” စနေနံဆို သားသားလဲကြောက်ကြောက်”
“စနေနံ ဆို သားသားလဲ ကြောက်ကြောက် ”
တ ထ ဒ ဓ န
ဆိုတဲ့စနေနံ။
သူ့ကြောင့်အသေခံအနှံခံရဘူးတော့။
စနေနံဆိုရင် ကျုပ်လဲအတော်ကြောက်ပါတယ်။
ကျောင်းသားဘဝအမှတ်တရ
ဆရာမအသစ်လေးက စာတွေသင်နေတ ာ
မြန်မာစာက အလင်္ကာတွေပါ။
ကျုပ်ကလဲ ငေးချင်ရာငေး
တွေးချင်ရာတွေးနေတုန်း
ဗြုန်းဆိုဆရာမလေးက စာတွေမေးပါတယ်။
ကိုယ်ကလဲနားစွန်နားဖျားအကြား
“တုတ်”ဆိုတာ” ကြီး”တာပါဆရာမလို့ဖြေလဲအဖြေ
တစ်ခန်းလုံးကလဲ ဝုန်းကနဲအရီလိုက်
ဆရာမလေးကလဲ ရှက်ရှက်နဲ့ရိုက်လို့
ငမိုက်သားကိုရုံးခန်းပို့လိုက်တော့
ကျောင်းမထွက်ရအောင်
ခြေထောက်ကိုဖက်လို့ အတော်လေးတောင်းပန်ရဘူးပါတယ်။
(သူမေးတာ “တုတ်တုတ်ဗြုန်း”ရဲ့အလင်္ကာပါတဲ့)
ငယ်ငယ်က ဆို မွေးသမိခင်က စိတ်တိုင်းမကျတိုင်း
သူပိုင်ဆိုင်တဲ့ “ဒုတ်”လက်နက်နဲ့
အသေနှက်ခံရဘူးပါတယ်။
(တုတ်လို့ ခေါ်ခေါ် ဒုတ်လို့ဘဲခေါ်ခေါ်
ဘယ်လိုခေါ်ခေါ် စနေကတော့ စနေပါဘဲ။)။
အရွယ်လေးရောက်လာပြန်တော့
နည်းနည်းလေးမှ မလှုပ်လိုက်နဲ့
“ထောင်ထဲရောက်သွားချင်သလား”
ဆိုတဲ့စကားလုံးနဲ့ဖြဲချောက်
ရောက်တောင်မှမရောက်ဘူးဘဲ
ကြောက်ရပြန်ပါလေရော။
ဟောအသက်အရွယ်လေးလဲရလာ
အလုပ်ထဲရောက်လာ၊
နောက်ကျောကလာမယ့် ဓါးကိုလဲကြောက်ရ
တည့်တည့်ထိုးမယ့် ဓါးကိုလဲကြောက်ရ
ပါးပါးလှီးမယ့် ဓါးကိုလည်းကြောက်ရ
အတုံးလိုက်အတစ်လိုက်လှီးမယ့် ဓါးကြောက်ရနဲ့
စိတ်များတောင်နေရတာမဖြောင့်ပါဘူး။
နောက်တစ်လုံး”န”အကြောင်းပြောရင်တော့
ပြောမဆုံးပေါင် တောသုံးတောင်
တစ်ရက်မှာ ကျုပ်ကလဲ ဈေးတန်းထဲမှာ
လမ်းလျှောက်ရင်းလက်အရမ်း
နောက်ကဝင်လာတဲ့လူကိုဗြန်းကနဲအထိ
ထိမိတဲ့လက်မှာလဲ အိကနဲ့အတွေ့လေးကိုအသိ
ဖြစ်ခဲ့ပုံများပြန်ပြောရင်ရှက်စရာ
အဲသဟာကြောင့်
ကျုပ်ကလဲ ခင်ဗျားလိုပါဘဲ
စနေနံဆိုလက်လံလို့
ဆလံပေးပါရဲ့ မဟဝှာရေ……………………………
(etone
ရဲ့”စနေနံကိုစိတ်နာတယ်”ကိုဖတ်မိတော့ ဒါလေးကိုဆက်တွေးမိလို့ရေးလိုက်ပါတယ်။)
10 comments
ဆူး
April 8, 2011 at 4:53 pm
စနေနံ ငွေနံလေး ဆိုပြီး ထီ သမားတွေ ရောင်းနေကြတယ်။
စနေနံ ဆိုပြီးတော့ သီးသန့်တော့ ဖီလင်မရှိဘူး။
bigcat
April 9, 2011 at 2:28 am
နောက်ဆုံးစနေနံကို တကယ်ရော ကြောက်လို့လား ဦးပေါက်ရယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
April 9, 2011 at 2:41 am
နောက်ဆုံး စနေနံလေးကိုတော့ သဘောကျသဗျား..
(ယောကျာ်းစစ်စစ်ဖြစ်ကြောင်း သိသာစေရန်)
naywoonni
April 9, 2011 at 9:57 am
ကိုပေါက်ရေ……….. နောက်ဆုံးပြောလိုက်တဲ့ စနေနံက ဘာလဲဗျ ? သိပ်မရှင်းဘူးဖြစ်နေလို့ပါ အဲ ခင်ဗျားတို့ ပြောသလိုဆို နေဝန်းနီကလည်း စနေနံနော် ဟီးးးး
juttue.gyi
April 9, 2011 at 11:17 am
အာ စနေနံကို အဲဒီလောက်တောင်ကြောက်ကျတာလားဗျာ မကြောက်ပါနဲ့ မယုံရင် ကျတော်ကိုကြည့်ပါလား ဘယ်လောက်ချစ်စရာကောင်းလည်း အရိုးခေါင်းပုံကြီးနဲ့ ဟီးးး (ကျတော်က စနေသားဗျာ )
eros
April 9, 2011 at 12:36 pm
မဟုတ်မှလွဲရောဗျိုး နောက်ဆုံးစနေနံက မဒမ်ပေါက်ပဲဖြစ်ရမယ်။
kopauk mandalay
April 9, 2011 at 12:38 pm
တိန် တိန့် ဒိန်………………………………….
တညင်သား
April 9, 2011 at 1:22 pm
စနေ ၊ ဗုဒ္ဓဟူး ရူးတောင်ထမင်းမငတ်ဘူးတဲ့ ကြားဘူးတာပါ …….. အဲဒီတော့ စနေနံ သိပ်စဉ်းစားမနေပါနဲ့…….. ဗုဒ္ဓဟူးသမီးများရှိရင် စနေနံက အကျိုးပေးတက်ပါတယ်….ဟဲ ဟဲ
char too lan
April 10, 2011 at 5:34 am
စနေ ၊ ဗုဒ္ဓဟူး ရူးတောင်ထမင်းမငတ်ဘူး ??
ကျနော် အဖေနဲ့အမေကတော့ လူလိမ်ခံရတာနဲ့ အမျိုးတွေနှိပ်စက်တာနဲ့….. တင် ကုန်တာပဲ စနေ + ဗုဒ္ဓဟူး နော်
hmee
April 9, 2011 at 7:43 pm
၅ပိုဒ်မြောက်ကို အရမ်းသဘောကျတယ်။