ဖိနပ် စီးကောင်းပါ့မလား

ဆူးApril 8, 20111min2379

တနေ့က အလုပ်မှာ ဝန်ထမ်း နှစ်ယောက် အမှတ်မထင် ပြောတဲ့ စကားကို ကြားပြီး ခဲ့ပါတယ်။ နယ်က လာတဲ့ ဝန်ထမ်း ကောင်မလေးက သူအထက်လူကြီး စီးတဲ့ ဖိနပ်ကို သဘောကျပြီး ကိုယ်တိုင်လည်း မမေးရဲတော့ ဘယ်မှာ ဝယ်ရမလဲ ဆိုပြီး ရန်ကုန်မှာ နေတဲ့ တခြား လုပ်ဖော်ကိုင်ဖက်ကို သွားမေးပါတယ်။
အမ ဟိုလို နောက်ပိတ်လေးပါတဲ့ ဖိနပ်လေး စီးချင်တယ် အဲဒါ ဘယ်မှာ ဝယ်ရမလဲ
နင်က စီးနိုင်လို့လား အေ..
ရှင်.. ပိုက်ဆံ ရှိရင်ဝယ်စီးလို့ရတာဘဲ ဟာ.. ဘာများ မစီးနိုင်ရမှာလဲ..
နင်မသိဘူးလား.. မင်းကြီးမင်းလေး ကိုးကွယ်တဲ့ လူတွေ ဒါမျိုး မစီးရဘူး.. ကိုယ်တော်ကြီး ကိုယ်တော်လေးနဲ့ အမျိုးတော်တဲ့ လူမှ ဒီလို နန်းဆန်တဲ့ ဖိနပ်မျိုး စီးလို့ ရတာ..
ဟင်………..
အဲလိုလား.. သမီးတော့ မသိပါဘူး.. ရွာက အမေကို လှမ်းမေးကြည့်အုန်းမှဘဲ.. ဒါပေမဲ့ အမ အဲဒါ မဆိုင်ဘူးထင်တယ်နော်.. သူဟာသူ စီးတာ ဘာအမျိုးမှ တော်တာ မဟုတ်ပါဘူး။

ကိုယ်နဲ့ မဆိုင်ပဲ ကြားနေရပေမဲ့ သွားဝင်ပြောလို့ မကောင်းတော့ မသိချင်ယောင် ဆောင်နေလိုက်တယ်.. ဒါပေမဲ့ လေဒီရှုးနဲ့ ရှူးဖိနပ်စီးတဲ့ လူတိုင်း အမျိုးတော်ရင် ခက်ရချည်ရဲ့.. ထူးပေဆန်းပေ့.. ရိုးရာ သမားတို့ရယ်…

9 comments

  • ဆူး

    April 8, 2011 at 3:28 pm

    အမှတ်တမဲ့ကြားခဲ့တဲ့ ဟာသ လေးပါဘဲ… လူတွေရဲ့ အတွေးတွေ ပြောင်းလဲ ဖို့.. ရိုးရာ အစွဲတွေ မလိုအပ်ဘဲ ကြောက်စိတ်ပိုတာတွေ ပျောက်အောင် လုပ်ဖို့တော့ မလွယ်ဘူး ထင်တယ်။

  • ငှက်ကြီး

    April 8, 2011 at 4:01 pm

    ရူး..ရူး ..တိုးတိုးပြောပါအန်တီဆူးရဲ့။ တော်ကြာရိုးရာရိုက်နေအုံးမယ်။
    ပြန်တောင်းပန်လိုက်အုံး။ ဟား..ဟား။

  • panchapee

    April 8, 2011 at 5:39 pm

    ဘာမှလဲမဆိုင်ဘူး… point တော့တက်မှာပေါ့လေ…

  • bigcat

    April 9, 2011 at 2:42 am

    မှန်တာတွေလည်း ရှိပါတယ်ဗျ။ မယုံရင် ချိတ်ထမီကြောင်တောင်ကြား၊ တိုက်ပုံအဖြူနဲ့ ခေါင်းပေါင်းဆောင်းပြီး မြို့ထဲသွားကြည့်ပါလား။ တကဲ့မင်းကြီးမင်းလေးတွေနဲ့ အမျိုးမတော်ရင် ကွိသွားမှာ သေချာတယ်။

    • ဆူး

      April 9, 2011 at 5:42 am

      ချိတ်ခေတ် ဆိုတော့.. အဲလို ပြောမှာပေါ့.. မင်းကြီး မင်းလေး.. မင်းလတ် မင်းငယ်..

  • နီလေး

    April 9, 2011 at 3:50 am

    ဟားဟား ဆူးရေ မြန်မြန်တောင်းပန်လိုက်နော် တော်ကြာကြားသွားမှဖြင့်

  • တညင်သား

    April 9, 2011 at 3:56 am

    မင်းကြီးမင်းလေးလို့ တော့ မသိဘူး ကိုးမြို့ရှင်လို့တော့ သိတယ် နောက်ပိတ်ဖိနပ် မစီးရဘူး အနက်ရောင် မဝတ်ရဘူး အခုတော့ နတ်ကိုတောင် လှည့်စားနေကြပြီ ပိတ်နေတာကို အပ်ခလေးနဲ့ ဖေါက် ပြီးစီးကြတာပါပဲ..

    • ဆူး

      April 9, 2011 at 5:41 am

      တညင်သား ဘယ်လို ဖောက်တာလဲ.. သိပ်မရှင်းလို့.. နည်းနည်း ရှင်းပါအုန်း.. ဗဟုသုတ အနေနဲ့ပေါ့။

  • mihninlay

    April 10, 2011 at 1:57 pm

    တညင်သားရဲ ့လိုဂိုပုံမှာတင်ထားတဲ့နန်းမြို ့ရိုးပုံလေးကိုလိုချင်လို ့ပို ့ပေးလို ့ရမလား hninhnin83@gmail.com ကိုပို ့ပေးပါလားဟင်

Leave a Reply