ေ စာင့်ရတာ စိတ်မရှည်သူတွေဖတ်ဖို့ ပုံပြင်လေးတပုဒ်

Good IdeaApril 3, 20101min90

“လောကမှာ စောင့်ရတဲ့အလုပ်ကို စိတ်မရှည်ဆုံးပဲ” လို့ ကျနော်အပါအဝင် လူတော်တော်များများ မကြာခဏ ငြီးတွားပြောဆိုလေ့ ရှိပါတယ်။ စားသောက်ဆိုင်မှာ မုန့်မှာရင်လည်း ကိုယ်က နောက်ဆုံးမှ ရောက်ပေမယ့် အရင်ဆုံး ရချင်တယ်။ မစောင့်ချင်လို့လေ။ ထို့အတူပဲ ရထားတွေ၊ သင်္ဘောတွေနဲ့ ခရီးသွားတဲ့အခါ ခရီးဆုံးတဲ့အချိန် အေးဆေးဆင်းလို့ရပေမယ့် မြန်မြန်ဆန်ဆန်ပဲ တွန်းထိုးပြီး ဆင်းလိုက်တာပဲ။ မစောင့်ချင်လို့လေ။ (အလုပ်ချိန်နောက်ကျလို့၊ ချိန်းထားတာ နောက်ကျလို့ အလျင်လိုနေတဲ့အချိန်တော့ ချွင်းချက်ပေါ့။)

 

ဒုက္ခတွေ၊ အခက်အခဲတွေ၊ ရောဂါတွေ၊ ဆင်းရဲခြင်းတွေနဲ့ တွေ့တဲ့အခါလည်း ဒီဒုက္ခကြီးက ဒီရောဂါကြီးကလည်း ကြာလိုက်တာ။ ဘယ်တော့မှ လွတ်နိုင်ပျောက်နိုင်ပါ့မလဲလို့ မစောင့်နိုင်ပဲ စိတ်မရှည် ဖြစ်တတ်ကြပါတယ်။

 

အဲသလို မစောင့်နိုင်၊ စိတ်မရှည်နိုင်သူတွေကို အသိဉာဏ်ဖွင့်ပေးတဲ့ ပုံပြင်လေးတပုဒ် ဒီနေ့ ကျနော် ဖတ်လိုက်ရတော့ မိတ်ဆွေတို့ကိုလည်း ဖတ်စေချင်တဲ့စိတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ ပုံပြင်လေးနာမည်က “မှော်ကြယ်သီးလေးတဲ့” ဖတ်ကြည့်ကြပါဦး။

 

(မှတ်ချက်။ ။ ဒီပုံပြင်က ကျနော်ရေးတာ မဟုတ်ပါ။ မိတ်ဆွေ တယောက် ပို့ပေးလိုက်တာပါ။ မိတ်ဆွေတို့ကို ဖတ်စေချင်တဲ့အတွက် တင်ပေးလိုက်တာပါလို့ ရိုးရိုးသားသား ဝန်ခံပါရစေ)

 

အားလုံးကို လေးစားလျှက်…

 

Good Idea

 

ခုပြောပြမယ့် အကြောင်းအရာလေးကတော့ ကျွန်တော်သင်ခဲ့ရဖူးတဲ့ ဂျာမန် ဝတ္တုတိုလေးတပုဒ်ကို ဘာသာပြန်ပေးထားတာပါ။ ခေါင်းစဉ်ကတော့ တိုက်ရိုက်ဘာသာပြန်ထားတာ မဟုတ်ပါဘူး အဆင်ပြေမယ့် ခေါင်းစဉ်လေး ပေးထားတာပါ။
မှော်ကြယ်သီးလေး

တခါက ကျွှန်တော်မဖြစ်မနေ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမယ့် ကိစ္စလေးတစ်ခု ရှိလာခဲ့တော့ …
ပျင်းပျင်းနဲ့စောင့်နေရင်းက….ပုံပြင်လေးတပုဒ်ကိုသတိရမိတယ်…..

တခါတုန်းက..ပေါ့…..လယ်လုပ်သားလေး တယောက်ရှိတယ်…. သူဟာ… သူ့ချစ်သူနဲ့ချိန်းထားပြီး…… တွေ့ဖို့စောင့်နေလေရဲ့။

 

သူဟာ စိတ်မရှည်တတ်တဲ့သူ့…..ပြီးတော့…စောင့်ဆိုင်းရခြင်းအပေါ် အဆိုးမြင်ဝါဒ ရှိတဲ့သူတယောက်ပေါ့။
ဒါကြောင့်…သူချစ်သူကို စောင့်နေရတာ စိတ်မရှည်ဘူး….. အမြန်ဆုံး တွေု့ချင်နေတယ်။
ဒါကြောင့်…..သူဟာ…သိပ်ကို လှပတဲ့ နွေဦးကာလမှာတောင်…….နွေးထွေးတဲ့ နေရောင်ခြည်ကိုလဲ မမြင်ဘူး။ သာယာလှပတဲ့ နွေဦးရာသီရဲ့ကြည်လင်တဲ့ကောင်းကင်အောက်မှာ…ရောင်စုံလှပစွာ ဖူးပွင့်နေတဲ့ ပန်းလေးတွေရဲ့ ့ အလှအပကိုုလဲမခံစားနိုင်ဘူး…
ဘာကြောင့်လဲဆိုတော့…..သူဟာ သူ့အိမ်မက်တွေ ပြည့်စုံဖို့အတွက်… သိပ်ကို စိတ်စောနေတယ်လေ……

ဒါပေမယ့်လဲ….ဒီနေ့ကတော့…..စောင့်ကို စောင့်ရမှာမို့ သူ့ချစ်သူလေးကို စောင့်ရင်းက… စိတ်မရှည်စွာနဲ…ပျင်းရိစွာ ညည်းညူရင်း… သစ်ပင်ခြေရင်းမှာ လေးပင်စွာ လှဲချလိုက်တယ်….
အဲဒီမှာ….ရုတ်တရက်….သူ့ရှေ့မှာ….မှင်စာလိုလို..ဘာလိုလို…လူသေးသေးလေးတယောက် ဘွားကနဲပေါ်ပြီး…သူ့ကိုပြောလိုက်တယ်…..

“ဟေ့ကောင်လေး….မင်းဘာတွေ စိတ်ညစ်နေလဲ…. ငါသိတယ် ဒီတော့…. ဒီကြယ်သီးလေးကို ယူပြီးတော့…မင်းရဲ့အင်္ကျီမှာ တပ်လိုက်.. …တကယ်လို့များ….. မင်းဟာ…တစုံတခုကို စောင့်ရလို့ စိတ် မရှည်ခဲ့လို့………အချိန်တွေကုန်တာ သိပ်နှေးနေတယ်လို့ထင်ခဲ့ရင်….ဒီကြယ်သီးလေးကို…ညာဘက်ကို လှည့်လိုက်…ဒါဆိုရင်…မင်းအလိုရှိသလောက် ဆန္ဒတွေပြည့်စုံပြီး အဲဒီအချိန်တွေကို အမြန်ဆုံးကုန် (ကျော)်လွန်စေလိမ့်မယ်” လို့်…..ပြောတယ်။
ကောင်လေး အရမ်းပျော်သွားတာပေါ့။ စောင့်ရတာ စိတ်မရှည်တတ်တဲ့….သူ့အတွက်တော့…ဒါဟာ သိပ်ကို်ကောင်းပြီး တန်ဖိုးရှိတဲ့ လက်ဆောင်တခုကို ရလိုက်တာပဲလေ။ ဒါနဲ့… အဲဒီတန်ခိုးရှိတဲ့… မှော်ကြယ်သီးလေးကို ဝမ်းသာအားရ ယူလိုက်ပြီး…..ချက်ချင်းကို….လက်တွေစမ်းသပ်တော့တာပေါ့။
ပြီးတော့……
” ခုချိန်များ ငါ့ရဲ့ရှေ့မှာ ချစ်သူလေးက အပြုးံလေးနဲ့ လာရပ်ရင်ကောင်းမှာပဲ” လို့ တွေးပြီး ကြယ်သီးလေးကို ညာဘက်တချက်လှည့်လိုက်တယ်….

အဲ့မှာ ချစ်သူလေးက သူ့ရှေ့ရောက်လာရော။ ဒါနဲ့ သူထပ်ပြီး တွေးရင်း တိတ်တဆိတ် ကြယ်သီးလေးကို လှည့်လိုက်တယ်…..

” အင်း…..ဒီချိန်မှာ ချစ်သူလေးနဲ့မင်္ဂလာဆောင်တဲ့အချိန်သာဖြစ်နေရင် ပိုကောင်းမှာ “”.
သူ့စိတ်ကူးအတိုင်းပဲ…မင်္ဂလာဆောင်ချိန်ကို ရောက်တာပေါ့။ မင်္ဂလာဧည့်ခံပွဲကလဲ ခမ်းခမ်းနားနား….
တီးဝိုင်းတွေဘာတွေနဲ့ အကြီးအကျယ်ပဲ…..ဧည့်ခံနေလိုက်တာ။ သူ့ချစ်သူက သူ့ဘေးမှာ သတို့သမီးလေး အဖြစ်နဲ့ အရမ်းကို ပျော်တာပေါ့…..ပြီးတော့…… သတို့သမီးလေးရဲ့ မျက်နှာလှလှလေးကို စိုက်ကြည့်မိရင်း စဉ်းစားလိုက်တာက….

” အင်း…………ခုချိန်မှာ……ငါတို့နှစ်ယောက်ထဲဆို ပိုကောင်းမှာ”……လို့တွေးပြီး….တိတ်တဆိတ် ကြယ်သီးလေးကိုလှည့်……ညသန်းခေါင်ယံကိုရောက်သွားပါရော။

အဲ့နောက်….သူ့ရဲ့အသစ်စက်စက်ဇနီးလေးနဲ့….ဘဝရှေ့ရေးအတွက် တိုင်ပင်ပြီး အစီအစဉ်တွေ ပြောကြတာပေါ့…..

ဒါပေမယ့်…..ထုံးစံတိုင်း….စိတ်မရှည်တတ်တဲ့….အချိန်ကိုမစောင့်နိုင်တဲ့ လယ်သမားလေးဟာ….
သူ့လက်ထဲက မှော်ကြယ်သီးလေးကို ကောင်းကောင်းအသုံးချတာပေါ့…..
သူ့ရဲ့ဆန္ဒတွေကလဲများတယ်လေ…….သူတွေးတယ်…..ငါတို့ရဲ့အိမ်လေးတလုံးလောက်ကိုအပြီးသတ်ဆောက်ပြီးသွားရင်…ဆိုပြီး…ကြယ်သီးလေးကိုလှည့်လိုက်…..အိမ်လေးတလုံးဟာ…နွေရာသီရဲ့ကောင်းကင်အောက်မှာလှလှပပရောက်နေလေရဲ့…….
ဒါပေမယ့် အိမ်ထဲမှာတော့ ပရိဘောဂ အပြည့်အစုံမပါဘူးပေါ့….အဲမှာ..နွေရာသီကိုရောက်ပြီး…..
သူ့ဆန္ဒတွေ ပြည့်စုံတာနဲ့အမျှ အချိန်တွေကလဲ ကုန်လွန်ပြောင်းလဲသွားတယ်….ဆိုတာသူမသိဘူး……..

ဒါနဲ့…ထုံးစံအတိုင်းပဲ စိတ်မရှည်တတ်တဲ့ ကောင်လေးဟာ…..
အိမ်ထဲမှာ ပရိဘောဂ… အသုံးအဆောင်တွေအတွက်….. အဝတ်အစားတွေအတွက်..လိုသမျှကို…. သူ့ဆန္ဒရှိတိုင်း…ကြယ်သီးလေးကို အသုံးချလာလိုက်တာ… .တနေ့မှာ…. သူဟာ…. စပျစ်ခြံလေး တခြံလောက်ရရင် ကောင်းမှာပဲလို့…တွေးရင်း….ထုံးစံတိုင်း ကြယ်သီးလေးကိုခိုင်းတာပေါ့….

ဒီတခါမှာလဲ…သူ့ဆန္ဒတွေ ပြည့်ဝခဲ့ပါတယ်…….

ကြည်လင်တဲ့ကောင်းကင်အောက်မှာ……လယ်သမားလေးရဲ့……..စပျစ်စိုက်ခင်းလေးဟာ…..နုပျိုသစ်လွင်နေလေရဲ့…..လယ်သမားလေးဟာ…..သာယာလှပတဲ့ရာသီဥတုမှာ သူ့ရဲ့စပျစ်ခြံလေးထဲ… လမ်းလျှောက်ထွက်ချင်လာတယ်…..ဒါပေမယ့်…..သူဟာ သူ့ခြေထောက်ပေါ်သူမရပ်နိုင်တောဘူးဆိုတာ သတိထားမိသွားတယ်………..သူ့ရဲ့စပျစ်ခြံထဲကို လမ်းလျှောက်မသွားနိုင်တော့ဘူး……..

ဘာကြောင့်လဲဆိုတော့……ကောင်လေးဟာ….အရမ်းအိုမင်းပြီး နာမကျန်းတဲ့….. အဘိုးကြီး တယောက် ဖြစ်နေပြီပဲ………..သူ့ရဲ့……အသစ်စက်စက် နုပျိုသစ်လွင်နေတဲ့ စပျစ်စိုက်ခင်းလေးကို ပြတင်းပေါက်ကနေပြီး…ကြည့်ရုံပဲတတ်နိုင်တော့တယ်…..

ဒါဟာ သူသတိ မထားမိလိုက်တဲ့…သဘာဝရဲ့ လှို့ဝှုက်ချက်တခုပဲ…..
သူဟာ တစ်စုံတခုကို….လိုချင်တိုင်း…ဆန္ဒအသစ်တခုပေါ်လာတိုင်း….အချိန်ကိုမစောင်းဆိုင်းနိုင်ပဲ…
မှော်ကြယ်သီးကလေးကိုလှည့်ရင်းနဲ့….အဲဒီအချိန်တွေကိုကျော်လွန်လာလိုက်တာ….ဒါကြောင့်…သူ့ကိုယ်သူ အမှန် သတိမပြုမိခင်မှာပဲ ….သူဟာအိပ်ရာထဲလဲပြီး…သေဖို့အချိန်ကိုစောင့်နေရတဲ့ အဘိုးကြီးတယောက် ဖြစ်နေပြီ….
ခုတော့…သူဟာ…ဆန္ဒရှိတိုင်း…မှော်ကြယ်သီးလေးကို….နောက်ထပ်လှည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး….
.ခုလို အိပ်ရာထဲလဲနေချိန်ရောက်မှ…သူဟာ နောက်ကြောင်းကို ပြန်စဉ်းစားမိတယ်…..
သူဟာ ရတဲ့ အခွင့်အရေးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးမချခဲ့ပဲ…အခွင့်အရေးကို လွဲမှားစွာ..အသုံးချခဲ့မိတယ်….အချိန်ရဲ့တန်ဖိုးနဲ့…..ဘဝရဲ့အနှစ်သာရကို မခံစားလိုက်ရဘူးလို ့ နောင်တကြီးစွာ ရမိတယ်။
ခုချိန်မှာတော့…..သူဟာ အချိန်တွေကိုလဲ အမြန်မကုန်ဆုံးစေချင်တော့ပါဘူး။
ဘယ်အရာကိုမှလဲ…အလျှင်စလို မဖြစ်ချင်တော့ဘူး…..
ဘဝမှာ…စောင့်စားရတဲ့အချိန်တွေကိုလဲ…ကိတ်မုန့်ပေါ်မှာတင်ထားတဲ့…စပျစ်သီးခြောက်လေးတွေကို…
တခုခြင်း…ကောက်ပြီး အရသာခံ…..စားသလို….ခံစားကြည့်ချင်လာတယ်……
ခုတော့…သူ့ရဲ့ တဘဝလုံးစာ အချိန်တွေ ကုန်တော့မှပဲ…ဒါကို သတိထားမိတော့တယ်…….
ဘဝမှာ….ဆန္ဒတွေပြည့်ဝဖို့အတွက်…..အချိန်ယူရမယ်….ထိုက်တန်တဲ့ရင်းနှီးမှု့ ပေးရမယ် ဆိုတာကိုလဲ… သိလာတယ်…..
သူ့ရဲ့ ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်တယ်……သူ့ရဲ့ မူရင်းဘဝကိုပဲ တန်ဖိုးထားချင်လာတယ်
ဒါကြောင့်သူဟာ…သူရဲ့ ကုန်လွန်သွားတဲ့အချိန်တွေကိုပဲ ပြန်လိုချင်တော့တယ်…..လို့တွေးပြီး…..
ကြယ်သီးလေးကို မရဲတရဲနဲ့….ဘယ်ဘက်ကို ပြန့်လှည့်ကြည့်လိုက်တယ်…..
အဲဒီချိန်မှာပဲ….သူဟာရုတ်ရက်လန့်နိုးလာပြီး…..သစ်ပင်ကြီးအောက်မှာပဲရှိနေတယ်..ပြီးတော့….ကြည်လင်တဲ့ မိုးကောင်းကင်ကြီးအောက်မှာ…….ရောင်စုံပန်းတွေကလည်း လှပစွာ ဖူးပွင့်လျှက်…
သူကလဲ သူ့ချစ်သူလေးကို စောင့်လျှက်ပေါ့….
ဒီတစ်ကြိမ်မှာတော့…..သူဟာ စောင့်ရတာကို စိတ်မတိုတော့ပါဘူး….စိတ်ရှည်တတ်သွားပါပြီ….
ဆန္ဒတွေပြည့်ဝဖို့အတွက်…..အချိန်ကိုပေးဆပ်ရမယ်ဆိုတာလဲ…နားလည်သွားပါပြီ….လက်ရှိ ဘဝနဲ့ အချိန်ကိုလဲ…တန်ဖိုးထားတတ်လာပါပြီ…..

ဒါကြောင့်…လယ်သမားလေးဟာ…….ပျော်ရွှင်ကြည်နူးစွာနဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ အဲ့နောက်မှာတော့…..စိမ်းလန်းတဲ့မြက်ခင်းပြင်ပေါ်မှာပြေးလွှားနေတဲ့…ရွှေပိုးကောင်လေးတွေနဲ့ ဆော့ကစားရင်း…ချစ်သူလေးအလာကို……ပျော်ရွှင်စွာစောင့်စားလို့နေပါတော့တယ်…….

ကဲ….သူငယ်ချင်းတို့ရေ…ပုံပြင်လေးကတော့….ဒါပါပဲကွယ်……..
တကယ်လို့များ…..သူငယ်ချင်းတို့….အဲဒီမှော်ကြယ်သီးလေးကို….ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်..
ဘာများဖြစ်ချင်ကြမလဲဆိုတာ……ဆန္ဒလေးတွေ….သိခွင့်ပြုပါနော်…..

ဘာသာပြန်သူ။ ။အရုပ်လေး ( YUFL )

မှတ်ချက် ။ ။ ဂျာမန်ဝတ္ထုတိုတစ်ပုဒ်ကိုဆီလျှော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။