ဒီနှစ်သင်္ကြန်ပုံရိပ်အချို့ …..

fattyApril 13, 20111min1347

နေပြည်တော် မှာရှိတဲ့ရွှေသံလွင်မဏ္ဍပ်ရဲ့ဖျော်ဖြေမှုအချို့ကိုကြိုးစားပြီးတင်ပေးလိုက်ပါတယ် ..။ မန်းလေးဂေဇက်ကို ပြည်တွင်းကနေဘဲကြည့်နေရာကနေ ကိုယ်တိုင်
အဝေးရောက်အဖြစ်ခံစားနိုင်အောင် … ကျွန်တော်ကိုယ်တိုင်အဝေးရောက်အဖြစ်ခေတ္တခံယူမှာဖြစ်ပါတယ် …။
မြန်မာပြည်သူပြည်သားအပေါင်း ဘယ်နေရာရောက်နေရောက်နေ .. ဘေးကင်းရန်ကင်းနဲ့ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ……။

ပုံတွေက TV ကတဆင့်ပြန်ရိုက်တာမို့သိတ်မကောင်းလှပါဘူး ..။ ဒါကြောင့်အများကြီးမတင်တော့ပါဘူး ..။

7 comments

  • ဆူး

    April 13, 2011 at 2:43 pm

    ဒီနေ့ ရန်ကုန် ပြည်လမ်းကို ဖြတ်သွားတာ.. အဲပုဂံ မဏ္ဍပ် နဲ့ တခြား ၂ခု ဘဲ ရှိတယ် တလမ်းလုံး ရေတောင် ခြောက်နေတယ်။ ကားတွေလည်း ရှင်းနေတာဘဲ.. ဂန္ဒဝင် ရွှေပုဂံ ရုံးခန်း ရှေ့ရောက်တော့ ခရီးထွက်မဲ့ ကားကြီး ၄စီး ရပ်ထားတာတွေ့တယ်။
    ရန်ကုန်မှာ လူသိပ်မရှိသလို ခံစားရတယ်။
    ဆိုင်တွေက အားလုံးနီးပါးပိတ်..
    မဏ္ဍပ် တွေလည်း တော်တော် နည်းတယ်။ ရှမ်းလမ်းဆိုရင် အရင်က နာမည်ကြီးတယ် အဲဒီ ဘက်မှာလည်း မရှိဘူး။
    လူတွေက တရားစခန်း ရိပ်သာ နဲ့ ခရီးထွက်ကြတာနဲ့ ဖြစ်ကုန်ပြီနဲ့တူတယ်။
    ဒီနှစ်တော့ အိမ်မှာဘဲ သူများ လာပေးတဲ စတုဒီသာ မြိန့်မြိန့်ကြီးဘဲ ထိုင်စားတော့မယ်။ ဒီနေ့ ရေခဲမုန့် နဲ့ မုန့်ဟင်းခါး.. ၂အိမ်က လာပေးတာ..

    • eros

      April 13, 2011 at 2:48 pm

      အောင်မလေး ကောင်းပါလေ့။ ခက်တာက ကုန်ဈေးနှုန်းက ကြီးလာတော့ လူတွေက သူသူကိုယ်ကိုယ် သိပ်မသုံးနိုင်တော့ဘူးလေ။ နောက်ပြီး မဏ္ဍပ် ကလည်း တနှစ်ထက် တနှစ် ကုန်ကျစားရိတ် ကြီးလာတယ်။

      • ဆူး

        April 13, 2011 at 3:03 pm

        အဲဒါတော့ မပူပါဘူး။ ရရင် စားလိုက်မှာပေါ့.. အရင်နှစ်တွေကဆိုရင် တနေ့ တနေ့ သာကူ ရွှေရင်အေး မုန့်လက်ဆောင်း မရိုးနိုင်အောင် စားရတယ် တရက်တရက် မုန့်တွေတောင် ထပ်နေသေးတယ်။ ကောင်းမှ ကောင်း ရှယ်ဘဲ။

  • unclegyi1974

    April 13, 2011 at 3:07 pm

    ကိုဖက်ရှာခြင်ရင်skynetတပ်ထားတဲ့အိမ်ကိုအရင်
    ရှာပါ ဒါထက်ကိုဖက်ရေ ညဘက်ရေမပက်ရလို့
    အမိန့်က ဘာထူးခြားသလဲသိခြင်ပါတယ်

  • naywoonni

    April 13, 2011 at 3:16 pm

    နတ်ကြီးကျ ချူး မ

  • shwepyithu

    April 14, 2011 at 3:48 am

    sky net ကတော့ သူတို့ရဲ့နေပြည်တော်က မဏ္ဍပ်ကိုပဲတစ်နေ့လုံးပြနေလေရဲ့။ တွေ့မိသလောက်တော့ နေအောင်၊ ရဲအောင်၊ ဖိုးသောကြာတို့နဲ့ တခါမှ မတွေ့ဖူး မကြားဖူးသော (ကိုယ်ကပဲခေတ်နဲ့ အဆက်ပြတ်နေလားတော့မသိ) လူတစ်ချိူ့နဲ့ အတော်ပျင်းစရာကောင်းတယ်လို့ ခံစားရသော်လည်း နေပြည်တော်ပရိသတ်ကတော့ အောက်မှာ စုဝေးခုန်ပေါက်နေကြရှာပါတယ်။ တစ်နှစ်လုံးပျင်းရိ မောပန်းခဲ့ကြရလို့ ရှိတာလေးနဲ့ပဲ အပမ်းဖြေနေကြရသလားလို့ သနားမိတယ်။ အံမယ် ရေအားကတော့ ကောင်းမှကောင်းနော်။ ဩော_ ပြောရင်းဆိုရင်း ရန်အောင်ကြီးထွက်လာပြီ အင်းခုမှ နဲနဲနားထောင်ကောင်းလာတယ်။ စောစောက ဆိုသာဆိုတယ် အသံတွေက မထွက်ကြရှာဘူးလေ။

  • wakawaka7

    April 14, 2011 at 2:46 pm

    ပျင်စရာကြီး ဒီလိုအကတွေပဲကြည့်ရမယ်ဆိုရင်ပြောတာ။
    ရန်ကုန်မှာဒီနေ့အရမ်းစည်တာပဲ။ ပြည်လမ်းကဦးတေဇမန်းဒမှာ။လူပေါင်းစုံစရိုက်ပေါင်းစုံတွေ.ရတယ်။
    ပျော်ရွင်စွာသီချင်းသံကြားမှာကနေတဲ့လူတွေကို တွေ.တော့ စိတ်ချမ်းသာရတယ်။ ဒါပေမဲ့ မူးပြီးတော့ ကိုယ်ခေါ်လာတဲ့ကောင်မလေးကိုလက်သီးကြီးနဲ့ထိုးနေတဲ့မြင်ကွင်းကကြည်လို့မကောင်းဘုူး
    အဲဒီကောင်ကိုထထိုးချင်စိတ်ကိုမနည်းထိန်းထားရတယ်

Leave a Reply