နှမ်းစေ့လေးတွေဖြူး၊ နီညိုရောင် အချိုရည်လေးတွေသုတ်ပြီး အသားမျှင်ဖတ်လေးတွေပါတဲ့ စားချင့်စဖွယ် ပေါင်မုန့်လေးတွေဟာ ပေါ်တာ သိပ်မကြာသေးပါကလား။ တစ်ခုမှ သုံးရာ။ ဈေးကလည်း ချိုချို၊ အရသာကလည်း ပိုပို။ စိတ်ထဲ မသင်္ကာတာနဲ့ နူးနူးအိအိ အသားမျှင်ဖတ်လေးတွေကို ဇွန်းလေးနဲ့ခြစ်ယူပြီး ရေထဲစိမ်လိုက်တော့ ရေတွေရောင်စုံဖြာပြီး သုံးလေးရေလောက်လဲပေးလိုက်ရုံနဲ့ အစဖြူဖြူလေးတွေဟာ မိုးမြင့်အထက်က တိမ်မျှင်လေးတွေအလား နဂိုရုပ်သွင် ပီပီပြင်ပြင် ကိုယ်ထင် ပြလာခဲ့ပြီ။ ဪ . . . ချစ်စရာ့ ဂွမ်းစလေးတွေ။ စားပွဲပေါ်မှာတော့ ကျမ မသောက်ရသေးတဲ့ ဆေးထုပ်တစ်ထုပ်။ အပြင်မှာ ဝယ်မရတဲ့ အရေးကြီးဆေးဖြစ်တဲ့ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး။ ဒီဆေးက ၃နှစ်ဆက်တိုက်သောက် ရမယ့်ဆေး။ ပထမတစ်နှစ်သောက်ခဲ့တော့ မဟားဒရား ခေါင်းတွေမူးခဲ့တာ မှတ်မှတ်ရရ။ ဒါနဲ့ ကြောက်သွေးမပြယ်သေးဘဲ ဆေးကို မသောက်ချင်လို့ စိတ်ထဲတင် […]