နေပြည်တော်မှာပေါ့ဗျာ

mozillamediaApril 16, 20111min13913

Mandaly Gazette မှာ ရေးချ ပြချင်လို့ ထမဆုံး စမ်းသပ်ကြည့်တာပါ…..

ဝန်ထမ်းတစ်ယောက်လည်း ဖြစ်နေတာမို့ အတွင်းသီတင်းတွေ တင်ပြမှာလည်း ဖြစ်လို့ မိမိ လုံခြုံရေး ဘယ်လောက် ရှိသလဲ ဆိုတာလည်း စမ်းသပ်ရင်းပေါ့…

အစိုးရသစ် က အမှန် ပြောင်းလဲမယ်… တိုင်းပြည် တိုးတက်အောင် လုပ်မယ်ဆိုရင်….. ဝန်ထမ်းလောကကြီးကို အရင်ဆုံး ပြင်ရမှာ ဆိုတာတော့ အားလုံးသိလောက်ပါတယ်…

လုပ်သင့်တာကတော့ ဌာနခွဲ အသစ် အသစ်တွေ ဖွဲ့စည်းပြီး စနစ်တကျ ပြုစုပျိုးထောင်ရမယ်… အရင် ခေါက်ရိုးကျိုးနေတဲ့ ဌာနတွေကို..တဖြည်းဖြည်းခြင်း ရုတ်သိမ်းသွားရမယ်….

13 comments

  • ဆူး

    April 16, 2011 at 10:17 am

    မိတ်ဆွေ သတင်းတွေ လုံခြုံ စိတ်ချစွာ တင်စေချင်ရင်တော့ ဆိုက်ပိုင်ရှင်တွေကို အီးမေးနဲ့ သာ ပို့ပြီးတော့ တင်ခိုင်းပေါ့။ အစ အနတောင် မသိနိုင်ဘူး ထင်ပါတယ်။
    ရေးထဲ့ စာထဲမှာ ကိုယ်ပိုင် အနေအထား ထည့်မရေးနဲ့ပေါ့ကွယ်။
    ဥပမာအားဖြင့် အရာရှိတယောက် ဆိုပါတော့ အရာရှိ အကြောင်းရေးမယ် အရာရှိ က အားလုံးမှ ၂ယောက်လောက်ဘဲ ရှိတဲ့ ဌာန ဆိုရင်တော့ ဘယ်သူဆိုတာ ဖတ်တာနဲ့ ခန်းမှန်းနိုင်တာမျိုး မဖြစ်အောင်တော့ သတိထားပေါ့။

  • naywoonni

    April 16, 2011 at 10:42 am

    တော်လိုက်တဲ့ ကလေးမရယ်… ဘနီလည်း ဘနီမှန်း မသိအောင်ဘယ်လိုလုပ်ရပါ့ 😛

  • ဆူး

    April 16, 2011 at 10:59 am

    အဘနီ ကို အဘနီ မှန်း မသိအောင်
    ကတုံးတုံးထားလိုက်လေ။ အဲဒါဆို မမှတ်မိတော့ဘူး
    သင်္ကန်းလေးပါ စီးလိုက်… ပြီးတော့ နာမည်ပါ ပြောင်းသွားတော့ လုံးဝ မမှတ်မိတော့ဘူး။
    အရှင်နီတာရဲ လို့ ဘွဲ့နာမည်နဲ့ဆို ခန့်မှန်း မမိလောက်ပါဘူး။

  • eros

    April 16, 2011 at 1:23 pm

    သိပ်လဲ အတင့်မရဲပါနဲ့။ တော်တော်ကြာ တခုခု ဆို မလွယ်ဘူး။ အလုပ်ပြုတ်တာလောက် က ခံနိုင်သေးပေမည့် နောက်ဆက်တွဲတွေ ပါလာရင် ပိုဆိုးနိုင်လို့ပါ။ မိတ်ဆွေက ဝန်ထမ်းလေ။ ရွာထဲကတော့ ကြိုဆိုပါတယ်။

  • nigimi77

    April 16, 2011 at 2:43 pm

    မဟုတ်ဘူး။ အသားထဲက လောက်ထွက်တဲ့ မိတ်ဆွေ အပါအဝင် အကုန်လုံးကို ဖြုတ်ထုတ်သတ်
    လုပ်ပြီးမှ ဝန်ထမ်းလောက က ပြောင်းလဲမှာ။ မိတ်ဆွေက ဝန်ထမ်းလောကကို ပြောင်းလဲစေချင်ရင်
    စာမရေးနဲ ့ ကိုယ်တိုင် အရင်ပြုပြင်။ တကယ့်လို ့ နေရာ အသင့်အတင့်ရှိတဲ့ အနေအထားဆိုရင်
    ကိုယ့်အောက်က လူကို ပြုပြင်။ စာနဲ ့ရေးသားလို ့ ပြုပြင် ပြောင်းလဲလို ့ရတဲ့ နိုင်ငံထဲမှာ မြန်မာပြည် မပါသေးဘူး။

    • bigcat

      April 17, 2011 at 12:39 am

      ဘိုးဘိုး ဘိုင်စကယ်စီးပြီး ဘူးသီးတောင်က အဘနဲ့ ဘူတာကြီးမှာ ဘောက်ဆင်ထိုးမှာကို ဘိလိုက်ရှာနေတဲ့ ဘဲနာကြီးလို့ ဘေးထိုင်ဘိုင်ကျ ဘွတ်အဲဘွတ်အဲဆိုပြီး ဘုတောနေတဲ့ ဘိန်းစား ဘုံပြတ်ဘမောင်နဲ့ ဘမျိုးဘိုးတူနေပြီ ဘုမသိဘမသိတဲ့ ဘော်ဒါစောင့် တပ်မ၇ရစစ်သား…

  • Ko Ko Aung

    April 16, 2011 at 3:15 pm

    ကြိုဆိုသင့်တဲ့ post ပါပဲ။ ဒီလိုပဲ ပြောရဲတဲ့သူတွေဝိုင်းပြောတာဟာ လုံးလုံးမပြောတာထက် ပိုကောင်းပါတယ်။ mandalay gazette မှာရော တခြားနေရာတွေမှာပါ တတ်နိုင်သလောက်ပြောပေးဘို့တိုက်တွန်းလိုက်ပါတယ်။ မိမိလုံခြုံရေးမထိခိုက်စေဘို့ အလွန်အရေးကြီးတဲ့ကိစ္စတွေကိုတော့ ဒီနည်းနဲ့မပြောဘို့ အကြံပေးပါရစေ။

  • winkyawaung

    April 17, 2011 at 5:05 am

    မြန်မာပြည်မှာ ဝန်ထမ်းတွေလာဘ်စားရင် သေဒါဏ်ပေးရမယ်။ အဲဒီအတွက် မရဏဝန်ကြီးဌါနတစ်ခုတိုးသင့်ပါတယ်လို့ မိတ်ဆွေတစ်ဦးက အကြံပေးနေပါတယ်။ မရဏဝန်ကြီးဌါနကို ခြံဝန်းကျယ်ကြီးထဲမှာ အထူးတပ်တွေနဲ့လည်း ထားရပါလိမ့်မယ် ထင်ပါတယ်။ အပြင်လူတွေနဲ့ လုံးဝအဆက်အသွယ် ဖြတ်ထားမှဖြစ်မယ် ထင်ပါတယ်။ အထက်က အမိန့်တွေလည်း မပေးမှ ဖြစ်ပါမည် ထင်ပါတယ်..။ သူများတွေကို သေစေချင်လို့တော့ ပြောခြင်းမဟုတ်ပါ။တိုင်းပြည်အတွက် ပြောကြည့်ပေးတာနော်..။ မှားရင် ခွင့်လွှတ်ကြပါ။

  • sayargyi

    April 17, 2011 at 9:15 am

    မြန်မာနှိင်ငံ က အစိုးရဌာနတော်တော်များများက ဆန်ဆေးရေ နဲ့ အလားတူကြပါတယ်..အထူးသဖြင့် ရဲဌာန ဆို အဆိုးတကာ့ ထိပ်ခေါင်ပါဘဲ…
    မုန်လာဥ။ ကန်ဇွန်းရွက်။ ပဲပင်ပေါက်။ သရက်ကင်း…အသီအရွက်မျိုးစုံပေါ့ဗျာ..ဘယ်လောက်ကြီးလတ်ဆတ်ပါစေ..ဘယ်လောက်ကောင်းပါစေ..ဆန်ဆေးရေ ထဲရောက်သွားပြီးရင်တော့ ချဉ်ဖတ် ဖြစ်သွားတာပါဘဲ………

  • kokothandar

    April 18, 2011 at 1:08 am

    ok goahead,hopefully we can get some unknown info of the gov: settors .we can discuss for the good way of our people.

  • maungmoenyo

    April 19, 2011 at 12:51 am

    ဥပမာ-ယာဉ်ထိန်းရဲ ဆိုပါတော့၊ မြန်မာနိုင်ငံမှာသူတို့လုပ်တာ(၂)ခုဘဲရှိပါတယ်။ (၁) ယာဉ်တွေစည်းကမ်းဖေါက်တဲ့အထိစောင့်ပြီးဖမ်းတာရယ်၊ (၂) အထက်လူကြီးမင်းတွေရဲ့ယာဉ်တန်းတွေကိုလက်ပြလမ်းရှင်းတာရယ် ပါဘဲ။
    နောက်ဥပမာ – အခြေခံပညာကျောင်းအုပ်တွေ – အထက်ဝန်ကြီးမင်းများတိုင်းခန်းလှည့်တာကိုမျှော် တဲ့ ဗိုလ်ချုပ်မျှော် (အခုတော့) ဝန်ကြီးမျှော် အလုပ်ဘဲရှိပါတယ်။
    လယဘ်စားတယ်ဆိုတာဘာပါလဲခင်ဗျား။

  • maungmoenyo

    April 19, 2011 at 12:53 am

    လာဘ်မစားကြတော့ပါဘူး။ လာကန်တော့ကြတဲ့ လက်ဆောင်ပဏာထဲက ကြေးကြီးသူတွေ မျက်နှာရကြရာထူးရကြပါတယ်။
    ဥပမာ-ယာဉ်ထိန်းရဲ ဆိုပါတော့၊ မြန်မာနိုင်ငံမှာသူတို့လုပ်တာ(၂)ခုဘဲရှိပါတယ်။ (၁) ယာဉ်တွေစည်းကမ်းဖေါက်တဲ့အထိစောင့်ပြီးဖမ်းတာရယ်၊ (၂) အထက်လူကြီးမင်းတွေရဲ့ယာဉ်တန်းတွေကိုလက်ပြလမ်းရှင်းတာရယ် ပါဘဲ။
    နောက်ဥပမာ – အခြေခံပညာကျောင်းအုပ်တွေ – အထက်ဝန်ကြီးမင်းများတိုင်းခန်းလှည့်တာကိုမျှော် တဲ့ ဗိုလ်ချုပ်မျှော် (အခုတော့) ဝန်ကြီးမျှော် အလုပ်ဘဲရှိပါတယ်။
    လယဘ်စားတယ်ဆိုတာဘာပါလဲခင်ဗျား။

  • MaMa

    April 19, 2011 at 2:42 am

    (မရဏဝန်ကြီးဌါနတစ်ခုတိုးသင့်ပါတယ်) ဆိုလို့ ဖတ်ဖူးတာလေးတစ်ခု သွားသတိရတယ်။ ဂြိုလ်ကြီးကိုးလုံးဆိုတဲ့ (ဘယ်သူရေးတာလဲ မမှတ်မိတော့ဘူး) ဝတ္ထုမှာ အရမ်းကို ဖြောင့်မှန်တဲ့ သီလသမာဓိနဲ့ ပြည့်စုံတဲ့ အမတ်ကြီးကို ရှင်ဘုရင်က သူ့ သံလျှက်တော် ပျောက်တာကိုရှာဖို့ တာဝန်ပေးတယ်။ ဘယ်လိုမှ ရှာမတွေ့တဲ့အခါမှာ အမတ်ကြီးက အကြံတစ်ခုရတယ်။ တိုင်းပြည်မှာရှိတဲ့ ခိုးတဲ့လူတွေရဲ့ ခေါင်းပေါ်မှာ ဂျိုပေါက်ပါစေလို့ ဆုတောင်းတော့ သူ့ သီလသမာဓိကြောင့် သမာဒေဝ နတ်ကောင်းနတ်မြတ်တွေက မနေသာပဲ သူ့အလိုအတိုင်းဖြစ်အောင် ဆောင်ရွက်ပေးရတယ်။ နောက်တစ်နေ့မနက် အိပ်ယာကထတော့ အမတ်ကြီးရဲ့အိမ်သူဟာ အမတ်ကြီးကို ကြည့်ပြီး မူးမေ့လဲကျသွားတယ်တဲ့။ စာရေးသူက ဒီအထိပဲပြောသွားတယ်။

Leave a Reply