပေါက်တယ်လေ… 😀 ပြီးတော့ ဖိနပ်ပေါ် တက်ပြီး ခုန်လိုက်သေးတယ်.. (နာအောင်လို့….) ဖိနပ်နာမနာ တော့မသိဘူး ခေါင်တော့ မစီးခင်ကတည်းက စပြီးကျိုးနေပြီ ။ ဆယ်တန်းပြီးတော့ သူငယ်ချင်းတယောက်က အကြံပေးတာနဲ့ တံဆိပ်တမျိုးစီးကြည့်တယ်… ။ လုပ်တာကတော့ဒီမှာပါပဲ ..ဒါပေမဲ့ အဆင့်မီပါတယ်…. ဒီဇီုင်းမျိုးစုံရပြီး အရောင်ကလည်း စုံတယ်… အထူးသဖြင့် ကျမလိုခြေကြီးတဲ့ လူတွေ အတွက်ကတော့ အဆင်ပြေတာပေါ့ … ။ အဲ့ဒီတ ံဆိပ်ပြောင်းသုံးပြီးကတည်းက ဖိနပ်တရံ သုံးလလောက်တော့ ခံတယ် … 😛 အခုလက်ရှိလည်း အဲ့ဒီဖိနပ်တံဆိပ် သုံးနေတုံးပါပဲ… ။ (အဲ့ဒီတံဆိပ်က ပရိုမိုးရှင်းလုပ်ပြီး နားမလည်ပါးရိုက်လုပ်တဲ့ အကြောင်းလည်း တင်ပါဦးမယ်… ဓါတ်ပုံလေးရိုက်တင်ရတာ ကော်နက်ရှင်မကောင်းလို့ပါ …။ ) ဖိနပ်က ခံသာခံတယ်… ထိပ်တွေ ပွန်းပဲ့နေဆဲပါပဲ… ။ ဖိနပ်နဲ့ ပတ်သတ်ပြီး စိတ်နာစရာကလည်း ရှိသေးတယ်… ။ အရင်က ရုံးတတ်ရင် နည်းနည်းပဲများတယ်ပေါ့ … ဖိနပ်အမြင့်လေးဘာလေးစီးသေးတယ်… တနေ့ တခြားစက်ရုံသွားရင်း တံခါးဘောင်ကို အကျော် ဖိနပ်ခွာက ကပ်သီးကပ်သတ် အဲ့ဒီ ဆလိုက်တခါးထဲနစ်နေတာ ရှေ့လျှောက်လို့မရ နောက်ပြန်ဆုတ်လို့မရ… လူမသိအောင် ဟန်မပျက် အသာလေး အားယူပြီး ပြန်နှုတ်လည်းမရ … တော်တော် ဂွတီးဂွကျနိုင်ခဲ့တာ … ။ နောက်ဆုံး အ ဲ့ဒီ ညပ်နေတဲ့ ဖိနပ်ကို ချွတ်ပြီး ခြေထောက်ကို မြေပေါ် စုံရပ် လူက ငုတ်တုတ်ထိုင်ပြီး လက်နှစ်ဖက်နဲ့ အားရပါးရ ဆွဲထုတ်တော့မှ ခွာအောက်က ဘုလေး ပဲ့ပြီး ထွက်လာပါရဲ့ … စီးလို့တော့ ရပေမဲ့ တစ်ဘက်နိမ့်တစ်ဘက်မြင့်နဲ့ အ တော့်ကို ဒုက္ခပေးခဲ့တာလေ… ။အနိမ့်မြင့်မတူတဲ့ ဖိနပ်တစုံကိုစီးပြီး စက်ရုံထဲ ခြေညောင်းအောင် လိုက်ပတ်ကြည့်ရတဲ့ နေ့ကို တသက်မမေ့နိုင်ခဲ့ဘူး …။ နောက်ပိုင်း ဘယ်တော့မှ အလုပ်ခွင်သွားလျှင် ပဲများပြီး ဒေါက်တွေ ဒတ်တွေ မစီးရဲတော့ပါဘူး …..။ စနေနံ ပစ္စည်းတွေ နဲ့မတည့်တာ လူဖြစ်ကတည်းကဆိုတော့ … စနေနံပစ္စည်းတွေကို သတိထားပြီး ကိုင်တွယ်ရပါတော့တယ်…။ ။

20 comments

  • etone

    April 8, 2011 at 2:37 am

    တစ်ခါက တင်တာ အကုန်မပါဘူး … အခု ပြန်တင်ထားတယ် ။
    ဗျို့ သဂျီး ပို့စ်အဟောင်းကို ဘယ်လို ဖျက်ရမလဲ ပြန်ဖျက်ပေးပါဦးနော် ။

  • နွယ်ပင်

    April 8, 2011 at 3:58 am

    etone ရေ အခုတစ်လောပို့စ်ကလဲ တင်ရတာခက်လိုက်တာ etone တင်ထားတဲ့ ပို့စ်တွေမှာ တစ်ခါတစ်လေ Comment Off ဖြစ်နေသေးတယ်နော် ..
    နွယ်ပင်လဲ စနေနံနဲ့ ဘာ အကျိုးပေးသလဲ မမေးနဲ့ မိုးရွာလို့ ထီးမထုတ်လိုက်နဲ့ ထုတ်လိုက်ရင် ထီးက ကိုင်းကျိုးပြီးသားပဲ
    ဖိနပ်ဆိုတာကလဲ ထိပ်လေးတင်ပေါက်တာ အောက်ခံ ဆိုးလ်ကတော့ အကောင်းချည်းပဲလေ အဲလိုနဲ့ အိမ်က ဖိနပ်စင်မှာ နွယ်ပင့် ဖိနပ်ကအများဆုံးပေါ့ အကောင်းတော့ မဟုတ်ဘူး အဲလို ဖိနပ်ထိပ်ပြဲလေးတွေ ထိပ်ပေါက်လေးတွေပေါ့ … 😛 .

    • etone

      April 8, 2011 at 6:15 am

      ဟုတ်ပါ့ … ပို့စ်တင်ရတာ ခက်တယ် … ပုံဆို ပိုဆိုးသေးတယ် … ။
      ဖိနပ်ထိပ်တွေ အရင်ပဲ့တာကတော့ အတူတူပဲ … ကိုယ်တွေက ရုန်းကန်လှုပ်ရှားသွားလာနေရတာကိုး … ။

  • ဆူး

    April 8, 2011 at 6:28 am

    ဖိနပ် က ဆိုဒ်ကြီး စီးရတယ်လား..
    မြန်မာပြည်လုပ် ဖိနပ် ဝယ်စီးရင် ဖိနပ် ဆိုဒ် ၄ဝ ကျော်ရင်တောင် ဖိနပ်က သေးနေသလို ဖြစ်နေတယ်။
    နိုင်ငံခြားဖြစ် ဖိနပ် စစ်စစ် ဆိုရင် ၃၈ ဆိုရင်ကွက်တိဘဲ… အဲလို ဆိုဒ်ခိုးတာ..

    ဖိနပ် အတွက် စိတ်မအေးရရင် စူပါကလူး ဆောင်ထား.. ကဒ်လိုက် ဝယ်ထားရင် ၁ဝခုကို ၄၀ဝ တခုမှ ၄ဝဘဲ ကျတယ်။ ဖိနပ် ကွာတာ ဟ တာ ရှိရင် တဘူး ထိုးလိုက်.. နောက်တခါ ကွာရင် တခြားနေရာက ကွာလိမ့်မယ်။ လေဒီရှူးတွေ ခရီးထွက်တဲ့ အချိန် စီးတဲ့ အခါ အဲဒါ မရှိမဖြစ်ဆောင်ထားရတယ်.. လမ်းခရီးမှာ အသစ်မဝယ်နိုင်သေးရင် ဖိနပ်မပါဘဲ မနေရအောင်တော့ ကူညီပေးတယ်။ ဟီးဟီး..
    ဖိနပ် ထိပ်ပဲ့တဲ့ လူတွေက ဒေါသ အားကြီးတတ်တဲ့ လူမျိုးတဲ့.. ကြားဖူးတယ်။

    ဖိနပ် ဆိုလို့.. heat wave ကို လျော့ဈေး ရလို့ ဆိုင်သွားကြည့်တယ်.. လျော့ထားတဲ့ ဖိနပ် ၁သောင်းခွဲ ဝန်းကျင် ရှိပါတယ်။ ပုံစံ မကြိုက်တာနဲ့.. မလျော့တဲ့ အထဲက တရံဝယ်လာပါတယ် ၃သောင်းကျော် ပေးရပါတယ်။ ဖိနပ် တော်တော် လှပါတယ်.. သိမ်းထားပြီး မင်္ဂလာဆောင်လေး ဘာလေး သွားတဲ့ အချိန် ထုတ်စီးခဲ့ပါတယ်။ မင်္ဂလာဆောင်ကို စီးသွားတာ ဖိနပ်က ကပ်စီးစီးနဲ့ ဘာလဲ ဆိုပြီး ကြည့်လိုက်တော့.. ဖိနပ် မှာ ကပ်ထားတဲ့ လည်သာ သားရေ… ခြေထောက်မှာ ကပ်နေပါတယ်.. စိတ်ပျက်သွားတယ်.. ဖိနပ်နဲ့ ခြေထောက် နေရာ မလွဲအောင်နေရတဲ့ အဖြစ်ပါဘဲ.. နေရာ နည်းနည်း လွဲတာနဲ့ လည်သာ အကွက်လိုက် ပြောင်နေတာ ပေါ်ပေါ်လာလို့.. စိတ်ပျက်ပျက်နဲ့.. ပြန်လာတော့ ဖိနပ် ချွတ်လိုက်တော့.. အရေခွံ လုံးဝ မရှိတော့ပါဘူး။ ဖိနပ်က ဘာရုပ်မှ မပေါက်တော့ဘူး.. တော်တော် ရုပ်ဆိုးတယ်။ မပျက်ပေမဲ့ မလှမပ နဲ့ စိတ်ပျက်စရာ ရုပ်ပေါက်နေလို့ လွတ်ပြစ်လိုက်ရတယ်။ နောက်များတော့ heat wave ဆို လုံးဝဘဲ.. ဒါပေမဲ့ တူတူသွားတဲ့ အမ က အဲဒီ တံဆိပ် ထဲက လျော့ဈေးနဲ့ ရောင်းတာ ဝယ်လာပေမဲ့ သူဟာ ဘာမှ မဖြစ်ပါဘူး..
    ဈေးကြီးပေးဝယ်ပြီးမှ မကောင်းတော့ စိတ်မကောင်း ဖြစ်တယ်။

    ဖိနပ်ကတော့ မပျက်လွန်းလို့ စိတ်ညစ်ရတယ်.. အပြင် သိပ်မသွားလို့လားတော့ မသိဘူး… သူများတွေလည်း ပြောကြတယ် ဖိနပ် တရံ တလ တဲ့.. ဖိနပ် ဆိုရင် ဟောင်းလို့ မစီးချင်လို့သာ အကြမ်းစီးလိုက်တာ.. ဒီတိုင်းတော့ ပျက်ခဲပါတယ်။

  • nigimi77

    April 8, 2011 at 6:32 am

    အီးတုံး ညာတယ်။ ရုံးမှာပဲ နှပ်နေပြီးတော့ ဖိနပ် တရံ ၆ လခံ တယ် ကြားတယ်။
    🙂

    • etone

      April 8, 2011 at 6:54 am

      အံမယ် ဆရာကြီး ဆဲဗမ်းဆဲဗမ်း သူက သိတာ ကျနေတာပဲ အီးတုံးက ရုံးက စက်ရုံထ ဲ လိုအပ်လျှင် လိုအပ်သလို ဆင်းကြည့်နေရတာ ဖိနပ်တရံ ဘယ်လောက်မှ မစီးရဘူး ။ မယုံရင် ဖိနပ် တစ်ဒါဇင်လောက်ပို့လိုက် … စီးပြမယ် ။

  • draungkyawkyawoo

    April 8, 2011 at 6:48 am

    မိန်းမ ဖိနပ်ဆိုင်တွေ အတော်များလာပြီ ။ ဖိနပ်ဒီဇိုင်းစုံ အရောင်စုံနဲ့ ဈေးတွေကလည်း အနိမ့်အမြင့် ကိုယ်တိုင်ကြိုက်သလောက် ဝယ်ယူလို့ ရပြီလေ ။

  • weiwei

    April 8, 2011 at 6:51 am

    မဝေကတော့ ထီးမပျက် ဖိနပ်မပျက်တဲ့သူ … မိုးရေထဲ နေပူထဲ မသွားဘူး … လမ်းလဲ မလျှောက်ဘူး … 😛

  • hmee

    April 8, 2011 at 7:22 am

    အီးတုံးရေ မှီကတော. ဖိနပ်သရဲ ဖိနပ်လှတာ မြင်ရင် ဝယ်ချင်စိတ်ကို ထိန်းလို.မရဘူး။ ခြေထောက်ဆိုဒ်လည်း သေးတော. ဖိနပ်တော်တော်များများက အဆင်ပြေလို. ပိုဝယ်ဖြစ်တယ် ထင်တာပဲ။ အခုတလော ဒီမှာ ဆောင်းကုန် နွေဦး ဝင်ပြီမို. ဆောင်းတွင်းစီးတွေ ၁ရန်ဝယ်ရင် တရန် အပိုပေးနေပြီ။ မူရင်းဈေးထက် အများကြီး (အလကားနီးနီး) ကို လျှော.ပေမဲ့ အရည်အသွေးက အတူတူပဲ။ သူတို.က ဒီနှစ်ဒီဇိုင်းကို နောက်နှစ်မစီးဘူးတဲ့။ တို. ကတော.ဗမာပီပီ တရန်ကို မပြတ်မခြင်း စီးတာပေါ့နော့်။

  • မမလေး

    April 8, 2011 at 7:24 am

    သမီးလည်း ဖိနပ်တစ်ရံကို တစ်လပဲစီးရတယ် … တစ်လလောက်ရှိပြီဆို သိသိသာသာဆုတ်လာတယ် ။ နောက်ပိုင်း သုံးလေးရံလောက်ဝယ်ထားပြီး လှည့်စီးတာLily ကဖိနပ်တွေကသိ်ပ်မခံဘူး Heatwave ကတော့ခုထိအကောင်းတိုင်း၅ လရှိပြီ ဝယ်ထားတာတွေက Pencil Heel ဖြစ်နေတော့ ခု တစ်ပြေးညီဒေါက်ပဲစီးချင်လို့ အရင်ဖိနပ်တွေကိုလည်း နှမြောနေတယ် … ယှဉ်ပြီးစီးကြည့်လိုက်ရင် Pencil Heel ဒေါက်မြင့်တွေက ကြာလာရင်ခြေထောက်နာလာတယ် … Shopping သွားတဲ့နေ့ဆို တော်တော်လေးနာတယ် တော်တော်လည်းညောင်းတယ် … လှသာလှတာ မသက်သာဘူး …

  • လင်းဝေကျော်

    April 8, 2011 at 7:41 am

    အီးတုံးရေ ဦးလေးက သိပ်နောက်တတ်တာ။
    ထီးပေါ်ဖင်ထိုင်လဲကျတာ ဘယ်အရွယ်ကတုန်း။

    • etone

      April 8, 2011 at 8:03 am

      စောင်ပတ်ပြီး ဆော့တဲ့ အရွယ်ကပေါ့ ဦးလေးရဲ့ ။
      ဒီအသက်ရွယ်ကျမှ အဲ့ဒါမျိုး မလုပ်တော့ပါဘူး ။ ကိုယ့်အသက်ကိုယ်မေ့ပြီး ပေါတောတော ကြောင်တောင်တောင်တွေ ပြုမူပြောဆို နေထိုင်လုပ်ကိုင်လို့ မဖြစ်ဘူးလေ ဟုတ်တယ်မဟုတ်လား 😀 😀 😀

  • juttue.gyi

    April 8, 2011 at 11:10 am

    မမ အီတုံး ကျတော် အကြံပေးမယ်နော် နောက်ကျရင် စနေနံကိုမကြောက် ရအောင်ပေါ့ ဟဲဟဲ စိတ်ဝင်စားသွားပြီးလား (မမအီတုံး စနေသား တစ်ယောက်လောက် ဝိုက်လိုက်ပါလား) ဟီးးးး စတာနော်

  • naywoonni

    April 8, 2011 at 12:45 pm

    ဖိနပ်ဦးပဲ့တာက လမ်းလျှောက်တာမတတ်လို့ပါ။ ခြေထောက်ကို ဆန့်ပြီး ဘောလုံးကန်သလို လျှှောက်လို့ဖြစ်မှာပေ့ါ..။ ခြေထောက်ကိုကြွထားပြီး ဖနောင့်က အရင်စချပြီး လျှောက်ကြည့်ပါ့လား

  • kopauk mandalay

    April 8, 2011 at 4:13 pm

    အစကကော်မင်းရေးမလို့ အခုပို့စ်ဘဲတင်လိုက်တော့ မယ်။
    စနေနံဆိုသားသားကြောက်ကြောက်ပါ

  • panchapee

    April 8, 2011 at 5:50 pm

    မဖြစ်နိုင်တာတွေ … လျှောက်ရေးထားတယ်…. ထောက်ခံတဲ့လူတွေကလည်း ဘာတွေလဲ မသိဘူး…
    ဖြစ်နိုင်ရင် အများအကျိုးရှိတာ တင်ပါဗျာ…ဘယ်သူမှ ပေါတောတောသူတွေရဲ့အကြောင်း မဖတ်ချင်ဘူး…
    စာဖတ်တဲ့သူတွေကို အားနာပါ……..

    • etone

      April 9, 2011 at 3:18 am

      ဟိတ်ကောင် ကုလား ပန်ချာပီ ငကြောင်

      ပေါတောတောသူတွေရဲ့ အကြောင်း မဖတ်ချင်ဘူးပြောပြီး ဆုံးအောင်ဘာလို့ ဖတ်နေတာလဲ ပို့စ်ဆုံးအောင်တင်မကပဲ မန်းထားတာတွေပါ လိုက်ဖတ်နေသေးတယ် … ။ကုလားကောင် လူတွေကို လာမစော်ကားနဲ့ . .။ မင်း အနေနဲ့ မဖြစ်နိုင်တာလို့ ထင်ချင်ထင်မှာပေါ့ … ကိစ္စမရှိပါဘူး ငါဖိနပ်တရံပို့ပေးလိုက်မယ် … မင်းစီးကြည့်လိုက် … ။ ဖြစ်နိုင်တဲ့ဇာတ်လမ်း ဟိုးဘက်တောင် လွန်သွားဦးမယ်လို့ ကျိုးတို့ ကြဲတဲ မင်းရှဲတွေမြင်အောင် ဖြီးပြောမှာ မြင်ယောင်သေးတယ် ..။ စာ ဖတ်သူတွေကို အားမနာရအောင် ငါက ဘာလုပ်ပြနေလို့လဲ ကုလားစုတ်ရဲ့ ။ ပေါတယ်ထင်လည်း ဝင်မဖတ်နဲ့ လွမ်းလောက်စရာမရှိဘူး ။

  • panchapee

    April 9, 2011 at 3:56 pm

    ကိုယ့်အဆင့်အတန်းနဲ့ကိုယ် စကားပြောတာပေါ့လေ……. etone ဆိုတော့လည်း အိမ်သာအဆင့်အတန်းပဲပေါ့…
    ရွံစရာဗျာ .. ကိုယ့်နာမည်ကို ပေးစရာရှားလို့…… အဲ့ဒီထဲက ခင်ဗျားစဉ်းစားဉာဏ်ကို သိသင့်ရက်နဲ့ မသိတာ…ကျွန်တော်ညံ့လို့ပါ…

    • etone

      April 11, 2011 at 2:12 am

      ဟိတ်ကောင်ကုလားပန်ချာပီ
      အိမ်သာ အဆင့်တန်းဆိုလည်း လာမပတ်သတ်နဲ့ ဘယ်သူကမှ အတင်းရိုက်ပြီး ဒီမှာလာရေးလို့ မင်းကို မခေါ်ဘူး ။
      အလကား အာချောင် ၊ စကားကြီး စကားကျယ်တွေ ပြောပြီး မင်း အိမ်သာ မဝင်တဲ့နေ့ရှိလား ကွ ။

  • bigcat

    April 11, 2011 at 3:09 am

    ကောင်းတယ်ဟေ့ ချကြကွ။ မင်းတော့မောရင် ငါတို့ဝင်မယ်။ ဟိတ်ကောင် လီဘူး.. ဘယ်ချောင်မှာ သွားအိပ်နေလဲကွ။ ငါချိန်းတဲ့ မစ္စတာကဖေးကို မင်းလာလဲ မလာရဲဘဲ ရိုက်မယ်လေးနှက်မယ်လေးနဲ့။ အီးတုံးတို့ ဖိုက်တင်ပလေးတာရပ်သွားရင် တပွဲတလမ်း အကဲထပ်စမ်းကြမယ်…

Leave a Reply