လွယ်ကူမြန်ဆန် ကြက်ဥပူတင်း

onlinezzApril 20, 20111min1143

လွယ်လွယ်ကူကူနဲ ့ကြက်ဥပူတင်း လုပ်စားကြည့်ချင်ယင်

ပထမဆုံး ကြက်ဥနှစ်လုံး ( လူအနည်းအများ ပေါ်မူတည်) ဖောက်ပြီး ခွက်ထဲကို ထည့်ပါ။
ပြီးတော့ ဆား၊ သကြား ၊ ဆိုဒါ အနည်းငယ် ထည့်ပြီး နာနာခလောက်ပါ။ (အချိုကြိုက်ရင်တော့ သကြားများများထည့်ပေါ့ )

ပေါင်းမယ့် ခွက်ထဲကို သကြားနည်းနည်းလေး ထည့်ပြီး မီးနည်းနည်းနဲ ့အပူပေးလိုက်ပါတယ်။
သကြားအညိုရောင် သမ်းသွားရင် ပေါင်းမယ့်ခွက်ထဲကို ခုနက မွှေထားသော ကြက်ဥတွေကို လောင်းထည့်ပြီး မီးနည်းနည်း နဲ ့ပဲ တည်ထားလိုက်ပါတယ်။

နောက်နာရီဝက်လောက်ကြာရင် ချိုချိုမွှေးမွှေး ကြက်ဥပူတင်း စားလို ့ရပါပြီ. 🙂

3 comments

  • MaMa

    April 21, 2011 at 1:03 am

    အွန်လိုင်းကနေဆိုတော့ မွှေးတော့မမွှေးဘူး။ ပုံကိုကြည့်ပြီး သွားရည်တော့ ကျလာတယ် ရှလွတ်။

  • မမလေး

    April 25, 2011 at 12:17 pm

    ဘာလို့ ကြက်ဥပူတင်းက မဲနေတာလဲ … ဖြူဝါ ရောင်လေးလားလို့ … တူးသွားတာလား ???

  • hmee

    April 25, 2011 at 6:58 pm

    အောက်ခြေက သကြားကို ကျိုထားတဲ့ အတွက် မဲနေတာ ဖြစ်မယ် ထင်တယ်။ သကြားက ကြော်လိုက်ရင် အရည်ပျော်ပြီး မဲသွားတတ်တယ်။

Leave a Reply