ဓမ္မေခ စေတီ

ဆူးApril 9, 20111min2026

ပဉ္စဝဂီ္ဂ ငါးဦးတို့အား မြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်ရာ မိဂဒါဝုန် တောအုပ်ထဲမှ ဓမ္မေခစေတီ ဖြစ်ပါတယ်။


ချောက်ခဏ္ဍီစေတီ၊


ပုံမှာ မြင်ရတဲ အတိုင်း ရွှေချ ကြပါတယ်။ မြန်မာ လူမျိုးတွေ ကတော့ ရွှေချ တတ်ကြပါတယ်။ ရွှေတွေ အားလုံး မြန်မာ လူမျိုးတွေ ရွှေဆိုင်းချ ထားတာလားတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ချ သမျှ ရွှေဆိုင်းတော်တော် များများ လေနဲ့လွင့်သွားတတ်ကြပါတယ်။ သစ်ဆေး မသုတ်ထားတော့ ရွှေဆိုင်းမကပ်ပါဘူး။ အကယ်၍များ ရွှေဆိုင်း ချ ချင်တယ် ဆိုရင်တော့ ပရုတ်ဆီ ဘူးလေး ဆောင်ထားပြီး ပရုတ်ဆီ ပွတ်ပြီးမှ ရွှေချပါ။


ကျောင်းဝင်း ရဲ့ တဖက်မှာ ရှိတဲ့ ဘေးမဲ့ သမင်တွေပါ.. ခြံနဲ့ ကာထားပါတယ်။

6 comments

  • weiwei

    April 9, 2011 at 4:08 pm

    သွားခဲ့ဖူးတာကို ပြန်အမှတ်ရမိပါတယ် … အဲဒီတုန်းက စုပေါင်းပြီး ဓမ္မစကြာနဲ့ အနတ္တလက္ခဏသုတ်ရွတ်ကြရတယ် … မဝေက အနတ္တလက္ခဏသုတ် မရွတ်တတ်လို့ ဝါးချခဲ့ရသေးတယ် .. 🙂
    နောက်တစ်ခေါက်သွားဖြစ်ရင်တော့ သေချာရွတ်တတ်အောင် လေ့ကျင့်သွားရမယ်လို့ စိတ်ထဲမှာ မှတ်ထားတယ် …

  • ငှက်ကြီး

    April 10, 2011 at 1:26 am

    ငှက်ကြီးလဲ ရောက်ဖူးချင်လိုက်တာ….တစ်နေ့တော့သွားနိုင်အောင်ကြိုးစားရမယ်။

  • winkyawaung

    April 10, 2011 at 3:29 am

    ဘုရားပွင့်တော်မူရာဒေသကို တစ်ခေါက်ရောက်ဘူးရင် သုံးခေါက်ပြည့်အောင်ကို ရောက်ကြရတယ်လို့ အဲဒီက ဆရာတော်ဘုရားတွေက မိန့်ဆိုကြပါတယ်။ ကျမ်းမာပြီး အသက်ရှင်နေရင် ငွေမရှိလည်း အကြောင်းအမျိုးမျိုးနဲ့ သုံးခေါက်ကို ရောက်ကြရတယ် ဆိုပါတယ်။ အဲဒါကို ကျွန်တော်လည်း မျှော်နေရတာ..။ မနှစ်က သင်္ကြန်မှာ ရောက်ခဲ့ပါတယ်..။

  • ဆူး

    April 10, 2011 at 8:52 am

    ဆူးလည်း အဲဒီကို သွားရတာ အိမ်သာ ပြသနာ ကလွဲရင် သိပ်သဘောကျပါတယ်။
    ဘုရားကို အာရုံပြုရတာ အရမ်းကောင်းပါတယ်။
    နောက်ထပ်များလည်း သွားချင်ပါတယ်။ ၃ခါ ရောက်တယ် ဆိုရင်တော့ ရောက်အုန်းမှာပေါ့။
    ဒါပေမဲ့ နောက်ထပ်သွားရင်တော့ ၁၈ရက် ခရီးမဟုတ်တော့ဘဲ ကိုယ်သွားချင်တဲ့ နေရာလေးဘဲ ကွက်ပြီး စီစဉ်ပြီး သွားဖို့ စိတ်ကူးတယ်။ ဂါယာ နဲ့ ဗာရာဏသီက နီးပါတယ်။ သင်္ဂသနဂိုလ် ကျတော့ ဝေးလွန်းတယ် နောက်တခါ အဲဒီ ကို မသွားတော့ဘူး လို့ စဉ်းစားထားတယ်။

  • manawphyulay

    April 10, 2011 at 11:40 am

    သွားချင်လိုက်တာ အရမ်းပဲ။ ဆူးရေ ဒီတစ်ခါ သွားရင် ခေါ်နော်……. အေးချမ်းလိုက်တာ။

  • shwe ni

    April 10, 2011 at 1:16 pm

    ကျေးဇူး ဆူးရေ. မေမေကိုပို့ချင်တာ အကြောင်းအကျိုးကမညီညွတ်ဘူး

Leave a Reply