လျှပ်တစ်ပြက်ရိုက်ချက်များ (၉)

weiweiApril 16, 20112min22910

အခုပုံတွေက ဧဝရတ်တောင်ခြေက အပြန်လမ်းမှာ ကားပေါ်ကနေ လှတယ်ထင်တဲ့နေရာတွေကို ရိုက်ထားခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။ ပုံတွေက တူသလိုလိုဖြစ်နေပေမယ့် မတူပါဘူး။ ရှုခင်းတွေက ခပ်ဆင်ဆင်ဆိုတော့ တူနေသလိုထင်ရပါတယ်။ တိဗက်ခရီးစဉ် ၆ အတွက် အကြိုဓါတ်ပုံတင်လိုက်ခြင်း ဖြစ်ပါတယ်။ လျှပ်တပြက်ရိုက်ချက်ပုံတွေအားလုံးက ခရီးစဉ် အစကနေ အဆုံး ရထားပေါ် ကားပေါ်ကနေ ရိုက်ထားတဲ့ မှတ်တမ်းဓါတ်ပုံများဖြစ်ပါတယ်။

10 comments

  • weiwei

    April 16, 2011 at 3:15 pm

    အချိန် ၂ နာရီလောက် အကုန်ခံပြီး စိတ်ရှည်လက်ရှည် တင်ထားခြင်းဖြစ်ပါတယ် …

  • ဆူး

    April 16, 2011 at 3:17 pm

    ပုံတွေကတော့ တော်တော် လှတယ်။
    အဲဒီ ဒေသမှာတော့ အမြဲ မနေချင်ဘူး။
    သွားတော့ လည်ချင်တယ်။

  • bigbird

    April 16, 2011 at 3:25 pm

    အခုလိုကြိုးစားပြီးတင်ထားတဲ့ မဝေရဲ့ပုံတွေကို မြင်ပြီးတိဘတ်ဒေသရဲ့အလှကိုခံစားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • zoe

    April 17, 2011 at 2:59 am

    တိဘက် အလှ ကတမျိုး ထူးခြား တယ် ။ စိတ်ရှည်ရှည် နဲ့ တင်ပေးတာ ကျေးဇူးတင် ပါ တယ် ။

  • naywoonni

    April 17, 2011 at 8:59 am

    ဧဝရက် ဆိုတော့ ဟိုသီချင်းတန်းသတိရလိုက်တာ…။ အဆိုတော် (ေဒေါ်)မာမာအေး လား မသိဘူး…။ဘာတဲ့ နှစ်ယောက်ထဲဆိုရင်မောင်ရယ်xxxxxဧဝရက် တောင်ထိပ်xxxx ဆိုတဲ့သီချင်းလေ……

  • MaMa

    April 18, 2011 at 2:27 am

    ရထားပေါ်ကနေ ရိုက်ပေမယ့် ပုံတွေက အရမ်းကောင်းနေတယ်။ camera resolution ဘယ်လောက်ရှိလဲ သိချင်လိုက်တာ။

  • kopauk mandalay

    April 18, 2011 at 8:18 am

    မဝေရေ နိုင်ငံခြားက ပုံဆိုရင် တူ တူ မတူူတူ ကိစ္စမရှိဘူးရယ်။
    ကိုယ်မြန်မာနိုင်ငံထဲက ပုံသာတင်လိုက်ရင် ဒီတစ်နေရာထဲကပုံကို ထပ်ခါထပ်ခါတင်နေတယ်လို့ အသံထွက်တာ။
    မဝေက ကိုယ်တိုင်ဓါတ်ပုံတင်တော့ ဒီလို ပိုစ်တစ်ခုထဲမှာ ပုံအများကြီးတင်ရင် အချိန်အများကြီးယူရတယ်ဆိုတာ သိတယ်။
    ပိုစ်တစ်ခုကို တစ်ပုံတင်ရင် ခဏလေးနဲ့တက်တယ်။

    ဒါကို မသိတဲ့လူက ဓါတ်ပုံတစ်ပုံကိုပိုစ်စ်တစ်ခု တင်ပြီး အမှတ်80လွယ်လွယ်လေးနဲ့ယူတယ်လို့ပြောချင်ကြတယ်။
    ဓါတ်ပုံတင်ပေးတယ်ဆိုတာ အဝေးမှာနေသူ သတိရအောင် မမြင်ဘူူးသူမြင်ရအောင် စေတာနဲ့တင်ပေးနေတာပါ။
    ဟိုရက်ကတော့ တောင်သမန်အင်းကိုရောက်တော့ ပုံ200လောက် ရိုက်မိတော့ တောင်သမန်နဲ့ပါတ်သက်တဲ့ပုံကို အများကြီးတင်မိတယ်။
    ဒါပေမယ့် တစ်ပုံနဲ့တစ်ပုံ မတူပါဘူး။
    သူများတွေအလွယ်တကူ မမြင်မိသတိမထားမိတဲ့ပုံတွေတင်တာပါ။
    ဒါတောင် အသံထွက်လာတော့ တင်ပြီးသမျှအားလုံးဖျက်ပေးလိုက်ပါတယ်။
    ဘာလို့လဲဆိုတော့ တင်ထားတဲ့ ဓါတ်ပုံကို မနှစ်သက်သူက မြင်နေရင် အလကားနေရင်း အဲဒီလူမှာ အကုသိုလ်တွေဝင်နေမှာစိုးလို့ပါ။
    နောက်တော့ ဓါတ်ပုံတင်သင့် မတင်သင့်ကို စဉ်းစားပြီးမှတင်တော့မယ်။
    ဒါပေမယ့် အများနဲ့တစ်ယောက် အများဘက်ကိုဘဲလိုက်ရမှာဘဲ။
    အားလုံးက မကြိုက်ဘူးပြောရင် မတင်ရုံပါဘဲ။
    ကျနော်ဓါတ်ပုံအားလုံးကိုတော့ http://www.kopaukmdy.info မှာအမြဲတင်ပေးနေမှာပါ။
    ကျနော်ရိုက်တဲ့ ဓါတ်ပုံတင်တာ ကျနော်ဒိုမိန်းရယ် မန်းလေးဂေဇက်မှာဘဲတင်ပါတယ်။
    ပုံတင်ရင် ပိုက်ဆံပိုကုန်တာမှန်ပေမယ့် စေတနာနဲ့တင်ပေးတာပါ

  • weiwei

    April 18, 2011 at 2:13 pm

    ကင်မရာ အစုတ်ကလေးနဲ့ရိုက်တာပါ မမရယ် … ရှုခင်းနဲ့ နေက အရမ်းလင်းလို့ လှနေတာပါ .. ဒီ့ထက်လှတာတွေ ထပ်တင်ပေးအုန်းမယ် …

    ကိုပေါက် ဘာကို ပေါက်ကွဲနေတာလဲတော့ မသိဘူး … ကိုပေါက်က ဒီရွာက အမာခံလူဆိုတော့ ဒီရွာအကြောင်း သိပြီးသားပဲဟာ …

  • shweminthar

    April 18, 2011 at 3:32 pm

    ဒီနေ့ဘဲ အဲဒီ လမ်း ပေါ်က ဖြတ်လာတာ

Leave a Reply