“ဗလာ နဲ့ တဏှာ”

“ဗလာ နဲ့ တဏှာ”

ပြောမယုံ ကြုံဖူးမှသိသတဲ့။
ကြားရသမျှလည်းနားဝမှာမသက်သာ။

ချက်တင်ကို နာမယ်ပျက်အောင်
လုပ်လဲလုပ်ရက်တဲ့သူတွေ၊

ပြောတော့လဲမောယုံဘဲရှိ။
ကြူတဲ့လူကလဲ ဇွတ်ကို ကြူ
မူရမယ့်လူကလဲ
ကိုယ့်ကိုယ် ကို တန်ဘိုးမထား
မူများ တောင် မမူနိုင်ဘဲ
အလွယ်ကလေးနဲ့ ပေးလိုက်မိ တော့
လူတောင်ယိုင်နဲ့နဲ့လေးဘဲကျန်ခဲ့ပါသတဲ့။

အစရှိနောင်နောင်
တားမရ ဆီးမရ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
လို်က်ရောမိတာလဲအကြီမ်ကြိမ်
ထိန်းမနိုင်သိမ်းမရ ဖုံးမရဖိမရ
အဆုံးမှာတော့
တိုင်ကြတောကြ
ကြားလူမှာနားတွေပူရ။

တုံမမရေ
နှာခေါင်းမပါလို့ စားကြတာ မဟုတ်ဘူးကွဲ့
ခေါင်းထဲမှာဦးနှောက်မပါတာရယ်
အငယ်ကောင်လေးမိုက်သမျှ
အလိုလိုက်ကြတာရယ်ကြောင့် ………..
စားနေတုန်းတော့ လူမသိ သူမသိ
အပူတွေမိတော့ မှ အရပ်ကတို့ကိုဗျို့ ဟစ်
ရွှေမန်းတင်မောင်လို့ ဟစ်လိုက်ချင်ပါသကွဲ့
“မောင်တင် ဘယ်သူ့ကို မှ အပြစ်မတင် ကိုယ့် ကိုယ်ပင်သနားလှချည့်ရဲ့ ” လို့
ပူလိုက်တဲ့နား……………………………………

အိတုံရဲ့ နှာခေါင်းမပါရင် စားကြမလားကို ဖတ်မ်ိတော့ ဒီလိုဆက်တွေးမိပြန်ရောဗျာ။

7 comments

  • manawphyulay

    April 9, 2011 at 1:04 pm

    တွေးမိတာတွေ စုပေါင်းလိုက်ရင် ရိပ်သာမဝင်ပဲ တစ်ခါထဲ တောထွက်သွားမယ်နော……….. သတိလည်းထားဦး….

  • ဆူး

    April 9, 2011 at 1:09 pm

    ကိုယ်ဖြစ်ကိုယ်ခံ..
    ကြားတဲ့ လူတွေက အနီးအနားက လူတွေ မဖြစ်အောင် ဝိုင်းအော်ရုံမှ တပါး အခြားမရှိ

  • char too lan

    April 10, 2011 at 4:11 am

    ဒီနှစ်ယောက် မဟုတ်တော့ဘူး နှစ်ခါရှိ နှခိရှာပီ
    ၄ဝ = ၄ဝ စီများ စီးဝါးကိုက်ထားကြသလားဗျ 😉
    အီးတုံးကခပ်ကြမ်းကြမ်းလေးခဲ (ဂဲ)ခင်းသွားတယ် လေးပေါက်ကလဲ လေးလေးနက်နက်အချောထည်လေး ကတ္တရာလောင်းလိုက်တော့ နောက်လူတွေ ခလုတ်မထိ ဆူးမငြိလောက်တော့ဘူး ထင်ပ 🙂

  • naywoonni

    April 10, 2011 at 10:22 am

    40=40 စီမှာ ချာတူးရေ… ညည်းက 10 ဝင်ယူ ဆူးက10 ဝင်ယူ မနောကလည်း 10 ဝင်ယူ အဲ နာ 10ဝင်နဲ့ သူကြီးလည်း နိုပီ………… ပိုက်ဆံတွေပေးရလို့……… ချက်တင်က ကောင်းပါတယ်။ ရည်ရွယ်ချက်တွေက မကောင်းကြတာ..။ အကြံဆိုးနဲ့ ထိုင်ရင်တော့ ကောင်းဘူးပေါ့

  • kopauk mandalay

    April 11, 2011 at 11:03 am

    အခုကိုပေါက်က ပေါက်ကရတွေမရေးဘဲ
    သူများရှေ့က ရေးတာကိုနောက်ကနေပြီး
    လိုက်ပြီးကန့်လန့်တွေးတော့မယ်နော်

  • OQ23

    April 11, 2011 at 3:49 pm

    ဘယ်လိုပဲဖြစ်ဖြစ်အခုရေးသားထားတာကောင်းပါတယ်။
    သူများနဲ့မတူတော့ကောင်းတာပေါ့။
    အရေးအသားတော့မလွန်စေနဲ့ပေါ့နော်။

  • kopauk mandalay

    April 11, 2011 at 3:54 pm

    OQ23 said: On
    စိတ်ချပါ မိတ်ဆွေရေ
    လူတစ်ဦး တစ်စုံတစ်ယောက် အသားလွတ်ထိခိုက်အောင်ဘယ်တော့မှ မရေးပါ။
    တစ်ခုတော့ ရှိတယ် မှန်တာကို အတိအကျသိလို့ ရေးတဲ့အတွက် ထိခိုက်သွားမယ်ဆိုရင်တော့ လဲ မတတ်နိုင်ပါဘူး။
    လူတစ်ယောက်ကို အပုတ်ချသလိုမျုးိတော့ မရေးပါဘူး။
    လက်ထဲမှာ တိကျ သေချာတဲ့ အချက်အလက်ရှိမှသာရေးပါတယ်။
    ကျေးဇူးပါ အခုလိုသတိပေးတာ

Leave a Reply