ယနေ့ MRTV 4 မှ စိတ်ဝင်စားဖွယ်သတင်းများ။ (၁၅ ရက် ဧပြီလ ၂၀၁၁ သင်္ကြန်အကြတ်နေ့) Interesting news of MRTV 4

erosApril 15, 20111min1649

ယနေ့ MRTV 4 မှသတင်းများတွင် စိတ်ဝင်စားဖွယ်ကောင်းသော သတင်းတခုမှာ ရန်ကုန်မြို့ သင်္ကြန်တွင် မဏ္ဍပ်ကြီး အရေအတွက်ထက် အုန်းလက် မဏ္ဍပ်က ပိုများကြောင်းတင်ပြသွားပါသည်။ ဆက်လက်ပြီး သတင်းကြေငြာသူက MRTV 4 မှ အုန်းလက် မဏ္ဍပ်မှရေကစားသူတဦးကို မေးမြန်းခဲ့ရာ အုန်းလက် မဏ္ဍပ်မှာ မိမိရပ်ကွက်ထဲမှ ခင်မင်သူများနှင့် တနိုင်တပိုင် လုပ်ဆောင်ပျော်ရွှင်ရသောကြောင့် မဏ္ဍပ်ကြီးများထက် ပိုမိုပျော်ရွှင်ရကြောင်း တင်ပြသွားပါသည်။

နောက်သတင်းတခုမှာ သင်္ကြန်တွင်းလိုင်းကားခ များပြောင်းလဲသွားကြောင်း ခရီးစဉ်အလိုက် ၂၀၀၊ ၃၀၀၊ ၅၀ဝ ကျပ်ဖြစ်သွားကြောင်း၊ ကားများမှာ ခရီးစဉ် စဆုံးမပြေးဆွဲကြောင်း၊ အချို့ လိုင်းကားများမှာ သတ်မှတ်လမ်းကြောင်း အတိုင်းမပြေးဆွဲပဲ ခရီးသည်ရမည့် လမ်းကြောင်းများအားပြောင်းလဲ ပြေးဆွဲကြောင်းတင်ပြသွားပါသည်။ ထို့နောက် ကမာရွတ်လှည်းတန်းအနီးတွင် ခရီးသွားသူတချို့ အား LIVE မေးမြန်းခဲ့ရာ လှိုင်သာယာမှ လာရာ တဦး ကားခ ၄၀ဝကျပ် ကုန်သွားကြောင်း၊ ကားများမှာ ခရီးစဉ် စဆုံးမပြေးဆွဲကြောင်းပြောပြသွားပြီး၊ အခြားတဦးအားမေးမြန်းရာ ကားခ ၃၀ဝကျပ်ပေးခဲ့ရကြောင်း ပုံမှန်ထက်ပိုကြောင်း၊ လိုင်းကားမှာနည်းသောကြောင့် မတက်သာသဖြင့်ပေးစီးရကြောင်းပြောပြသွားပါသည်။ သတင်းကြေငြာသူက MRTV 4 မှ မော်တော်ယာဉ်လိုင်း သက်ဆိုင်ရာသို့မေးမြန်းခဲ့ရာ သင်္ကြန်ကာလတွင်း ယာဉ်စီးခ ပုံမှန်အတိုင်းကောက်ခံရန်၊ ခရီးစဉ် စဆုံးပြေးဆွဲရန်၊ လမ်းကြောင်းပြောင်းမပြေးဆွဲရန် ညွှန်ကြားထားကြောင်း MRTV 4 အားဖြေကြားသွားကြောင်း တင်ပြသွားသည်။

နောက်သတင်းတခုမှာ ရန်ကုန်မြို့ သင်္ကြန်တွင် မဏ္ဍပ်တွင် မီးသတ်ပိုက်များနှင့် ကစားခြင်းရှိမရှိ၊လေပေါင် ၁၀ဝ မှ ၁၅ဝ အထိ တင်ချရသောပိုက်များနှင့် ကစားခြင်းရှိမရှိ နေ့စဉ်စစ်ဆေးရေး အဖွဲ့များ လိုက်လံစစ်ဆေးနေကြောင်း၊ ယနေ့ အထိ ကစားသူမရှိကြောင်း။ ကစားသည်ကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တင်ပြသွားသည်။

စာတမ်းထိုးသတင်းတို အဖြစ် ရန်ကုန်မြို့ ကြည့်မြင်တိုင်တွင် မီးလောင်သွားကြောင်းတင်ပြသွားပါသည်။

9 comments

  • ဆူး

    April 15, 2011 at 3:00 pm

    ၆နာရီတုန်းကတော့ မန်မန်စားနေရင်းနဲ့ သတင်းကြားလိုက်တယ် မီးလောင်တာ စာတမ်းထိုးပေမဲ့ နည်းနည်းဝေးနေလို့ ကြည့်မြင်တိုင်ဘဲ သိလိုက်တယ် နေရာ အတိအကျ မသိတော့ဘူး။

  • eros

    April 15, 2011 at 3:07 pm

    ဟုတ်တယ် ကျွန်တော်လည်း အဲဒီအချိန် ထမင်းစားနေလို့ သေချာ မသိလိုက်ရဘူး။

  • eros

    April 15, 2011 at 3:09 pm

    မီးသတ်ကားက အိမ်နားကဖြတ်သွားတာဗျ။ မကြာဘူး သတင်းထဲပါလာတယ်။ MRTV 4 တော်တော်ကြိုးစားနေတယ်ဗျ။

  • bigbird

    April 15, 2011 at 3:15 pm

    သတင်းဌာန တိုးတက်လာတယ်ပေါ့..ဆိုချင်တာက
    သတင်းဆိုတာ ..မြန်ရမယ်
    …မှန်ရမယ်
    …တိကျရမယ်
    …အသေးစိတ်အတွင်းကျရမယ်
    …ဘက်မလိုက်ရဘူး (ဒါပဲတိတယ်)

  • antimoe

    April 15, 2011 at 4:10 pm

    CCTV နဲ့ မိုင်းရှာတာ ဆိုတာတွေရှိမှဆိုှ…
    ပြီးတော့ စပေါ်ငွေတွေ..ဈေးကြီးလွန်းလို့ပါတဲ့…။
    ..ဆိုတော့ကာ…
    ရပ်ကွက်အဆင့်လိုဟာတွေ…မကပ်နိုင်တော့တာပါ။
    ဒါနဲ့…အလကားရတဲ့…အုန်းလက်တွေနဲ့..လုပ်ကြည့်မိတာလေးပါ။
    သတင်းထဲပါလို့..နောက်နှစ်တွေ…အုန်းလက်မဏ္ဍပ်ကိုပါ…အခွန်ကောက်နေပါဦးမယ်။

    • eros

      April 16, 2011 at 1:31 am

      ကျွန်တော်လဲ အဲဒါပဲ စိုးရိမ်နေတာ။

  • winkyawaung

    April 16, 2011 at 5:02 am

    သင်္ကြန်တွင်း မီးလောင်တာတော့ မကောင်းသတင်းတခုပါ။ သိကြားမင်းတောင် လွှတ်အောင်တော်တော်ရှောင်ရမယ်ထင်တယ်နော်..။

  • ဆူး

    April 16, 2011 at 7:56 am

    သင်္ကြန် တွင်းမှာ မီးလောင်တာ ဒါပထမ အကြိမ်မဟုတ်ဘူး။ မနှစ်ကလား တနှစ်ကလား မသိဘူး ဆူး တို့ ခရီးထွက်တဲ့ အချိန် အိမ်နားမှာ မီးလောင်လို့တဲ့.. အိမ်စောင့်ကတော့ စိတ်ပူတာ လွန်ရော.. အဝေးရောက်နေတော့ ခပ်အေးအေးဘဲ..
    နောက်မှ သတင်းကြားတော့ ငါလည်း အနားမှာ ရှိရင်ပူမိမှာဘဲလို့.. တွေးမိတယ်။

  • moethidasoe

    April 19, 2011 at 6:12 am

    တရားမဝင် အုန်းလက်ခုတ်မှုနဲ့ စည်ပင်က ဒဏ်ရိုက်လို့ ရတယ် .. သစ်ကိုင်း ခုတ်ခုတ် .. အပင်ခုတ်ခုတ် ထောင် ချလို့ ရတယ် ဆိုတယ်

Leave a Reply