ရန်-ငါ-စည်း ပြဿနာ – ဘိုဘိုကျော်ငြိမ်း

kaiApril 19, 20112min3784

နိုင်ငံရေး ရဲ့ ပထမဦးတည်ချက် က (အာဏါ) ရရှိရေးပဲ

နိုင်ငံရေးမှာ (အာဏါ) မရှိပဲ မိမိဖေါ်ဆောင်လိုသော ပတ်ဝန်းကျင် ကို မဖေါ်
ဆောင်နိုင်

ဒါကြောင့် (အာဏါ) ကို

(၁) တိုက်ယူမလား

(၂) တောင်းယူမလား (သို့) ဆွေးနွေးယူမလား

(၃) အပြိုင် ပြည်သူစီက မဲ နဲ့ အနိုင်ယူမလား

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကခေါင်းဆောင်တွေဟာ (၃) ခုစလုံး
ကိုဖြတ်ကျော်ခဲ့ရတယ်။

ပထမ အင်္ဂင်္လိပ် နဲ့ ဂျပန် ကို လက်နက် ကိုင် တိုက်ခဲ့ကြရတယ်။

အဂင်္လိပ် ပြန်အဝင် – ဒုတိယကမ္ဘာစစ်ကြီး အပြီး မှာ အင်္ဂလိပ်တွေနဲ့
ဆွေးနွေးပြီး လွပ်လပ်ရေးကို ဆွေးနွေးပြီးမှရ ယူခဲ့တယ်။ ဆွေးနွေးတယ်ဆိုတာက
တကယ်တော့ .. လက်နက်ကိုင်..တိုက်ပွဲ ..အစား ..ဥါဏ်ချင်းတိုက်ရတာပါ….

လွပ်လပ်ရေးမရခင်..တခါ..ပြည်သူအေ

ရှ့မှာ မဲ နဲ့ အာဏါကို
တောင်းခံခဲ့ရပြန်တယ်….

အမှန်တကယ်တွေးကြည့်ရင် ..တိုက်ပွဲ …တွေကြီးပါပဲ….

ကိုင်စွဲ..တဲ့..လက်နက်ချင်း..ကွာတာပဲရှိတယ် ….

ပထမ ..တိုက်ပွဲက…. စစ်လက်နက် ..ကိုင်တိုက်တဲ့ …. တိုက်ပွဲ

ဒုတိယ ..တိုက်ပွဲက … ဥါဏ်..လက်နက် ..ကို ကိုင်တိုက်တဲ့ …. တိုက်ပွဲ

တတိယ ..တိုက်ပွဲက … မဲ … လက်နက် ..ကို ကိုင်တိုက်တဲ့ …. တိုက်ပွဲ

ဒါကြောင့် … logistic နဲ့ strategy ဗျူဟာ မရှိလို့မရဖူး

ဘယ်အကွေ့မှာ ဘယ်တိုက်ပွဲ ကို ဆင်နွဲမယ်..ဆိုတာ … ခေါင်းဆောင်..တွေရဲ့
..အတွေးအခေါ်.. ယုံကြည်ချက်..နဲ့ အရည်အချင်းအပေါ်..မူတည်တယ် ….

တိုက်ပွဲ ..ပုံသဏ္ဍန်ကို..ရွေးပြီးရင် logistic နဲ့ strategy ဗျူဟာ ကို..
ကိုင်ပြီး နိုင်အောင်.. ..တိုက်နိုင်ဖို့ … ကလည်း …ခေါင်းဆောင်တွေရဲ့ …
အရည်အချင်းအပေါ်..မူတည် ပြန်တယ်။

နိုင်ငံရေး တိုက်ပွဲ..တွေမှာ ..အရေးအကြီးဆုံးက … ရန်သူကိုရွေးလို့..မရ…

တိုက်ပွဲ.. အနေအထားကို..ရွေး..လို့မရ ….

ရရာ လက်နက်…ကို..ရွေးပြီး..နိုင်အောင် တိုက်ပဲ…

ဒီအဆင့် ကိုရောက်ရင် … ခေါင်းဆောင်တွေရဲ့ conviction နဲ့ capacity က
အရေးပါလာတယ်။

ပထမ တိုက်ပွဲမှာ … အဓိက ကွန်မြူနစ် ခေါင်းဆောင် (၂) ဦးဖြစ်တဲ့ …
သခင်စိုးနဲ့ သခင်သန်းထွန်း တို့က ဂျပန်နဲ့ ပေါင်းမတိုက်ချင်ဖူး …
အင်းစိန်စာတမ်းက သက်သေပဲ…. အကြောင်းက … ဝါဒသ္ခင် စတာလင် ဖက်ပါတာပဲ ….
ဗိုလ်ချုပ်နဲ့ ..ပြည်သူ့အရေးတော်ပုံပါတီ က အင်္ဂလိပ်ကို ရရာနဲ့ တော်လှန်
ဖို့..ဆုံးဖြတ်တာ

ဂျပန်ကို ခေါ်လာတာမှားတယ်လို့ ပြောကြပေမဲ့ … ဂျပန်က
ခေါ်ခေါ်မခေါ်ခေါ်..ဝင်လာမှာပဲ … တရုတ်ဗမာလမ်းမကြီးကို ပိတ်ဖို့ ..က အဓိက
ကျတာကိုး .. အားလုံးကို ကွန်မြူနစ်တွေ.. ဆိုပြီး..လိုက်သတ်ရင်
..အကုန်သေနိုင်တယ်။ ဗိုလ်ချုပ်နဲ့ ဘီအိုင်အေ ဘီဒီအေ ရှိနေလို့ ခံသာတာ ….
နောက်..အစိုးရ နဲ့ အစိုးရ ယန္တရား ..အစိုးရအာဏါ..အကြောင်း .. ကို
လူငယ်ခေါင်းဆောင် လေး တွေဟာ …. ဂျပန်ခေတ်မှာ မှ … နားလည်လာကြတာ ….
ဒါကြောင့် ဗိုလ်ချုပ်တို့ ..အများစုဟာ … အသက်ငယ်ကြပေမဲ့.. အတွေ့အကြုံ
သမ္ဘာရင့်ကုန်ကြပြီ… ဒါကြောင့် …ရရင်ရ..မရရင်ချ
…ဆိုပေမဲ့..တိုင်းပြည်မနာရအောင် ..(ချ) ကို နောက်ဆုံးမှ ဟေ့..ဆိုပြီး
ဥါဏ်..ကိုလွှာသုံးခဲ့ကြတာ …..

ကွန်မြူနစ်တွေကတော့ …. ၎င်းတို့ရဲ့ …ဘုရားသခင်တွေ
ရေးခဲ့တဲ့..စာအုပ်တွေဖတ်ပြီး …
လက်နက်ကိုင်တော်လှန်ရေးအိမ်မက်က..မထွက်နိုင်…ရှာကြဖူး ….
နိုင်ငံခြားသားတွေကိုအထင်ကြီး ပြီးသူတို့ မြှောက်ပေးတာကို အဟုတ်ထင်
..ဘဝင်မြင့်ပြီး …. ရန်-ငါ-စည်း ပေတံနဲ့တိုင်ပြီး …. ဗိုလ်ချုပ်အပါအဝင် ….
ဖဆပလ ခေါင်းဆောင်တွေကို အလိုတော်ကြီးတွေ ဆိုပြီး… ပက်ပက်စက်စက် ဆဲဆိုကြ …
နောက်ဆုံး တိုင်းပြည်ကို ဖင်လှန်ပြ …. လက်နက်ကိုင်တောလှန်ရေးကို ရဲရဲကြီး
ဆင်နွှဲကြလေရဲ့……

တောထဲမဝင်ခင်ကတည်းက ဘဝင်လေခပ်ပြီး..ဇီးရိုးဆမ်းစိတ်ဓါတ်နဲ့ အသေချမယ်
..အနိုင်ယူမယ်.. ဆိုပြီး..လေလုံးထွားခဲ့ကြတယ်။ အစိုးရ အာဏါ
..အစိုးရ.ယန္တရား အကြောင်း..နားမလည်ပဲ …. တကယ်..တော်လှန်ရေးကို် ဆင်နွှဲ
တော့ အားလုံးကို အစကပြန်ဖေါ်ထုတ်ကြရတော့ အစိုးရ အတွ့အကြုံ မရှိကြပဲ ဗရိုဗရဲ
ဖြစ်ကုန်ကြရော ……

အစိုးရဆိုတာ စံနစ် system ရှိတယ်။ လည်ပတ်ဖို့ ဗျူရိုကရက်တွေရှိတယ် …
ဝင်ငွေရှိတယ် …. စစ်ကို ပံ့ပိုးဖို့ logistic ရှိတယ် …. သူပုန်ဆိုတာက
..အားလုံးကို အစကပြန်ဖေါ်ထုတ်ရတာ …. ပြည်တွင်း စစ်ဖြစ် တော့ စစ်တပ်ဟာ
၂၀၀၀-၃၀၀ဝ ကြားပဲရှိတာ …. ဒါကြောင့်… လဲဗီးတပ်တွေကို အမြန်ထောင် ..
စစ်ပုလိပ်တပ် (UMP) တွေ နဲ့ အားဖြည့် … ပြီးပြန်တိုက်ရတာ …. အစိုးရ
စစ်တပ်ဆိုတာ ..တဖက်က စစ် တိုက်နေပေမဲ့ ..တဖက်က … နိုင်ငံခြားကို training
လွှတ်နိုင်တယ်။ စစ်လက်နက် ပစ္စည်း ရှာနိုင်တယ်။

ဖဆပလအစိုးရခမြာ …. ရန်ကုန်အစိုးရ ဆိုပြီးတောင်
အနှိမ်ခံရတဲ့..ဘဝရောက်ခဲ့ရတယ်။ ဒါပေမဲ့ … ကွန်မြူနစ်တွေရဲ့ … ဇီးရိုးဆမ်း
ကြွေးကြော်ချက်တွေကို ကျေးဇူးတင်ရမယ်။ ရှုးံ့ရင် အသတ်ခံရမယ်
ဆိုတာကိုသိတာကြောင့်..အရှုံမပေးတဲ့ ..စိတ်ဓါတ်နဲ့..တိုက်ခဲ့ကြတာကြောင့်…
တိုင်းပြည် ကိုပြန် ..သိမ်းနိုင်ခဲ့ကြတယ်။

(မှတ်ချက်။ ဆန်ဇူးကပြောတယ် .. ရန်သူကို ထွက်ပေါက် ပေးထားပါတဲ့…အကြောင်းက
ရှုံးရင် အသတ်ခံရမယ်..ဆိုရင် ..အသေခံတိုက်မှာပေါ့ …
ကွန်မြူနစ်..တွေ..ဆန်ဇူး..မဖတ်ထားတာ ..ဗမာပြည်..ကံကောင်းတယ်.ပြောရမယ် …)

ကွန်မြူနစ်တွေရဲ့အင်မတန် တိမ်တဲ့ အတွေးအခေါ် နဲ့ ဥါဏ်နဲမှုတွေကြောင့်
..တိုင်းပြည်နာခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ တိုင်းပြည်ဟာ
ပြာဖုံဖြစ်နေရပြိီ။ ဒီအပေါ်ထပ်ဆင့်ပြီး စစ်ထပ်ဖြစ်ရရင် တိုင်း
ပြည်ထပ်နာမယ်။ ဒါကြေင့် ..ဖဆပလခေါင်းဆောင်တွေဟာ (လူထု) အား..ကိုပြပြီး..
လွပ်လပ်ရေးကို တိုက်ယူတောင်းဆိုဖို့..ဆုံးဖြတ်ကြတယ်။ ကွန်မြူနစ်ပါတီကလည်း
… ဖရောင်ဒါလမ်းစဉ်ကို လက်ခံခဲ့ ကြတယ်။ ကုလားကွန်မြူနစ်ပါတီမှာ ဂျိုရှီ
အာဏါကျပြီး ပိုပြီးပြင်းထန်တဲ့ ရာနာဒီဗီ (B.T. Ranaidivi) နေရာရလာပြီး
ကုလားကဝေ ဖန်တော့ ….ဗမာကွန်မြူနစ်တွေ … ဖရောင်ဒါလမ်းစဉ် ကိုစွန့်လွှတ်ပြီး
အတွေးအခေါ်ပြောင်းကုန်တယ်။ ကွန်မြူနစ်ဝန်ကြီး ဦးသိန်းဖေမြင့် ခမြာ ၂၁
ရက်ပဲ ဝန်ကြီးဖြစ်ပြီး ထွက်သွားကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ
ခေါင်းဆောင်တွေကို လည်း အင်္ဂလိပ်အလိုတော် ကြီးတွေဆိုပြီး
စွပ်စွဲတိုက်ခိုက်ပြီး ဆဲလိုက်ကြတာ … ပက်ပက်စက်စက် …..

အမှန်က … ကွန်မြူနစ်တွေဥါဏ်မမှီကြသလို … အာဏါရပြီးရော ….
တိုင်းပြည်နာချင်နာ ဆိုတဲ့ .. တကိုယ်ကေင်းစိတ်ထားလည်းပါပါတယ်။

အခုလည်း …. လွယ်လွယ်လေး … ကျုပ်တို့ကတော့
ရန်-ငါ-စည်း..ပဲလို့အော်ရတာ..လွယ်ပါတယ် … တာဝန်မှမရှိကြတာ …. ကဲ
ရန်-ငါ-စည်း…. ဆိုရင် ..နောက်တဆင့် က… (ချ) ..ဖို့..ဘာပြင်ထား သလဲ?
ဘယ်မှာလဲ ပြည်တွင်း လှုံ့ဆော်သူတွေ …. ဘယ်မှာလဲ ယူဂျီတွေ …. ဘယ်မှာလဲ
အသေခံမဲ့သူတွေ …. (စ) မီးမွှေးမဲ့သူတွေက ဘယ်သူတွေလဲ … နောက်တဆင့်
..ခေါင်းဆောင်မဲ့ သူတွေကဘယ် သူတွေလဲ? ပစ်ရင်ဘာလုပ်မလဲ? အစုလိုက်
အပြုံလိုက် ဖမ်းရင်ဘာလုပ်မလဲ? ဗျူဟာ မရှိ ပြင်ဆင်မှု ခေါင်းဆောင်မှု မရှိပဲ
စိတ်လှုပ်ရှားတိုင် ထ ချ ရင် ပြည်သူတွေပဲ နာ ..သလို ခဏခဏ နာလာတော့
..အတိုက်အခံကို ယုံကြည်မှု မရှိတော့ဖူး … ဒေါ်စု က အကြမ်းမဖက်တဲ့ လိုင်း ….
ထိပ်တိုက်ရင်ဆိုင်မှု ကိုအားပေးခဲ့ သည်ကို မတွေ့ရ ..ဒါကို..ကျော်ပြိီး
ဘယ်လို ဘယ်လို ..စည်းရုံးမယ် စိတ်ကူး ထားကြ ပါသလဲ?

စာရေးသူက ရရင်ရ..မရရင်ချ ..ဆိုတာကို နှစ်သက်ကြောင်း ရဲရဲရေးခဲ့သူ

သိုသော် ..ဒေါ်စု..မပါပဲ ..မဖြစ်နိုင်။ ဒါ ပကထိ အခြေအနေ။

ထို့ကြောင့်.. ဘာလုပ်ပါ..ဘာမလုပ်နှင့် ဟု မဆိုတော့

သို့သော် အရိုးစွဲနေကြသည့် ရန်-ငါ-စည်း နှင့် … ဇီးရိုးဆမ်း စိတ်ဓါတ်
အမွေဆိုးကို သတိရှိကြရန်သာ သတိပေးခြင်း…. အချင်းချင်း ရန်လိုကြရင်း …
လူမရှိ ရတဲ့ကြား လူတွေ ရှာမရအောင် ပျောက်ကုန် ကြ လိ်မ်မယ် … ကွန်မြူနစ်
တွေတောင် ပြောရင်း အောရင်း နွံနစ်ကုန်ကြပြီ …. နှစ်ယောက်တပိုင်းပဲကျန်
တော့ တယ်မဟုတ်လား? ထာဝရ တွင်းအောင်း နေကြတဲ့ …ကြွက်တွင်းယူဂျီပါတီ
…ဖြစ်ခဲ့ရပြီ..

နိုင်ငံရေး..ဆိုတာ ..တိုင်းပြည် အတွက် လုပ်ကြတာပါ …. အပျော် လုပ်၍ မရ.

လေစားလေရော် လုပ်တာဘာဆိုရင်တော့ …ဒူးသာဒူး ကြပါကုန်

လူဦးရေ (ဂ) သန်းမှာ လူ (၂) သန်းကျော်ကျော်ကို သတ် ခဲ့တဲ့ပေါလ်ပေါ့
လို..လူမျိုးကို တကမ္ဘာလုံး နဲ့ ကုလသမဂ္ဂ က လူသတ်သမားလို့ လက်ခံခဲ့ရတာတောင်
ပေါလ်ပေါ့ဟာ သူတိုင်းပြည်ကို စေတ နာထားသူပါလို့ ကာကွယ်သူကရှိသေး …
ဥဏှောက်ထဲ … အနီပိုးဝင်စား သွားရင် ..ပုဇွန်ခေါင်းဖြစ်.. သွားတယ်ထင်ပ ….

ဒါကြောင့် … ရန်-ငါ-စည်း နှင့် … ဇီးရိုးဆမ်း စိတ်ဓါတ် ကို
ရင်မှာပိုက်ထားသူတွေ..ရှိသေးတာကိုး….

ရန်-ငါ-စည်း နှင့် … ဇီးရိုးဆမ်း စိတ်ဓါတ် ဟာ အော် .. လို့ ကောင်း …
ကြားလို့ ကောင်းပေမဲ့ … ဟင်္သာ ကိုးသောင်း ပျက်တဲ့ ကိန်း ဆိုက်တတ်တယ်။

နောက် ..ရန်သူ တောင်မှ … စည်းရုံးလို့ ရမဲ့သူ … neutralize
လုပ်နိုင်မဲ့ရန်သူနဲ့ .. တိုက်မှ… ရှင်းမှရတဲ့ …ရန်သူ..လို့ ခွဲနားလည်
နိုင်ရင် ရှင်းရမဲ့ ရန်သူ..နဲ.လေ..ကိုယ်က နိုင်အားကောင်း ..လေပေါ့ …

တော်လှန်ရေးကာလမှာ …. လိုအပ်တဲ့ …. ရန်-ငါ-စည်း စိတ်ဓါတ်ကို …
ရင်မှာပိုက်ပြီး … နေရာတခါ … ဒီ..စိတ်ဓါတ်..ဒီမျက်စိနဲ့ ကြည့်ပြီး ….
ထောက်လှမ်းရေးတွေက … ထောင်ပေးလိုက်တာနဲ့ ..
ကိုယ့်အချင်းချင်း..မယုံသင်္ကာဖြစ်ကြ …. အချင်းချင်း ..အသေချလိုက်ကြတာ …
နောက်ဆုံးတော့ … လူမရှိ ..ဖြစ်ခဲ့ရတာ … အတိုက်ခံ…တွေပဲ..မဟုတ်လား?

ဒီရက်တွေ မှာ သခင်သန်းထွန်း၏ နောက်ဆုံးနေ့ များနဲ့ ထို့ကြောင့်ဤသို့
ကိုပြန်ဖတ်ဖြစ်မိ တယ်

တကယ်တော့ သခင်သန်းထွန်းဟာ လူတော်တယေက်ပဲ … ဒါပေမဲ့ ဝါဒအစွဲ သိပ်ကြီးသွား
ပြီး ရန်-ငါ-စည်း နှင့် … ဇီးရိုးဆမ်း စိတ်ဓါတ် ကို အသေစုပ်ကိုင်ထားတော့ …
လူတော်တွေ ..တဖြည်းဖြည်း..နဲ .. .. ကြဲ ..သွား.. ပြီး ….
လူ..လျှော်..တွေပဲ ..ဝိုင်းရံထားတော့ … နောက်ဆုံး.. အသူရာ ဂျောက် ကြီးထဲ
ထိုးကျ မှန်းမသိ ထိုးကျသွားရပြီး ..လဒ..အစာ..ဖြစ်ကုန်ရတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ … ဗျောင်းဗြန် …. ရန်လုပ် ဆဲဆို..နေတဲ့
ကွန်မြူနစ်တွေကိုတောင်ခွင့် လွှတ်ပြီး ..ခိုင်းစားသွားတာ …
လူတော်တွေ..ဝိုင်းရံထားတော့ … အမျိုးသားခေါင်းဆောင် … သူရဲကောင်း အဖြစ်
..ယနေ့.အထိ …. အလေးစားခံရတုန်း….

နောက်ဆုံးတော့ …. ရလဒ်နဲ့ စိတ်ဓါတ်က ..အဆုံးအဖြတ်ပေး..သွားတာပဲ …ဗျို့……

ရာဇဝင်..ကိုလေ့လာတာ ..သင်္ခန်းစာ…ယူပြီး…ရှောင်နိုင် ..ဆောင်နိုင်..ဖို့ပါ ….

သူတပါး..မှားခဲ့တဲ့ ..အမှား..တွေ..ကို မြင်သိ..ပြီး မိမိ တို့
..မမှားကြရင် ..အကျိုး..မရှိ..ပေဖူးလား?

ရန်-ငါ-စည်း..နဲ့ ..ဇီးရိုးဆမ် ရဲ့ ရလဒ် တွေ အကြောင်းဆက်ဆွေးနွေးပါဦးမယ်
….

၂၀၀၄ ဗိုလ်ချုပ်ခင်ညွန့် မပြုတ်ခင်ကထင်တယ်။ NCGUB ကဦးစီးပြီး NCUB က
ဖဒိုမန်းရှာတို့ လည်းရောက်နေတုန်း..ဆိုတော့ …Ft. Wayne မှာ
ဗမာတွေ..ဆုံကြတဲ့ …ပွဲမှာ ..လူအတော် စုံကြတယ်။ ဝုံးဆို အသံ ကျယ်ကျယ်နဲ့
ပုဂ္ဂိုရ် တယောက်က မာန်ပါပါနဲ့ စင်ပေါ်က ပြောနေသံ
ကြားလို့ဂရုစိုက်..နားထောင် လိုက်မိတယ်။ လူကိုမမြင်ဖူးးပေမဲ့ ထောင်ထဲမှာ
သူ့ကို ရင်းနှီးခဲ့ရတယ် သူစပ်တဲ့ သီချင်း တပုဒ်ကစိတ်ဓါတ်ကို
အတော်တက်ကြွစေခဲ့တယ်။ ပီဒီပီ စစ်ချီသတင်းတပုဒ်ပါ။ ..ခုမှ..အပြင်မှာ
မြင်တွေ့ဖူးရတော့တယ်. သူပြောတာကို .. အလေးပြု နားထောင်မိတယ် …. ပြောရင်း
ဆုံးကာနီးမှ … .. သူက ထောက်လှမ်းရေး.. စပိုင် …တွေကို သတိရှိကြဖို့
..ပြောရင်းက ..ဒီအထဲ မှာလည်း ..စပိုင် … ရှိတာပဲတဲ့ …. ထမင်းစားချိန်မှာ
.. .. သူ့ ကို သွားရောက်မိတ်ဆက် ..စကား ပြောမိရင်း ..ခင်ဗျား..
ခုန..ပြောတဲ့ ထောက်လှမ်းရေး ..လူတွေဆိုတာ.. ပြောပါဦး.. ဆိုတော့ ..မသိဖူး
လေဗျာ..တဲ့ ..ရမ်းဆော်လိုက်တာ..ရှိရမှာပေါ့

တဲ့ … ကျနော်လည်း.. ပေါ့ပေါ့ပဲ
..သဘောထား လိုက်မိတယ် ….

အခုမှ ..အသေအခြာ..သုံးသတ်ကြည့်တော့..မှ … မြတ်စွာဘုရား..ကွန်မြူနစ်တွေရဲ့
… ရန်-ငါ-စည်း ..စိတ်ဓါတ်ကို … ထောက်လှမ်းရေးက ….
ကောင်းကောင်း..မီးမွှေး..အသုံးချ..လိုက်တာ … ဒီ..သံသယ .. စက်ကွင်းဟာ …
အတိုက်အခံ..ထဲကို … စိမ့်.ဝင်လာတာ … ပီဒီပီ တွေအထဲမှာထောင် ပြန့် လို့ နေ
ပါလား?

စစ်ကြောရေး..အဝင်ခံရဖူးသူတိုင်း..သိကြမှာပါ ….
ဖုံးမနေပါနဲ့ကွာ..ဘယ်သူကဘာတွေပြောပြီးပြီ ..ဆိုပြီး …. ထောက်လှမ်းရေးတွေ..
စိတ်ဓါတ်ကျအောင် စိတ်ရှုပ်ထွေးအောင် … သုံးတဲ့နည်းလေ … တခါ … တခါ..
ထောက်လှမ်းရေးတွေ .. ရမ်းမွှေ..လိုက်ရင် …ဒါမှမဟုတ် လံကြုတ်ဇာတ်လေး
..ထဲ့..ပေးလိုက်ရင် ..အချင်းချင်း ယုံထင်ကြောင်ထင်နဲ့ …. ညီညွတ်ရေးပျက် …
ဇာတ်တွေ ..ရှုပ်.. ကုန်ရော …. အတိုက်အခံ
ပြိုင်ဖက်..တွေ..အကြား..မကျေနှပ်မှု.ကို..အရင်းပြုပြီး ..အမြတ် ထုတ်တာ
..ထောက်လှမ်းရေး ..တွေ..လုပ်နေကြပဲ…. ရန်-ငါ-စည်း..ဆိုတဲ့..မီးဆ.. ကလေးက..
ရှိလေတော့ ..ထောက်လှမ်းရေးတွေ အတွက် .. ဝူး..ဆို..လေမှုတ်ပေးလိုက်..ရုံပဲ …
ကြာလာတော့ ..တယောက်ကိုတယောက် ..မယုံတဲ့.. သံသယ
..မျက်စိနဲ့..အရင်ကြည့်တတ်တဲ့ .. အကျင့်ဆိုးဟာ ..အတိုက်အခံတွေကြားမှာ
ဆွဲကပ် ..လာကြတယ် … မညီညွတ်.. ကြတာလဲ..မပြောနဲ့လေ ….

ထောက်လှမ်းရေးတွေတော်တာလား ..အတိုက်ခံတွေ ..ညံ့..တာလားတော့
..မပြောတတ်တော့ …

နောက်ကျနော်တို့ ဗမာတွေရဲ့ အကျင့်ဆိုးက..(စည်း) မစောင့်ကြဖူး … ရွာထဲမှာ …
မိန်မအချင်းချင်း မတဲ့လို့ … မိသားစုချင်းမတဲ့ကြရင်လည်း … အခွင့်ရတာနဲ့
..ဂျောက်တွန်းလို့ရရင် ဂျောက်တွန်း လိုက်ကြမှာပဲ … ဂျပန်ခေတ်က ..ဒီလိုနဲ့
..လူတချို့..ဘဝပျက် ..အသက်ဆုံးရှုံးခဲ့ကြရတယ် … အခု ..လည်း .. အခွင့်ရတာနဲ့
… စစ်တပ်လူ ..ဆိုပြီး..အတို့အထောင်လုပ်ဖို့ ..ဝန်မလေးကြဖူး … ဝမ်းနည်းစရာက
… conscious လို့ခေါ်တဲ့ ..စိတ်သန့်တာမသန့် တာ .. တရားတာမတရားတာ …
မှန်တာမမှန်တာ တွေနားမလည်..ကြဖူး … အထူးသဖြင့် ..ကွန်မြူနစ်တွေ အဖို့
..အမှန်တရား ..ဆိုတာက … ခေါင်းဆောင် ကြီးတွေရဲ့ ပုစပ် ကပြောတာ နဲ့ မော်
ပြောတာတို့ပဲကိုး …..

အခုလောက်ဆို … ရဲရဲနီ..ရဲဘော်ကြီး (၂) ဦး … အင်း..ဟင်း..ဆိုပြီး …
လေချင်တက်လို့ ကောင်းနေ ကြရောပေါ့ …. လူချ လိုက်ရလို့ အာသာပြေ အရသာ..ရှိ
နေကြရောပေါ့ …. ရဲရဲနီတွေနဲ့ ..မနီ့တနီ ..တွေရဲ့ ချီးကျူးစာတွေ ..ဖတ်ပြီး…
ငါးခူပြုံးလေးနဲ့ ..ကျေနပ်နေကြရောပေါ့ ..ဒါပေမဲ့..ဒီအလွှာ ..က တဆင့် …
ခပ်နက်နက်လေး..တွေးကြည့်ရင် … မိမိတို့ကို ဖျက်မဲ့ …မျိုစေ့..ကို
တိုးပွား နေခြင်း ..ဆို တာကို ..သဘောပေါက်ကြမယ်..လို့ ..မထင်မိဖူး …..

ယ္ခင့် ယ္ခင် တုန်းကလည်း …. ဗကပ ဥက္ကဋ္ဌ နဲ့ ပီကင်းပြန်တွေဟာ…
အဖေတရုတ်ကြီးတွေရဲ့ …. ဥပမာ ကိုယူပြီး …. ဖြူတ်-ထုတ်-သတ်
လုပ်စဉ်တုန်းကလည်း …. ရာဇဝင်..ရှိခဲ့တဲ့ … ရဲဘော် ဘတင် (ခ) ဂိုရှယ်..နဲ့
… ရဲဘော်ဌေး..တို့ကို …. နို့နံ့ ..မစင်တဲ့ …. တပ်နီလေးတွေက …
လူကြီးတွေရဲ့လည် ချောင်း သွေးနဲ့ ..ခြေထောက်ဆေး .. ခဲ့ကြတာကို ..ကြည့်ပြီး
…. ရဲရဲနီတွေ ကျေနပ်..ပီတိ..ဖြစ်ခဲ့..ကြတာပဲ … နောင်မှ … ဒီစိတ်ဓါတ်နဲ့
ဒီအကျင့်ကို ..မဖျောက်နိုင်ကြပဲ …. စစ်တပ် က …. လိုက်တိုက်နေတဲ့.. ကြားက …
အချင်းချင်းသတ်လို့ …. ဟင်္သာကိုးသောင်းပျက်တဲ့
..ကိန်းဆိုက်ခဲ့ရတယ်..မဟုတ်လား?

ပြည်တွင်း ..ငြိမ်းချမ်းရေးခေါ်တော့ ..နိုင်ငံရေးကျားကစားတာကို
..နားမလည်တဲ့ ..စစ်ဗိုလ်..တချို့ ..က ..ဗိုလ်ချုပ်နေဝင်းကို မေးတော့
..ငါ..ဘယ်သူဘာလဲဆိုသိချင်လို့ …ဖြေတယ် … တကယ်က .. ဗကပထဲမှာ …
ပြည်တွင်းစစ်ကို … ငြီးငွေ့လာတဲ့ … လူတွေနဲ့ … တင်းမာ
..သူတွေအကြား…ကွဲပြားမှု ရှိတာ … sit report မှာပေါ်မှာပေါ့ …. စားရေးသူ …
တွေးလို့ရတာကတော့ … ဗိုလ်ချုပ်နေဝင်းက …
ကျားတကောင်..ထိုးကျွေး..သုံး..ကောင်စားပြီး ..ကင်းယူတာပဲ …. ပထမ က ….
ပျော့ပျောင်းတဲ့သူ တွေကို .. မျှော်လင့်ချက်..ပေးလိုက်တာ ..အားပေးလိုက်တာ
… ဒါမှ အက်ကျောင်းပိုနက်..သွားမှာ .. ပြီး .. ပီကင်းပြန်တွေအကြောင်း …
ပိုသိရမှာ … နောက် ပြည်တွင်း ယူဂျီ..တွေအကြောင်း…ပိုသိခွင့် ရမှာ ….
ခါဂျင်အိမ်ကို ထုတ်နဲ့စွပြီး ..အပေါ်ကစီးကြည့်တာပဲ …. Risk တော့ရှိတယ် …

ထင်တဲ့ အတိုင်း … ရန်-ငါ-စည်း … စိတ်ဓါတ်ကို ..ရင်ဝယ်ပိုက်ပြီး …
ရန်-ငါ-စည်း မျက်စိနဲ့..ကြည့် တော့ … မိမိနဲ့မတူ ..သူတိုင်း…ရန်သူလာဖြစ်
..ကုန်ကြတာပေါ့ … တကယ်တော့ ဂိုရှယ်ဟာ ..သေတာတောင်
..အင်တယ်နေရှင်းနယ်သီချင်းဆိုရင်း ..သေသွားရှာတဲ့ ..ကွန်မြူနစ်ပဲ … ကွဲတာက
ဥက္ကဋ္ဌ သ္ခင်သန်းထွန်းနဲ့ ..အမြင်ချင်းကွဲကြတာပါ …ဒါကြောင့် ..ဒေါ်စုက …
မိမိနဲ့မတူ ..သူတိုင်း ရန်သူ အနေနဲ့ ..မမြင်ဖို့ပြောရတာပါ …. ရန်-ငါ-စည်း
… စိတ်ဓါတ် ကို အသေစွဲ.. ကိုင်ထားရင် … အချင်းချင်း အမြင်မတူတာနဲ့
ရန်သူလို့ ..လွယ်လွယ်သတ်မှတ်..လိုက်ကြတော့ … အတွင်းလှိုက်စား ….
ညီညွတ်မှုပျက်ပြား .. နိုင်ငံရေး..ဘဝ..ပျက်တတ်ပါတယ်။

ဖဆပလ က အင်္ဂလိပ်နဲ့ ..စကားပြောတော့ … ဗိုလ်ချုပ်အောင်ဆန်းရဲ့ ..လုပ်ကွက်ကို
ကြည့်ရအောင်

… ဗိုလ်ချုပ်ဦးဆောင်ပြီး.. (ရ) အောင် ဆွေးနွေးသူတွေ..ရှိသလို … (မရ) ရင်
(ချ) ဖို့ … ပြင်ဆင်တဲ့ သူတွေက ပြင်ဆင်ကြရတယ် …. ရှင်းရှင်း ပြောရရင် ..
ဗိုလ်ချုပ် က … ရန်-ငါ-စည်း စိတ်ဓါတ်ကို ရှေ့တန်းတင်မလာတော့ ..အချင်းချင်း
… စိတ်ဝမ်းကွဲ..စရာမရှိ … အားလုံး.. ရည်မှန်းချက် ..အတူတူ ..
ကိုုယ့်အလုပ်ကိုယ်လုပ်ကြရတာပဲ …. ညီညွတ်တော့ ..အားရှိတယ် … အားရှိတော့
ရန်သူက.. လေးစားရတာပေါ့ … ဗိုလ်ချုပ်ကိုယ်တိုင်က (ရ) ဖို့
..ဥိးဆောင်နေတာကိုး … ဗိုလ်ချုုပ်တို့ကိုချတာ ..
ဆဲတာကွန်မြူနစ်တွေပဲရှိတယ် ….

ဗိုလ်ချုပ်နဲ့ သခင်သန်းထွန်းတို့ ခေါင်းဆောင်မှု..ချင်းကွာတယ်နော် …
စိတ်ဓါတ်ချင်း..ကွာတယ်.

ဗိုလ်ချုပ် က မနာလိုစိတ် ..မရှိ … နိုင်ငံရေး ..ဖျံပေမဲ့ ..sincere
ဖြစ်တယ် honest ဖြစ်တယ် …. (သိပ်လေးစား ..သိပ်ချစ်ဖို့ကောင်းတယ် …
လူငယ်လေးတွေ အတုယူဖို့ ..သတိပြုစေချင်တယ်)

အောင်ဆန်းအက်တလီ..ဆွေးနွေးပွဲ..သွားတော့ … ဦးတင်ထွဋ် တို့ ..ဂဠုန် ဦးစော
တို့ကို ဘုရင်ခံက ထဲ့တာ …. ဗိုလ်ချုပ်အောင်ဆန်း သခင်မြ တို့က ဖဆပလ
ကိုယ်စလှယ်တွေ .. ဦးကျော်ငြိမ်းက ဖဆပလ အထွေထွေအတွင်းရေမှုး..
ဝန်ကြီးမဟုတ်တာကြောင့် ..ဗိုလ်ချုပ် က ဗိုလ်ချုပ်ရဲ့ အတိုင်ပင်ခံ ဆိုပြီး
ခေါ်လာရတယ် … ဦးတင်ထွဋ် က ဘုရင်ခံ..အင်မတန် အားကိုးရတဲ့ ..အိုင်စီအက်စ် …
သခင် သန်းထွန်းရဲ့ .. ရန်-ငါ-စည်း … စိတ်ဓါတ်..နဲ့ကြည့်ရင်
..ရန်သူ့လက်ပါးစေ ..ရန်သူပေါ့ … ဗိုလ်ချုပ် က သည်လိုမမြင်ဖူး … ဗမာပညာတတ်
ဗမာလူတော်..လို့မြင်တယ် … အင်္ဂလိပ်အစိုးရရဲ့ ..လုပ်တုန်း လုပ်နည်းတွေ ….
ဘတ်ချက်တို့စီးပွားရေး … အသေးစိပ်တို့ကို .. ဦးတင်ထွဋ် အကူအညီ နဲ့
ဗိုလ်ချုပ်ရော .. သခင်မြရော .. ဦးကျော်ငြိမ်းတို့ ပိုသိမြင်ခဲ့ရတာ …
ဒါကြောင့် ဗိုလ်ချုပ်က ဆွဲခေါ်လာပြီး … လွပ်လပ် ရေးရတော့
..နိုင်ငံခြားရေးဝန်ကြီးက .. ဦးတင်ထွဋ် … ဒီဖက်ခေတ် အခြေအနေနဲ့ကြည့်ရင် …
ဗိုလ်ချုပ်သန်းရွှေနဲ့ ..ဆွေးနွေးပွဲမှာ … ဒေါ်စုက … ဗိုလ်ချုပ်ခင်ညွန့်ကို
ဆွဲစားပြီး .. ဘယ်ဘက်မှာထိုင် ခိုင်းပြီး.. ဦးဏှောက်ဖေါက်စားသလိုပေါ့..
(မှတ်ချက်။ တကယ်များဖြစ်ခဲ့ရင် ရန်-ငါ-စည်း သမားတွေ
ဖင်ဆောင့်ဆောင့်ပြီး..ဆဲ..လိုက်ကြမည့်ဖြစ်ခြင်း .. ဥါဏ်မှမမှီကြတာကိုး)

ကွန်မြူနစ်တွေအဖို့ … တရားတာ..မတရားတာ … ဟုတ်တာ..မဟုတ်တာတို့ ….
ဖြစ်နိုင်..မဖြစ်နိုင်တို့ .. ကိုထဲ့သွင်း ..စဉ်းစားတတ်တာမဟုတ်ဖူး …
ရန်-ငါ-စည်း ..အမြင်အရ … ရန်သူလို့သတ်မှတ်သူ ..ဒါမှမဟုတ် …
အမြင်မတူသူ..တွေဆို … ရန်သူပဲ… ဒါကြောင့် အခွင့်ရတာနဲ့ … နံမည်တတ်စွပ်စွဲ
..လာကြတယ် …. ထောက်လှမ်းရေးဆိုတာက ..သူ့အလုပ်သူလုပ်ကြတာပဲ … ရရင်ဆွဲစားမယ်
… အခွင့်ကြုံရင် … ကွဲအောင် ဝင် (ဖွ) လိုက်မယ် … ပေါ့ …

ဗိုလ်ချုပ်မြ..လိုလူမျိုးကိုတောင် ..ဝင်လုံး..သေးတာပဲ …
ဗိုလ်ချုပ်မြကြီးလည်း .. သူ့အဖွဲ့ အစည်း..အကျိူး .. သူ့လူမျိုး
..အကျိုးအတွက် … ဗိုလ်ချုပ်ခင်ညွန့်နဲ့တွေ့တာပဲ … ကွန်မြူနစ်တွေလည်း …
ဗိုလ်ချုပ် နေဝင်း..လူတွေနဲ့..တွေ့ကြတာပဲ … ဒါနိုင်ငံရေးမှာ … ဖြစ်စဉ်တခု
.. တာဝန်တခုပဲ … တွေ့တိုင်း …စကားပြောတိုင်း .. စစ်တပ်လူ..ဖြစ်ရရောလား?
စစ်တပ်သူလျှိုဖြစ် ..ရရောလား? ရန်-ငါ-စည်း ကိုအသေကိုင်စွဲ
ထားသူတွေအဖို့…အတွက်ကတော့ … သံသယ.. ဆိုတာက ..ဖုံးလွှမ်းထား တော့…
လူတိုင်းဟာ ရန်သူပေါ့ … ကိုယ်နဲ့ အမြင်မတူ.. သူတိုင်းဟာ ..ရန်သူ့လူကြီးပဲ
….

မသိလို့..မေးလိုက်ချင်တယ် ..ဗိုလ်ချုပ်မြ .. ရန်ကုန်..သွားတုန်းက..
ဘာကြောင့်..ရဲရဲနီ… ရဲဘော်ကြီးတွေ …ရဲရဲတောက်.. မရေးရဲတာလဲ? မဲဆောက်မှာ
နေပြီး.. ပေါက်ကရ ..စွပ်စွဲ..ရင် … ခေါင်းနဲ့ကိုယ်..အိုးစားကွဲသွားမှာပေါ့
… သေနပ်ရှိတဲ့သူကိုတော့ ကြောက်တတ်သား ….

စာရေးသူလည်း.. ရှင်းပြပြီးပေမဲ့ ..ကွန်မြူနစ်..ဆိုတာကတော့ … အမြင်မတူရင်
ရန်သူလို့ပဲမြင်ကြ တော့ ..လစ်တာနဲ့
….နောက်ကျောကိုဓါးနဲ့..ထိုးဖို့က..အဆင်သင့် …. စာရေးသူကို..စွပ်စွဲ..ဖို့က
.. စာရေးသူဟာ ..ရန်ကုန်သို့လည်း..မသွားခဲ့… ဗိုလ်ချုပ်အောင်ဆန်းရဲ့
..ရရင်ရ..မရရင်ချ..ပေါ်လစီ.ကို လက်ခံသူဟု အတိအလင်းရေးခဲ့သူ …..
နောက်စာရေးသူဟာ ..နိုင်ငံရေးဖြစ်ရပ်တွေကို ….နိုင်ငံရေးအကွက်နဲ့
..ကြည့်တတ်တယ် ..

ဘာကြောင့်လဲ?

နိုင်ငံရေးအကွက်..အနောက်မှာ ..ဗျူဟာ ရှိတယ် .. ဒီ့နောက်မှာ ..
အတွေးအခေါ်နဲ့Vision ရှိလို့ပါ..

ရွေးကောက်ပွဲ …ကာလကို ..တချက်ကြည့်ရအောင် ….

ရွေးကောက်ပွဲ …မတိုင်ခင် ကာလ မှာ..ဖြစ်ရပ် နှစ် ခုဟာ ထင်ရှား..ခဲ့တယ် …
ဇင်ဘာဘွေ နဲ့…အီရန်

ဇင်ဘာဘွေ မှာ မူဂါဗီ ဟာ ရွေးကောက်ပွဲဝင်လာတဲ့ အတိုက်အခံ
မော်ဂင်ချန်ဂရိုင်းကို နိုင်ဖို့ဗြောင် .. ညစ်ရ ..ရိုက်ရတယ် ….
ထို့နည်း၎င်းပဲ …အီရန်မှာ … လူမြင်မကောင်းအောင် ညစ်ရတယ် … နောက်တခုက ….
ရွေးကောက်ပွဲ..ဝင်တာနဲ့ … စည်းရုံးခွင့်..ရမယ် … အီရန်မှာ ..ရွေးကောက်ပွဲ
မတိုင်မီ လူထုစည်းဝေးပွဲတွေကို တားစီးလို့မရ … ဒီစည်းဝေးပွဲတွေက
အရှိန်တက်လာကြတာ … အင်န်အယ်လ်ဒီ NLD .. လူထုနဲ့ ထိတွေ့ခွင့်ရမယ် ….
ပွဲကြမ်းမယ်.. risk များတယ် .ဒါပေမဲ့.. ..အကွက်လှတယ် အင်န်အယ်လ်ဒီ
NLD..နိုင်ရင် (၉၀) ရလဒ် … (၂၀၁၀) ရလဒ် ကို ကိုင်ပြီး
တောင်းဆိုသောင်းကြမ်း ပေတော့ … ညစ်လို့..ရှုံးလည်း .. (၉၀) ရလဒ် ကို
ကိုင်ပြီး အော်..လို့ရတယ် … ဒါကိုကျနော် မြင်ပြီး … NLD ဝင်ပါလို့ ကျနော်က
ရေးခဲ့တာ …. တကယ့်ကို win-win-situation ကြီး အီရန်ကို ကြည့်ပြီး
ကျနော်စိတ်လှုပ်ရှားခဲ့ရတာ ..အမှန် …. ဒါက ဗျူဟာမျက်စိနဲ့ကြည့်တာ …..

ကျနော်တောင်….မြင်မှ..တော့ … ဗိုလ်ချုပ်သန်းရွှေ..လည်း..မြင်..မှာပေါ့ ….

ဗိုလ်ချုပ်သန်းရွှေဟာ ..ကြည့်တော့ နုံတုံတုံအတတ .. အူတူတူ .. မခုပ်တတ်တဲ့
ကြောင် …ခေါင်းထဲမှာ… ဥါဏ်ကြီးပဲ … အင်မတန်..လျှင်တဲ့ ..ဗျူဟာမှူး.. good
strategist ..

ဒီတော့ ..ပထမ..အကွက်က..ဘာကို ..စ..ရွှေ့သလဲ?

ဦးဝင်းတင်..ကို အစောကြီး..ကြို..လွှတ်ပေးလိုက်တယ် ..
စာရေးသူက..ပထမ.အစဉ်းစားကြပ်သွား တယ်? နိုင်ငံရေးမှာ .. အသားလွှတ်
..မရွှေ့ဖူး …. ဦးဝင်းတင် …ရဲ့ရပ်တည်ချက် က ..(မူအပေါ်ရပ် တယ်) …
(ဒူးမထောက်ကြေး) ..(မာတယ်) ..စသည်စသည်ဖြင့်ပေါ့ …. တဖက်ကလည်း …
အန်ကယ်ကြီးတွေကို ..ဝင်ပါလို့ ..မျက်စိမှိတ်ပြ..လိုက်တယ်..လို့ထင်တယ် …
တဖက်ကဝင်မယ်ဆို ရင် … တဖက်က..မဝင်ဖို့ … ပိုကြိုးစားလာရတော့မယ်လေ …. NLD
ထဲမှာ.. အပင်းထဲ့..ပေး လိုက် တာ … ရန်တိုက်ပေးလိုက်တယ် …. တဖက်ကလည်း …
ဝင်ကြပါ .. ဝင်မှ credibility ရှိမယ် ..တရား ဝင်မယ်
..ဆိုပြီး..တောခြောက်..တောလှန့်..ပေးလိုက်တော့ ..မဝင်ဖို့ဖက်က …
ပိုခံပြင်း.. ပိုအတိုက်ခံ လုပ် … ပိုပြင်းထန်လာကြတယ် …. ပိုသေခြာအောင် …
ထိုင်းနိုင်ငံရဲ့ ..ပုံစံကို ယူပြီး … ဥပဒေနဲ့ ..ညစ်ပြ ..လိုက်တယ်..အမှန်က
… မာန..ကိုကလိ..ကစားလိုက်တာပါ … ဝင်ချင်ရင်တောင်..မဝင်နိုင် အောင်
..အောက်စည်းနဲ့..ဝင်ဆိုတော့ … ဘယ်သူမှ…ရာဇဝင်..တရားခံ..မဖြစ်ချင်ကြတော့
..မဝင်ဖူးကွ …ဒါပဲ..သန်းရွှေရ..ဆိုပြီး ..ရင်ကော့ပြီး …. ထွက်ထိုင်ခဲ့ကြတယ်
….

အတိုက်ခံတွေ ..အမြင်မှာ..ငါတို့မှန်တယ် .. မူအပေါ်.ရပ်တယ် …. သတ္တိရှိတယ် ..
ပေါ့ .. (မူ) နဲ့ (သိက္ခာ) အရ ..ငါ..တို့ (နိူင်) ..လိုက်ပြီ…
ဗိုလ်ချုပ်သန်းရွှေ ဝင်စေချင်တာ မဝင်ဖူးကွ ..
ရန်-ငါ-စည်း..သမားတွေ..အတွက်ကတော့ … နိဗ္ဗန်ပေါ့ …. ဒါက..အဆင့် တခုကကြည့်တာ
…..

ဗျူဟာမျက်စိ ကိုသုံးတဲ့အဆင့် … တခုက..ကြည့်ရင် ….
ဘယ်ခြောက်ခါညာလှမ်း..အတိုက်ခံတွေကို ..မျက်လှည့်ပြပြီး … အားလုံးကို
..သူလိုချင်တဲ့ ပုံ… ကျုံးသွင်းသွားတာဗျို့ … အားလုံးက..ဝိုင်းဆဲ..
နေကြတဲ့ …အရူးကြီး … ငပေါကြီးဆိုတဲ့.. ပေါတာကြီး..သန်းရွှေက …
သုူလိုချင်တဲ့ ..ပုံ..သူ ဖေါ်.သွားတာပဲ… သူ့လူတွေ တောင် ..အကုန်မပြော
..တယောက်ကို..တမျိုးပြောပြီး … သူ .. တယောက်ထဲ..ကစားသွားတာ ….
ဂျင်အပေါ်ကထုံးအစစ် ….

သာမာန်..လူပိန်းတွေး..တွေးရင် …၁၉၉ဝ တုန်းကလို … ပါတီများများဝင်မှ
..ပို..တရားဝင်မယ် … ပိုကြည့်ကောင်းမယ် စသည်ဖြင့်ပေါ့ …. ၁၉၉ဝ က တကယ် တော့
ဒီမိုကရေစီ..ဆိုတာ … ရှုပ်ထွေးမှု chaos ဆိုတာကို ဖေါ်ထုတ်ချင်လို့ …
မဲဆန္ဒရှင်..တွေရှုပ်ထွေးအောင်..လုပ်တာ … မဲဆန္ဒရှင်.တွေ က .. ဒေါ်စုမှ ဒေါ်စု
ဖြစ်လို့ … ပွဲမလှ .ဖြစ်ကုန်တာ ….၂၀၁ဝ မှာက ..နည်းနည်းနဲ့ ..ရှင်းရှင်း..
လေးကစားတာ … မဲမရတဲ့ ..နေရာတွေမှာ ..ညစ်ပုံကလည်း ..သိပ်ယဉ်တယ် … မကြမ်းဖူး
… ဘယ်ကမှန်း..မသိတဲ့ … ကြိုတင်မဲတွေ.ရောက်လာတယ် ….

တဖက်က..ဝင်စေချင်သယောင် ..ဟန်ဆောင်ပြီး ..တကယ်ကမဝင်စေချင် … မဝင်မှ ..
ပွဲလှမှာကိုး

ဟော …အခု အတိုက်ခံ..မရှိဖူး..လို့လည်း မပြောနိုင် …
ပြောရဲ..လောက်အောင်လည်း … အင်အားမရှိ … ချည်ပြီးး..တုပ်ပြီးသာ… ဟဲဟဲ …
စည်းကမ်းရှိသော … ဒီမိုကရေစီ..နိုင်ငံကြီးကို..ချီတက်ကြစို့လေ …
ဗိုလ်ချုပ်သန်းရွှေ .. လိုချင်တာ တဲ့ အကွက်ဟာ ..အပြီးမှ ..ပုံပေါ်လာတယ် …

စာရေးသူအပါအဝင် ..အများက ..အင်န်အယ်ဒီ ရွေးကောက်ပွဲ
..ဝင်ရေး..မဝင်ရေးကိုပဲ ..အာရုံစိုက်နေကြတယ် … မည်သူကမှ … မဝင်ရင် ..ပါတီ
register မလုပ်ရင် အင်န်အယ်ဒီ ..တရားမဝင်..တော့ဖူးဆိုတဲ့ … အကွက်ကို
မမြင်ခဲ့ဖူးလို့ပြောလို့ရမယ်..ထင်တယ်.. ၂၀၁ဝ ရွေးကောက်ပွဲ..ဟာ ..၉ဝ ရလဒ်
ကို ဖျက်ပစ် တဲ့ အပြင် .. အင်န်အယ်ဒီ .. တရားဝင်မှု ကိုပါဖျက်ပစ်လိုက်တယ် …
ဒီအကွက်ဟာ ..စစ်အစိုးရ.အတွက် .. အပို.အာမခံ..ဖြစ်တယ် … လိုအပ်ရင် …
သုံးဖို့ ..ချန်ထားတဲ့..အကွက်လို့..မြင်မိတယ် …. လောလောဆယ် … အေးဆေး
နေရင်..ဘာမှလုပ်စရာမလို …. အကယ်၍ ..ထိပ်တိုက်ရင်ဆိုင်မှု … ဖြစ်လာခဲ့ရင် ..
အင်န်အယ်ဒီ ကို ကိုင်နိုင်အောင် .. တကွက်ကြို ကန်ထားတာလို့ ..ယူဆနိုင်တယ်
….

ဆန်ဇူးကပြောတယ် … ရန်သူ့အကြောင်းကို … သိပါစေ … ကိုယ့်အကြောင်းကို
..ကိုယ်သိပါစေ … တဲ့ .. ပေါတာကြီး..သန်းရွှေက..
အတိုက်အခံ..တွေအကြောင်း..အတိုက်အခံ.တွေထက်..ပိုသိနေ ပုံရ တယ်.. အမှန်က …
စိတ်ဓါတ်စစ်ဆင်ရေး..တပ်ဖွဲ့မှာ ..လုပ်လာတော့ .. အနီတွေရဲ့…ရန်-ငါ-စည်း ..
စိတ်ဓါတ်ကို …. ကောင်းကောင်းသိပုံရတယ် …. ဘယ်အကြောနှိပ်ရင်
..ဘယ်လက်ထောင်မယ်.. ဆိုတာ..သိနေတာကိုး ….

အတိုက်အခံတွေရဲ့..ပြဿနာက …. လက်ဝဲသူငယ်နာမဆင်သေးတဲ့ .. အနီတွေရဲ့ …
လောင်းရိပ်အောက်က ..ခုထိ..မထွက်နိုင်ကြသေး…. နဲနဲလေးဖြစ်တာနဲ့ … မာတယ်ကွ
..မူအပေါ်ရပ်တာဟ … ဒင်းတို့က သစ္စာဖေါက်တွေ … သာယာစီးတွေ … စစ်တပ်သူလျှိတွေ
… ဆိုပြီး..ဟိုလူ့လက်ညှိုးထိုး..ဒီလူ့လက်ညှိုး..ထိုးရင်း…
စိတ်အာသာဖြေနေကြတာ … နောက်ဆုံး အဖြေရှာလိုက်ရင် ဘာရလဒ်မှ ..မပြနိုင်ကြဖူး
…. နောက်အနှစ် (၂၀) အော်ရင်း … အသက်ကြီးပြီး သေသာသေကုန်ကြမယ် ….
ရန်-ငါ-စည်း ကတော့လျော့မှာ အဟုတ်ကြဖူး …

မေးစရာရှိတာက .. နိုင်ငံရေး..လုပ်တာဟာ … မိမိစိတ်အာသာပြေဖို့လား?
တိုင်းပြည်အတွက်လား? အနှစ်(၂၀) ..ကျော်အော်လာကြတာ ..ဘာထိရောက်မှု …
ဘာတိုးတက်မှုရှိသလဲ? လို့မေးမိကြရဲ့ လား? နောက် မျိုးဆက်နှစ်ဆက်လောက်ဆိုရင်
…ဗမာနိုင်ငံမှာလည်း..ကွန်မြူနစ်တွေရှိတော့မယ် မထင်…

ဗျူဟာ..နားလည်တဲ့ သူတွေက … အကွက်နဲ့..ရွှေ့တယ် … ထောင်ဖမ်းတယ်… တောခြောက်
ဖမ်းတယ် … စိတ်ခံစားမှု .. အီမိုးရှင်း ..မရှိဖူး ..
ဆိုတာကို..နားမလည်ကြဖူး …. ဆေးစွဲတဲ့ သူတွေဟာ … တဒင်္ဂခဏ စိတ်ချမ်းသာမှုကို
…. မထိမ်းနိုင်ပဲ ..ထွက်ပေါက်ရှာကြသလို …. လက်ဝဲအစွမ်း ရောက် တွေ ..ရဲ့ …
အားနဲချက် က … ရန်-ငါ-စည်း …စိတ်နဲ့ … (ငါ) ဆိုတဲ့ …
မာန..ကိုထောင်လိုက်ရမှ .. စိတ်ငြိမ်သွားကြတော့ …. အနီ..တွေကို
…သိမ်းသွင်းချေမုန်းခဲ့ဘူးတဲ့.. ဗိုလ်ချုပ်သန်းရွှေ.. အတွက် လွယ် သွားရတာပါ
…..

ရန်-ငါ-စည်း …စိတ်နဲ့တွက်ရင် … အဖြူ..နဲ့ …အမဲပဲ ရှိတယ် … ကြားက
..မီးခိုးရောင်တွေ … ဘာတွေမရှိဖူး … မသိချင်ဖူး … ဒါကြောင့်
..ပရိယာယ်အကွက်..ဆင်..ထောင်ဖမ်းရတာလွယ်.. ကူတယ် .. လောကကြီးဟာ … ထင်တာထက်
…နက်နဲ..ရှုပ်ထွေး..တယ်ဆိုတာ ကို..လက္ခံချင် ကြပုံမရှိ .. capacity
နဲတာလည်း..ပါပါတယ် ….

အနီတွေရဲ့..အတွေးအခေါ်..အကျင့်အကြံ..တွေရဲ…လောင်းရိပ်..အောက်က..မထွက်နိုင်သ၍
…မိမိက ..တဗန်းရှုံးပြီးသား ……

တရုတ် စစ် ဗျူဟာပညာရှင် ဆန်ဇူး က သင်ကြားသွားတဲ့ အထဲမှာ … ရန်သူကို ..
မတိုက်ရပဲ … နှိပ်ကွပ်နိုင်ခြင်း (သို့) စစ်အောင်နိုင်ခြင်း ..ဟာ …
အရည်အသွေးစွမ်းရည်၏ အကောင်းဆုံး အမြင့်ဆုံးဟု …မှာကြားသွားပါသည်။
တချိန်ထဲမှာ … စစ်ပွဲတိုင်းဟာ .. (လှည့်ဖျား) မှု ဟုလည်း
မိန့်ကြားခဲ့ပြန်တယ် ….
၂၀၁ဝ ရွေးကောက်ပွဲမှာ …. ဗိုလ်ချုပ်သန်းရွှေက … တကယ်က… ညာချိုးစေချင်တာ …
သို့သော် ..ဘယ်ချိုးစေချင်သယောင် … ဖိန့်ဖိန့် ..လုပ်ပြလိုက်တော့ …
ရန်-ငါ-စည်း … ခေါက်ရိုးကြိုးနေတဲ့ .. အတိုက်ခံ…တွေက … သူဖြူရင် ..ငါမဲ …
သူမဲရင်..ငါဖြူ..ဆိုတဲ့… လှေနံဓါးထစ် .. တလမ်းသွား ..အတွေးအခေါ်နဲ့ …
အလံထောင်ပြီး … ညာချိုးကာ ..ရဲရဲကြီးချီတက်..သွားကြတော့… ဗိုလ်ချုပ်
သန်းရွှေ..တယောက်..မပင်ပန်းပဲ ..လက်ပိုက်ကြည့်နေရုံပဲ…

ဒါ..ကျနော်..ဥါဏ်မှီသလောက်လေး … တွေးကြည့်မိတာပါ။

ဒီနေရာမှာ ..ကျနော်ဒေါ်စု..ကို အပြစ်..မတင်ရက်ပါ …. ဗိုလ်ချုပ်သန်းရွှေ က
…အားလုံးကို ..ခူးပြီးခပ်ပြီးမှ ..ဒေါ်စုကိုကပ်ပြီး … လွှတ်ပေးလိုက်တာ….
ဒေါ်စုကို..ရွေးစရာ..လမ်း..မရှိအောင် .. အကွက်ဆင်ပြီးပြီ … ကျနော်က .. (လူ)
ထက် (အတွေးအခေါ်) ကို ပို အပြစ်တင်ချင်တယ် … ဒီ..ရန်-ငါ-စည်း
အတွေးခေါ်..အမှားကြီး ..ကို ရင်မှာပိုက်ပြီး … နေရာတကာ..ဒီပေတံနဲ့တိုင်း ..
ဒီပေတံနဲ့ ဆုံးဖြတ် ..နေကြရင် ..ဆက်မှား..နေကြဦးမှာပဲ …
သခင်သန်းထွန်း..တို့ကို .. ဂျောက်ထဲ..တွန်းချခဲ့ တာ..လည်း
..ဒီ.စိတ်ဓါတ်..ဆိုး..တွေပဲ …

ကျနော် ..ဖြေးဖြေးခြင်း … လူကြီးတွေလည်း ..ဘယ်လိုးမှား ..ခဲ့ကြတယ်ဆိုတာကို
..ဖေါ်ထုတ်..တင်ပြ …ဆွေးနွေးသွားပါ့မယ် ….

အတိုက်ခံတွေ..ရင်ဆိုင်..နေရတာက … စစ်တပ်နဲ့ ..စစ်ဗိုလ်တွေ …
စစ်တက္ကသိုလ်.. အများစုမှ … ဆန်ဇူးရဲ့ ..ဗျူဟာအတွေးအခေါ်ကို … သင်ကြားကြရတယ်

စစ်ဗိုလ်တိုင်းဟာ … စစ်ဗျူဟာ … စစ်ပွဲပလင် … ပြင်ဆင်မှု … logistic မရှိပဲ
..စစ်တိုက်လို့မရ…
အတိုက်အခံ ..အများစုက … စိတ်ခံစားမှု နဲ့ … အတင်း..ကျား..တက်ထိုးချင်ကြတာ
… ရန်သူ့.. ထောင်ချောက် ကိုမမြင်လိုကြ ….

စစ်ပွဲမှာ … ရင်ဆိုင်..မတိုက်တိုင်း ..သတိ္တမရှိတာမဟုတ် ….

ရောမခေတ်က ..ဟန်နီဘား ..ဟာ ..စစ်တိုက်တော်ရုံမက … ရောမ သားတွေကို
အသေမုန်းတယ် ..ထိပ်တိုက်စစ်ပွဲ ..အကြိမ်ကြိမ်ရှုံးတော့ …ရောမတွေက
..ထိပ်တိုက် ..စစ်မဆင်နွှဲတော့ … တဖြည်းဖြည်း ..ရှောင် တိုက်ရင်း …အမှဲ့
ချွေ ချွေ..သွားပြီး..အားယုတ်လာမှ ..အပြတ်ရှင်းတာ ….

ဒါကြောင့်..စာရေးသူဟာ … အကွက်..ကိုသတိရှိတာပါ … အကွက် ..က တဆင့်..ဗျူဟာ
ကိုခန့်မှန်း လို့ရပါတယ် ….

လူငယ်လေးတွေ ..ဗျူဟာ..သတိ..ရှိနိုင်ကြပါစေ …

လူငယ်လေးတွေ … သတိပြုနိုင်ရန် .. ဆန်ဇူးရဲ့ .. ဟောာကြားချက် တချို့ကို
ဖေါ်ပြလိုက်ပါတယ်

Sun Tzu Quotes
All war is based on deception.
All men can see these tactics whereby I conquer, but what none can see
is the strategy out of which victory is evolved.

Be extremely subtle, even to the point of formlessness. Be extremely
mysterious, even to the point of soundlessness. Thereby you can be the
director of the opponent’s fate.

For to win one hundred victories in one hundred battles is not the acme
of skill. To subdue the enemy without fighting is the acme of skill.

ဘိုဘိုကျော်ငြိမ်း
ချင်းမိုင်
ဧပြီလ .. ၁၅ရက် ၂၀၁၁

To be continued … ဆက်ရန်ရှိပါသည် ….

=================================================

အနီတွေ..မသိသေးတဲ့ အတွင်းလှိုက်စားမှု ….

ကွန်မြူနစ်..အတွေးအခေါ်ဆိုတာက .. ခိုင်းတာလုပ်..စေရာသွား … ပြန်မပြောနဲ့ ..
ဗဟိုစကားနား ထောင် … ခေါင်းဆောင်ကြိးတွေ..ပြောတာအမှ

န် … ဆိုတဲ့..တလမ်းသွား
… ကျွန်နဲ့သခင် master-slave ဆက်ဆံရေးကိုး …. ဒိအပြင် … ရန်-ငါ-စည်း
ကိုအသေကိုင်ထားပြီး … သူရဲကောင်းဝါဒ..ကို စောင်းပေးထားတာကြောင့် ..
အဖမ်းခံရရင်လည်း ..မာမှ..အသေခံမှ ..သူရဲကောင်း..ဖြစ်ကြတာကိုး

ဗမာကွန်မြူနစ်တွေ မသိသေးသဘောမပေါက်သေးပုံရတဲ့ အတွင်းလှိုက်စားမှု ..
ကိုဖေါ်ထုတ်ပြပါရစေ … သဘောတားချင်း..မတူကြပေမဲ့ … ၄၈၂၈
အဖွဲ့ကိုတော့ချီးကျူးမိတယ် … အန္တရာယ်ကြားက ထေက်လှမ်းးရေးတွေရဲ့
မျက်ခုန်းမွှေးပေါ်မှာ ..စင်္ကြန်လျှောက်ခဲ့သူတွေပါ .. သူတို့ရဲ့ ဖေါက်ထွင်း
နိုင်မှုဟာလည်း..နက်ရှိုင်းတယ်လို့ ပြောနိုင်ပါတယ် ….သူတို့ရဲ့သတ္တိ ..
အောင်မြင်မှုကို အလေးမပြုပဲ မနေနိုင် …. ၄၈၂၈ တွေ အဖမ်းခံကြရ …. ၄၈၂၈
ခေါင်းဆောင် အဖမ်းခံရ အပြီး.. တခြားသူ တွေ..အဖမ်းခံရတယ် ..စသည်ဖြင့် ..
တီးတိုးဝေဖန်..သံတွေကြား.ရ..ပြန်တယ် …. ပြီး ၄၈၂၈ တွေ ထိုင်ကုန်ကြတယ် ….
ထောင်ကအထွက် … ပါတီနဲ့… ဝေးကွာသွားကြတယ် …

ဘာကြောင့်လဲ?

ကွန်မြူနစ်တွေရဲ့ .. ဝသီ က သူရဲကောင်းဝါဒကို စောင်းပေးတယ် … သူရဲကောင်းဝါဒ
နဲ့ ဝါဒဖြန်ချီရေး ပေါင်းလိုက်တော့ .. larger than life သူရဲကောင်း
တွေဖြစ်ကုန်ရော …. တခါ ..မျှော်လင့်ချက်က လည်း ..လိုအပ်တာထက် …
ကြီးမားလာကြပြန်ရော …. ဒါကြောင့် …. နဲနဲလေး သံသယ..ရှိတာနဲ့ ..
ရန်-ငါ-စည်း …စိတ်ဓါတ်ဆိုးကြီးနဲ့ …. ဖုတ်ဆိုပြစ်ချ ..ပြစ်ပယ်လိုက်ကြတယ်
…. ရက်စက်ရုံမက ..အင်မတန် … ဥါဏ်နဲ ..တာလို့ပြော..လို့ရတယ် … ရလဒ် က
..ဘယ်သူတွေ..ထပ်ပြီး ..ပါတီ အတွက် စွန့်လွှတ် .. လို..တော့မှာလည်း ….
ဒါကြောင့် … ၄၈၂၈ တွေပြီး ကတည်းက … ယူဂျီပါတီ ပါဗျ လို့ကျွေးကျော်ထားတဲ့
..ပါတီမှာ ပြစရာ ..ဘာမှမရှိကြတော့ ….ထာဝရ..မြေအောက်ပါတီ .ဖြစ်သွားကြပါပြီ
….

တဖက်မှာ … ၂၀၀၈ အမေရိကန် သမ္မတ..ရွေးကောက်ပွဲမှာ ..အိုဗါးမား..ရဲ့ပြိုင်ဖက်
.. ဂျွန်မက်ကိန်း ရဲ့ဇာတ်လမ်းကိုကြည့်ကြရအောင် ….
ဂျွန်မက်ကိန်း..ရဲ့..အဘိုးနဲ့ ဖေက..ရေတပ်ဗိုလ်ချုပ်တွေ … ဂျွန်မက်ကိန်း
..ရဲ့ ရေတပ်လေယဉ်..အပြစ်ချခံရတော့ .. ဂျွန်မက်ကိန်း ရဲ့
..အဖေကထိပ်တန်းရေတပ် ဗိုလ်ချုပ် …
သားနဲ့မျှားပြီး..စောစောလွှတ်ပေးမယ်ဆိုတာကို ဂျွန်မက်ကိန်း က လက်မခံခဲ့ဖူး
.. ဒါပေမဲ့ ..သူ့ကိုနှိပ်စက်တော့ ..(ငါ
..အရှုံးပေးခဲ့ရတယ်လို့..ဝန်ခံထားတယ် ) I was broken လို့ ဆိုတာပါ …
ဆိုဗီယက် စတာလင်ရဲ့ ထောက်လှမ်းရေး..အကြီအကဲ ..ဘယ်ရီးယား..ကကြွားဖူးတယ် ..
၂၄နာရီ ..အတွင်း..ဘယ်သူကိုမဆို … ငါဟာအဂင်္လန်ရဲ့ …
ဧကရာဇ်ပါလို့..ဝန်ခံစေရမယ်တဲ့ … မခံနိုင်တော့ လို့ အရှုးံပေးလိုက်ရင်
broken ဖြစ်သွားရင် ..ပြောခိုင်းချင်တာပြောခိုင်းလို့ရတယ် ..လို့ဆိုတာပါ …

အမေရိကန်တွေက critical thinking နဲ့ကြည့်တော့ … အနာမခံနိုင်တော့တာကြောင့်
..အရှုံးပေး လိုက်တာ..နဲ့..ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် ကဲ့ တာ
ကိုခွဲ..မြင်တယ် ဒါကြောင့် … ဂျွန်မက်ကိန်း ကို..သူရဲကောင်းအဖြစ် …
အသိအမှတ်ပြု… သူရဲကောင်းအဖြစ် ဆက်ဆံတယ် … ကွန်မြူနစ်တွေက တော့
..တလမ်းသွား..အတွေးအခေါ်..သမားတွေဖြစ်တာကြောင့် ..ထစ်ဆိုတာနဲ့ ..
ရန်-ငါ-စည်း ..မျက်စိနဲ့..ကြည့်ပြီး .. ဟင်း..ဆို..ပြစ်ချ..စွန့်ပယ် ..
လိုက်ကြတယ် … ကွန်မြူနစ်တွေ..သတိမရှိ.. လိုက်တာက .. ဒီလို..လက်လွပ်စပယ်
..ဆက်ဆံရင်..ဘယ်သူက..လာ .. အသက်စွန့်ကြ..တော့မှာ လဲ?
ဒါကြောင့်..ဆရာကြီးတွေ ..ဘာမှ..မစွမ်းနိုင်တော့ပဲ … ရာသက်ပန်..ယူဂျီ
..ကြွက်တွင်းအောင်း … နေကြရရှာတာပေါ့ …

ကွန်မြူနစ်စံနစ် ..ဟာ..အာဏါရှင်..စံနစ်ဖြစ် တာကြောင့်
..ဒီမိုကရေစီစံနစ်လို … အထိန်းအကွပ် ..check and balance မရှိ …
ဒါကြောင့်..မှားရင် … ကြောက်ဖို့ကောင်းတယ် … ပေါလ်ပေါ့
တို့ကိုသာကြည့်ကြပါတော့ … မြောက်ကိုရီးယားက ..
ကင်တို့မိသားစု..သာကြည့်ပါတော့ … ဒါကြောင့် နေရာတိုင်း … ရန်-ငါ-စည်း..
မျက်စိနဲ့ကြည့်ကြ ရင် …တယောက်နဲ့တယောက် ..သံသယ..တွေဖြစ်ကြ
…ပြီးရွာလည်ကုန်ရော…. ကွန်မြူနစ်စံနစ် အောက် မှာ အပြစ်မရှိပဲ
..သံသယ..တခုထဲနဲ့..ဘဝပျက်ခဲ့သူတွေ အသက်ပျောက်ခဲ့သူတွေ ..ဒုနဲ့ဒေး…

မနေ့ကပဲ History Channel မှာ … Making of Mao ဆိုတာကိုပြန်ကြည့်မိတယ် …
မော်..ကိုဘုရား ဖြစ်အောင် ..ပီအာ .. ဝါဒဖြန့်ချီရေးက..ရိုက်တင်တဲ့အကြောင်း
…. မော်က .ဝက်ကြီးလို … ဝဖြီးနေ တာ … ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ
..ပိုနုပြိုတဲ့ ..လူလျောက်ချီ..ထက်ပိုနုအောင် … မော်ငယ်စဉ်က
…ပုံ..လမ်းလျောက်နေတဲ့..ပုံကို ..လူငယ် ပန်းချီဆရာ..ကဖေါ်ထုတ်ပေးခဲ့ပြီး …
ချက်ချင်းလူကြိုက်များ … ပုံတွေ..သန်းနဲ့ချီ..ထုတ်..နေရာအနှံ့ …. ပြန့်
နှံ့ ခဲ့တယ်… တနေ့ ..ဒီပန်းချီ..ဆရာကို ..တပ်နီတစု..လာဖမ်းသွားပြီး …
လူအုပ်ကြီးအရှေ့မှာ စွဲချက်တင်မှ ..ဘာကြောင့်. .ဆိုတာ..သိရတော့တယ် …

ပန်းချီဆရာက .. ၄-၅ ထပ်မြင့်တဲ့ … ပန်ချီကားကြီးကို
..တိုက်အမြင့်ကြီးဖေးမှာ ဖေါ်ထုတ်တယ်.. ကံဆိုးချင်တော့ … နေမင်း ဟာ
…မော်ပုံရုပ်ရဲ့ ဘယ်ဘက်မျက်စိ အပေါ်ကျနေတယ် …. ဒါ..
ဥက္ကကြီးမော်..ကိုတမင်သက်သက်..သိက္ခာချတာပါလို့
..တပ်နီတဦးက..စွပ်စွဲဒါကြောင့် … မနေ့က ..သူရဲကောင်းဟာ ..ဒီ့ကနေ့ …
တရားခံ..ဖြစ်ရပြီ ..သံသယ ..တခုထဲနဲ့ … စွဲချက်တင်.. အပြစ်ပေး လိုက်ကြတာ
..ထောင်ဒဏ် (၁၅) နှစ်တဲ့ … Rule of Law နဲ့ကွာတယ်နော် …

တော်လှန်ရေးကာလမှာ … ရန်-ငါ-စည်း..သတိရှိရလို … Rule of Law
လည်းအတိအကျ..မလိုက်နိုင် ဖူး … ဒါပေမဲ့..အချိန်ပြည့် … ရန်-ငါ-စည်း
စိတ်ဓါတ်နဲ့ ..သံသယတွေမွေးနေကြရင် … တယောက်ကို တယေက် ..မယုံနဲ့ … ဘာမှ
အတူတွဲ..လုပ်လို့မရကြ … ကြားက..ထောက်လှမ်းရေးတွေက ..အတို့
အထောင်လုပ်တိုင်း ..ဥါဏ်နဲသူတွေကယုံ.. နဲ့ ရွာလည်ကုန်ကြရော ….
.
လွန်ခဲ့တဲ့ သုံး..လေ…နှစ်လောက်ကထင်တယ် .. ဝါရှင်တန်..အမေရိကန်တက္ကသိုလ်
..မှာ. .တရုတ်အစိုးရ..ကို ဝေဖန်နေတဲ့ … အက်တစ်ဖစ်..သုတေသီ .. တယောက်ဟာ …
တရုတ်ပြည်က အပြန် … လေယဉ် အပေါ်.. အတက်မှာ..အဖမ်းခံရတယ် …
အမေရိကန်တွေ..ဝိုင်းအောလိုက်ကြတာ … လွှတ်ပေး.. အခုလွှတ်..စသည်ဖြင့်ပေါ့ …
တရုတ်အစိုးရ..လွှတ်ပေးလိုက်တော့ … အို .. အက်တစ်ဖစ်..တရုတ်မ .. ဟာ
..ဟီးရိုးပေါ့ …. အင်တာဖြူးတွေ..ပေးပေါ့ ..နောက်ကြာမှ … FBI က..ဒီတရုတ်မ
..ဟာ … တကယ်တော့ .. တရုတ်အစိုးရလူ.. double agent ဖြစ်နေကြောင်းသိပြီး
..ကြေငြာရတယ် … ထောက်လှမ်းရေးကိစ္စဆိုတာ …
မြင်တိုင်း..ကြားတိုင်း..အမှန်လို့ … ယူဆ၍မရပါ ….
လှည့်ဖျား..မှုတွေနဲ့..ရှုပ်ထွေးနေတတ်ပါတယ် ….

စာရေးသူ ..အမြင်ပြောရရင် … အစိုးရ ..အသစ်ဆိုတာကို ..အခွင့်အရေးယူပြီး ..
၈၈ တွေ …မင်းကိုနိုင်..ကိုကိုကြီးစတဲ့ …၈၈ ခေါင်းဆောင်တွေကို လွှတ်ပေးဖို့
..စုစည်းအင်အားပြ..တောင်းဆို သင့်တယ် … ၈၈ အုပ်စုဟာ
..အပြင်မှာ..အများဆုံးပဲ.. ဒါတောင် ..ညီညီအောင် အဖမ်းခံစဉ်.. လောက်တောင် …
ကိုမင်းကိုနိုင်.တို့ကိုလွှတ်ပေးဆိုတဲ့ ..တောင်းဆိုသံ..တွေမကြားရ … NLD
ကတောင် ဝင်တောင်းဆိုပေးသံကြား ရသေးတယ် … ဗီရာလေးစုပ် …
ဝိုင်ခွက်ကလေးကိုင် … ဝီစကီခွက်လေးမြှောက်ပြီး .. ချီးယားလုပ် ကြရင်း …
ကိုပေါ်ဦးတို့ ခေါင်းဆောင်အုပ်စု… လုံးထီး – ဂန်ဗလား နဲ့
ရုန်းကန်ဆဲ..ဆိုတာတွေမေ့ကုန်ကြတယ်ထင်တယ် … လွပ်လပ်တဲ့..နိုင်ငံတွေမှာ …
လွပ်လပ်မှုကို …ခံစားကြရင်း …. ၈၈ ကိုဖေါ်ထုတ် … ခေါင်းဆောင်ခဲ့ပြီး …
ယုံကြည်ချက်ကြောင့် ..ဘဝ..ကို ..ထောင်ထဲမှာ … မြှုပ်ခဲ့..ရင်းခဲ့ကြတဲ့ …
ကိုယ့်ခေါင်းဆောင်..ရောင်းရင်း..တို့ရဲ့ လွပ်လပ်မှု..အတွက်..တိုက်ပွဲ
..ဝင်ဖို့ ..သတိလွပ်ကုန်ကြတယ်ထင်တယ် …. အပြင်မှာ ..ပျော်ရွှင်မှု
..များစွာနဲ့ … လွပ်လပ်မှုကို ..ခံစားရင်း
..တနေ့တာကို..ကျော်လွှား..ရတာလွယ်ပေမဲ့ … နံရံလေးဖက် ခြံရံ ..ထားတဲ့
..အကျဉ်းသား..ဘဝမှာ ..တနေ့တာကို ကျော်လွှားနိုင်ဖို့ ..ဆိုတာ… ရုန်းကန်မှု
..every day struggle ပဲ…

၈၈ တွေအထဲ..မှာ..စိတ်ရင်းမှန်ပြီး …
အရည်အချင်းပြည့်သူတွေ..အများအပြား..ရှိပါတယ် … ဒါပေမဲ့ … အနဲစု ဖြစ်ကြတဲ့
..အမှိုက် ..တွေက ..ရန်-ငါ-စည်း..စိတ်ဓါတ် ..အပြည့်နဲ့..
ပုဂ္ဂိုရ်ရေး..တိုက်ပွဲ.. တွေကို..ရှေ့တန်းတင်လာကြပြီး … ဆင်ဖမ်းမယ်
..ကျားဖမ်းမယ်..ဆိုတဲ့..ကျွေးကျော်ချက်တွေ ..ခဏခဏ …
အော်ပြီး..ဘာမှ..ဖြစ်မလာကြတော့ … လူကောင်းတွေ..စိတ်ပျက်..ရှဲ …ကုန်တာဓမ္မတာ
ပါ …. ရှင်လောင်းလှည့်တုန်းက … ရွှေထီးအမိုးခံခဲ့ရတာကို
…တမ်းတမနေကြပါနဲ့တော့ … ကြေငြာ ချက်တွေ..ထုတ်ပြီး …
လွှတ်ပေး..အခုလွှတ်ပေး..ဆိုပြီး..လူကြားကောင်းအောင် … ဟန်လုပ်မတောင်း
ဆိုကြပါနဲ့တော့ … လူနဲနဲ ..နဲ့..ကြဲကြဲ..ဝိုင်းပြီး .. စေ့စေ့စပ်စပ်
..လုပ်ကြပါလို့.တောင်းပန်ပါရစေ …

အပြိုင်အဆိုင် … ဗျူဟာအစည်းအဝေးတွေလည်း..မခေါ်ကြပါနဲ့တော့ … ဘယ်သူဘာဆိုတာ
..အနှစ် (၂၀) ဖြတ်သန်းကြပြီး ..သိဖို့သင့်ပါပြီ … တိုးတိုးတိတ်တိတ် …
ကြိုးစားကြပါ …. တချိန်ထဲမှာ .. ကိုပေါ်ဦး ..ကိုကိုကြီး …
ဂျင်မီ..နုနုထွေး … စတဲ့..ထောင်ဝင်စာ .. အဖွဲ့ငယ်ကလေးတွေဖွဲ့ပြီး …
ကိုယ့်လူတွေ … သက်သာချောင်ချိရေး..ကျမ်းမာရေးအတွက် … ကြိုးစားစေချင်ပါတယ်
… တိုင်းပြည်ကို .မကယ်တင်..နိုင်ခင်..ကိုယ့်ရောင်းရင်းတွေကို
.အရင်..ကူူကြစေချင်တယ် … အစိုးရက ..ထောင်ဝင်စာ..အခက်တွေ့အောင်
..ဖြန့်ထားလိုက်တယ် … မိမိတို့ ..ဝင်ပြီး..ရေမလှူ…နိုင်ကြဖူး လား..
ဒါ..baby steps ပဲ … ဒါကလေးကို ..ထိထိရောက်ရောက်.. လုပ်နိုင်ရင် …
စောင့်ကြည့်ပါ .ဘေးထိုင်နေတဲ့ ..သူတွေပြန်..ပါလာမှာပါ …
စုစည်းမှု..ရလာကြမှာပါ …
ချီးရား..ဆိုပြီး.. အရက်ခွက်ချင်း..မတေ့…ခင် ..ကိုပေါ်တို့..မျက်နှာကို
မြင်ကြည့် ကြပါ ဗျာ…

အလံထောင်ပြိီး ..ဆန္ဒပြ … ဟိုလူ့ကို အပြစ်တင်..ဒီလူ့ကိုအပြစ်တင် ..
လူချ..တာထက် ..အချိန် ..ကို တန်ဖိုး..ရှိအောင်..သုံးကြပါ …
နောက်ဆုံး..တော့ .. ဗိုလ်ချုပ်သန်းရွှေက … နိုင်ငံရေး space ကို
ကျဉ်းအောင်ကြပ် ..အချိန်ကို ဆွဲဆန့် ပြီး… time and space ကိုကစားပြီး …
၈၈ နဲ့ .. အတိုက်အခံ.. အားလုံးကို … အရူးလုပ်
.မျက်လှည့်ပြသွားတာပဲ..မဟုတ်လား? ၁၂ ကြိုးဗျို့ … ၁၂ကြိုး…

ကိုယ့်မှာ ဘာလုပ်ကွက်ရှိတယ်ဆိုတာကို …. စဉ်းစားပြီး
..လုပ်ကွက်ရှာရင်..ရှိပါတယ် …..

================================================

အပေါ်ကစာကို အီးမေးလ်နဲ့ပို့လာလို့.. မြန်မာပြည်တွင်းက  နိုင်ငံရေးစိတ်ဝင်စားသူတွေ ဖတ်သင့်တယ်ထင်လို့ တင်တာပါ..။
စာရေးသူထံ သီးခြားခွင့်မတောင်းထားပါ။

4 comments

  • bigcat

    April 20, 2011 at 4:22 am

    ရေးသူက ဦးဘိုဘိုကျော်ငြိမ်းဆိုတော့ အရေးအသားက ပြောစရာမရှိဘူးပေါ့ဗျာ။ ကျနော့်လောက်နီးနီး ကောင်းပါတယ်။ 😀 ဘာပဲဖြစ်ဖြစ် ရွာထဲဝင်လာမှတော့ ရွာခံတွေရဲ့ အစစ်အဆေးတော့ ခံရမှာပေါ့။
    တစ်အချက်အနေနဲ့ ကူမြူနစ်တွေကို ဝေဖန်ထားတာ များလွန်းတယ်။ ကျနော်လည်း အန်တိုင်းကူမြူနစ်ပါ၊ ဒါပေမဲ့ သူတို့ကို လေးစားပါတယ်။ အရှိကိုအရှိအတိုင်းပြောရင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရုန်းကန်လှုပ်ရှားမှုမှာ သူတို့မပါလို့မရပါဘူး။ ဘာလို့လည်းဆိုတော့ လက်ဝဲသမားတွေလောက် အပင်ပန်းအဆင်းရဲခံနိုင်၊ ဇွဲနပဲကြီးကြီးနဲ့လုပ်နိုင်တာ မရှိလို့ပါ။ လက်ဝဲဝါဒ အစွန်းကြောင့်လည်း နှစ်ခြောက်ဆယ်ကျော် လှုပ်ရှားမှုကြီး မတိမ်ကောတာလို့ ပြောရင်မလွန်ပါဘူး။ အကောင်း အဆိုး ရောနေပါတယ်။ မြန်မာ့နိုင်ငံရေးကလည်း ခေတ်တွေသာပြောင်းသွားတယ် ခရီးကြမ်းရှည်ကြီးကို လက်ဆင့်ကမ်းချီတက်တာမို့ အဟောင်းအသစ် ရှိတာနဲ့ လက်တွဲလုပ်ရမှာပါ။ တူတဲ့အပိုင်းတွဲလုပ်၊ မတူတာကြတော့လည်း ကိုယ်ဖာသာကိုယ်လုပ်သင့်ပါတယ်။ စစ်ပွဲကာလမှာ လူမိုက်၊ လူဆိုး၊ လူကောင်း၊ လူညံ့ အကုန်လိုပါတယ်။ လူယုတ်မာနဲ့လူဖျင်းသာ ရှောင်ရမှာပါ။
    နောက်တချက်ဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်သန်းရွှေထောင်ချောက်ထဲ အန်အယ်ဒီ ဝင်သွားတယ်ဆိုတာနဲ့ ပတ်သက်လို့ ကိုယ်လိုရာ ဆွဲပြောနေပါတယ်။ အခုချိန်အထိတော့ ရွေးကောက်ပွဲမဝင်တဲ့ဖက်က ခန့်မှန်းထားတဲ့လမ်းကြောင်းအတိုင်း မြန်မာစစ်တပ်က သွားနေတာပါ။ အတိုက်အခံများဟာ ဘာဖြစ်နေတယ်ဆိုတာ မသိရလောက်အောင် မညံ့ပါဘူး။ တန်ပြန်လုပ်နိုင်စွမ်း မရှိတာပါ။ ဒါလည်း အပြစ်ပြောကြေးဆို လူတိုင်းကိုပြောရမှာဖြစ်လို့ နောက်ကြောင်းပြန်လှည့်မပြောတာ အကောင်းဆုံးပါ။ သီအိုရီစကားတွေကတော့ ပြောတတ်ကြပါတယ်။ ပြောလည်းပြောကြပါတယ်။ ခက်တာက ကြောင်လည်ပင်းခြူသွားဆွဲဖို့မပြောနဲ့ ခြူသွားဆွဲမဲ့သူကို စုစုစည်းစည်းနဲ့ အားပေးကြဖို့ စည်းရုံးလှုံ့ဆော်နိုင်သူတောင် ကောင်းကောင်းမရှိသေးတာပါ။ ရှိလည်းထောင်ထဲရောက်မှာပါ။ အရင်က သူတို့မလုပ်သေးလို့၊ လုပ်ဖို့မသင့်သေးလို့ ပြည်ပရောက် မြန်မာတွေ မညီညွတ်တာလို့ တချို့သံဃာတော်များထင်ပါတယ်။ ၂၀၀ရခုနစ် ရွှေဝါရောင်တော်လှန်ရေးအပြီး ဘုန်းကြီးများဝင်လုပ်ပြန်တော့လည်း ကောက်ရိုးမီးလိုထတောက်ပြီး ဒုံရင်းကဒုံရင်းပါ။ ဝင်လုပ်တဲ့ ဘုန်းကြီးအချို့ အပြောအဆိုခံရတာပဲ ရှိပါတယ်။ အကျိုးမရှိလို့ ဆိုလိုခြင်းမဟုတ်ဘဲ ပြောတာနဲ့ တကယ်လုပ်တဲ့အခါ မတူတာကိုပြောတာပါ။ ရွေးကောက်ပွဲမတိုင်ခင်မှာ မိုးပြောဂျိုးပြောသူ လွှတ်တော်အတိုက်အခံအမတ်တွေ အခုကြတော့လည်း အန်အယ်ဒီမဝင်လို့ သူတို့အားနည်းပြီး မပြောနိုင်မဆိုနိုင်ဖြစ်ရတယ် လုပ်ပြန်ပါတယ်။ အခုလည်း ဆရာက ဗျူဟာမရှိဘူး လုပ်ပြန်ပါပြီ။ အန်အယ်ဒီ ရွေးကောက်ပွဲဝင်ပြီး ဘာမှဖြစ်မလာတော့လည်း ၁၅မိနစ် သုံးသိန်းစား အတိုက်အခံအမတ်များလို နောင်ငါးနှစ်လွှတ်တော်ကို ဇွတ်မျှော်အုံးမယ် ထင်ပါတယ်။ နအဖရဲ့ ဗျူဟာက အပေါ်ဆီးမှာ ရအောင်နေပြီး ဟောက်စားခြောက်စားနဲ့ ကောက်စားတာဖြစ်လို့ ဘယ်ပုံစံနဲ့ချဉ်းကပ် ချဉ်းကပ် သူလိုရာရအောင် ဖြစ်တဲ့နည်းနဲ့လုပ်မှာပါ။ ဒါကိုကြည့်ပြီး သူလိုချင်တဲ့အတိုင်း ဖြစ်သွားတယ် ပြောလို့မရနိုင်ပါဘူး။ သူလုပ်တဲ့အတိုင်းတော့ ဖြစ်နေပါတယ်။
    ဒီမိုလှုပ်ရှားမှုအတွက် စည်းရုံးရေးမှူးကောင်းများ ပေါ်ထွန်းရေးကို လုပ်နိုင်ရင် ဆရာတို့လို ညဏ်ကြီးရှင်များ လိုချင်တဲ့ လမ်းကြောင်းလျောက်ဖို့ ဖြစ်နိုင်ပါလိမ့်မယ်။ နို့မို့လိုကတော့ ကိုယ်အတွက်လည်း အကျိုးမရှိ၊ သူလည်းနာတဲ့ ရွာပြင်အထုတ်ခံရသူလို ဖြစ်ပါမယ်။
    နောက်ဆုံးအချက် – လက်ရှိနိုင်ငံရေးအခြေအနေကနေ မိမိတို့တတ်နိုင်ရာ လှုပ်ရှားမှုလေးများ ဖန်တီးကြဖို့အတွက် ဆရာတို့လို ပညာတတ်များမှ ဝန်းဝန်းနိုးဆော် ပေးကြရင် ကျနော်တို့လို ယောင်ဝါးများကလည်း ဒို့လူကလေးများလို့ ဆိုလိုက်ရင် ဝေလေလေလုပ်ဖို့ ရှိပါကြောင်း လေးစားစွာဖြင့် မှတ်ချက်ပြုပါသည်။

  • shwe ni

    April 20, 2011 at 7:56 am

    စာပဲဖတ်ရတာတော့ကောင်းတာပဲ 🙂

  • paukpauk

    April 20, 2011 at 12:49 pm

    ကွန်မြူနစ်ဝေဖန်တာ ကောင်းပါတယ်။
    ဒီထက်တော့ ပိုမပြောသင့်တော့ဘူး။
    အရှိကိုအရှိ အမှန်ကိုအမှန် သူထင်တာ တင်ပြသွားတာ
    အရမ်းကောင်းပါတယ်။
    နိုင်ငံရေးစိတ်ဝင်စားသူများ ဖတ်သင့်ပါတယ်။

  • bigbird

    April 20, 2011 at 3:02 pm

    စိတ်ဝင်စားစရာကောင်းပြီးနိုင်ငံရေးအသိဉာဏ်လဲပေးပါတယ်။
    မြန်မာတိုင်း ဖတ်သင့်တဲ့ ဆောင်းပါးတစ်ခုပါ..တင်ပေးတဲ့ သဂျီးကိုလဲ ကျေးဇူးတင်ပါတယ်။

Leave a Reply