ရင်ထဲက ဒဏ်ရာတစ်ခု

SnowyApril 20, 20111min18816

ဒီနေ့ တစ်နေ့လုံးရင်ထဲမှာနေလို့ မကောင်း အလုပ်လဲလုပ်လို့မရတာနဲ့ ဘယ်သူမှလဲရင်ဖွင့်စရာ မရှိ …. နောက်ဆုံးဒီဆိုက်လေးထဲမှာရေးဖို့ ဆုံးဖြတ်လိုက်တယ် နဲနဲတော့ပေါ့သွားသလိုပဲ

မနေ့က Facebook မှာ ရည်းစားဟောင်းရဲ့ Wedding Reception photo နဲ့ status ကိုတွေ့လိုက်ရတယ် …… ဘာကြောင့်မှန်းမသိရင်ထဲမှာ အရမ်းဆို့နင့်နေတယ် …. သူနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ … ခုထိဘာကြောင့်ခံစားချက်တွေရှိနေပါလဲစဉ်းစားလို့ မထွက်ဘူး …… သူ့ wall မှာ Congratulation ရေးရတာနဲနဲတော့ ရီစရာကောင်းသားနော် ….. အခုချိန်ထိသူနဲ့ ပါက်သက်တာတွေကို နားစွင့်နေစဲ။

သူနဲ့လမ်းခွဲခါနီး ….. ပြောခဲ့တဲ့စကား ခုထိမှတ်မိနေစဲ .. ” မင်းကအရမ်းမာနကြီးတယ် … အတ္တကြီးတယ် …. တစ်ကိုယ်ကောင်းအရမ်းဆန်တယ် …. မင်းဖက်ပဲကိုပဲကြည့်ပြီး ငါ့ဖက်ကိုမကြည့်ဘူး” … အဲဒီတုံးကတော့ ကိုယ့်ဟာကိုယ်မှန်တယ်ပဲ ထင်ခဲ့မိတယ် …. နှစ်လ သုံးလ လောက်ကြာတော့ အရမ်းလွမ်းပြီတမ်းတတယ်. တောင်းပန်စကားပြောချင်ခဲ့တယ် …  ဒါပေမယ့်သူ့ စိတ်က နောက်တစ်ရောက်စီရောက်သွားပြီ … ငိုခဲ့ရတယ့်နေ့ ပေါင်း …. လပေါင်း သူ မှသိပါလေစ … သူအတွက်မျက်ရည်ကျနေတယ့်အချိန် သူကတစ်ခြားတစ်ရောက်ကို လွမ်းလို့…  သူနဲ့မချစ်ခင်က သူကရည်းစားအရမ်းများတယ့်လူ လို့ကြားခဲ့မယ့် … လူတိုင်းမှာသူ့ သမိုင်းနဲ့သူ လို့တွေးပြီး လက်ခံခဲ့တယ် … အဓိကလမ်းခွဲခဲ့တယ့်အကြောင်းက လဲသူ့ ရဲ့ ex တစ်ယောက်ကြောင့် အထင်တွေလွဲပီး လမ်းခွဲခဲ့တယ် … ရ လ လေက်နေ တော့သူပြန်ဆက်သွယ်ခဲ့တယ် … ကိုယ့်မာန နဲ့တင်းပြီးလက်မခံနိုင်ဘူးလို့ ပြောခဲ့တာ … လွန်သွားသလား?

နောက်တော့တစ်နှစ်အတွင်းမှာ သူရည်းစား နှစ်ယောက်လောက်တွဲတယ် … ပြီးတော့ခု နောက်ဆုံး တစ်ရောက် ကတွဲတာ သုံးလ လောက်ပဲရှိမယ်ထင်တယ် ယူလိုက်တာ … သူ့အကြာင်းတွေမသိ လို့လား .. သိသိကြီးနဲ့ ချစ်လို့ ယူခဲ့သလား …

” People say for heart broken, it takes time to heal your wound ” အဲဒီစကားကို မ မှန်ဘူးလို့ အခုတွေးမိတယ်။

“You can’t buy love but you have to pay heavily to get this”

“ကို ရယ်အရမ်းချစ်တယ်လို့” ပြောချင်နေတာ … သူကြားနိုင်ပါတော့မလား???????

 

 

PS: ပထမဆုံးစာရေးတာဖြစ်လို့  … အမှားများပါရင်ခွင့်လွှင့်ပါလို့ …

 

Snowy 🙂

16 comments

  • eros

    April 20, 2011 at 10:54 am

    ဒဏ်ရာကဖွေးနေတာပဲ။

  • ဆူး

    April 20, 2011 at 11:05 am

    သူ့အစား ဖတ်ပေးလိုက်တယ်။ သူသိမသိတော့ မသိဘူး.. ဆူးတော့ သိသွားပြီ ခံစားနေရတာကို..

  • antimoe

    April 20, 2011 at 2:48 pm

    ရင်ထဲက ဒဏ်ရာတွေတစ်ခုထက်မက များလာရင်..အရင်ကဒဏ်ရာက သူ့ဟာသူကျက်သွားမှာပါ။

    • Snowy

      April 26, 2011 at 11:12 am

      အမာရွတ်တွေ တော့ကျန်ခဲ့မှာပေါ့ …. သေရာပါမဲ့ဒဏ်ရာတွေပါ

  • KoNyeinChan

    April 20, 2011 at 3:44 pm

    လာပြန်ပြီနောက်တစ်ယောက်… ရှုံးနိမ့်မှုများနဲ ့.လူ.. အတိုင်းဘဲ… ကျန်ရစ်မင်းသားတွေပေါ့
    သူ ့မင်္ဂလာဆောင်မှာ သီချင်းသွားမဆိုလိုက်ဘူးလား “ငယ်ချစ်ဟောင်းရဲ ့ လက်ထပ်မင်္ဂလာပွဲ” သီချင်းလေ…
    😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 20, 2011 at 7:44 pm

    တွင်းဟောင်းရေကြည်အေးမြသည်……………….ဒဲ့
    ဒီတော့ကာ
    ဘဂျီးပုဘဲ
    အနစ်နာခံတဲ့အနေနဲ ့ဝင်စိမ်လိုက်တော့မယ်
    ဘာမှအားမငယ်နဲ ့
    ဘကြီးက
    express

  • သေချာဖတ်ကြည့်ပြီး ယောကျာ်းလေးဘက်က ရှူထောင့်နဲ့ ပြန်လည်ဖြေရှင်းချက်ပြုပါ့မယ်။

    သူနဲ့လမ်းခွဲတဲ့အချိန်မှာ သူ့ဘက်က နာကြည်းချက်တွေ၊ စွဲချက်တွေ ထွက်ပေါ်လာတုန်းက Snow စိတ်ထဲမှာ ဘာမှ မခံစားရဘုူးမလား။ အဲဒီအချိန်မှာ သူ့ကို သူ့ Ex နဲ့ပါတ်သက်ပြီး သံသယဝင်လို့ ဖြတ်တယ်ဆိုတာထက် Snow ကိုယ်တိုင်က စိတ်ကုန်နေလို့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပဲ။

    နောက်တစ်ချက် နောက် ၂ လလောက်နေတော့ သတိရတယ်ဆိုပြန်တယ်၊ ရ လလောက်နေတော့ သူ့ဘက်က ပြန်တောင်းဆိုလာတာကိုလဲ ကိုယ့်ဘက်က မာန ဆိုတဲ့ခေါင်းစဉ်နဲ့ ငြင်းဆန်ခဲ့တယ်။ ခုသူနှစ်သက်ရာမိန်းကလေးကို လက်ထပ်သွားတဲ့အချိန်မှာ ခံစားနေရပါတယ်ဆိုတာကို ကျွန်တော့်အမြင်သက်သက်နဲ့ပြောရမယ်ဆိုရင် ကိုယ့်ကိုချစ်နေတယ်လို့ ထင်ထားတဲ့ ယောကျာ်းတစ်ယောက်၊ ကိုယ်ပိုင်တယ်လို့ ထင်ထားတဲ့ ယောကျာ်းတစ်ယောက်ကို ဆုံးရှူံးရတာ သေချာသွားပြီဆိုပြီး နှမြောလို့ စိတ်မကောင်း ဖြစ်သွားတယ်ပဲထင်ပါတယ်။

    ကိုယ့်ကိုယ်ကို သိပ်ပြီးချစ်တတ်လွန်းလို့ တစ်စုံတစ်ယောက်ရဲ့အချစ်ကို တန်ဖိုးမထားမိတယ်လို့ပဲမြင်ပါတယ်။ ကျွန်တော်တို့ ယောကျာ်းလေးတွေရဲ့ အချစ်ကို တန်ဖိုးထားပုံကို စာရေးဆရာမ ပုညခင်ရေးထားတဲ့ ကျွန်မ မညံ့ပါဘူးဆိုတဲ့ Post လေးကို ဖတ်ကြည့်စေချင်ပါတယ်။

    တစ်ကယ်တော့ ယောကျာ်းလေးတွေက ( သူတို့မှတ်ယူထားသော)ခပ်ညံ့ညံ့ မိန်းကလေးတွေကိုသာ ပိုတန်ဖိုးထားတတ်ပါကြောင်းနှင့် မည်မျှပင် ချစ်ခင်စွဲလန်းစေကာမူ စိတ်ဆိုးအောင်လုပ်သည်ကို သည်းခံနိုင်သော်လည်း စိတ်နာသွားလျင်မူ ပြန်တောင်လှည့်မကြည့်တတ်ကြသူများဖြစ်ကြောင်း….

    • eros

      April 21, 2011 at 2:20 am

      ပက်ပက်စက်စက် လန်းလိုက်တဲ့ ကော်မန့် ။

      စူ့ထက်စူ လူ့စွမ်းကောင်း လွေပဲ။

    • Snowy

      April 26, 2011 at 11:19 am

      အားလုံးတော့မဟုတ်ပေမဲ့ … တစ်ချို့ တစ်ဝက်မှန်ပါတယ် …. မိန်းမ တွေမှာရှိတဲ့မာနက ဘယ်လောက်ပါရင်ထဲမှာ ခံစားနေရပါစေ … ပါးစပ်ကပြောင်းပြန်တွေပဲထွက်လာတက်တယ် .. ယောက်ကျားတွေမှ စိတ်နာသွားလျင် ပြန်တောင်လှည့်မကြည့်တတ်ကြတာ မဟုတ်ဘူးနော် … လူတိုင်း ဒီလို ပါပဲ

  • etone

    April 22, 2011 at 2:13 am

    ခံစားချက်ခြင်း ထပ်တူကျတဲ့ ပို့စ်လေးတစ်ခုပါပဲ… ဒီလို ပုံစံတူဇာတ်လမ်းလေး ရှိခဲ့ဖူးတယ်… ။ etone ကတော့ သေလောက်အောင်ချစ် ရူးမတတ် ချစ်လည်း သူ့ဘက်ကမှ ကိုယ့်အပေါ် ကြာကြာမကောင်း သစ္စာမရှိတော့ … စိတ်နာချင်းတွေနဲ့ အတူ မေ့ပစ်လိုက်တယ်… သူ့ဘာသာသူ ဘာကောင်ပဲဖြစ်ဖြစ် ရွှေပဲ ထွက်နေနေ ဟင်ခနဲဆို လုံးဝကို လှည့်မကြည့်တော့ဘူး … ေ-ွးမသား ပြန်တော့လှည့်မလာနဲ့ လှည့်လာရင်တော့ ရင်ဝပြေးကန်မယ်လို့ စိတ်ထဲ တေးထားတာပေါ့ … ။ စိတ်နာခြင်းတွေနဲ့ အတူ မေ့ပစ်ဖို့ ဆိုတာက ပြောသလောက်မလွယ်ဘူးလေ… ချစ်တာတွေ ၊ မေတ္တာတွေ ပျောက်ကုန်ပြီး အရာရာတိုင်း နာကျည်းစိတ်တွေချည်းပဲ တန်ပြန်ဖြစ်ပေါ်ခဲ့တယ်… ။ သူမရှိရင် ဘဝပျက်သွားမလား တွေးပြီး စောင့်ကြည့်နေတာ သိပေမဲ့ ကိုယ့်မာနနဲ့ကိုယ် အပြုံးတောင်မပျက်ခဲ့လို့ … တော်တော် အကြောတင်းတဲ့ မိန်းမလို့ နောက်ကွယ်မှာ သူလျှောက်ပြောခဲ့ပြန်တယ်…။ အခုတော့လည်း ငတိက ဘာစိတ်ကူးပေါက်တယ်မသိ လွတ်သွားတဲ့ ငါး ကြီးတယ်လို့ အသံကောင်းဟစ် ရင် ထုမနာ ဖြစ်နေလေရဲ့ … ။

    သူငယ်ချင်းကိုလည်း အကြံပေးချင်တယ်..ကိုယ့်ကိုမှ တန်ဖိုးမထားတဲ့ ယောကျာ်း ၊ နားမလည်နိုင်တဲ့လူ …ကိုယ့်အပြစ်တွေ ရှာကြံ ဝေဖန်ခဲ့တဲ့လူကို စွဲလန်းမနေနဲ့ ကိုယ့်အချိန်တွေ နောက်ကျ ကျန်ခဲ့တော့မယ်…. ။ အခုလည်း သူများ အိမ်ထောင်နဲ့ ဖြစ်နေပြီဆိုတော့ ပိုပြီးတော့တောင် မေ့ပစ်သင့်တယ်… ။ နေပြလိုက်စမ်းပါ… သူမရှိလည်း ဘယ်လို နေလို့ရတယ်ဆိုတာမျိုး…။ လွမ်းမနေနဲ့ …နာစရာတွေနဲ့ ဖြေလိုက်ပါ… ။

    • eros

      April 22, 2011 at 3:06 am

      အီးတုံးရေ ရှူံးနိမ့်မှုများနဲ့.. လူ ကိုလဲ နည်းနည်းပါးပါးလေး မန်းပေးလို့ မရဘူးလား။ ဒီပိုစ့် ထဲက comment တွေက လန်းတယ်ဗျို့ comments of the month ဆုပေးချင်ပဗျာ။

    • Snowy

      April 26, 2011 at 11:20 am

      ဒါပေမဲ့ .. ဘယ်လိုလုပ်လုပ် သူ့ ကိုမနာကျည်းနိုင်ဘူး …. 🙁

  • dream

    April 22, 2011 at 3:38 am

    အချိန်တွေကြာလာရင်တော့ မေ့သွားမယ်ထင်တာပါပဲ
    ဒါပေမယ့် ချစ်သူတွေမဆိုထားနဲ့ ကြိုက်ခဲ့တဲ့သူကိုတောင်
    အိပ်မက်ထဲခဏခဏ ထည့်မက်နေလို့
    အိပ်မက်ဆိုတဲ့ နာမည်နဲ့ ဒီဆိုဒ်ကိုဝင်ခဲ့တာပါ။
    ဒါကြောင့်လဲ ချစ်သူက ပြောတယ် မင်းရဲ့သိစိတ်က ငါ့ကိုချစ်ပေမယ့်
    မသိစိတ်က အရင်က ကြိုက်ခဲ့တဲ့လူဆီမှာ ကျန်ခဲ့တယ်တဲ့။
    မသိစိတ်ဆိုတော့လည်း မတတ်နိုင်ပါ။ 🙁

    • eros

      April 22, 2011 at 8:09 am

      ဒီပုံစံတိုင်းဆိုရင် အခြေအနေက တချိန်ချိန်မှာ တင်းမာလာနိုင်ပါတယ်။ယခုလက်ရှိသူကို သာ ပုံအောပေးလိုက်ပါလို့ အကြံပြုချင်ပါတယ်

  • unclegyi1974

    April 22, 2011 at 4:02 pm

    အိတုန်ပြောတာအမှန်ပဲလေ
    ဘာမှလုပ်မရတာကိုလွမ်းနေတာ
    အပိုလုပ်နေတာလို့ပဲပြောချင်ပါတယ်
    မိန်းကလေးပဲဖြစ်ဖြစ်ယောကျာ်လေးပဲဖြစ်ဖြစ်
    ဒီလမ်းမဖြစ်နိုင်တော့ဖူးသေချာရင် မတွေဝေပဲ
    နောက်တလမ်းပြန်စတာအကောင်းဆုံးလို့မြင်
    ပါတယ်

Leave a Reply