ငွေဆောင် ချောင်းသာ ပုသိမ်မြို့ ကိုလာကြမယ်ဆိုရင်…(၁)

ငပြႀကီးApril 19, 20111min2272

အခုလိုပွင့်လင်းရာသီ ရောက်ရင် ပင်လယ်ကမ်းစပ်တွေကို အပျော်ခရီး ထွက်တတ်ကြပါတယ်..

ချောင်းသာ ကိုလာတာဘဲ ဖြစ်ဖြစ် ပုသိမ် ကိုလာတာဘဲ ဖြစ်ဖြစ် သတိထားရမယ့် အကြောင်းလေးတွေကို သတိပေးချင်ပါတယ်..

ကိုယ်ပိုင်ကားလေးတွေနဲ့ လာမယ့် မိတ်ဆွေများ…ရန်ကုန် ပုသိမ် အဝေးပြေးလမ်းမ ကအခု အနေအထားဟာ အကောင်းဆုံး လို့ပြောရမှာပါ..

အကောင်းဆုံးဆိုတာ အရင်က လုံးဝမကောင်းတာထက်စာရင် ပြောတာနော်..လမ်းကောင်းတယ်ပေါ့ဗျာ…ဒါပေမယ့်

လမ်းမှာ လိူင်း (လမ်းမညီ) တွေအရမ်းများပါတယ်…အရှိန်ကိုသတိထားပါ (ဒါးက နဲ့ ပုသိမ် ကြား ပိုဆိုး)

လမ်းကျင်းပါတယ်…ကျော်တက်ရင်..ကားချင်းရှောင်ရင် သတိထားပါ

ဒိန်းဒေါင်း(ထောင်လာဂျီ)တွေ အရမ်းကိုဒုက္ခပေးတတ်ပါတယ်..

လမ်းဘေး တောက်ရှောက် ရွာတွေများလွန်းတဲ့အတွက် ရုတ်တရက် ကလေး, အမူး, အရူး ,စက်ဘီး ,ဆိုင်ကယ် တွေ လမ်းပေါ် ထွက်လာတတ်ပါတယ်

လိုင်းကားတွေဘေးမှာ ဈေးရောင်းနေသူတွေကိုလဲသတိထားပါ..(အထူးသဖြင့် မအူပင်လမ်းဆုံ နဲ့ ပန်းတနော် )

ညဖက် မောင်းမယ်ဆိုရင် မီးမရှိ ရောင်ပြန်မရှိ ဘာမှန်းမသိ လမ်းလယ်ခေါင်ပေါ် ချထားတဲ့ သံဆူးကြိုး အတားတွေ ၃ နေရာလောက်ရှိပါတယ်(မမြင်ဘဲဝင်တိုက်နေမှာစိုးလို့)

 

2 comments

  • ဆူး

    April 19, 2011 at 6:43 am

    စေတနာ ကို ကျေးဇူးတင်ပါတယ်
    ကိုယ်တိုင် သွားတဲ့ အခါ ဆင်ခြင်နိုင်အောင် မှတ်ထားလိုက်ပါမယ်။

  • ogre

    April 21, 2011 at 4:34 am

    မနေ့ညနေကပဲချောင်သာကပြန်လာခဲ့ပြီဗျ
    ပုသိမ်..ရန်ကုန်လမ်းဟာ..ကားလေးဆလွန်းတွေအတွက်ကီလို80ထက်ပိုမမောင်းသင့်ပါဘူး
    မမြင်နိုင်တဲ…လမ်းအနိမ့်အမြင်များဟာ..ကားကိုလူးနေစေပါတယ်..အောက်ပိုင်းကောင်းမွန်တဲ့ကားနဲသာ
    သွားသင့်ပါတယ်….ပုသိမ်ချောင်းသာလမ်းဟာကျဉ်းမြောင်းပြီး..တစ်ဖက်မှယာဉ်ကိုမမြင်ရတဲ့
    အန္တရာယ်ကွေ့များအလွန်များတဲ့အတွက်..ကွေ့တိုင်းမှာ…ဟွန်းတီးသင့်ပါတယ်
    ဥတိုချောင်းတံတားရဲတက်ဖက်ဆီမှာလမ်းကျဉ်းနေတာကြောင့်တက်ဖက်ယာဉ်ကို
    လမ်းဘေးချရှောင်ရှားဖို့လမ်းနယ်..မလုံလောက်ပါဘူး….
    လမ်းအလွန်ကြမ်းတဲ့အတွက်..ကီလို30နဲ့မောင်းနှင်သင့်ပါတယ်
    ကုန်း အတက်တွေမှာ မိမိအင်ဂျင်ပါဝါကိုချိန်ညှိပြီး
    လိုအပ်တဲဂီယာနဲ့သာတက်သင့်ပါတယ်…
    အန္တရာယ်ကွေ့တွေမှာ…ချောင်းသာရန်ကုန်ယာဉ်ကြီးများအရှိန်နဲ့..ဆင်းတက်လာတတ်တဲ့
    အတွက်….ဟွန်တီးဘို့လုံးဝမမေ့ပါနဲ…ဘွားကနဲတွေ့တဲအခါ..ဘယ်ဘက်ချောက်ထဲဆင်းမသွားချင်ရင်ပေါ့
    ချောင်သာကမ်းခြေပင်လယ်ရေကတော့..အနည်ငယ်ညစ်ညမ်းနေပါပြီ…ကြွပ်ကြွပ်အိတ်နဲ့..ထင်းအတိုအစ
    တွေကသဲပြင်ပေါ်မှာရှိနေပါတယ်…ပင်လယ်ထဲဆင်ပြီးရင်ရေချိုနဲ..ခပ်ကြာကြာစိမ်ပြီးချီုးပေးတော့
    ပုသိမ်ရန်ကုန်..80ကီလို
    ပုသိမ်ချောင်းသာ30ကီလို
    အန္တရာယ်ကွေ့ဟွန်းတီးပါ
    ကုန်းတက်တွေမှာမကျွမ်းကျင်ရင်ပြန်လျှောကျမယ်သတိထား

Leave a Reply