ခါးနာသက်သာနည်း

weiweiApril 8, 20111min2227

ပြီးခဲ့တဲ့ပိတ်ရက်က ဆရာတော်တစ်ပါးဆီသွားတဲ့အချိန်မှာ ကျွန်မ အလွန်ခါးနာနေပါတယ်။ ခါးကုန်းလို့မရအောင်နာနေတာနဲ့ ဆရာတော့်ကို ဦးချပြီး မကန်တော့နိုင်ခဲ့ပါဘူး။ အဲဒီလို အဖြစ်အပျက်မျိုး မကြာခဏဖြစ်လေ့ရှိပြီး ပုံမှန်လဲ အမြဲခါးနာနေတတ်တယ်လို့ ဆရာတော့်ကိုပြောမိလို့ ဆရာတော်က နည်းလမ်းတစ်ခု ပြောပြပါတယ်။

လုပ်နည်းက လွယ်လွယ်လေးပါ … မနက်မိုးလင်း အိပ်ယာထတဲ့အခါ (မျက်နှာသစ်၊ သွားတိုက်၊ အပေါ့အပါးသွား) ဘာမှမလုပ်ရသေးခင် ခါးကို ရေအရင်လောင်းပါတဲ့ … ခါးတစ်နေရာတည်းကို ရေလောင်းနိုင်ရင်ပိုကောင်းတယ်ဆိုလို့ ကျွန်မကတော့ ဘိုထိုင်အိမ်သာမှာ ထိုင်ပြီး ခါးနေရာကို ရေပန်းနဲ့ရေလောင်းပါတယ် … တစ်ပတ်လောက်လုပ်ကြည့်တော့ တော်တော်သက်သာလာလို့ အဲဒီနည်းလေးကို မျှဝေလိုက်ပါတယ် …

7 comments

  • moethidasoe

    April 8, 2011 at 4:43 am

    ရေအိမ်မှာ လုပ်တယ် ဆိုတော့ ရေအေး ဖြစ်ဖို့ များတယ်ပေါ့ ..
    ဆရာတော် အမိန့် ရှိလိုက်တာ ရေအေးလား ရေနွေးလား အသေအချာ သိချင်လို့ပါ

    • weiwei

      April 8, 2011 at 6:44 am

      ရေအေးလား ရေနွေးလား လို့ မမေးလိုက်မိဘူး … ရေအေးလို့ပဲ ကိုယ့်ဟာကိုယ် ယူဆပြီး ရေအေးနဲ့ပဲ လုပ်ဖြစ်တယ် …

  • ဆူး

    April 8, 2011 at 6:31 am

    ခါးနာနေရင်.. ညအိပ်တဲ့ အခါ ပက်လက် အနေအထားနဲ့ ဒူးအောက်မှာ ခြေတင်လေး ထားပြီး အိပ်ရင်လည်း သက်သာပါတယ်။
    နှစ်နဲ့ ချီပြီး ခါးနာ ဝေဒနာ ခဏခဏ ခံစားဘူးပါတယ်။
    အကြောပြင် ဆရာဆီ သွားပြီး အကြော ပြင်ရတာလည်း ခဏခဏပါဘဲ။
    ခါးနာ တဲ့ အခါ အပူငုတ်လို့ ခါးနာ တာဆိုရင်တော့ ရေလောင်းတဲ့ နည်းနဲ့ ပျောက်ကင်းပါတယ်။
    အကြောညှပ်ပြီး ခါးနာတာ ဆိုရင်တော့ ဆေးရုံတွေမှာ ဂဲ ဆွဲရပါတယ်။
    ခါးလေ့ကျင့်ခန်း မှန်မှန် လုပ်ပေးရင် ခါးနာတာ သက်သာ လာတတ်ပါတယ်။

  • nozomi

    April 8, 2011 at 8:51 am

    ခါးနာနေတဲ့အချိန်း အိပ်ယာသိပ်ပျော့တာတွေနဲ့အိပ်တာလဲ မကောင်းဘူး အမာပေါ်မှာ ခါးဆန့်အိပ်ရင် ခါးနာပျောက်တယ်

  • လင်းဝေကျော်

    April 8, 2011 at 10:10 am

    တို့တော့ ခါးညောင်းတတ်တာပါ။
    တစ်ခါတစ်လေ အိပ်နေရင် ခါးညောင်းတာပဲ။
    ရေလောင်းကြည့်ဦးမှ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 8, 2011 at 11:10 am

    အမျိုးသမီးတွေတော့ မပြောတတ်ဘူး
    ယောက်ကျားတွေဆိုရင်တော့
    ခါးနာတို ့ ဒူလာတို ့ဆိုရင်
    အိန္ဒိယမ မဲမဲတူးတူးတွေ(မဲလေကောင်းလေဘဲ)
    နဲ ့ရည်းစားထားရတယ်လို ့တော့ပြောတာဘဲ
    ဟုတ်မဟုတ်တော့တိဝူး
    နောက်တစ်ခုက မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း တွေဟာပတ်သက်နေကြသလို
    ခါနာတာနဲ ့လိတ်ဂေါင်းရောဂါစက်စပ်သလားတော့ မသေချာဘူး
    တော်တော်များများသိကြမလားဘဲ
    သိုင်းဆရာကြီးတစ်ဦးပေးတဲ့နည်းလို ့ပြောတယ်
    ပျောက်ကင်းသူတွေလည်း သက်သေပြ ကျေးဇူးတင်ကြတယ် ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို ့မှတ်ချက်ချတယ်
    လိပ်ဂေါင်းကြီးပြူးထွက်လာပြီဆိုပါတော့
    လမ်းလျှောက်ရင်း အသက်ရှူသွင်းလိုက်တဲ့အခါ
    စအိုလို ့ခေါ်သလား အဲ့သည်လိပ်ဂေါင်းကြီးကိုပါ
    အထဲကို ပြန်ပြီးတော့ ဘယ်လိုပြောရဦးမလဲ
    တစ်ခါတစ်လေ အီအီးကလည်းထွက်နေပြီ
    ကွင်းမကောင်းသေးတော့
    အီအီးကို ပုံလို ့မရသေးတဲ့အတွက်
    ပြန်ပြီးအထည်းကို ကီသွင်းပြီးပြန်ညှစ်ထည့်တာလေ
    ညှစ်တော့မထုပ်နဲ ့ပွဲခံသွားမယ်
    အိုက်ဒီလို
    အသက်ရှူသွင်းတိုင်း စအိုလို ့ခေါ်တဲ့ လိပ်ဂေါင်းကိုပါ
    ပြန်ညှစ်သွင်းလိုက်တဲ့နည်းပါ
    အဲ့သည် ထောက်ခံသူတွေထည်းမှာ ဆေးရုံက ဖြတ်ရတော့မယ်လို ့
    ဆရာဝန်ကြီးတွေရဲ ့ဆေးမှတ်ချက်နဲ ့လူတွေတောင် ပျောက်တယ်လို ့ဆိုပါတယ်
    နောက် အဲ့သည်သိုင်းဆရာကြီးက ပြောပါသေးတယ်
    ဝဍ်နာ ကံနာတို ့ကြောင့်တော့ မသိပါဘူးတဲ့
    သူ ့ရဲ ့နည်းဟာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ပါတယ်တဲ့
    စပ်းကြည့်ကြဦးနော်
    ပျောက်ရင်လည်း ပြောပြကြပေါ့
    သူပေးတဲ့နည်းနဲ ့ပျောက်တယ်ဆိုတာ သိုင်းဆရာကြီးသိခဲ့ရင်
    သူအရမ်းကြည်နှုးလိမ့်မယ်ထင်မိပါတယ်။

  • ဆူး

    April 8, 2011 at 2:42 pm

    ခါးသိပ်နာ လွန်းရင်.. ခါးကို မတ်မတ်ရပ်.. လက်နှစ်ဘက်ကို ကျောရိုးအလယ်ဘေးက ကြွက်သား နေရာ.. နာတဲ့ နေရာကို လက်နဲ့ ထောက်ပြီး နိပ်ပေးပါ.. ခါးလေးကော့ပြီး ခါးထောက်သလို လက်ထောက်လျက် အနေအထားနဲ့ လက်မ နဲ့ နာတဲ့ အကြောတွေ နိပ်ပေးရင်.. ညှပ်နေတဲ့ အကြောတွေ ပြန်ထွက်လာပါလိမ့်မယ်။

Leave a Reply