အညွန့် မချိုးနဲ့
မင်း ဘဝမှာ မင်း သင်္ဘောကို မင်း ကိုယ်တိုင် ပဲ့မကိုင်တတ်ရင် မင်း ဟာ သူများနှာခေါင်းပေါက်နဲ့ မင်း အသက်ကို ဆက်နေရမှာပဲ…။ မင်း ရပ်ဖို့ မင်း ခြေထောက် ဘယ်မှာလဲ။ မင်း သွားဖို့ မင်း လမ်း ဘယ်မှာလဲ။ မင်း တွေးဖို့ မင်း ဥဏှောက် ဘယ်မှာလဲ။ ငါ့ အသိဉာဏ်ဟာ တထွာ တမိုက်ပဲ ဖြစ်ဖြစ် ငါ့ ရှင်သန်မှုအတွက် အားကိုးလောက်တယ်။ ငါ့ ရပ်တည်မှုအတွက် ငါ့ ခြေထောက်ကို ပစ်ထားရမှာလား။ ငါ့ ဆုံးဖြတ်ချက်ဟာ ငါ့ အတွက် အကောင်းဆုံး ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် အဆိုးဆုံး မဟုတ်ဘူး။ ငါ့ ကောင်းခြင်း ဆိုးခြင်းဟာ ငါ့ အပေါ်မှာပဲ တာဝန်ရှိတယ်။ ငါ့ တာဝန် ငါ ယူ ငါ့ အလုပ် ငါ လုပ်ရမှာပေါ့။ ဒီမှာ သူငယ်ချင်း ကိုယ့်အား ကိုယ်ကိုးခြင်းကို သူတပါးထံ ပေးအပ်လိုက်တဲ့နေ့ဟာ မင်းကိုယ်မင်း အညွန့်ချိုးလိုက်ခြင်းပါပဲ…. စစ်ဝေး ၈ . ၄ . ၂၀၁၁
One comment
နီလေး
April 9, 2011 at 3:42 am
ကို့အားကိုကိုးတတ်အောင် လေ့ကျင့်မှဖြစ်တော့မယ် ဒီနေ့ကစပြီး ထမင်းကို ကိုယ်တိုင်စားမယ် ကို့နှခေါင်းပေါက်နဲ့ပဲအသက်ရူတော့မယ် ဟဲဟဲ