လေယာဉ်ကွင်းက မသမာမှုတွေ။

politicalviewApril 19, 20111min17913

မြန်မာနိုင်ငံကို နိုင်ငံခြားကနေပြန်လာရင်အမြဲကြုံတွေ ့ ရတဲ့ဒုက္ခကတော့ အထွက် မှာ ဘာမှန်းမသိ ညာမှန်းမသိ အထုပ်ကို ဝိုင်းလုတတ်တဲ့ Taxi သမားတွေနဲ ့ ဘယ်ကမှန်းမသိတဲ့ လူတွေဘဲ။ ကျွှန်တော့် သူငယ်ချင်း တစ်ယောက်ဆို သူပြန်တုန်းက ဘယ်ကမှန်းမသိတဲ့ လူတစ်စုက “မင်းကားက ဟို ပါပတ်လေကား” ဆိုပြီး သူ ့ အထုပ်ကိုဘလိုင်းကြီးမတင်သွားတယ် နောက်တော့မှ သူလဲသိတယ် အလိမ်ခံလိုက်ရတယ်ဆိုတာကို။ လုံခြုံရေး ဝန်ထမ်းတွေအများကြီးရှိတဲ့လေယာဉ်ကွင်းကြီး မှာ နှစ်ပေါင်းများစွာ အဲဒါတွေ ကိုသိရက်နဲ့ မသိချင်ရင်ဆောင်နေကျတယ်။ ကြည့်ရတာ လုံခြုံရေး ရဲတွေနဲ့ အဲဒီ သူခိုးတွေပေါင်းစားနေကျတယ်ထင်တယ်။ အရမ်းကို အရမ်းကို စိတ်ညစ်စရာကောင်းတဲ့ကိစ္စဗျာ။ အဲဒီ့ ကိစ္စကိုသေချာအရေးယူစုံစမ်းပြီး အရေးယူသင့်တယ်။ အဲဒီလိုသူခိုးတွေမရှိအောင်လုပ်သင့်ပြီလို့ Mandalaygazette ကနေတစ်ဆင့်ပြောချင်ပါတယ်ဗျာ။ ပြီးတော့ တက္ကစီခတွေကလဲ မိုးလောက်ကိုမြင့်မားတဲ့ဈေးတွေကလဲခေါ်သေးတယ်။

ကဲကဲ မြန်မာပြည် ပြန်မယ့် သူတွေအားလုံးလဲသတိရှိကျပါဗျာ။

13 comments

  • pisikway

    April 25, 2011 at 4:47 am

    ဟုတ်ပါ့။ အရင်တစ်ခါကျမတစ်ယောက်တည်း ခရီးကပြန်လာတာ luggage ကတစ်လုံးတည်းကို အတင်းဆွဲပြီးယူသွားတယ်။ ကားပေါ်လည်း Luggage တင်တော့ အလုပ်သမားနှစ်ယောက် တူတူမပြီးတင်ကြတယ်။ ကျမကားပေါ်တက်တော့ လ္ဘက်ရယ်ဖိုးပေးပါတဲ့။ ကိုယ်ခိုင်းတာလည်းမဟုတ် သူတို့ဟာသူတို့အတင်းဆွဲပြီးတင်ပေးပေမယ့် ကိုယ့်စေတနာပါပဲလေလို့တွေးပြီး နှစ်ယောက်စာ အတွက် ကျပ် ၂၀၀ဝ ပေးလိုက်တယ်။ ကားလဲထွက်ရော နောက်တစ်ယောက်ကအတင်းပြေးလိုက်လာပြီး ကျွန်တော့်အတွက်ရောတဲ့။ ဟဲ့ ဟိုမှာ ငါ ၂၀၀ဝ ပေးခဲ့တယ်လေဆိုတော့ ကျွန်တော်တို့ကအဖွဲ့မတူဘူး ထပ်ပေးပါတဲ့။ နင်တို့ဟာနင်တို့ရှင်း ငါ့မှာ taxi ခပဲရှိတော့တယ်လို့ပြောလိုက်ရတယ်။ အဲလိုပြောလိုက်ရတာစိတ်တော့မကောင်းဘူး။ သူငယ်ချင်းကိုပြန်ပြောပြတော့ ရမလားလို့လုပ်ကြည့်တာပေါ့လို့ပြောတယ်။ ကိုယ့်ဟာကိုယ်ဆို အကြောင်းသိမို့ကိစ္စမရှိပေမယ့်နိုင်ငံခြားသားဧည့်သည်ကြိုရလို့ အဲလို အတင်းအဓ္ဓမတွေဆို အရမ်းရှက်ဖို့ကောင်းတယ်။

  • winkyawaung

    April 25, 2011 at 6:37 am

    လေဆိပ်တွေမှာတင် မဟုတ်ပါ။ ရန်ကုန်၊ မန္တလေး အဝေးပြေးကားဂိတ်တွေမှာလည်း ဒီလိုပါပဲဗျာ..။

  • search123

    April 25, 2011 at 8:42 am

    ဟုတ်တယ်။မခေါ်ပဲနဲ့ အတင်းဝင်သယ်ကြတာ။တစ်ခါတစ်လေဆို တစ်ထုပ်ကို ၃ ယောက်လောက် လုပြီးတင်တယ်။လက်ဖက်ရည်ဖိုးကို ၃ ယောက်စာ တောင်းတယ်။
    အဲဒါနဲ့ပဲ နောက်အခေါက်ကြတော့ သူတို့တွေဝိုင်းလာတာနဲ့ကြိုပြီးပြောထားလိုက်တယ်။
    “ဘယ်သူမှ လိုက်သယ်ပေးစရာမလိုဘူး။သယ်ရင်လည်း ပိုက်ဆံမပေးဘူးလို့။”
    အဲလို ပြောလိုက်မှပဲ အဆင်ပြေသွားတယ်။

  • လင်းဝေကျော်

    April 25, 2011 at 8:49 am

    အချောင်သမားတွေကို နည်းနည်းမှ မသနားနဲ့လေ။
    ပြည်တွင်းခရီးပဲဖြစ်ဖြစ် ပြည်ပပဲဖြစ်ဖြစ် လေယာဉ်ကွင်းမှာ အလုပ်သမားတွေအနားကပ်လာရင် စကားတောင်မပြောဘူး သွားသွား ဆိုတာမျိုးလက်ပြပြီးမောင်းထုတ်တာပဲ။
    အချောင်သမားတွေကို သနားတာ ကြောက်တာကနေ အခွင့်အရေးယူနေကြတာပါ။
    တကယ်တမ်း ကိုယ့်အထုတ်ကိုယ်သယ်နိုင်နေတာပဲလေ။
    ဒီလို ကိုယ့်အထုတ်ကိုယ်သယ်နေကြရင် သူတို့ အခြားအလုပ်တွေသွားလုပ်နေမှာပေါ့။

  • hsu hsu

    April 25, 2011 at 9:50 am

    ဟုတ်ပါ့..ကိုယ့်ဖာသာသယ်မယ် ရတယ် ဆိုရင်တောင် မကျေမနပ် ဘုကြည့်ကြည့်ခံရသေးတယ်…နောက်တစ်ခု ဆိုးတာက ဝီစီသံ တညံညံနဲ့ ကားလမ်းရှင်းနေကြတဲ့ ဝန်ထမ်းတွေ.. International Airport ရောက်နေတာနဲ့ မတူဘဲ ရွာဘုရားပွဲက ချားကြီးနား ရောက်နေသလိုပဲ..စည်းကမ်း ထုတ်ပြန်ထားလိုက်..မရရင်ဒဏ်ရိုက်..ဒဏ်ရိုက်ရင် လုပ်ပါဆိုတောင် လုပ်မှာ မဟုတ်ဘူး..တခြားနိုင်ငံကလေဆိပ်တွေ တော့ မရောာ်ဖူးလို့ ဘယ့်နှယ့်နေမလဲ မသိပါဘူး..

  • Lu Ka Lay

    August 25, 2011 at 10:21 pm

    လေဆိပ်မှာက နည်းနည်း တော်ပါသေးတယ်ဗျာ။ အောင်မင်္ဂလာ အဝေးပြေးဂိတ်မှာ သွားကြည့်စမ်းပါ့ ဘယ်နဲ့ ဆင်းတဲ့လူတောင် ကောင်းကောင်း မဆင်းရဘူးဗျ။ အဲ့ဒီ တက္ကစီ သမားတွေ ကားအဆင်းမှာ ပိတ်ရပ်ထားတာ။ နိုင်ငံခြားတွေမှာ မင်းသား၊ မင်းသမီး တစ်ယောက်ယောက် (သို့) ဘောလုံးသမားတွေ ဆင်းလာလို့ ကြိုသလိုမျိုး ကြိုကြတာ။

  • jaryitt

    August 25, 2011 at 10:29 pm

    ကန်တဲ့နေရာတွေတော့ မသိဘူးဗျို့…။ ကျွန်တော်တို့ ဆီမှာတော့ ဝင်တဲ့ အဝေးပြေးကားမှမရပ်သေးဘူး…။ အပြေးတက်သွားကြတာ…။ ဆိုက္ကားသမားတွေကော…။ ဆိုင်ကယ်ကယ်ရီ သမားတွေကော…။ အလုပ်ကြမ်းသမားတွေကော…။ ဆင်းမဲ့သူကတောင် သူတို့ကို နေရာဖယ်ပေးနေရသေးတယ်..။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်..။

  • icecube

    August 25, 2011 at 10:40 pm

    ကားဂိတ်တွေကတော ထားပါအုံး ။ လေဆိပ်ကိစ္စတော့ ရှင်းပေးသင့်တယ်၊ ဘယ်လိုမှ ကြည့်မကောင်းဘူး၊
    ပစ္စည်းသယ် မို့ တွန်းလှည်းတွေလဲ ရှိနေတာကြီး ၊ အလကား ပြဿနာရှာတာ ၊ ဒီလောက်စည်းကမ်းမဲ့
    နေကြတာ ကို ဝင်တားမဲ့သူလဲ မရှိ ဘူး၊ အားလုံး တစ်ကျိပ်ထဲတစ်ဉာဏ် ထဲလားတောင်ထင်ရတယ် ။

  • မီးမီး သော်

    August 25, 2011 at 10:51 pm

    အားလုံးပြေလည်သွားပါ လိမ့်မယ်။ခိုးစားမယ့်သူခိုးတွေ ကို လိုင်စင်ပေးပါမယ်။စိတ်ချပါ. ကားဂိတ်မှာရော၊လေဆိပ်မှာပါ တရားဝင် လုပ်ပေးမှာ။ဒါမှနိုင်ငံခြားသားဧည့်သည်တွေလာရင် ပို ခိုးလို ့ကောင်းမှာပေါ့

  • timothy

    August 25, 2011 at 11:56 pm

    စနစ်ကလူတွေကိုဖျက်ဆီးထားတာ ၂၀၁၄ မှာစစ်အာဏာသိမ်းတာနှစ်၅ဝပြည့်တော့မယ်။
    သူခိုးဓါးပြ၊လူသတ်သမားတွေကသေနပ်ကိုင်ပြီးတတိုင်းပြည်လုံးထင်တိုင်းကြဲနေတော့၊
    လေဆိပ်မှာအထုပ်လုယူပြီးပိုက်ဆံတောင်းတာဓမ္မတာဘဲလို့ဆိုရမလိုဘဲ။
    လူတိုင်းလူတိုင်းကိုအဆင့်နိုမ့်အောင်၊အမှန်တရားကိုမမြင်၊မပြောရဲအောင်စနစ်ဆိုးကလုပ်ထားတော့၊
    လူတွေလဲလူသားတွေဘဲ၊ဘယ်ခံနိုင်မှာတော့လဲ။
    တလောကလုံးပျက်စီးနေတာ၊လူတွေစားဝတ်နေရေးပြေလည်အောင်မတရားလုပ်လာရတာဘဲ။
    မတရားလုပ်တယ်လို့တောင်မထင်ကြတော့ဘူး။
    ပြဿနာတခုကိုထောင့်ကွက်ပေါင်းစုံကကြည့်ပြီးဖြေရှင်းတပ်ဘို့၊
    အရင်းအမြစ်ဖြစ်ပျက်စေတဲ့အကြောင်းကိုရှာပြီးဖြေရှင်းနိုင်မှပြေလည်နိုင်မယ်။
    အဓိကအကြောင်းကတော့ဒီစနစ်ဆိုးကြီးကိုအပြီးတိုင်တော်လှန်နိုင်မှ၊
    မတရားလုပ်တာတွေကိုဖြေရှင်းနိုင်မယ်။
    ဒါမှမဟုတ်လို့ကတော့၊အဲဒီလေဆိပ်မျိုးကဝေးဝေးရှောင်နေဘို့ဘဲရှိတယ်။

  • pan pan

    August 26, 2011 at 9:20 am

    တက္ကစီသမားတွေကလည်း အမဲဝိုင်းဖျက်သလိုပါပဲလေ…….. 🙁
    လာထားဟ ဆိုသလို 🙄

Leave a Reply