တရုတ်ရှေးဟောင်း ဗုဒ္ဓဘာသာကျောင်းနှင့် မြန်မာပြည်၏ ပထအကြီးဆုံး ပြည့်စုံချမ်းသာ အန်းကုန်းရုပ်ပွားတော်ကြီး

BurmaApril 19, 20111min1741

စတင် တည်ဆောက်စဉ်က သစ်တိုင် ၊ အုပ်ကြွပ် မိုး အဆောက်အဦး ဖြစ်ခဲ့ပါသည်။ 1900 ပြည့်နှစ်တွင် ” စန်ဇူးချပ် ၊ ပိုင်ဝမ်စိုင် ” တို့က မတည်ပြီး ပထမအကြိမ် ကျောင်းတော်ကြီးအား အသစ်မွမ်းမံ ပြုပြင်ခဲ့ရာ ကျောင်းဆောင်အတွင်း အနုစိပ် လက်ရာများကို လှပစွာ သစ်ထွင်း လက်ရာများနှင့် တန်ဆာ ဆင်ကာ တိုက်ကျောင်းအဖြစ် တည်ဆောက်ခဲ့သည်။ (“စန်ဇူးချပ် ၊ ပိုင်ဝမ်စိုင်” ဆိုသည်များ မြန်မာမှုပြုထားခြင်းဖြစ်ပြီး တရုတ်နာမည်အစစ် မဟုတ်ကြောင်းပါ) ၊ ထိုခေတ် ငွေစင် ဒဂါင်္း (10570 ကျပ် 50 ပြား) ကုန်ကျကာ ရေတွင်းအတွက် “ဒေါ်ရွှေခက်” မှ လှူဒါန်းပြီး ငွေ 200 ကုန်ကြောင်း ကျောက်စာ ရေးထိုးခဲ့ပါသည်။ အင်္ဂလိပ်မင်း အုပ်ချုပ် စဉ် ကာလ “ပိုင်ကွမ်မေ” ၏ လျှောက်ထားချက်အရ သာသနာမြေအဖြစ် စာရင်းရေးသွင်း မှတ်တမ်းတင်ထားပါသည်။ ( စာအုပ်အတွင်းတွင် ပိုင်ဂွမ်မေ ဟုရေးထားသော်လည်း ဂွမ် ဆိုသည်မှာ တရုတ်အသံထွက်မရှိသဖြင့် အနီးစပ်ဆုံး “ကွမ်” ဟုယူထားပါသည်။) ဒုတိယကမ္ဘာစစ်အတွင်း မသမာသူများ ခိုးယူသောကြောင့် ရှေးဟောင်း သမိုင်းဝင်း တရုတ်ပိဿာချိန် 108 ပိဿာရှိ သံခေါင်းလောင်းနှင့် ပန်းဆွဲ အနုလက်ရာ မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။ 1962 ခုနှစ်တွင် ပိုင်ချူစွေ ခေါင်းဆောင်ပြီး ကျုံပျော်မြို့ ခဲတောင် စက်ပိုင် ဦးရင်းနားမှ မ တည်ကာ ဒုတိယအကြိမ် အကြီးစား ပြုပြင်ခဲ့သည်။ 1986 ခုနှစ် ဇန်နဝါရီလ 17 ရက်နေ့မှ စကာ သာသနာပြုဆရာ ဦးမင်းလွင် (ခ) ယန်ဝမ်ဟို နှင့် ပိုင်ကျင်လင်း တို့ဦးဆောင်ကာ အုတ်တံတိုင်းပေါ်ထပ်ဆင့် တည်ဆောက်ခြင်း ၊ အများကောင်းမှုဖြင့် စေဝေ ဘုရားကျောင်းတော်ကြီးကို တည်ထားခြင်း အလှည့်ကျ ပွဲတော် ကျင်းပရေး ကြိုးပမ်းခြင်း လုံကျင်း မင်္ဂလာခမ်းမ တည်ဆောက်ခြင်း 2000 ပြည့်နှစ်တွင် ဖုလင် မူလဘုရားကျောင်းဆောင် အားရှေ့မျက်နှာ အားဖွင့် လှစ်ပြီး ကျောင်းဆောင်သစ်ငုံဆောင်ခြင်းတိ ု့ ပြုလုပ်ခဲ့ပါသည်။ နှစ်စဉ်ဘုရားပွဲကို တရုတ်နှစ်သစ်ကူးပြီး နှစ်ဆန်း 7 ရက်နေ့မှ 9 ရက်နေ့ အထိ 3 ရက်တိုင်တိုင် ကျင်းပပါသည်။ ကျောင်းတော်ကြီးသည် မြန်မာပြည်ရှိ တရုတ်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ အားလုံးကို ရှေးမူ မပျက် ထိန်းသိန်းထားသော သမိုင်းဝင် ရှေးဟောင်း တရုတ်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုကြီးဖြစ်ပါသည်။ ကျောင်းတော်ကြီးတစ်ခုတွင် တရုတ်ပြည် အန်ဟွေး ပြည်နယ်မှ 1900 ပြည့်နှစ်တွင် ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားတော် 1 ဆု ကွမ်ယင်မယ်တော် 1 ဆူ၊ ကွမ်တေ့ရာ ကုန်းရုပ်ပွားတော် 2 ဆူ ၊ ပို့စင်တိုက်တီ ဆေးဝိဇ္ဇာ 1ဆူ ၊ ဟော့ရာကုန်း 1 ဆူနှင့် အခြားရုပ်ပွားတော်များစွာရှိပါသည်။ နှစ်စဉ်တရုတ်ရိုးရာ နှစ်ကူပူဇော်ပွဲအခမ်းအနားများတွင် အသုံးပြုသည့် 1828 ခုနှစ်ပါ ပိုးချည်မျှင်များဖြင့် ထိုးထားသော တရုတ်ဝိဇ္ဇာ ရှစ်ပါးပုံတော်များ ပါသည့် ရှေးဟောင်း နဖူးစီး လိုက်ကာ တစ်ခုလည်းပါရှိသည်။ ထိုပပြင် ရှေးနှစ်ပေင်း 100 ၊ 200 သက်တမ်းရှိ အဓိဌန် ဝါးမြစ်များလည်းရှိပါသေးသည်။ ထူးခြားချက်မှာ မြန်မာပြည်တစ်ပြည်လုံးတွင် ပထမအကြီးဆုံးသော ပြည့်စုံချမ်းသာ အန်းကုန်းရုပ်ပွားတော်ကြီးလည်း ရှိနေပါသည်။ ပြည့်စုံချမ်းသာ အန်းကုန်းရုပ်ပွားတော်ကြီးကို 2002 ခုနှစ် ဇန်နဝါရီလ 2 ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ 2005 ခုနှစ် မတ်လ 9 ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီး ကျပ်သိန်းပေါင်း 200 ကုန်ကျခဲ့ပါသည်။ ဧရာဝတီတိုင်းနှင့် ငါးသိုင်းချောင်းမြို့၏ ကျက်သရေဆောင်ဖြစ်တော်မူသော ပြည့်စုံချမ်းသာ အန်းကုန်းရုပ်ပွားတော်မြတ်ကြီးကို 2005 ခုနှစ် နိုဝင်ဘာလ 13 ရက် ၊ တနင်္ဂနွေတွင် တိုင်းခရိုင်မြို့နယ် အရာရှိများ ၊သာသနာ ရေးဆိုင်ရာ အဖွဲ့အစည်းများ ၊ နိုင်ငံတဝှမ်းမှ အလှူရှင်များ စုံညီစွာ ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ရုပ်ပွားတော်ကြီးတည်ဆောက်နေစဉ်တွင် 2003 ခုနှစ် ရုပ်ပွားတော်၏ လက်ယာဘက် အနီးတွင် သဘာဝအလျောက် ပေါက် ရောက်နေသော သဘောင်္ပင် ၏ အသီးများအတွင်းမှ အန်ကုန်းရုပ်ပွားတော်များ ထိုင်နေသကဲ့သို့ အမြုတေပုံများ 3 ကြိမ်တိုင်တိုင် ပေါ်ထွက်ခဲ့ပါသည်။ (ဓာတ်ပုံရရှိနိုင်ရန် ကြိုးစားလျက်ရှိနေပါသည်။) အန်းကုန်းရုပ်ပွားတော်သည် ရုပ်ပွားတော်သည် ဉာဏ်တော်အမြင့်ပေ 60 ရှိပါသည်။ မျက်ခုံးတော် 9 ပေ ၊ မျက်လုံးတော် 7 ပေ ၊ နားတော် 7 ပေး ၊ နှာခေါင်းတော် 7 ပေ ၊ ပါးစပ်တော် 7 ပေ ၊ ကမ္ဘာလုံးတော်အတွင်း အချင်း (ခေါင်းပွ) 3 ပေ၊ ကမ္ဘာလုံးတော် အမြင့်လုံးပတ် 51/2 ay ၊ ပုတီးခေါင်းစကျင်ကျောက်ပြား (21/2) ပေ ၊ ပုတီး တစ်လုံးလျှင် ပတ်လည် 2 ပေစီ ရှိပြီး ရုပ်ပွားတော် အောက်ခံအခြေပေ 100 ပတ်လည်ရှိပါသည်။ အန်ကုးန်ရုပ်ပွားတော်သည် တရုတ်ရိုးရာ ယဉ်ကျေးမှု အရ သရုပ်ဖော် ထားသော ရုပ်ပွားတော် တစ်ဆူ ဖြစ်ပေသည် အရိမေတ္တဘုရား ပွင့်တော် မူသော ကာလ တွင် လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးခံစား စံစားရမည် အကျိုးတရားကိုဖော်ညွှန်းထားပါသည်။ Ref from : (ငါးသိုင်းချောင်းမြို့ အနန္တဂုဏ လောက မာရဇိန် စေတီတော်မြတ်ကြီး နှစ်၁၀ဝ ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းမှ)

ဓာတ်ပုံများကို အောက်ပါ လင့်ခ်တွင်ကြည့်နိုင်ပါသည်။

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc6/207059_125738880837139_125482237529470_179410_5183777_n.jpg

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc6/206740_125735804170780_125482237529470_179405_3247355_n.jpg

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-ash4/215440_125739494170411_125482237529470_179412_163227_n.jpg

 

One comment

  • bigcat

    April 20, 2011 at 4:56 am

    အားပေးနေပါတယ်။ အခုလို တမူကွဲပြားတဲ့ စာ၊ အတွေ့အကြုံ၊ ဖြစ်ရပ်များကို ဖတ်ချင်ပါတယ်။ ပုံပါရင်တော့ ပိုစိတ်ဝင်စားဖို့ကောင်ပါမယ်။ ဒါနဲ့ တရုတ်ဘုံကျောင်က ဘုရားလှည့်ရင် အပျိုလေးတွေပဲ ဘုရားဝေါယာဉ်ကို ဆွဲရတယ်၊ ထမ်းရတယ် ဆိုတာဟုတ်ပါသလား။ ပုံလေးတွေရှိရင် တွေ့ပါရစေ။ ဘုရားလည်းဖူး လိပ်ဥလည်း တူးရင်းပေါ့…..

Leave a Reply