မိန်းကလေးများအတွက်သတိပြုစရာ ကာမစိတ်ဖြစ်စေသော ကော်ဖီမစ်ထုတ်

ဦးကောက်April 9, 20111min32915

ကာမစိတ်ကို နှိုးဆွနိူင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိူင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိူင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုုးကြွစေနိူင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိူင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။

ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။

ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိူင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ဝယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိူးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိူင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။

နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

 

မှတ်ချက်။ ။ အယ်ဒီတာမှ ပုံကို ရှာဖွေထည့်ပေးထားသည်။

http://i01.i.aliimg.com/img/pb/281/937/262/1282103605471_hz-myalibaba-web7_1824.jpg"

 

15 comments

  • nigimi77

    April 9, 2011 at 10:23 am

    ယောကျာင်္းလေးတွေ ဒါကို မသိတဲ့ လူ အများကြီးရှိတယ်နော်။
    မသိတာကို သိအောင် ဆေးညွန်းပေးနေတာလား။

    • kai

      April 10, 2011 at 6:16 am

      ဟုတ်မဟုတ်တော့ မသိ.. ဈေးအရတော့ ..မဟုတ်ဖို့များပါတယ်..။
      အခုဟာထက်ဈေးအများကြီးပိုများတဲ့ ဆေးတွေတွေ့ဖူးတယ်..။
      သိသလောက်တော့ .. မိန်းမတွေအတွက်ကာမစိတ်ကြွပါတယ်ဆိုတဲ့.. ဆေးတွေက .. တော်တော်များများက အတုပဲ..။

      http://www.youtube.com/watch?v=T47TxgtEDgI
      http://www.alibaba.com/product-tp/107817151/Functional_Coffee_Improve_Sexual_For_Men.html
      http://www.alibaba.com/product-gs/335492518/Lady_Coffee_Sex_Drink_Sex_Enhancer.html

      Lady Coffee

      Shannon taste, mellow take long time

      Relax experience, so that your lot

      Coffee is a woman from the Unite States Biology Product Ltd. Co biological agents to develop science and technology companies and secret systemof traditional Chinese medicine extracted by adding flowers Kaqi Fatima preparation of coffee from the coffee. The developmentof coffee by a woman out of the flower Kaqi Fatima coffee drinks contain a wealth of minerals, Vitamins and other nutritional additives, which joined the Kaqi flower extract the essence of Fatima, contained in its rich plant estrogen, women can fully regulate the physiological function, And effectively improve the human hormon secretion, which lead to safe and effective, and enhance sexual desire, easy-to –people excited, raise the capabilities, and improve the quality of life.

      Efficacy:

      1. Lead to enhance sexual desire.
      2. Increse the pleasure and excitement.
      3. The ability to extend the high tide.
      4. To increase capacity.

      For the crowd: Female sexual desire is low, hard excited and want to improve the quality of life of persons.

      And the amount of usage: Every time a bag. (Chong Fu boiling water) of the goods take 15~30 minutes after taking effect.

      Side effects: Taking over occur dizziness, drowsiness, slow drink and similar adverse reactions.

      Taboo: Prohibited while driving or operating dangerous operation possible before taking to prohibit minors, pregnant women taking. Ban the use of breathing disorders and heart disease were taking

      Specifications: 12g×10bag

      Validity period: three years

  • soungthazin

    April 9, 2011 at 12:55 pm

    မိန်ကလေးတွေအတွက်မကောင်းတဲ့သတင်းပါ
    ဒါပေမယ့်သတိထားဖို့အတွက်ကောင်းပါတယ်

  • aye thet mon

    April 9, 2011 at 1:28 pm

    အဲဒီကော်ဖီက တရုတ်ကထုတ်တာလား……. မြန်မာက ထုတ်တာလား…….. မြန်မာကထုတ်တာဆိုရင် ခွင့်ပြုထားတာပဲလား…….တခြားနိုင်ငံကသွင်းတာဆိုရင်လည်း……. တင်သွင်းခွင့်ပြုထားတာပဲလား…သိချင်ပါတယ်..

  • KoNyeinChan

    April 9, 2011 at 3:19 pm

    nigimi77 @ ဒီပို ့စ်က သတိ ရော၊ အသိရောပေးတာပါ
    (စဉ်းစားမိတာတခုက ဘယ်မှာရနိုင်လဲဆိုတာကို nigimi77သိချင်တာလား 😀 )

  • nigimi77

    April 9, 2011 at 3:24 pm

    အောင်မလေး။ ကျုပ်ကိုများ အထင်သေးလို ့ ။ ဘာဆေးမှ မလိုဘူး။
    အဲဒါတွေက လူမစွမ်းလို ့ ဆေး “မ” ရတဲ့ ငနဲတွေအတွက်ပဲ။
    ကျုပ်ကတော့ စွမ်းပြီးသားဗျို ့…။ 🙂

  • parlayar46

    April 9, 2011 at 4:40 pm

    ကြားနေတာတော့ကြာပြီ။ ကျုပ်မှာတူမလေးတွေရှိတော့ စိတ်ပူတယ်။ သတိထားရအောင်လို့ ဓါတ်ပုံလေးများတင်ပေးနိုင်ရင်သိပ်ကောင်းမှာပဲနော်။

  • winkyawaung

    April 10, 2011 at 2:18 am

    ဟုတ်ပါတယ် ဓါတ်ပုံလေးတင်ပေးရင် ကောင်းပါတယ်။ လိုတဲ့သူတွေအတွက်တော့ ကြော်ငြာပေါ့။ မလိုတဲ့သူတွေအတွက် ရှောင်ရတာပေါ့နော့်..။

  • antimoe

    April 10, 2011 at 2:50 pm

    အရင်က မိန်းကလေးတွေ အပြင်ထွက်ရင် စိတ်ချရတဲ့ အဖော်ပါမှ မိဘများက လွှတ်တာပါ။ ( ရိုးရိုး မိန်းကလေးသူငယ်ချင်းကိုပြောတာနော..)
    ငယ်သူများ မတောက်တခေါက် ဗဟုသုတလေးနဲ့ ကိုယ့်ကိုကိုယ်….ယုံကြည်မှုလွန်ကဲတာ အန္တရာယ် များလွန်းပါတယ်။
    မိန်းကလေးတွေသာ သတိထားရမှာ မဟုတ်ဘူး၊ ယောက်ျားလေးတွေမှာပါ…အညွှန့်ရှိပါတယ်..။
    အားနာလို့ခါးပါ…၊ ခါးပါတော့…( ဘဝက)တအားနာပါတော့မယ်။

  • လင်းဝေကျော်

    April 11, 2011 at 3:00 am

    တကယ်တော့ အားလုံးအသိရှိဖို့ ရင့်ကျင်ဖို့လိုတာပါ။
    မိဘလုပ်သူက ကောင်းစွားညွှန်ပြနိုင်ရင် သမီးလုပ်သူကလည်း မဟုတ်တဲ့ကောင်တွေ
    နဲ့ ဘယ်တွဲပါ့မလဲ။ မဟုတ်တဲ့ကောင် မိုက်ရိုင်းတဲ့ကောင်တွေနဲ့ ပတ်သက်မိရင် ( တွဲတာတောင်မဟုတ်ဘူး ) ဒုက္ခရောက်တတ်တယ် ဆိုတာသိကြဖို့နဲ့ မဟုတ်တဲ့ကောင် မိုက်ရိုင်းသော ကောင်ဆိုတာ ဘယ်လို ပြုမူပြောဆိုတတ်တယ် ဆိုတာလည်း သင်ပေးဖို့ပါ။

  • etone

    April 11, 2011 at 9:23 am

    အယုံလွယ် ရိုးအသော မိန်းမများနဲ့ လည်လွန်းတဲ့ မိန်းမတွေ ခံရတာ များပါတယ်နော် …။

  • OQ23

    April 11, 2011 at 3:35 pm

    အခုလိုအသိပေးတဲ့အတွက်ကျေးဇူးပါ။
    မိန်းခလေးများအထူးသတိပြုရန်နှင့်ယောကျာ်းလေးများရှောင်ရန်ပါ။
    အယုံလွယ်သောမိန်းမများနှင့်လွယ်လွန်း၊လည်လွန်းသောမိန်းခလေးများသတိ
    ရှိပါ။ပြီးတော့ဘယ်ကနေပဲထုတ်ထုတ်ပါကောင်းတဲ့ဘက်ကကြည့်ရင်ကောင်းသလို၊မကောင်တဲ့ဘက်ကကြည့်ရင်ဆိုးရွားလွန်းလှသောအခြေအနေတစ်ခုပါ။
    ဘဝမှာမိန်းမနှင့်ယောကျာ်းဆိုတာရှောင်လို့မလွယ်လှသောအလုပ်တခုပါ။
    တဏှာစိတ်ဆိုသောအရာသည်ယောကျာ်းများတွင်သာရှိသည်မဟုတ်၊
    မိန်းမများတွင်လဲရှိသောအရာဖြစ်ပါသည်။ဒါ့ကြောင့်အရွယ်ရောက်နေသောသူများသာမကအသက်ကြီးနှာဘူးကြီးများလည်းသိသင့်ပါသည်။

  • kopauk mandalay

    April 11, 2011 at 3:51 pm

    မှားတဲ့အခါလည်းမှားပေမပေါ့ လို့ပြောပေမယ့်
    ဒါမျုးိက စိတ်ညစ်စရာတွေဖြစ်ပြီးမှသာ နောင်တတွေနဲ့ ကျန်ခဲ့ရတာပါ။
    အကောင်းဆုံးကတော့ အနေအထိုင်ဆင်ခြင်ကြဖို့ပါဘဲ။

    ကိုယ်ကိုတိုင်က ပိုးဖလံဆိုရင်တော့လဲ ဒိန် ဒိန့် ဂွမ်ပါဘဲ

    • kai

      April 11, 2011 at 4:44 pm

      အသိတယောက် ဖုန်းဆက်မေးကြည့်တယ်..။
      ဒီလို ကော်ဖီမျိုး .. မဖြစ်နိုင်ဘူး ပြောပါတယ်..။

      ကော်ဖီမစ်ထဲ.. မူးယစ်ဆေးဝါးထည့်ထားရင်တော့ တမျိုးပေါ့..။
      ဒါဆိုလည်း… မူးနေတဲ့ အမျိုးသမီးနဲ့ .. ၂ပါးသွားချင်တဲ့ သကော့င်သား.. ကာမစည်းစိမ်အပြည့်ခံစားရမယ်မထင်..။
      ၅မိနစ်လောက် သာယာတာလေးနဲ့… မုဒိန်းမှုကတော့ သေချာသွားတယ်ပေါ့..။

      ဆိုတော့..။
      တခုခုဖြစ်လာခဲ့သည်ရှိသော်…
      .မြန်မာအမျိုးသမီးများ… ဟိုတခါရေးပြခဲ့တဲ့… ဆွစ်အမျိုးသမီးလို သတ္တိရှိတဲ့.စိတ်ဓါတ်ရှိကြစေချင်ကြောင်း…။

  • cobra

    April 12, 2011 at 8:34 am

    ဒီခေတ်ထဲမှာဆေးတွေဘာတွေလိုလို့လား
    ဒီလောက်လဲမခက်ခဲတော့ပါဘူး

Leave a Reply