Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှုတ်ဆက်လိုက်ပါတယ် ဂွမ်းနုလေးရယ်

20160113_160815

နှမ်းစေ့လေးတွေဖြူး၊ နီညိုရောင် အချိုရည်လေးတွေသုတ်ပြီး အသားမျှင်ဖတ်လေးတွေပါတဲ့ စားချင့်စဖွယ် ပေါင်မုန့်လေးတွေဟာ ပေါ်တာ သိပ်မကြာသေးပါကလား။ တစ်ခုမှ သုံးရာ။ ဈေးကလည်း ချိုချို၊ အရသာကလည်း ပိုပို။ စိတ်ထဲ မသင်္ကာတာနဲ့ နူးနူးအိအိ အသားမျှင်ဖတ်လေးတွေကို ဇွန်းလေးနဲ့ခြစ်ယူပြီး ရေထဲစိမ်လိုက်တော့ ရေတွေရောင်စုံဖြာပြီး သုံးလေးရေလောက်လဲပေးလိုက်ရုံနဲ့ အစဖြူဖြူလေးတွေဟာ မိုးမြင့်အထက်က တိမ်မျှင်လေးတွေအလား နဂိုရုပ်သွင် ပီပီပြင်ပြင် ကိုယ်ထင် ပြလာခဲ့ပြီ။ ဪ . . . ချစ်စရာ့ ဂွမ်းစလေးတွေ။
စားပွဲပေါ်မှာတော့ ကျမ မသောက်ရသေးတဲ့ ဆေးထုပ်တစ်ထုပ်။ အပြင်မှာ ဝယ်မရတဲ့ အရေးကြီးဆေးဖြစ်တဲ့ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး။ ဒီဆေးက ၃နှစ်ဆက်တိုက်သောက် ရမယ့်ဆေး။ ပထမတစ်နှစ်သောက်ခဲ့တော့ မဟားဒရား ခေါင်းတွေမူးခဲ့တာ မှတ်မှတ်ရရ။ ဒါနဲ့ ကြောက်သွေးမပြယ်သေးဘဲ ဆေးကို မသောက်ချင်လို့ စိတ်ထဲတင် စောဒကတွေ တက်နေတဲ့အချိန်။ ကြည့်စမ်းပါဦး။ ခြင်ကိုက်လို့ဖြစ်တဲ့ ရောဂါ၊ ခြင်ကိုက်မခံရအောင်လုပ်ရင် မပြီးလား။ ခြင်ကိုက်မခံရရင် သူ့ရဲ့နောက်ဆက်တွဲ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးကအစ၊ ဆင်ခြေထောက်အဆုံး ကာကွယ်ပြီးသားဖြစ်မယ်။ ခြင်ဆေးခွေထွန်းစရာမလိုတဲ့အတွက် ငွေကုန်ကြေးကျပါသက်သာ၊ မီးဘေးအန္တရာယ်ပါကင်းရှင်းပြီဲ့း ခြင်ဆေးခွေနံ့ ရှူရာကနေဖြစ်လာနိုင်ချေရှိတဲ့ အဆိုးဆုံး အဆုတ်ရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်မယ်။ ဒီဆေးတွေ သောက်စရာလား။ ခြင်ဒဏ်ဝေးအောင် ဘယ်လိုလုပ်ရပါ့။ အင်း . . . နေတဲ့အိမ်ကောင်းမယ်။ ပတ်ဝန်းကျင်ကောင်းမယ်ဆို ခြင်မပြေးလား။ အဓိက လူနေမှုအဆင့်အတန်းမြင့်လာဖို့။ တနည်းအားဖြင့် ဆင်းရဲမွဲတေခြင်းကို တိုက်ဖျက်ဖို့။

 

စိတ်တွင်းစောဒကတွေ တက်ပြီးသွားချိန်မှာတော့ စားပွဲပေါ်က ဆေးထုပ်က ကျမကို မျစ်စပစ်နေလေပြီ။ တကယ်တော့ ဆင်းရဲတွင်းဆိုတာ နက်ပြီးသား။ ဆင်းရဲတွင်းထဲက လွတ်ဖို့ မလွယ်လို့သာ အခုလို ဆန်စင်ရာကျည်ပွေ့လိုက်ရတဲ့ အပိုအလုပ်တွေ လုပ်ကြရတဲ့အဖြစ်။

 

ပန်းကန်နှုတ်ခမ်းပေါ်က ဂွမ်းစဖြူဖြူလေးတွေကလည်း ဘယ့်နှယ့်ရှိစဆိုပြီး ကျမကို အကဲစမ်းနေပါပေါ့။ ဖြူရော်ရော် ဂွမ်းစလေးတွေ ကျမကိုပညာပြလေပြီ။ ဂွမ်းစဆိုတာ လူ့ဝမ်းထဲဝင်သွားလို့ ဘာမှ ဥပဒ်မပေးပါဘူးတဲ့။ ငါးခြောက်တွေမှာသုံးတဲ့ ကင်ဆာရောဂါဖြစ်စေတဲ့ ယင်မနားဆေး လည်း မဟုတ်ရပါဘူး။ မုန့်ဟင်းခါးမုန့်ဖတ်၊ မုန့်တီ၊ ပဲပြား နဲ့ ချက်နို့ဆီ တို့မှာသုံးတဲ့ ကင်ဆာအားပေး ဖော်မလင်ဆေးလည်း မဟုတ်ရပါဘူး။ ပြည်တွင်းမှာ ကလေးတွေစားတဲ့ ဂျယ်လီဆိုရင် ရောင်စုံကော်ခွက်လေးတွေထဲ ခြစ်ခြစ်ပူနေတဲ့ ဂျယ်လီ အရည်ကို လောင်းထည့်၊ အအေးခံပြီးမှလုပ်ကြရတာ။ ကော်နဲ့ အပူဓာတ်တွေ့ပြီး ဓာတ်သဘာဝတွေ ဖောက်လှဲဖောက်ပြန်ဖြစ်တဲ့ အစားအသောက်လည်း မဟုတ်ရပါဘူး။ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ လှိုင်လှိုင်သုံးထားတဲ့ ကလိုရိုဖီးလ်တို့ရဲ့ အရှင်သခင် ဟင်းသီးဟင်းရွက်လည်း မဟုတ်ရပါဘူး။ မှည့်ဆေးတွေ လွန်လွန်ကဲကဲသုံးထားတဲ့ သရက်သီး၊ ငှက်ပျောသီး စတဲ့ ဗီတာမင်ဘုရင် သစ်သီးဝလံတွေလည်း မဟုတ်ရပါဘူး။ သူတို့အပြစ်နဲ့ယှဉ်ရင် ဂွမ်းစလေးရဲ့အပြစ်က မပြောပလောက်ပါဘူးတဲ့။

 

အကယ်၍သာ ဂွမ်းစလေးကို မြန်မာပြည်မဟုတ်ဘဲ ပြည်ပမှာသာ တွေ့ရလို့ကတော့ ဒါ   မသမာမှု။ ခန္တီတရားတို့မွေးဖွားထုတ်လုပ်ရာ မြန်မာပြည်မှာကတော့ သက်သက်ညှာညှာ တွေးပေး ကြပါလိမ့်မယ်။ လူတွေဆင်းရဲလို့ အသိဉာဏ်မရှိ၊ အသိဉာဏ်မရှိလို့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး တွေရဲ့ အန္တရာယ်ကိုမသိ၊ ဒီ့အပြင် ဆင်းရဲလို့ တန်ရာတန်ရာစားရတာ။ ငွေကောင်းကောင်းပေးရင် ကောင်းတာရမှာပဲ။ ဒါကြောင့် ဆင်းရဲခြင်းသာ အဓိက ဖြေရှင်းရမယ့်ကိစ္စ၊ အစားအသောက် မသမာမှုတွေနောက်လိုက်ပြီး လုပ်တော့ရော ဆန်စင်ရာကျည်ပွေ့လိုက်သလောက်ပဲ ဖြစ်မှာ၊ စသဖြင့် သိုင်းသိုင်းဝိုင်းဝိုင်း တွေးတောပေးကြပါလိမ့်မယ်။ ဒါကြောင့်မို့ ၂၀၁၃ စက်တင်ဘာတုန်းက စားသုံးသူများကာကွယ်ရေးအသင်းက ရေကျိုငပိထဲမှာ ယူရီးယားဓာတ်မြေဩဇာ တွေ့ကြောင်း ထုတ်ဖော်ပြောပြတဲ့အခါ လုပ်ငန်းရှင်ကြီးတွေ အသားကုန်ဆော်ကြတာနေမှာ။ နောက်ဆုံးတော့ လည်း ရေများရေနိုင်။ အဲဒီတော့ ဂွမ်းစလေးရေ  မင်းစိတ်ချလက်ချသာနေ။
ပြဿနာများရဲ့ ရင်းမြစ်က ဆင်းရဲခြင်း။ ဆင်းရဲခြင်းကို မတိုက်ထုတ်နိုင်သေးသရွေ့ ့ရသမျှ လေးကို လက်ခံရမလားဆိုတဲ့ မူဝါဒဟာ စားသုံးသူတွေကို စိန်ခေါ်လိုက်ပြီ။ လုပ်ငန်းရှင်တွေကတော့ သူတို့အကျိုးစီးပွား အထိခိုက်ခံမယ်မဟုတ်။ လုပ်ငန်းရှင်တွေကို သွားစလိုက်မိရင် ပဒူအုံကြီးထဲ ဦးခေါင်းသွင်းလိုက်ရတဲ့အဖြစ်ထက် ပိုဆိုးသွားနိုင်ချေရှိတယ်။ အခုနေအခါမှာ ဆက်သွယ်ရေးဥပဒေတွေလည်း ပေါ်ထွက်လာပြီမို့ မြန်မာမိန်းကလေးတွေရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရေးက နရိုရည်ရွယ်ရင်းဖြစ်နိုင်ပေမယ့် မသမာတဲ့ လုပ်ငန်းရှင်တွေကိုလည်း ကာကွယ်ပြီးသားဖြစ်လာနိုင်တယ်။
ဒီတော့ကာ တနေ့နေ့ကျမှ စောကြောချင်ပါသေးတယ် ဂွမ်းစလေးရယ်။ ဆင်းရဲတဲ့အတွက် တန်ရာတန်ရာစားရမှာပဲ ဆိုတဲ့သဘောတရားက လူ့ဂုဏ်သိက္ခာထက် ပိုတန်ဖိုးရှိသလား။ အစား အသောက်တွေ ကောင်းမကောင်းကို ကြည့်တတ်ရှုတတ်ရမှာပေါ့ ဆိုတဲ့သဘောတရားကရော လူတွေ ရဲ့ မသိနားမလည်မှုကို အခွင့်အရေးယူသင့်တယ်လို့ ဆိုလိုသလား။

 

သစ်မရမီ ဝါးပေါင်းကွပ်ရဦးမှာမို့ စားပွဲပေါ်က ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး ကို ကျမ သောက်လိုက်တော့တယ်။ လျှာပေါ်ဝဲနေဆဲ စေတနာပိုပို ရသချိုချို ဂွမ်းစလေး ကိုတော့ စိမ်းကားတယ်ပဲဆိုဆို။ အကြောင်းမှာ လူသားဆိုသည်ကို တန်ဖိုးမဖြတ်စကောင်း။ အထူးသဖြင့် ဆင်းရဲခြင်း ချမ်းသာခြင်း အကြောင်းပြချက်များဖြင့် လူ့ဂုဏ်သိက္ခာကို  တန်ဖိုး မချစကောင်း။     ။

ဝင့်ပြုံးမြင့်
January, 2016.

 

40 comments

  • kai

    January 14, 2016 at 4:09 pm

    ဂွမ်းက.. ဖြူစင်နူးညံ့အောင်လုပ်ရတာမို့.. ကမ်မစ်ကယ်တွေတော့ ရောပါမှာပါ..။
    ကင်ဆာအားပေးတွေပေါ့..။
    ဒါတွေဖေါ်ဖို့က.. မီဒီယာတွေတာဝန်..။
    မြန်မာမီဒီယာတွေ တာဝန်ကျေကြစေချင်…။

    • ဝင့်ပြုံးမြင့်

      January 14, 2016 at 6:41 pm

      ဆက်သွယ်ရေးဥပဒေနဲ့ ဆွဲစိလိုက်ရင် ဘယ်လိုလုပ်မလဲ သဂျီး။ စားသုံးသူများကာကွယ်ရေး အသင်းလေးတောင် အယက်အကန်ခံနေရတဲ့ဘဝ။

      • kai

        January 15, 2016 at 2:44 pm

        ယူအက်စ်ပုံစံအတိုင်းဆို.. စားသုံးသူကာကွယ်ရေးက နောက်မှ…။ ရှေ့က မီဒီယာကရေးရင်.. နောက်က.. စားသုံးသူတွေထဲ.. အသဲရောဂါ.. သွေးရောဂါ.. ဘာညာနဲ့နေမကောင်းဖြစ်.. သေဖူးတဲ့သူမိသားစုဝင်တွေက.. ရှေ့နေငှားပြီး.. လျှော်ကြေးလိုက်ပြီပဲ…။
        သည်းခံနေမှာမဟုတ်..။
        မီဒီယာမှာပါရင်.. တရားရေးကလည်း.. အနိုင်ပေးဖို့များတာကိုး..။

        မြန်မာပြည်ဒီလမ်းလျှောက်လာတာမှန်ပါတယ်..။ မီဒီယာတွေရေးရဲလာတယ်.။ သတင်းလိုက်ရဲလာတယ်..။
        လူတွေ အပြောများလာတယ်..။
        နောက်ပိုင်း ရှေ့နေတွေအလုပ်ပိုလုပ်လာမယ်..။ တရားရေးအသက်ဝင်လာမယ်ဆို.. ကောင်းလာမှာပါ…။
        လမ်းမှန်နေတယ်… ထင်..။

  • “ဘီလူးကြီး”ogre

    January 14, 2016 at 4:59 pm

    ဂွမ်းဆိုရင်တော့ ဝါဂွမ်း ကထုတ်လုပ်တာမို့ သိပ်ပြသနာမရှိပေမယ့်
    အဲဒီဂွမ်းကို သန့်စင်တာတို့ ပွလာအောင်လုပ်တာတို့ ဆိုရင်
    ကမ်မီကယ် တွေ ပါလာပါဘီ…..
    ဂွမ်းနဲ့ အလားသဏ္ဍန်တူတဲ့ padding / fleece/ fill လိုလုပ်ငန်းသုံးပစ္စည်းမှန်သမ ျှ
    ရေနံက ရတဲ့ polyester ပုံပြောင်း ပစ္စည်းအမ ျိုးမ ျိုးပဲ ဖြစ်ပါတယ်
    အဲဒါတွေဟာလဲ မသိသူတွေအတွက် ဂွမ်းနဲ့ အတော် တူတာကြောင့်
    အဲဒါတွေသာဆို အနည်းနဲ့ အများ လူတွေအတွက် ပြသနာရှိစေမှာပါ…..

    • ဝင့်ပြုံးမြင့်

      January 14, 2016 at 10:35 pm

      ဒါဆိုရင်တော့ မလွယ်တော့ဘူး ထင်တယ်။ ပြီးတော့ လုပ်ငန်းကလည်း အိမ်တွင်းလုပ်ငန်းလေးလို မဖြစ်နိုင်ဘူး။ လုပ်ငန်းရှင်တွေနဲ့ ထိပ်တိုက်တိုးရတော့မယ့် စွန့်စားခန်းဖြစ်နေပြီ။

  • Phyu Myat Pearl

    January 14, 2016 at 5:02 pm

    Pucci ကထုတ်တဲ့ ကြက်သားမျှင်ပေါင်မုန့်လား တီတီ …

    • ဝင့်ပြုံးမြင့်

      January 14, 2016 at 6:34 pm

      . မဟုတ်ဘူး။ အဲဒီတံဆိပ်မဟုတ်ဘူး။ တခြားတံဆိပ်တွေ အများကြီး။ သောက်သောက်လဲ ရောင်းနေကြတာ။ ဒီထဲမှာ တံဆိပ်နာမည်ပြောရင် ပြဿနာများမှာစိုးလို့ မပြောတာပါ။

  • Ma Ma

    January 14, 2016 at 5:36 pm

    အဲဒီမုန့်ကို အရမ်းကြိုက်ပြီး တော်တော်လည်း စားခဲ့တယ်။
    ဂွမ်းပါတယ်လို့ ဖဘမှာ တစ်ခါတွေ့ပြီးကတည်းက မစားဖြစ်တော့ဘူး။

    (ဆင်းရဲခြင်း ချမ်းသာခြင်း အကြောင်းပြချက်များဖြင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုး မချစကောင်း။ ) ဆိုတဲ့ ဆောင်ပုဒ်ကိုတော့ ကြိုက်သွားပြီ။ 🙂

    • ဝင့်ပြုံးမြင့်

      January 14, 2016 at 6:38 pm

      .ဟုတ်ပါတယ် ။ ကျမလည်း အဲဒီမုန့် တအားကြိုက်ပြီး နင်းကန်စားခဲ့တာ။ ၃ -၄ထုပ်လောက်သွားဝယ်ပြီး အဲဒီ အသားမျှင် ဆိုတာလေးတွေကို ရေထဲထည့်စိမ်လိုက်ပါ။ ဇွန်းလေးနဲ့ မွှေပေးရုံနဲ့ ဂွမ်းစလေးတွေ ဖွေးပြီးပေါ်လာတာပဲ။ နယ်ကို ကားကြီးတွေနဲ့ လိုက်ဖြန့်တဲ့မုန့်ပါ။ အိမ်တွင်းလုပ်ငန်းလေးတွေ မဖြစ်နိုင်။ စက်ရုံတွေဘာတွေနဲ့ ထုတ်တာမျိုးလား မသိဘူး။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 14, 2016 at 7:47 pm

    ဒီနေ့ စုတ်ပြတ်သတ်နေတဲ့ လှောင်ကန်ထဲကအချဉ်ရေလုက်ငန်းရယ်
    ကွမ်းသီးပေါင်း လုပ်ငန်းရယ် ပိတ်လိုက်တဲ့အကြောင်း ဖတ်ရတယ်
    ခုလဲ ဂွမ်းပေါင်မုန့် တွေ့တယ်
    မစားသင့်တဲ့ မုန်ဖတ်နဲ့ ပိုးသတ်ဆေးမပျယ်တဲ့ အသီးရွက်တွေလဲ ဖတ်ရတယ်
    ကိုယ်မသိတဲ့ အန္တရာယ်စာတွေလဲ တပုံကြီးကျန်ဦးမယ်ဆိုတာ
    သိနေတော့..

    တစ်ခုခု စားမယ်လုပ်တိုင်း လူက ဆိုက်ကိုဝင်နေရော
    ဘာစားလို့စားရမှန်းမသိ
    ပြောပေးကြပါဦး
    ဘာသွားစားရမှာတုန်းလို့
    ဟာဘဲဟာဘဲ

    • ဝင့်ပြုံးမြင့်

      January 14, 2016 at 10:39 pm

      ဒီနေ့ ဖဘပေါ်မှာ အချဉ်ရည်လုပ်ငန်းဆိုတာ တွေ့လိုက်တယ်။ အဲဒါတွေကို ပိတ်တဲ့အဆင့်လောက်ပဲ တားမြစ်နိုင်ကြတယ်နော်။ တခြား ဘာဥပဒေမှ မရှိကြတော့ဘူးလား မသိဘူး။ အစားအသောက်ကိစ္စက လူညွန့်တုံးမယ့်ကိစ္စဆိုတော့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ရမှာ။

  • ကထူးဆန်း

    January 14, 2016 at 9:35 pm

    တံဆိပ် မတင် ရင်တောင်မှ ပေါင်မုန့်ပုံလေး တင်ပေးပါလား
    မသိလို့ပါ ။

    • kai

      January 15, 2016 at 5:07 am

      .. သူတို့က Calvin Klein လို့ခေါ်တယ်.. ရေးတော့… CK တဲ့..
      လှတယ်နော….။ :k:

  • ဝင့်ပြုံးမြင့်

    January 14, 2016 at 10:44 pm

    .နောက်ရက်တွေ မုန့်သွားဝယ်ပြီး တင်ပေးမယ်လို့ ကတိမပေးတော့ဘူးနော်။ ပေါပါတယ် ကထူးဆန်းရဲ့။ ဆိုင်တိုင်းလိုလိုမှာ ရှိတာပဲ။ တံဆိပ်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့။ ကြက်သားမျှင်ပါတဲ့ ပေါင်မုန့်ဆို သိကြတာပဲ။ အောက်ခံပလတ်စတစ်ခွက်လေးနဲ့။ တစ်ခုကို ပျှမ်းမျှ ၃၀ဝ ပါ။

    • alinsett

      January 15, 2016 at 12:03 pm

      . အောက်ခံပလတ်စတစ်ခွက်လေးနဲ့ ကြက်သားမျှင်ပါတဲ့ ပေါင်မုန့်ဆိုတာကို….
      Pucci ကထုတ်တာတော့…. Taxi မောင်းတုန်းက နေ့တိုင်းလိုလို စားဖြစ်တယ်..။
      အရသာလေး မဆိုးဘူးဆိုပြီး..ဗိုက်ဆာတိုင်း တွေ့ရာဆိုင်မှာ ဝင်ဝယ် စားတာ…

      အခုတော့….. ဘာမှကို မစားရဲသလောက်ဖြစ်နေပြီ ။
      ——————————

      ကျနော် မြင်မိတာတော့….
      သတင်းမီဒီယာသမားတွေ တာဝန်ကျေသလိုလို ရှိပါတယ်။

      တာဝန်ကျေသလိုလို ရှိတယ်ဆိုတာကို ဘာကို ကြည့် ပြောသလဲဆိုတော့…

      သတင်းစာတို့ ဂျာနယ်တို့မှာ… (ဥပမာ အချဉ်ရည်(ငရုပ်ဆီ))
      အိမ်တွင်းမှု အချဉ်ရည်(ငရုပ်ဆီ) လုပ်ငန်းတွေကနေ ထုတ်တဲ့ ထုတ်ကုန်တွေဟာ …
      အစာအိမ်ကို ထိခိုက်စေနိုင်တဲ့ ဆိုးကျိုးတွေ ပါနေတဲ့အတွက် မစားသင့်ကြောင်း……စသည်ဖြင့်…
      .ရေးသားတင်ပြ ကြပါတယ်။

      ဒါပေမယ့်…. မစားသင့်ကြောင်း အော်နေရုံပဲ…. တတ်နိုင်တယ်။

      မစားသုံးသင့်တာတွေကို လက်လှမ်းမမှီအောင်..ဈေးကွက်ထဲကနေ ပျောက်သွားအောင်..
      ထုတ်လုပ်ခွင့်မရအောင် ပိတ်ပင်ကန့်သတ် တားဆီးအရေးယူတဲ့ အပိုင်းမှာကျတော့..
      တာဝန်ရှိသူတွေဘက်က အားနည်းသွားပြီ။
      ဒီတော့… မီဒီယာသမားတွေ ဘယ်လောက် အော်အော်…
      ထုတ်လုပ်သူတွေက ထုတ်ကုန်တွေကို ဖြန့်ချီဆဲပဲ…
      အရေးယူမှု ထိထိရောက်ရောက် မရှိတဲ့အခါကျတော့.. ရပ်ကွက်ထဲမှာ… (စာမဖတ်/သုတမရှာတတ်သူတွေ အများသားဆိုတော့… ) အလျဉ်းသင့်သလို သုံးစွဲနေကြရဆဲပဲ… ။

      ဆိုတော့… ဆိုင်ရာ အဖွဲ့အစည်းတွေက…
      အာဏာ သုံးပြီး…ထိရောက်အောင် မတားဆီးနိုင်ကြဘူးလားလို့…မေးရမလိုဖြစ်….

      တားဆီးတဲ့အဖွဲ့တွေ ရှိတယ်လို့ ကြားဖူးတယ်။
      အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်သလား မညီညွတ်ဘူးလားလို့
      ကွင်းဆင်း စစ်ဆေး အရေးယူတဲ့ အဖွဲ့အစည်းတွေ… ရှိမှာပါ… ။

      အဲ့ဒီအဖွဲ့အစည်းတွေအနေနဲ့…
      ဒီဟာ/ဟိုဟာ မစားသင့်ဘူးလို့…ထုတ်ပြန်ကြေညာရုံနဲ့ တာဝန်မကျေပါဘူး။

      မစားသင့်တာတွေ ပြည်သူလူထုလက်လက်မှီရာကို ရောက်မလာအောင်အထိ…
      ထုတ်လုပ်မှုအပိုင်းမှာတင် အပြီးအပြတ် သုတ်သင်ရှင်းလင်းဖို့…တာဝန်ယူရမှာပါ။

      ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထုတ်ကုန်တွေကိုပဲ ထုတ်လုပ်ဖြန့်ချိ/သုံးစွဲခွင့် ရအောင်… ဖန်တီးပေးရမှာပါ။(ပြည်သူကို စေတနာ ထားတယ်/ မထားဘူးဆိုတာ…အဲ့မှာပေါ်တာပဲ)

      မီဒီယာသမားတွေအနေနဲ့ကျတော့လည်း အဲ့ဒီ အဖွဲ့အစည်းတွေ…
      တကယ်ထိထိရောက်ရောက် အလုပ် လုပ်သလား/ မလုပ်ဘူးလား…၊
      ထုတ်လုပ်သူဘက်က လာဘ်ထိုးလိုက်တာနဲ့…အရေးယူမှုတွေ လျော့တိလျော့ရဲဖြစ်သွားသလား..ဘာညာ…
      .ရေဆုံးရေဖျား လိုက်လံ ဖော်ထုတ် တင်ပြပေးလို လိုနေသေးတယ်လို့ထင်ပါတယ်။

      —————–

      .နောက်တစ်ခု…ရပ်ကွက်ထဲက..လူအတော်များများ… (ကျနော့် အမေကအစ… )
      သုတ ရှာဖို့ထက်… ဖောျေ်ဖြရေးတွေမှာပဲ အချိန်ကုန်နေကြတယ်။
      (တီဗွီကြည့်ရင်တောင် ကိုရီးယားကားပဲ ကြည့်ပြီး သတင်းကြေငြာချိန်ဆို တီဗွီ ပိတ်တတ်ကြတယ်။ ) လက်ရှိ သုံးစွဲနေတဲ့ အရာတွေ… ဘယ်ဟာ…ဘာတွေ ဆိုးကျိုး ရှိလို့…မစားသင့်ဘူး..လို့..ပြောရင်လည်း..ပြောတဲ့သူကပဲ..ဇီဇာကြောင်ပြီး…ဇာချဲ့နေသလို…မြင်ကြတယ်။

      အမေနဲ့ဆို ကျနော် မကြာခဏ ပြသနာတက်တယ်။
      ”အမေ … ကြာရှည်ခံအောင်လုပ်ထားတဲ့ မုန့်တွေ မစားနဲ့နော်…”လို့..ပြောရင်..
      ”ငါ တစ်သက်လုံးစားလာတာ..ဘာမှ မဖြစ်ပါဘူး…”လို့ ပြန်ပြောတယ်။

      ”ဟုတ်တယ်… တစ်ထုတ် စားရုံနဲ့…ဗုံးခနဲတော့..လဲ မသေသွားပါဘူး… ဒါပေမဲ့… ဆိုးကျိုးတွေကတော့…
      ခန္ဓာကိုယ်တွင်းမှာ…တစ်စချင်းစီ စုပြုံနေပြီ..” လို့.. ပြန် စကားနိုင် လုနေရတာ…
      လက်ပေါက် ကပ်တယ်။

      အဲ့လိုပဲ…တော်တော်များများက…. ဗုံးခနဲ လဲသေသွားမှသာ ဆိုးကျိုး လို့…ထင်နေကြတယ်.. ။
      ဘယ်လိုလုပ်မလဲ…

      • ဝင့်ပြုံးမြင့်

        January 15, 2016 at 2:36 pm

        ပူကီ တံဆိပ်ကတော့ စိတ်ချရမယ် ဆက်ဆက်ရေ။ ဒါက နာမည်တစ်လုံးနဲ့ဆိုတော့ လုပ်မယ် မထင်ဘူး။
        —-
        ဆက်ဆက်ပြောတဲ့ကိစ္စက တွေးစရာတွေ အများကြီးလိုပြီလေ။ စားသုံးသူကာကွယ်ရေးအသင်း ဆိုတာရှိတယ်။ အဲဒါ အစိုးရ အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းလား သေချာမသိတာ။ သေချာတာက ဒီအဖွဲ့ အတိုက်အခိုက်ခံရတယ်။ ဟိုတစ်ခါ ဂျာနယ်ထဲမှာ လုပ်ငန်းရှင်က အဲဒီအသင်းကို တရားစွဲတာ ဖတ်ခဲ့ရဖူးတယ်။ ငပိ ကိစ္စမှာပဲ ကြည့်။ လုပ်ငန်းရှင်တွေ ဘယ်ခံမလဲ။ သူတို့စီးပွားရေး လုံးဝအထိမခံဘူး။ တွေ့ဆုံဆွေးနွေးရေးပွဲတွေ ပြီးတော့ ရလာတဲ့ ရလဒ်က စားသုံးသူတွေကို ကာကွယ်တဲ့ ထိရောက်တဲ့ ဥပဒေတစ်ခု မဖော်ထုတ်ဘဲနဲ့ ဘယ်ငပိမဆို အမိုးနီးယားနံ့ ထွက်တာပဲ ဆိုတဲ့ ရလဒ်နဲ့ ဇာတ်သိမ်းခဲ့တာ။ တစ်ခါတလေများတွေးမိတယ်။ ပညာရှင်ကို ငွေရှင်က ခါးပိုက်ထောင် ထဲ ထည့်လိုက်သလားလို့။ ငပိနဲ့ ပတ်သက်ပြီး ယင်မနားဆေး မသုံးဖို့ ဘာညာ ဘာဥပဒေမှ ထွက်တယ် လို့ မဖတ်မိဘူး။ ဥပဒေကသာ တင်းတင်းကျပ်ကျပ် လုပ်ရင် ဘယ်သူမှ မဟုတ်တာ မလုပ်ရဲဘူး။ ဆင်းရဲတာ ကို လည်း အပြစ်ပုံချစရာ မလိုဘူး။ တကယ်တော့ လူတွေဆင်းရဲတာကို အခွင့်ကောင်းယူနေကြတာပါ။

        အခု ဂွမ်းကိစ္စမှာ ဂွမ်းကို ဥပဒ်မပေးဘူးလို့ ယူဆပြီး ဥပဒ်မပေးရင်သော်မှ လူ့ဂုဏ်သိက္ခာအတွက် ဒါမျိုး လက်သင့်မခံနိုင်ကြောင်း ဒီပို့စ်မှာ ရေးတာပါ။ ဘီလူးကြီးပြောတဲ့အတိုင်းဆိုရင် ဂွမ်းက လူကို ဥပဒ်ပေးနိုင်တယ် ဆိုတော့ကာ ပြတ်ပြတ်သားသား လုပ်သင့်ပါပြီ။

  • uncle gyi

    January 15, 2016 at 8:26 am

    ဝယ်စားဖြစ်တယ်မပြုံးရေ
    ကံကောင်းတာကအမြဲဝယ်မစားဖြစ်
    အစားအသောက်ဆိုတော့
    ဒီလိုတွေလုပ်မယ်လဲမထင်
    အခုတော့သ်ိပြီလေကေ ျးဇူးပါ

    • ဝင့်ပြုံးမြင့်

      January 15, 2016 at 2:44 pm

      နံပြားတို့ အီကြာကွေးတို့ ဆိုလည်း ဆေးဝါးတွေ ထည့်တယ် အန်ကယ်ရေ။ တိတိကျကျတော့ မသိ။ အစားအသောက်တွေ မပုပ်မသိုးအောင် တာရှည်ခံအောင် တစ်နည်းမဟုတ် တစ်နည်း လုပ်ကြတာပဲ။ ခုဟာကတော့ အသားနေရာမှာ ဂွမ်းထည့်လိုက်တော့ တစ်မျိုးကြီးပဲ။ စားရတဲ့လူက လူ့အဆင့် မရှိတော့သလို။ ဂုဏ်သိက္ခာပိုင်းပါ ထိတာပေါ့။

    • ဝင့်ပြုံးမြင့်

      January 15, 2016 at 2:38 pm

      သွားတက်လေး
      တံဆိပ်တွေ များပါတယ်။ ပေါင်မုန့် ပုံသဏ္ဍာန်လည်း များတယ်။ အမျှင်အဖတ်လေးတွေ အုပ်ထားတဲ့ ပေါင်မုန့်။

  • အောင် မိုးသူ

    January 15, 2016 at 2:46 pm

    အစ်မရေ အဲ့ဒါကို Chicken Roll လို့ခေါ်တယ် ဘာလို့သိလဲဆိုတော့။ E’ldorado က မုန့်ဖုတ်သင်တန်းကျောင်းတုန်းက အဲ့ဒါလုပ်တာ သင်ခဲ့ဖူးလို့ပါ။ တကယ်နာမည်ရှိတဲ့ မုန့်တိုက်တွေကတော့
    ကြက်သားမျှင်ကို သုံးတာပေါ့။ အခုတလော အဲ့လိုတွေများလာတယ်နော်။ ကျတော်ကတော့ အစကတည်းက
    မကြိုက်လို့ မစားဘူး။

    • ဝင့်ပြုံးမြင့်

      January 15, 2016 at 10:47 pm

      မုန့်က ခလေးတွေအကြိုက် လေးပေါက်ရေ။

  • .မီစားဖူးဘူးဗျ…အစတည်းက ပေါင်မုန့်တို့ဘာတို့မကြိုက်တာလဲပါတယ်
    .ပြောရရင်တော့ဗမာပြည်နေရတာလူတိုင်းသက်စွန့်ဆံဖျားပါဗျာ…
    .တတ်နိုင်သမျှသီးနှံ ရေစင်အောင်ဆေးတာပဲတတ်နိုင်တယ်

    • ဝင့်ပြုံးမြင့်

      January 15, 2016 at 10:48 pm

      ခလေးတွေက ရှောင်နိုင်ပါ့မလား။ အိမ်က သားဆို မရဘူး။ အဲဒီမုန့် မြင်တာနဲ့ အကုန်ကျုံးယူသွားပြီး တစ်ယောက်ထဲ စားခဲ့တာ။

  • ဇီဇီခင်ဇော်

    January 15, 2016 at 4:19 pm

    ဘယ်လို လုပ်ရပါ့ နော်။
    အစားသမား ကျနော်
    ပြန်ဖို့ ကို ဘယ်သတ္တိနဲ့ ဆုံးဖြတ်ရပါ့

    😥

    • kai

      January 15, 2016 at 5:03 pm

      မြန်မာပြည်က.. ရထားသမျှစားစရာတွေ.. ရေတညစိမ်ကြည့်…
      လန့်လန့်ပြီး.. သွေးတက်တဲ့သတ္တိရလာမယ်..။ :k:

    • ဝင့်ပြုံးမြင့်

      January 15, 2016 at 10:50 pm

      ဘယ်သူတွေတက်တက် လတ်တလောမှာ တိုင်းပြည်မတိုးတက်နိုင်သေးပါဘူး။ အဝေးကြီးလိုသေးတာကို။ ဘာလို့များ ပြန်လာချင်ရတာတုန်း။

  • nozomi

    January 16, 2016 at 8:37 pm

    ဂွမ်းကို ဝါးလိုက်မိရင် ကြက်သားလိုကြေမသွား ပဲ အဖတ်အဖြစ် နဲ့ ကျန်မနေ ခဲ့ဘူးလား

    • ဝင့်ပြုံးမြင့်

      January 17, 2016 at 9:04 pm

      မကျန်ခဲ့ဘူး။ မွနေတာပဲ။ အရသာကကောင်းလွန်းတော့ စားသာကြည့်ပါ။ အဲဒါလေးတွေ ခြစ်ယူပြီး ရေထဲခဏမွှေပေး၊ သုံးလေးရေလောက်လဲပြီးရင်ကို ပေါ်ပါပြီ။ ကိုင်ကြည့်ရင် သိပ်သိသာတယ်။ မုန့် ၃ -၄ ခုလောက်သွားဝယ်ပြီး လက်တွေ့သာ စမ်းသပ်ကြည့်လိုက်ပါ ဦးနိုရေ။

  • hmee

    January 20, 2016 at 8:32 am

    ရန်ကုန်မှာတုန်းက ကြိုက်လို့ ခဏခဏ ဝယ်စားဖြစ်တယ်။ အင်း ဘာမှကို စိတ်ချလက်ချ မစားရဲအောင်ပဲ။ ရင်ကျပ်ရှိတဲ့ သမီးတော် ရန်ကုန်မှာ ရေခဲမုန့် စားမရဘူး။ စားတာနဲ့ နောက်တနေ့ ဆေးရုံပြေးတော့ပဲ မပြုရေ။ အခု ဒီမှာ ရေခဲမုန့်စားတာ ဘာမှ မဖြစ်ဘူး သူလည်း အခု စားချင်တာ စိတ်ကြိုက်စားနြေပြီ။ ကိုယ်တွေ ဆီမှာ အဲ့လို စိတ်ချလက်ချ ဘယ်တော့များမှ ဖြစ်ပါ့မလဲနော်။

    • ဝင့်ပြုံးမြင့်

      January 20, 2016 at 12:58 pm

      အစစ်ပဲ။ မမှီရေ။ ကျမသူငယ်ချင်း ရှူနာရှိုက်ကုန်းလေး ရောဂါတွေ ဗရပွနဲ့ စလုံးရောက်သွားတာ တစ်လတောင်မကြာ၊ ဒေါင်ဒေါင်မြည်သွားသတဲ့။ ခေါင်းမူး ဝမ်းရစ်လေးတောင် မဖြစ်တော့ဘူးတဲ့။

  • Kaung Kin Pyar

    January 22, 2016 at 2:04 pm

    ဘာပဲစားစား သတိထားနေရတယ် အမရယ်…။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားတာ ရောဂါဝယ်သလိုများဖြစ်နေမလားလို့.. ဟိုအစားအစာလဲ မသင်္ကာ ဒီအစားအစာလဲ မသင်္ကာနဲ့..။
    အသီးအရွက်ဟာ စားသင့်တယ်..၊ အမျှင်ဓာတ်များတယ်ဆိုလို့ အရင်တုန်းက အပြင်ထွက်ရင် ထမင်းပေါင်း ရွေးစားဖြစ်ခဲ့တာ….။ ခုတော့ ပိုးသတ်ဆေးတွေနဲ့မှာ.. စင်အောင်ပြောင်အောင်မှ ဆေးပါ့မလားဆိုပြီး.. မစားရဲတော့ဘူး…။
    အသီးအနှံတွေကလဲ အရင်ကဆို အလုံးလှပါ့ဆိုတာကို ရွေးခဲ့ပေမယ့်.. ခုများ အလုံးလှလှမြင်ရင်တောင် အပ်ကြီးထိုးထားတဲ့ပုံတွေကမျက်လုံးထဲ ကွင်းခနဲ ရောက်လာရော….။ သင်္ဘောသီးဆို..မျက်လုံးအတွက်ကောင်းတယ်၊ ဝမ်းကောင်းတယ်၊ လူအတွက် ကောင်းတယ်ဆိုလို့ မြင်ရင် ဝယ်စားခဲ့ပေမယ့်.. ဒါတွေက ကောင်းဖို့ထက် ဆိုးဖို့များ ပိုများနေမလားလို့လဲ သံသယနဲ့ ချီတုံချတုံ ဖြစ်ရသေးတယ်….။
    ခု ဈေးဝယ်ခြမ်းဖြစ်ရင်တောင် ပိုးပေါက်ပါတာတို့..၊ အလုံးသေးပြီး ပုံပန်းမကျ ဖြစ်နေတာကိုမှ အော်ဂန်းနစ်စစ်စစ် သဘောထားပြီး ရွေးရမလို ဖြစ်နေတယ်…။
    နောက်ပြီး ဟင်းချက်ဆီတွေ… အနံ့နဲ့ အရောင်ကို လိုသလိုပြင်လို့ရနေတဲ့အချိန်မှာ.. နေ့တိုင်း စားသောက်ထိတွေ့နေတဲ့ အစားအသောက်တွေကို စိတ်ပူနေရပြီ…။

    • ဝင့်ပြုံးမြင့်

      January 22, 2016 at 5:18 pm

      အစားအသောက်က လူညွန့်တုံးမယ့် ကိစ္စဆိုတော့ အမေစု တစ်ခုခု လုပ်ပေးမယ် မျှော်လင့်ရတာပဲနော်။ တင်းကြပ်တဲ့ ဥပဒေ တစ်ခုခု ထုတ်ပေးမယ် မျှော်လင့်ရတာပဲ။ ဆီကတော့ ရှောင်ဖို့ တယ်မလွယ်။

  • ပြောချင်တာတွေကတော့ အများကြီးရယ် . .
    ဒါပေမယ့် ခု အဖြစ်ချင်ဆုံးအရာကို ပြောပါဆိုရင် ပလတ်စတစ်စက်ရုံတွေကို အကုန်ဖျက်သိမ်းပြီး export တောင် မလုပ်စေချင်တာပါပဲ

  • Swal Taw Ywet

    January 23, 2016 at 12:59 am

    ကျည်လွတ်မြေမှာ ပျော်နေပါသလေ
    ဒါမျိုးရှာမတွေ့ရ။
    Head and Shoulder လို ကမ္ဘာ့ Brand ကထုတ်တဲ့ ခေါင်းလျော်ရည်ကိုတောင်
    အန္တရာယ်ပြုနိုင်လောက်တဲ့ ကယ်မီကယ်တခု ဝ.၀၀၁ ရာနှုန်း ပိုပါနေလို့ဆိုပြီး
    ဈေးကွက်ဖြန့်ပြီးသာကိုတောင် ပြန်သိမ်းခိုင်းခဲ့ဘူးတဲ့နိုင်ငံမှာနေနေရတာမို့။
    ဆံပင်ညှပ်သမားတောင် ၆ လတကြိမ် ဆေးစစ်ရသဗျ။
    ဆေးအောင်လက်မှတ်ချိတ်ထားပြီးမှ ဆံပင်ညှပ်လို့ရသဗျ။
    တစ်ချိန်ချိန်တော့ ဖြစ်လာသင့်တာတွေပေါ့ဗျာ။
    ကြိုးစားကြသာပါ့။
    With respect,
    Swal Taw Ywet.

  • kai

    February 1, 2016 at 6:26 am

    Than Htike
    8 hrs ·

    မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှထုတ်ပြန်လိုက်သော သတိပေးကြေညာချက်
    ———-

    ၁- စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း
    (styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ်အုပ်စုဝင်တွေဖြစ်လို ့ ဖေါ့ဘူးတွေ
    တစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်။

    ၂-ကြက်သားမှုန် ့တွင်လည်း အချိုမှုန် ့နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန် ့ထက်ပင်
    ပိုမိုဆိုးရွာစေပါသည်။

    ၃- ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို ့ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကို
    ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ထို ့ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာ
    သုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကို
    ရှောင်ကြဉ်သင့်ပါတယ်။

    ၄-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်
    နှင့်ညီမျှသည်။ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသော
    အဆိပ်မှုန် ့ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို ့ အမွှေးတိုင်များသည်လည်း
    ခြင်ဆေးခွေကဲ့သို ့ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။

    ၅- အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀ဝ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်
    များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါ
    ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို ့ကိုဖြစ်ပွားစေသည်။
    ထို ့အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။

    ၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်
    ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကို
    ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။

    ၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန် ့များသည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို ့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်
    တင်သွင်းသော နှို့မှုန် ့များနှင့်၎င်းတို ့ဖြင့် ပြုလုပ်သော မုန် ့ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။

    ၈-ကော်ဖီမစ်များတွင် နှို့ဆီနှင့်နှို့မှုန် ့အစား
    အသုံးပြုသော Creamer မှာ မလေးရှားတွင်
    စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကိုတရုတ်နိုင်ငံမှဝယ်ယူ၍ မှုန် ့နေအောင်ကြိတ်ပြီး
    Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရသည်။ထိုကြိတ်ဖက်မှုန် ့များသည် သွေးတိုးရောဂါ နှလုံးသွေးကြော
    ပိတ်ရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

    ၉- အချို့သော အသီအနှံများတွင် လူသေကောင်မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင်းနှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပေသည်။

    ၁၀-လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁ဝ ဆိုင်ကိုစစ်ဆေးရာတွင်၁ဝ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို ့ကိုစားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာအစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေသည်။

    အခုတင်ပြလိုက်သော မြန်မာနိုင်ငံစားသုံးသူ
    ကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသော
    အစီရင်ခံစာပါ အရေးကြီး အချက်အလက်များထဲမှတချို့တဝက်ကို ကောက်နုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။

    ဖတ်ရှု့လေ့လာပြီးနောက် လက်ဆင့်ကမ်းဝေမျှပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

    Lwin Pyin

  • kai

    February 4, 2016 at 5:57 pm

    မောင်(စွယ်စုံကျမ်း) added 3 new photos.Like Page
    August 15, 2015 ·
    ဒါလေးဖတ်ပြီးမှ စားကြပါ

    ~~~~~~~~~~~~~~~~~

    အမည်တပ်မရသော အသားစုံသံသရာ

    ကြည့်မြင်တိုင် ကမ်းနားဟု ဆိုလိုက်လျှင် ညဈေးနှင့် ငါးဈေးကို ပြေးမြင်မိ ကြပေလိမ့်မည်။ ထိုမျှသာမကပါ ကြွက်မုဆိုးတို့ စံရာလည်း ဖြစ်နေတတ်သေးသည်။

    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ နေ့စားကြွက်မုဆိုးတစ်ဦး ဖြစ်သော အသက် ၃ဝ အရွယ် ကိုသိန်းမျိုးခိုင်၏ စားကျက်သည် ကြည့်မြင်တိုင်ပင် ဖြစ်သည်။

    ဇူလိုင်မိုးထုအကြား ညဥ့်နက်နက်တွင် ကြည့်မြင်တိုင် စံပြဈေးအတွင်းမှ စားကြွင်းစားကျန်၊ ကုန်ကြွင်းကုန်ကျန် များကို စားသုံးကာ ဝဖီးနေသော မြေကြွက်ကြီးများအား လိုက်လံ ရှာဖွေနေသူများ ခပ်ဖွဲဖွဲ ရှိနေကြသည်။
    “ဒါတောင်မိုးတွင်းမို့လို့ ကြွက်ထိုးတဲ့လူ နည်းတာ။ နွေရာသီဆို ဒီထက်များတယ်” ဟု ကိုသိန်းမျိုးခိုင်က ဆိုသည်။

    ညဥ့်နက်နက် အမှောင်ထုအကြား ကြွက်ဖမ်းထွက်သူများတွင် ၎င်းကဲ့သို့ စည်ပင်သာယာ နေ့စား အလုပ်သမားများ ပါသကဲ့သို့ အခြား ကြွက်မုဆိုးများလည်း ပါဝင်သည်။
    စည်ပင်သာယာက ခန့်အပ်ထားသော ကြွက်ဖမ်းသမားများမှာ ကြွက်ကောင်ရေ မည်မျှဖမ်းမိကြောင်း သက်သေအဖြစ် ဌာနသို့ ကြွက်အမြီးများသာ တင်ပြရရာ ကိုသိန်းမျိုးခိုင်အတွက် ကြွက်ခန္ဓာကိုယ် များကို ပြင်ပသို့ ရောင်းချငွေရှာနိုင်သည်။

    သို့သော် သူဖမ်းသော အကောင်များမှာ မြေကြွက်များ တင်မကပါ။

    ဖား၊ ငါးရှဥ့်၊ မြွေ စသည့် သတ္တဝါ ပေါင်းစုံမှ ရရာအသားများကိုလည်း ဖမ်းဆီး တတ်သေးကြောင်း ကိုသိန်းမျိုးခိုင်က ဆိုသည်။ ထိုသို့သော အကောင်များတွင်လည်း ဈေးကွက်ရှိသည်။ အဝယ်ဒိုင်ရှိသည်။

    ကြွက်ကား ယမကာနှင့် လိုက်ဖက် ညီလှစွာသော အမြည်းအဖြစ် သီးသန့်ဈေးကွက် ရှိသည်။ ဥပမာအားဖြင့် သင်္ဃန်းကျွန်း မြို့နယ် လေးထောင့်ကန်မှ ကြွက်ဒိုင်။

    ထိုအခါ အခြားအမယ် စုံလှစွာသော အသားများ၊ အကောင်ပလောင် များကား အဘယ်သို့ မြန်းနေသနည်း။ ယင်း သတ္တဝါမျိုးစုံတို့အား ငွေကြေးအဖြစ် ပြောင်းလဲပေးမည့် နေရာအချို့ ရှိလေသည်။

    အင်းစိန် ဘိုကုန်းရပ်ကွက်ရှိ လမ်းကြားငယ်တစ်ခုမှ ဖျော်ရည်လုပ်ငန်းဟု ခေါင်းစဉ်တပ်ထားသော အဆောက်အအုံ တစ်ခုမှာ ယင်းသို့သော နေရာများအနက် ထင်ရှားသော ဌာနေတစ်ခုဖြစ်သည်။ ဖျော်ရည်လုပ်ငန်းဟု တပ်ထားသော ဆိုင်းဘုတ်အောက်တွင် ရှိသည့် ထိုအဆောက်အအုံမှာ လာသမျှ အသားမျိုးစုံကို ပိဿာချိန်ဖြင့် ဝယ်ယူလက်ခံရာ ဒိုင်တစ်ခုလည်း ဖြစ်သည်။

    ဖျော်ရည်လုပ်ငန်းဟု ခေါင်းစဉ် တပ်ထားသော်လည်း တစ်ချိန်က ဖျော်ရည်အတု ပေါင်းစုံပြုလုပ်ရာ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး ယခုအခါ အသားစိမ်းဝယ်သည့်ဒိုင် တစ်ခု ဖြစ်နေသည်ဟု အဆိုပါရပ်ကွက်တွင် နှစ်ပေါင်း သုံးဆယ်ကြာ နေထိုင်ခဲ့သူ မီးရထားဝန်ထမ်းဟောင်း ဦးကျော်လွင်က ပြောပြသည်။

    အကောင်မျိုးစုံ၊ အသားမျိုးစုံဆိုရာတွင် ကြွက် ၊ မြွေ ၊ ဖားတို့မှအစ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ကြောင်၊ ခွေး အပါအဝင် မည်သည့်အသားမဆို အကောင်အမျိုးအစား အလိုက် ပိဿာချိန်ဖြင့် ဝယ်ယူကြောင်း ကိုသိန်းမျိုးခိုင်က ရှင်းပြသည်။
    “ဖားကတော့ စားလို့ရတဲ့ဖားဆို တခြားရောင်းတာပေါ့။ စားမရတဲ့ ဖားခုံညင်းလို၊ ဖားပျံလိုတွေကျ သူ့ဆီပဲ သွင်းကြတာ။ ရေမြွေတို့ တခြား အကောင်ပလောင်တွေလည်း ဒီလိုပါပဲ” ဟု ၎င်းကဆိုသည်။

    လမ်းဘေးတွင် အတိုအစ လိုက်ကောက်သည့် ကလေးငယ်များလည်း လမ်းဘေးတွင် တိရစ္ဆာန်အသေကောင်များ တွေ့လျှင် ကောက်လာကြပြီး အဆိုပါနေရာတွင် လာရောက် ရောင်းချတတ်ကြသည်ဟု အဆိုပါ ရပ်ကွက်အတွင်းမှ သိရသည်။

    အချို့ကလေးများ ဆိုလျင် လမ်းဘေးမှ ပုတ်သင်ညိုအသေများ၊ ကင်းလိပ်ချော အသေများ၊ ကြွက်သေများကို ပလတ်စတစ်ဖြင့် ထုပ်ယူလာသည်များ ကိုလည်း တွေ့ရလေ့ရှိကြောင်း ဦးကျော်လွင်က ဆိုသည်။

    ကြွက်သီးသန့် မုဆိုးများကမူ ဈေးကောင်းရသော လေးထောင့်ကန် ကြွက်ဒိုင်တွင် သွားရောင်းတတ် ကြသော်လည်း အင်းစိန်ဘိုကုန်း ရပ်ကွက်မှ ဒိုင်မှာ အမယ်စုံ အသားများ သွင်းလိုသူတို့အတွက် ပိုက်ဆံရှာရာ ဖြစ်သည်။

    “ကျွန်တော်တို့ကျတော့ နေတာက ရွှေပြည်သာဆိုတော့ လမ်းသင့်တဲ့ ဒီအင်းစိန်က အသားစုံဒိုင်မှာပဲ လာသွင်းလိုက်တာ၊ ဈေးတော့ နည်းတာပေါ့” ဟု ကိုသိန်းမျိုးခိုင်က ဆိုသည်။
    ယင်းဒိုင်မှပေးသော ကြွက်ဈေးမှာ နည်းပါးသော်လည်း ကြွက်အပါအဝင်နှင့် သူ၏သားဖြစ်သူ ရှာလာသည့် အခြား တိရစ္ဆာန်မျိုးစုံကိုပါ သွင်းနိုင်သဖြင့် အဆင် ပြေကြောင်းလည်း သူကဆိုသည်။

    အဆိုပါအသားဒိုင်တွင် ဒိုင်ချုပ်ဟု ထင်ရသော ငွေကိုင်သူတစ်ဦးနှင့် လာပို့သော သတ္တဝါများကို အရေခွံဆုတ်ခြင်း၊ အမွေးနုတ် ခြင်း၊ အရိုးထုတ်ခြင်းနှင့် အသားတုံးအဖြစ် ခုတ်ပေးရသည့် အလုပ်သမားအမျိုးသား ခြောက်ဦးခန့်ရှိနေတတ်သည်။

    “လာသွင်းသမျှ တိရစ္ဆာန်တွေကို အရေခွံဆုတ်ပြီး အသားတုံးလေးတွေ ဖြစ်အောင် ခုတ်ပေးရတယ်” ဟု သင်္ကြန်ရက်အတွင်း အလုပ်သမား ရှားပါးစဉ်က ထိုနေရာတွင် ခေတ္တဝင်ရောက် လုပ်ကိုင်ခဲ့ဖူးသူ ဘိုကုန်းရပ်ကွက်နေ ကိုဇော်တူးက သူ့အတွေ့အကြုံကို ရှင်းပြသည်။
    တစ်ခါတစ်ခါ မြင်းသားဟုဆိုသည့် အသားတုံးကြီးများ လာရောင်းသူများ ရှိသည်ကို တွေ့ရကြောင်း ၎င်းက ဖြည့်စွက်သည်။

    အသားများကို မည်သည့်နေရာတွင် မည်သို့ အသုံးပြုနေသည်ဟု ၎င်းတို့ ရေရေရာရာ မသိခဲ့ရ။

    “ငါးခူမွေးမြူရေးအတွက် အစာလို့တော့ ပြောတယ်” ဟု ကိုဇော်တူးက ဆိုသည်။

    သူတို့ ခုတ်ထစ်ပြီးသား အသားတုံးများကို ရေခဲပုံးများအတွင်း စနစ်တကျ ထည့်ပြီးနောက် အအေးခန်းကားတစ်စီးက နှစ်ရက်တစ်ခါ လာသယ်ယူသွားတတ်ကြောင်း ရပ်ကွက်အတွင်းမှ သိရသည်။

    ယင်းဒိုင်မှ တစ်ဆင့်ထုတ်လုပ်လိုက်သော ကြွက်၊ မြွေ ၊ ဖားတို့မှအစ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ကြောင်၊ ခွေး စသည့် ရရာ အသားတုံးအစုံများသည် မည်သည့်လုပ်ငန်း၊ မည်သည့်နေရာတွင် ကုန်ချောအဖြစ် အသွင်ပြောင်းကြသနည်း။

    အင်းစိန်ဘိုကုန်းတွင် ဖွင့်လှစ်ထားသည့် အသားစုံဒိုင်နှင့် ဆက်နွှယ်နေသူမှာ တစ်ချိန်တစ်ခါက ဖျော်ရည်တု၊ အရက်တု လုပ်ငန်းဈေးကွက်တွင် ဘုရင်တစ်ဆူဖြစ်ခဲ့ပြီး ယခုအခါ အသင့်စား ငါးအူချောင်းနှင့် ကိုရီးယားအကင်မျိုးစုံ လောကတွင် နေရာယူနေသူတစ်ဦး ဖြစ်ကြောင်း လသာမြို့နယ် အတွင်းရှိ အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ထုတ်ဖော်ပြောဆို သည်။

    သူ့အဆိုအရ အသင့်စား အကင် လုပ်ငန်းများ ခေတ်စားလာပြီးနောက်ပိုင်း ယင်းလုပ်ငန်းရှင်မှာ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူ အချို့ငှားရမ်းကာ ပြည်တွင်းတွင် ထုတ်လာခြင်းဖြစ်ကြောင်း သိရသည်။
    အဆိုပါလုပ်ငန်းရှင်သည် လသာမြို့နယ် အတွင်းရှိ အဆောက်အအုံတစ်ခုတွင် တရုတ်နိုင်ငံသား ကျွမ်းကျင်သူနှစ်ဦး၊ အမျိုးသမီး အလုပ်သမားငယ် ၁ဝ ဦးကျော် တို့နှင့်အတူ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးအူချောင်းနှင့် ကိုရီးယားအကင်ထိုး တံဆိပ်မျိုးစုံကို ထုတ်လုပ်နေသူ ဖြစ်ကြောင်းလည်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

    လသာမြို့နယ်ရှိ အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးသူ များအနက် အသက် ၂၁ နှစ် အရွယ် မဖြူလေးသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
    “ညီမတို့က ကားနဲ့ သယ်လာတဲ့ အသားတွေကို စက်နဲ့ ကြိတ်ပေးရတာ။ ကျန်တာကိုတော့ တရုတ်နှစ်ယောက်နဲ့ အစ်ကိုကြီးသုံးယောက်ပဲ ကိုင်တယ်။ ညီမတို့က အသားကြိတ်တဲ့အထိပဲ သိတယ်” ဟု မဖြူလေးက ပြန်လည်ပြောပြသည်။

    လစာအတော်အသင့် ကောင်းသော်လည်း အလုံပိတ်ထားသော အဆောက်အအုံ အတွင်း အသားပေါင်းစုံ၏ ညှီနံ့များကြောင့် ရင်ကျပ်ရောဂါ ဖြစ်လာသည့်အတွက် မဖြူလေးမှာ ယခုအခါ သိမ်ကြီးဈေးရှိ အထည်ဆိုင်တစ်ခုတွင် ပြောင်းလဲ လုပ်ကိုင်နေရသည်။
    “အသားတုံးတွေက အင်းစိန်က သူဌေးရဲ့ ဆိုင်ခွဲကနေ သယ်လာတာလို့တော့ သိတယ်။ သူဌေးက သားသတ်ရုံတွေက ပိုတဲ့အသားတွေ လေလံဆွဲတာလို့ ပြောသံ ကြားတယ်။ ဒါပေမဲ့ အသားတုံးတွေက တော်တော်ကောင်းကောင်း တွေလည်း ပါတယ်” ဟု အသားတုံးများ လာရာလမ်းနှင့် ပတ်သက်ပြီး မဖြူလေးက သိသမျှ ပြန်လည်မျှဝေသည်။

    ဈေးကွက်အတွင်း ရောင်းချနေသည့် အသင့်ကင်စားနိုင်သော အသားတုံးများ တွင် ကြက်၊ ဝက်၊ ငါး စသည်ဖြင့် အမည် အမျိုးမျိုးရှိသည်။ အသားတုံးများအတွင်းတွင် ယင်းအမည်အတိုင်း အသားများ ပါပါ၏လော။

    ကိုသိန်းမျိုးခိုင်တို့ ရန်ကုန်မြို့တော် အတွင်းရှိ မြောင်းများ၊ လမ်းဘေးများ၊ ဈေးများအတွင်းမှ ဖမ်းဆီးကာ စတင်လည် ပတ်လာသော အသားစုံစက်ဝန်းသည် စားသုံးသူများ နေ့စဉ် စားသုံးနေသော အသားတုံး များတွင် အဆုံးသတ်နေသလော။

    အသားတုံးစက်ဝန်း မည်သို့လည် ပတ်နေသည်ကို စေ့စေ့ငုငု မသိရှိဘဲ စားသုံးနေကြသူ အများအပြားရှိသည်။

    အလုံမြို့နယ် ဆင်မင်းဈေးအနီးတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် အိမ်ရှင်မ မသဉ္ဇာဦးက “ကိုယ်တိုင်လည်း မကြာခဏ ဝယ်စားဖြစ်တယ်။ အိမ်က ကလေးတွေကလည်း ကြိုက်တယ်” ဟု ဆိုလေသည်။

    အသားတုံးအမည်တပ် အသင့်စား အသားတုံးများအတွင်းရှိ အသားများမှာ မည်သို့အသားဓာတ်၊ အာဟာရဓာတ်၊ ဘေးထွက်ဆိုးကျိုး၊ ကျင့်ဝတ်မဲ့စီးပွားရေး သမား၏ လက်စွမ်းပြမှုများ ပါဝင်နေသနည်း။

    FDA ဟု အတိုကောက်ခေါ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့အနေနှင့်မူ အစားအသောက်များ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့် လာရောက် လျှောက်ထားမှုများကို ပါဝင်ပစ္စည်း သေချာစွာ စစ်ဆေးပြီးမှ ထောက်ခံလေ့ရှိကြောင်း ယင်းဌာနမှ ဒေါက်တာထွန်းဇော်က ရှင်းပြသည်။
    “လူထုအတွက် အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို ခိုးထုတ်ပြီး ဈေးကွက်ထဲ ပြန့်နေတယ်ဆိုရင်လည်း သတင်းရတာနဲ့ စိစစ်ပြီး သိမ်းဆည်း အရေးယူလေ့ ရှိပါတယ်။ ဒါက စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအပိုင်းပါ” ဟု ၎င်းကဆိုသည်။

    သို့သော် ‘ဘာမှန်းမသိသော’ အသားများ ပါဝင်နေသောကိစ္စမှာ FDA တွင် တာဝန်မရှိဘဲ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ဒေါက်တာထွန်းဇော်က ရှင်းပြသည်။
    “လုပ်ပိုင်ခွင့် မရှိသေးတဲ့အတွက် ကျွန်တော်တို့မှာ သားငါးအရောအနှော တွေကို စိစစ်ဖို့ လူ၊ ကျွမ်းကျင်မှု၊ နည်းပညာ၊ စက်ပစ္စည်းတွေ မရှိတာလည်း ပါပါတယ်” ဟု သူက ပြောဆိုသည်။

    တစ်ချိန်က ပုလိပ်ရောဂါတည်း ဟူသော ကပ်ဆိုးကြီးဖြင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် ကြွက်တို့၏ အသားများ၊ မြန်မာတို့ ရှောင်ကြဉ်လေ့ရှိသည့် ဖားခုံညှင်း၊ ဖားပျံများ၊ ကင်းလိပ်ချော၊ ပုတ်သင်ညို၊ မြွေတို့အပြင် အခြားအမည်မသိ အသားပေါင်းစုံတို့ကား ကိုသိန်းမျိုးခိုင်တို့လို ကြွက်မုဆိုးများ ထံမှ အဆိုပါ အသားစုံဒိုင်သို့ ရောက်ကြရသည်။

    ဘိုကုန်းအသားစုံဒိုင်မှ ဝယ်ယူခုတ်ထွင် တုံးယူပြီးသော အသားတစ်များသည် မည်သည့်နေရာသို့ သွားကြသနည်း။ ငါးခူမွေးမြူရေး ဆိုသော နေရာသို့ အမှန်တကယ် ရောက်ရှိသည်လား။ မဖြူလေးတို့ ညှီနံ့တထောင်းထောင်းဖြင့် ကြိတ်ပေးရသော သားသတ်ရုံမှ လေလံ ဆွဲလာသည် ဆိုသည့် အသားတုံးများကရော အမှန်တကယ်ပင် သားသတ်ရုံများမှ လာလေသည်လား။

    အသားစုံ သံသရာစက်ဝန်း အတွက် မေးခွန်းများက ထပ်နေသည်။

    “ကျွန်တော်သိထား တာကတော့ အင်းစိန်ဘိုကုန်းက အသားဒိုင်ရော၊ လသာမှာ အကင်ထိုးလုပ်တဲ့ အဲဒီလုပ်ငန်းပါ ပိုင်ရှင်ကတော့ တစ်ယောက်တည်းပါပဲ” ဟု လသာမြို့နယ် အတွင်းရှိ အမည်မဖော် လိုသူ စီးပွားရေးလုပ်ငန်းရှင် ကတော့ အတိအကျ ဆိုလေသည်။

    ခက်ဇော်
    – See more at: http://thevoicemyanmar.com/index.php/article/item/7746-amt…

  • ဝင့်ပြုံးမြင့်

    February 5, 2016 at 7:58 am

    မြန်မာလူမျိုးတွေ လူကောင်သေး၊ ဦးနှောက်ကျနေတာတွေ ဘယ်ကစပြင်ရပါ့မလဲ မသိ။ စိတ်မောပါဘိ။ အဲဒီထဲမှာ ကိုယ့်ခလေး ၂ယောက်ပါ ပါနေတယ်။

    • kai

      February 5, 2016 at 9:03 am

      ဘယ်လူသားကိုမှ ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းမပြုခိုင်းနဲ့..။ မိဘပါ..အပါအဝင်ပဲ..။
      အဲဒီကစ… :k:

Leave a Reply