Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာကုထုံး နဲ့ အနောက်တိုင်းကုထုံး

fattyApril 25, 20111min67759

မိုးရာသီရောက်လာပြီဆိုရင်တော့ …
တနွေလုံးပူထားတာကနေ မိုးလေးတဖျောက်စနှစ်ဖျောက် ကျပါပြီ ..။
လူတွေလဲဖျားကြနာကြတယ် … တုပ်ကွေး ခေါ်တာပေါ့နော ..။

အဲဒီတုပ်ကွေး ဖြစ်ပြီဆိုရင် မြန်မာကျေးလက်မှာတော့ ကွမ်းရွက်ပုံဆေးစား ..
ချွေးပြိုက်ပြိုက်ကျအောင် လုပ်ပြီး ပျောက်သွားတာဘဲ …။ ချွေးငုတ်သွားတယ်
လို့လဲပြောကြပါတယ် ..။

အနောက်တိုင်းဆေးကတော့ ပိုးသတ်ဆေး ပေးလိုက်တာဘဲ …။
အခုဆို flumox ဆိုတဲ့ ဖလူး နဲ့ အမောက်စလင် ရောထားတဲ့ဆေးပေးနေပြီ ..။

နှစ်နည်းစလုံးပျောက်တာဘဲဗျ။ ဘာကွာခြားနေသလဲ …? ?
ကျနော့အထင်တော့ … အနောက်တိူင်းဆေးက ပိုးရှိလို့ ပိုးသတ်ဆေးပေးတာဖြစ်တယ်။
မြန်မာဆေးက ကော … ဘာကြောင့်ပျောက်တာလဲ .. စဉ်းစားစရာဘဲ ..။
ကျနော်စဉ်းစားမိတာက .. မြန်မာ တိုင်းရင်းဆေးက ပိုးကိုတော့ တိုက်ရိုက်မသတ်ဘူး
ပိုးမနေနိုင်အောင် … မရှင်သန်နိုင်အောင် ခန္ဓာကိုယ်တွင်းမှာ အပူအအေးညှိပြီး
ကိုယ်တွင်းရာသီဥတု ကိုပြောင်းလဲပြစ်တာလို့ထင်တယ် ..။

ဘယ်လိုထင်ကြလဲဗျာ …..။

59 comments

    • ဆူး

      April 25, 2011 at 3:14 pm

      mandalay gazette ကိုဖတ်ဖြစ်တာကြာပါပြီ။အခုမှရေးဖြစ်တာပါ။ mandalay gazette ကို ကောင်းစေချင်လို့ပါ။ post တင်တာလဲတင်တာပေါ့။ကိုယ်တင်တဲ့ post ရဲ့အရည်အသွေးကိုတော့ဂရုစိုက်စေချင်ပါတယ်။ရေရှည်တည်တန်ဖို့အရည်အသွေးလိုပါတယ်။point ရချင်ဇောနဲ့တွေ့ကရcopyကူးတင်။comment တွေနဲ့ personal တိုက်ခိုက်။မလုပ်ကြပါနဲ့။

      post by
      lusoegyikoko
      http://myanmargazette.net/47395/uncategorized-other/copypaste

  • moethidasoe

    April 25, 2011 at 8:26 am

    အနောက်တိုင်းနည်းက တကယ်ဆိုရင် ပါရာစီတမော နဲ့ လိုအပ်ရင် ဘာမီတွန် လောက်ပဲ ပေးပါတယ် .. ဖလူမောက် ဆိုတာ ချောင်းဆိုး သလိပ် ဝါဝါတွေ ထွက်တယ် ဆိုမှ ပေးကြတာများပါတယ် ..အခုလို ဖြစ်တာ ဗိုင်းရပ်စ်ကြောင့် ဆိုတော့ ပိုးသတ်ဆေး ပေးဖို့ မလိုပါ .. လောလောဆယ် ချွေးနဲ့ ပြန် အအေးမပတ်အောင် နေဖို့ မှာကြားကြပါတယ်
    ကိုဖက်တီးအတွက်တော့ ဖက်စရာ ရှာပြီး ချွေးထုတ်ရင် အဆင်ပြေမယ်ထင်ပြီး ရှာမိရင် အဲဒီလူကို ကူးသွားနိုင်စရာ ရှိပါတယ် ..

  • မမလေး

    April 25, 2011 at 10:06 am

    ဟားဟား … လူဆိုးကြီးကိုကိုပြောတာ နှစ်လုံးတည်းနဲ့ ရယ်ချင်သွားတယ် ..

  • nature

    April 25, 2011 at 2:48 pm

    တိုင်းရင်းဆေးတွေဟာ side effect မရှိပဲစွမ်းပါတယ်၊ ဒီနည်းကကျနော်တို့ငယ်ငယ်ကတည်းက ခုထိသုံးနေတဲ့ ဆေးမြီးတို ဆေးစွမ်းကောင်းတခုပါဘဲ၊ ငယ်ငယ်တုန်းကသူနဲ့အတူ သုံးခဲ့တဲ့ အနောက်တိုင်းဆေး tetracyclene,triple sulpha တို့ဆိုတာ ခုဆိုမရှိတော့ဘူးလေ။

  • fatty

    April 25, 2011 at 3:05 pm

    အသက်အရွယ် အတွေ့အကြုံ တွေရင့်သထက်ရင့်ကျက်လာရင် …. ကိုယ့်ဆွေမျိုးသားချင်းထဲမှာ ကုမရတဲ့
    ကင်ဆာလိုမျိုးဖြစ်တဲ့သူရှိလာရင် …. ဆရာဝန်တွေကိုယ်တိုင် အမျိုးစုံစမ်းကြည့်ပြီး ရောဂါအမည်မတတ်နိုင်ရင်
    ဒီခေါင်းစဉ်လေးက အသုံးဝင်ပါလိမ့်မယ် …။

  • unclegyi1974

    April 25, 2011 at 3:11 pm

    မြန်မာဆေးနည်းကအကျိုးကိုကုတာ
    အနောက်တို်င်းကအကြောင်းကိုကုတာ
    လို့မြင်ပါတယ်

  • MaMa

    April 25, 2011 at 3:30 pm

    အန်ကယ်ကြီးများ မှားနေမလား။ သိရသလောက်ကတော့ မြန်မာဆေးနည်းက အကြောင်းကိုကုတာ။ အနောက်တိုင်းဆေးနည်းက အကျိုးကိုကုတာလို့ ကြားဖူးတာပဲ။ ငယ်ငယ်က မောင်လေးက ရင်ကြပ်ပန်းနာရှိတယ်။ ဆရာဝန်ဆီ ညနေတိုင်းသွားပြီး ဆေးထိုးရတယ်။ ရောဂါပြင်းတဲ့အချိန်ဆို မနက်တစ်ခါ၊ ညနေတစ်ခါ ဆေးထိုးရတယ်။ ငယ်ကလည်းငယ်၊ ပိန်ကလည်းပိန်မို့ အမေက အရမ်းသနားပြီး တွေ့တဲ့လူတိုင်းကို ပြောပြတော့ လူတစ်ယောက်က ရဲယိုရွက်ကို ဆားနည်းနည်း ထဲ့ထောင်းပြီး ညအိပ်ခါနီးတိုင်း သောက်ခိုင်းတယ်။ ၆လလောက်သောက်ပြီး အဲဒါနဲ့ပဲ ခုချိန်ထိ အမြစ်ပြတ်သွားတယ်။

  • fatty

    April 25, 2011 at 3:41 pm

    အန်ကယ်ကြီး ရဲ့ comment က တိုတိုလေးနဲ့ထိရောက်လှပါတယ် ..။ တခုရှိတာက တိုင်းရင်းဆေးမှာဓာတ်စာ ဆိုတာ
    ရှိသေးတယ်မို့လား ..။ အဲဒါကတော့ အကြောင်းတရားကိုအရင်ထိမ်းပေးတယ်လို့ထင်တာဘဲ ..။ ကျနော်အသက် ၄၀
    လောက်ထိ ဓာတ်စာကို သဘောမကျခဲ့ပါဘူး ..။ အခုအရွယ်မှာတော့နားလည်လာပါပြီ ..။ ငယ်တုန်းကတော့ဘာစားစား
    ပေါ့ .. ပြသနာမရှိလှဘူး ..။ မိဘတွေက ဟိုဟာမစားနဲ့ လေပွမယ် .. တက်စာတွေ .. အဲလိုတွေပြောရင် အပိုတွေလို့
    ထင်ခဲ့မိတယ် ..။ အခုတော့တက်စာသည်တကယ်တက်မှန်း .. သွေးတိုးတတ်မှန်းသိလာရပါတယ် ..။
    အဲ စာရိုက်နေရင်း Ma Ma ရဲ့ စာလေးဝင်လာလို့ နဲနဲပြောမယ်နော် .. ရင်ကြပ်ပန်းနာဖြစ်တယ် အဲဒါကို ရဲယိုရွက်နဲ့ ကုတယ် သက်သာသွားတယ် .. အဲဒါဖြစ်ပြီးသား အကျိုးတရားကိုကုတာမဟုတ်လား ..။
    အနောက်တိုင်းကတော့ ရောဂါရဲ့ဇစ်မြစ်ကိုရှာတယ် .. အဲဒါကို အကြောင်းတရားကို ကုတယ်လို့မခေါ်ဘူးလား
    တကယ်တော့ ကုထုံးနှစ်မျိုးစလုံး အကြောင်းရော အကျိုးရော ကြည့်ကြတယ်ထင်ပါတယ် ..။

  • MaMa

    April 25, 2011 at 4:00 pm

    ကျမသိသလောက်ကတော့ ရင်ကြပ်ပန်းနာကို ဆေးထိုးတော့ ရောဂါက သက်သာတယ်။ ဆေးထိုးလိုက်ရင် အချိန်တစ်ခုပဲ မမောဘူး။ သက်သာတယ်။ ဒါပေမယ့် ၂၄နာရီလောက်ပဲ ဆေးကစွမ်းတယ်။ အစာလည်း ရှောင်ရတယ်။ အမြစ်လည်း မပြတ်ဘူး။ ဒါပေမယ့် ရဲယိုရွက်ထောင်းတိုက်လိုက်တော့ ချက်ခြင်းမပျောက်ဘူး။ ရေရှည်သောက်ရတယ်။ ဒါပေမယ့် အမြစ်ပြတ်သွားတာ ခုချိန်ထိ ဘာစားစား ရောဂါကို ထပ်မဖြစ်တော့ဘူး။ အဲဒါကြောင့် ရောဂါရဲ့ အရင်းအမြစ်ကို၊ အကြောင်းကို ကုတာမို့ ချက်ခြင်းမပျောက်ပဲ၊ အမြစ်ပြတ်သွားတာလို့ ထင်ပါတယ်။

  • padonmar

    April 25, 2011 at 9:19 pm

    နှစ်နည်းစလုံး သူ့နည်းနဲ့သူ ကောင်းတာတွေ ရှိပါတယ်၊
    ဒါပေမယ့် တိုင်းရင်းဆေးရဲ့ အားနည်းချက်က စနစ်တကျ သုတေသန လုပ်မှုအားနည်းနေတာပါ၊
    အခုနောက်ပိုင်း ဓာတ်ခွဲခန်းမှာ သုတေသန လုပ်လာပေမယ့် အနောက်တိုင်းဆေးcompany တွေလို လူ ၁၀၀ဝ မှာ ဒီဆေးပေးကြည့်တာ လူ ၅၀ဝ က လုံးဝ ကောင်းတယ်၊လူ ၂၀ဝ က တစ်ဝက်သက်သာတယ်၊ လူ ၁၀ဝ က ပိုဆိုးတယ်၊ လူ ၂၀ဝ က ဒီအတိုင်းပဲ စသည်ဖြင့် data တိတိကျကျ နဲ့ research မလုပ်နိုင်ပါဘူး၊ အဲဒီလိုလုပ်ဖို့ကလည်း fund ရှိဖို့လိုပါတယ်၊အစမ်းသပ်ခံမယ့် လူ တွေလည်းလိုပါတယ်၊
    မမ ရဲ့ မောင်လေးက ရဲယိုရွက်စားလို့ ရင်ကြပ်ပျောက်ပေမယ့် နောက်တစ်ယောက်ကျ ပျောက်ချင်မှ ပျောက်ပါလိမ့်မယ်၊ ဒါကြောင့် အချိန်ပေးပြီးကုနိုင်တဲ့ ရောဂါတွေ အတွက် တိုင်းရင်းဆေးကို ကုကြည့်ကြပြီး ပျောက်ဖို့ အရင်လိုတဲ့အခါ အသက်လုရတဲ့အခါတွေမှာ အနောက်တိုင်းဆေးနည်းကိုပဲ အားကိုးရပါတယ်၊

  • moethidasoe

    April 26, 2011 at 5:43 am

    ပဒုံမာ ရေးတာ မှန်တယ် .. သုတေသန မလုပ်ထားလို့ မလုပ်ခဲ့လို့ တိုင်းရင်းဆေးကို အားကိုးမှု နည်းရတာပါ ..
    အခု alternative ဆိုပြီး တိုင်းရင်းဆေးထဲက အချို့ကို ပြုပြင် .. သုတေသနတွေ လုပ်ပြီး ထုတ်နေကြတာ ရှိလာပါပြီ .. သူတို့က အကုန်ခံပြီး သုတေသနတွေ လုပ်တော့ အနောက်တိုင်းဆေးလိုပဲ လူထုထဲ နာမည်ရလာတယ် ..
    တိုင်းရင်းဆေး အစစ်အမှန်တွေရဲ့ ပြဿနာ အချို့က ဆေးနည်းကို လူသိမှာ စိုးခဲ့တဲ့ အကြောင်းကြောင့်ပါ .. နောက်ပြီး အိမ်တွင်းဖော်စပ်တာမျိုးကို ဦးတည် အသေးစားထုတ်လုပ်မှုကို ဦးတည်ခဲ့တော့ မကြော်ကြားဘူးပေါ့ ..
    တကယ်မှန်တဲ့ ဆေးတွေဆိုရင် နာမည်လဲရကြပါတယ် ..

  • fatty

    April 26, 2011 at 6:09 am

    ဆေးနည်းကိုယ်တွေ့လေးတွေရှိရင်လဲမျှဝေကြပါအုံး … ကျနော်ဆေးခန်းနားမှာနေတော့ ဝေဒနာရှင်တွေကို
    ကိုယ်ချင်းစာမိတယ် …. တချို့ဆရာဝန်လက်လျှော့ထားတာတွေလဲတွေ့ရတယ် .. အသိတယောက်ဆို ဦးနှောက်
    အပိုင်း တခု ပုတ်တဲ့ရောဂါဖြစ်နေတယ် … အသီးအနှံများ နေရာကွက်ပြီး ပုတ်နေသလို နာနေသလိုပေါ့ ….။

  • kai

    April 26, 2011 at 7:34 am

    တိုင်းရင်းဆေးက ..ဘာမီတွန်ကို… အမှုန့်ကြိတ်ပြီး ..ဘေးက..ဘာဘာညာညာတွေရောတိုက်တာ..။
    အနောက်တိုင်းဆေးက… ဘာမီတွန်ဆိုတဲ့ဆေးကိုသုတေသနပြု…ဖော်စပ်ပြီး တိုက်တာ..။

    ဆိုလိုရင်းက…
    ဥပမာ.. သံမနိုင်ကျောက်မနိုင်ဆိုပါောတ့..။
    ကျောက်ကြေတယ်..ကျောက်ကပ်ကောင်းတယ်.. ပြောပြီး အရွက်ကို ရေနွေးနဲ့ကြိုသောက်ကြတယ်..။ တချို ့က.. ဆေးလုံးလုပ်လို့ရအောင်.. အခြောက်လှမ်း..အမှုန့်ကြိတ်… တခြား..ဘာညာတွေရောပြီး ဆေးလုံးလုပ်သောက်တယ်..။ ရောင်းတယ်…။
    အနောက်တိုင်း လုပ်ထုံးသဘောက.. သံမနိုင်ကျောက်မနိုင် သက်သာတယ်ပျောက်တယ်..နာမယ်ကြီးရင်..သိရင်ကို ဓါတ်ခွဲခန်းထဲသွင်း ..သူ့အထဲပါတဲ့ဓါတ်တွေကို အစိတ်စိတ်ကြည့်.. ကြွက်တွေ.မျောက်တွေနဲ့စမ်း..။ နောက်တော့ လူနဲ့စမ်း.။ ဘေးထွက်တွေမှတ်..။ ဘေးထွက်လျှော့နိုင်သမျှလျှော့အောင်နဲ့.. ရောဂါအတွက် ထိရောက်သထက်ထိရောက်အောင်.. ထပ်ထပ်လုပ်…။
    နောက်ဆုံးတော့.. တကယ်အထိရောက်ဆုံးထင်တဲ့..ဓါတ်ကို ဆွဲထုတ်ပြီး.. စီးပွားဖြစ်ဖို့အတွက် ဆေးလုပ်ရောင်းတာ…။
    ရောဂါပျောက်သူတွေလည်း..ပျောက်ကြစေပေါ့..။

    ပြောရရင်.. မြန်မာက.. အဂ္ဂိရတ်ထဲကျန်ခဲ့ပေမဲ့.. အနောက်တိုင်းက… ဓာဓုဗေဒဘာသာရပ်ကို ဖော်ထုတ်သုတေသနပြု.. ဆက်လက်ချီတက်နေသလိုပါပဲ..။

    ဒန်တန်တန်…။ 🙂

  • char too lan

    April 26, 2011 at 12:29 pm

    Post ရော Comment တွေပါ ကျေးဇူးတင်ပါတယ်

  • ဆူး

    April 26, 2011 at 1:10 pm

    ဆေး တခုကို သုသေသန ပြုဖို့ စမ်းသပ်ဖို့ ဆိုရင် အချိန် ၁ဝနှစ်လောက် ကြာမယ်လို့ ပြောတာ ကြားဖူးပါတယ်။ အချိန်မပေးချင်လို့ မစောင့်ချင်လို့လား.. စမ်းသပ်မဲ့ စရိတ်မတတ်နို်င်လို့ဘဲလားတော့မသိဘူး.. မြန်မာ တိုင်းရင်းဆေးနည်းတွေ အရာမဝင် ဖြစ်နေကြရတာပါ။

  • nature

    April 26, 2011 at 1:30 pm

    သူကြီးပြောမယ်ဆိုလဲပြောစရာပဲ၊ ဘာမီတွန်တို့ ပါရာစီတမောတို့ကိုအမှုန့်ကြိတ် ခဲ့တဲ့တိုင်းရင်ဆေး စုန်းပြူးတွေလဲရှိခဲ့ဘူးတယ်။သူကြီးကကိုယ်တိုင် ကြုံခဲ့ပုံရတယ်၊ တိုင်းရင်းဆေးအကြောင်းပြောရင်ဒါပဲအမြဲရေးတယ်၊ တိုင်းရင်းဆေးတွေရဲ့အားနည်းချက်က သုသေသနနဲ့ marketing မှာအရမ်းညံ့ပါတယ်၊ အခုဆိုမသိသူကျော်သွား သိသူဖော်စားပဲ၊ အခုဆိုတရုပ်ပြည်ဘက်ကို တိုင်းရင်းဆေးတွေအရမ်းသွားကြတယ်၊ သူတို့က marketing မှာတော်တယ်လေ၊

  • fatty

    April 26, 2011 at 2:08 pm

    အနောက်တိုင်းဆေးတွေရောပြီးထည့်ထားတဲ့ဆေးတွေကို medical research ကဖေါ်ထုတ်ပြီး
    အလျဉ်းသင့်သလို blacklist လုပ်နေတာတွေ့ရပါတယ် ..။ အေးငြိမ်းသီတာ ဆေးကတော့ ဘာနဲ့ရောထားတယ်မသိဘူး .. အတော်လေးထိရောက်တယ် ..။ ဒါပေမဲ့ထုတ်တာကြာပြီ blacklist မဖြစ်ပါဘူး … တိုင်းရင်းဆေးစစ်စစ်ဆိုရင်တော့ အတော်အံ့ဩ ဘို့ကောင်းပါတယ် ..။
    ပြီးတော့ ဝိဇ္ဇာ မျက်ကွင်းဆေး … ထိရောက်ပါတယ် ..။ ကွန်ပြူတာသမားတွေအတွက် အတော်ကောင်းတယ်။ မနောတို့လို လေးလုံးတွေအတွက် မှီဝဲသင့်တယ် ..။

  • ဆူး

    April 26, 2011 at 2:13 pm

    အင်္ဂလိပ်စာ သင်တဲ့ ဆရာဦးအောင်ကျော် အရင်က အမေရိကန်က ဘီအိုအေ မြန်မာပိုင်းမှာ တာဝန်ထမ်းဆောင်ဘူးတယ်။ အဲဒီ ဆရာဆို အသက် ၈ဝကျော်နေပြီ.. မတ်တပ် ရပ်ပြီး စာသင်နေတာ မျက်မှန်မတပ်ဘဲ ကျောင်းသားတွေ စာအုပ်ထဲမှာ စာမှားနေတာက အစ မြင်တယ်။ သူက နေ့တိုင်း အလင်းရောင် မျက်စိအားဆေး စားတယ် ပြောတယ်။

  • padonmar

    April 26, 2011 at 4:25 pm

    ဆူးရေ၊အသက် ၇ဝ လောက်ရောက်ရင် အနီးပြန်မြင်တယ်ဆိုတာကြားဖူးလား၊ဆရာတော့ ကြီးမှပြန်မြင်တာ ဟုတ်မဟုတ်မသိဘူး၊ အမှန်တော့ မျက်စိထဲက muscle တွေ တင်းအားလျော့သွားတော့ မျက်စိမှန်ဘီလူးက ပိုခုံးသွားတယ်၊အဲဒီတော့ အနီးကိုမျက်မှန်မပါပဲမြင်သွားရရော။

    • kai

      April 26, 2011 at 6:22 pm

      ကျုပ်မျက်စိလည်း အနီးကြည့်ကောင်းသလားမမေးနဲ့…
      ကွန်ပြူတာကြည့်ရင်..အယ်စီဒီ မော်နီတာက.. လေးထောင့်ကွက်ဆဲလ်လေးတွေပါမြင်ရတယ်…။ 🙂

      ဆိုတော့ အသက်ကြီးရင်..၄ဝကျော်ရင်… အနိစ္စသဘောအရ… မျက်လုံးကောင်းတဲ့သာမန်လူဟာ..အနီးမှုန်တတ်တယ်..။
      အဝေမှုန်ပြီးသားလူက..အနီးမမှုန်ပဲဖြစ်တတ်တယ်..။
      အဝေးအနီး…မှန်ဘီလူးပြောင်းပြန်..သဘောတရားပဲ…။

      • ဆူး

        April 28, 2011 at 10:16 am

        သဂျီး မျက်မှန် တပ်ကြောင်း အခု မှ ကိုယ်တိုင် ရေးသွားတာပဲ..
        ဆူးက ခန့်မှန်းတာ.. စိတ်ထဲမှာ မျက်မှန်နဲ့ ပုံမျိုး မြင်နေလို့.. ဟို ပိုစ်မှာ မျက်မှန်လေး မပြီး ပြူးကြည့်မယ်လို့ ရေးထားတာ။ မှန်သွားတာပေါ့။

    • etone

      April 29, 2011 at 2:56 am

      etone ကတော့ ငယ်ငယ်ကတည်း အပြင်းဖျားခဲ့တဲ့ ဒဏ်နဲ့ တလုံးပဲ မြင်တယ် … lazy eye ဖြစ်ပြီး ကျန်တလုံးက စာဖတ်လို့ မရဘူး မြင်သာမြင်ရတာ… ။ အော်ပရေးရှင်းလုပ်ရမှာ ကြောက်နေတာနဲ့ မျက်စိတဖက်ထဲနဲ့ စာဖတ်လာခဲ့ အခုလည်း တနေ့လုံး ကွန်ပျူတာနဲ့ အလုပ်လုပ်ရတော့ စာဖတ်လို့ ရတဲ့ မျက်စိလေးခမျာ ကလယ်ကယ်နဲ့ ညောင်းနေရှာတယ် 😛 ဒီနှစ်ထဲမှာဖြစ်ဖြစ် နောက်နှစ်ထဲမှာဖြစ်ဖြစ် အော်ပရေးရှင်းတော့ လုပ်လိုက်မယ် စိတ်ကူးတယ် … ။

  • ဆူး

    April 26, 2011 at 4:33 pm

    ဆူး သိသလောက်တော့ ဆရာ ကိုယ်တိုင် ပြောတာဘဲ.. သူ မျက်မှန် လုံးဝ မတပ်ဘူး ဆိုတဲ့ အကြောင်းနဲ့ သူစားတယ် ဆိုတဲ့ အကြောင်း ပြောတာပါ။

  • padonmar

    April 26, 2011 at 5:04 pm

    ဆရာ့ကိုယ်တွေ့ဆိုရင်တော့ တကယ်စွမ်းတာဖြစ်ပါလိမ့်မယ်၊
    ဆရာ့သမီး မရတနာကျော် တစ်ယောက်လုံးရှိတာ ဆရာက reasonable မဖြစ်ပဲနဲ့တော့ မပြောလောက်ပါဘူး၊

  • cobra

    April 27, 2011 at 5:48 am

    fatty တယောက်တင်ပေးလိုက်တဲ့ post ကတကယ်ကိုကောင်းပါတယ်
    ရွာထဲကလူတွေလည်းတော်တော့်ကိုစဉ်းစားပီးcommentsတွေပေးထားတာ
    မှတ်သားဖို့ကောင်းပါတယ်..။

  • meelay

    April 27, 2011 at 9:14 am

    အရင်က မီးရဲ့ မေမေမှာ ပန်းနာရင်ကြပ်ရောဂါ ရှိပါတယ်။ နှစ်နဲ့ချည်ပြီး အမိုင်နိုသောက်တာ မပျောက်ဘူး။ ဆေးသောက်လိုက်တဲ့အချိန် သက်သာတာပဲရှိတယ်။ နောက်ပိုင်း လောက်သေရွက်ကို ပြုတ်ပြီးသောက်တာ လပိုင်းလောက်ပဲ သောက်လိုက်ရတယ်။ ရောဂါလုံးဝပျောက်သွားတာ အခုချိန်ထိပဲ ….

  • ဆူး

    April 27, 2011 at 12:48 pm

    လောကကြီးမှာ ကြားရတာတော့ အစုံပါဘဲ..
    တချို့လည်း ဆရာဝန် လက်လွတ်လို့ ရှင်ရင်ပြီးရော ဘာနဲ့ ကုကု ဆိုပြီး တိုင်းရင်းနည်းနဲ့ ကုတာ ပျောက်တာလည်း တွေ့ဘူးတယ်။
    တချို့ကျတော့လည်း မဟာစည်မှာလား မသိဘူး တရားထိုင်တာ အဲဒီ လူက နံရိုးကျိုးပြီး အသည်းမှာ စိုက်နေတာ သေဖို့ အမိန့်ကျပြီ ဆိုပြီး စိတ်ပျက်ပျက်နဲ့ တရားဘဲ လုပ်တော့မယ် ဆိုပြီး တရားအားထုတ်ရင်းနဲ့ အရိုးလည်းဆက်သွားတယ် နောက်ပြီး အသည်းလည်း ကောင်းသွားတယ်။ စသဖြင့်ပေါ့.. လူတယောက်က ရှင်ဖို့ ကံများ ရှိနေသေးရင် ကံစပ်တဲ့ အရာတခုခုနဲ့ ကောင်းသွားတယ်လို့ဘဲ ပြောရတော့မှာဘဲ။ နိုင်ငံခြားနည်းပဲ ဖြစ်ဖြစ် မြန်မာနည်းပဲ ဖြစ်ဖြစ် အရေးကြီးတာ ကျန်းမာ ပျော်ရွင်ပြီး အသက်ဆက်ရှင်သန်နိုင်ဖို့ ဖြစ်တဲ့ အတွက်.. လိုအပ်ရင် လိုအပ်သလို မေးမြန်းစုံစမ်းပြီး ကုသသင့်တယ်။ တယူသန် ဒါမှ ဟိုဟာမှ ဆိုတဲ့ စိတ်နဲ့ နေလို့ကတော့…. မပြောလိုတော့ဘူး။ ကိုယ်တိုင် အစမ်းခံ မဖြစ်အောင်တော့ အရင် လေ့လာပေါ့။ အဓိက ကတော့ အဓိကဘဲလေ။

  • nature

    April 27, 2011 at 1:11 pm

    အခုဆိုရဲယိုသီးကကင်ဆာနိုင်တယ်ဆိုပြီး စင်္ကာပူလိုနိုင်ငံတောင်လက်ခံလာပြီပဲ။

  • ဆူး

    April 27, 2011 at 1:35 pm

    မြန်မာပြည်က နံပါတ် ၁ဝ အတွင်းဝင်တဲ့ သူဌေး တယောက် ရဲယို စိုက်ခင်းတွေ ဧကပေါင်းမနည်းပါဘူး စိုက်ထားပါပြီ။
    စမ်းသပ်နေပါတယ် အောင်မြင်ရင် ဂျပန်ကို ကင်ဆာ ပျောက်တယ် ဆိုပြီး ဈေးကွက်ချဲ့ထွင်မလို့ပါတဲ့။
    လူသိမခံသေးတဲ့ သတင်းဆိုတော့ ဒီမှာ အကျယ်မရေးတော့ဘူး။

  • shwe ni

    April 27, 2011 at 1:55 pm

    ရွာသူရွာသားတွေအချိန်ရရင် http://penai22.blogspot.com ဆိုတဲ့ဘလော့လေး ဖတ်ကြည့်ကြပါလား
    အဲမှာ blog ပိုင်ရှင် အသည်းကင်ဆာ မြန်မာဆေးမြီးတိုနဲ့ပျောက်သွားလို့ US က မြန်မာဆေးပင် ကို စပြီးမေးမြန်းစုံစမ်းလာတဲ့အကြောင်း ကိုရေးထားတာပါ ။ ဖတ်ရင်တော့ US ဆရာဝန်တွေက ၃ လပဲ နေရတော့မဲ့အကြောင်း သူကိုစပြောတဲ့ အချိန် ကစရရင် last year posts တွေကိုစဖတ်သင့်ပါတယ်။
    blog ပိုင်ရှင်က geology နဲ့ကျောင်းပြီး တော့ US မှာနေတာပါ.

  • padonmar

    April 27, 2011 at 2:21 pm

    shwe ni ဝင်လို့မရဘူးpost တင်ပေးပါလား၊စိတ်ဝင်စားလို့ပါ။

  • ဆူး

    April 27, 2011 at 2:25 pm

    ဟုတ်သားဘဲ မရွှေနီ.. ကောင်းနိုးရာရာ လင့်နဲ့ တင်ပေးပေါ့.. ကူးပြီးတော့.. ဒီက ကွန်မန်းမှာဘဲ ဖြစ်ဖြစ်ပေါ့.. ဘလော့ပိုစ် ဆိုရင် ဒီက လူတွေ ဖတ်မရဘူး။

  • shwe ni

    April 27, 2011 at 2:34 pm

    ” ကိုကြီးကျောက် မတ်လ ၃၁ ရက်နေ့က ရက်ချိန်းပေးလို့ ဆရာဝန်နဲ့တွေ့တော့ NIH က ကိုကြီးကျောက်ရဲ့ အသဲက ဒဏ်ရာတွေဟာ ကင်ဆာ မဟုတ်ပါဘူးလို့ ပြောသတဲ့၊ ကိုကြီးကျောက်မှာဖြင့် မနှစ်က ဒီလိုအချိန်လောက်က စပြီး ရောဂါလက္ခဏာတွေပြလာလိုက်တာ ဖလော်ရီဒါက Martin memorial ဆေးရုံ၊ တက်ကဆပ်ပြည်နယ် Houston မြို့က Bayshore ဆေးရုံ၊ Maryland ပြည်နယ် Silverspring က Holy Cross ဆေးရုံ တွေမှာ တက်ခဲ့ရတော့၊ MRI , CT scan တွေရိုက်ကြည့်ကြပြီး အားလုံးက ကိုကြီးကျောက်ကို အသဲကင်ဆာလို့ပြောပြီး ရောဂါ လွန်နေတာကြောင့် ကြာကြာမနေရတော့ဘူးလို့ ပြောကြပါတယ်၊

    ခု NIH မှာ ကိုကြီးကျောက်ရဲ့ အကြိုအကြားတွေက ကင်ဆာအကျိတ်တွေနှိုက်ပြီး ရှာကြည့်တော့လဲ မတွေ့၊ သွေးစစ်မှတ်တမ်းကလဲ တဖြေးဖြေး ဘာဆေးမှမသောက်ပဲ ကောင်းလာတော့ ကင်ဆာလို့ မသတ်မှတ်လို့ NCI ကလဲ ကုမပေးပါဘူး၊ ကိုင်း…ကိုကြီးကျောက်ကတော့ တုံးကျော်ကျောက် ဖြစ်ပါပြီ၊

    အဲ…ဒါပေမဲ့ အသဲမှာ စီပိုးကြောင့်ဖြစ်တဲ့ ဒဏ်ရာနဲ့ စီပိုးကို သတ်ဖို့ ၄လ လောက်အနဲဆုံး အပတ်စဉ် ဆေးထိုးဆေးကုရပါလိမ့်မယ်၊ စီပိုးက ဒီမှာတော့ ရှင်းရှင်းလင်းလင်းပျောက်ကင်းအောင် ကုပေးနိုင်တဲ့ ဆေးတွေရှိနေပါပြီ၊ သူတို့သိချင်တဲ့ အချက်ထဲမှာ ကိုကြီးကျောက် စားကောင်းသောက်ကောင်း နေထိုင်ကျန်းမာနေတဲ့ အကြောင်းရင်းပါပဲ၊ ဧပြီလ ၁၄ ရက်နေ့ဆေးခန်းကို သွားရရင် သူတို့ သိချင်တဲ့ တပင်တိုင်မြနန်းကို ယူသွားပေးရပါဦးမယ်၊ သူတို့ကတော့ ကိုကြီးကျောက်မှာ ကင်ဆာအကျိတ်တွေ မရှိအောင် တပင်တိုင်မြနန်းက ဘယ်လိုစွမ်းသလဲဆိုတာ သိချင်နေပုံပါပဲ၊ မန္တလေးက ရွှေစင်တို့ ညီအမ ပို့ထားတဲ့ ဆေးမြစ်အပြင် ကိုကြီးကျောက်ရဲ့ စာဖတ်ပရိဿတ် LA ကအမကြီး မမသိန်း ပို့ပေးတာတွေ ရှိနေလို့ တော်ပါသေးရဲ့၊

    ကိုကြီးကျောက်ကတော့ မေတ္တာအစွမ်းလဲ အထူးယုံကြည်မိပါတယ်၊ ကိုကြီးကျောက် နေမကောင်းဘူးလို့ ကြားကထဲက ကိုကြီးကျောက်ကို ကမ္ဘာအရပ်ရပ်က ဝိုင်းဝန်းမေတ္တာပို့ကြတာကိုက ရောဂါကို တဝက်လောက်ပျောက်သွားတယ် ထင်တာပါပဲ၊ ဒါ့ကြောင့် အားလုံးကို အထူးကျေးဇူးတင်ကြောင်း ကိုကြီးကျောက်ရင်တွင်းစကားကို လှိုက်လှိုက်လှဲလှဲ ဆိုပါရစေ…..ကိုကြီးကျောက် ဖလန်းဖလန်း ထနေပြီမို့ April ၅ ရက်နေ့ Las Vegas ၊ Grand Canyon နဲ့ LA ကို သွားလိုက်ပါဦးမယ် ၊ ပြန်လာမှပဲ စာတွေရေးပါ့မယ်…” at http://penai22.blogspot.com/

    ုဒါက ကင်ဆာ မဟုတ်တော့ဘူးလို့ ကွန်ဖမ်း လုပ်ပေးလိုက်ပါပြီ

  • shwe ni

    April 27, 2011 at 2:39 pm

    ကိုင်း….CT Scan ရိုက်ပြီးပြီဆိုတော့ ဆရာဝန်နဲ့ တွေ့ဖို့ ၁၃ ထပ်ကို တက်ရတာပေ့ါ၊ အဲဒီမှာ ကိုကြီးကျောက်ကို အရပ်တိုင်း၊ အလေးချိန်ပြီးတော့၊ ကိုကြီးကျောက်ရယ်၊ coordinator ရယ်၊ ဆရာဝန်ရယ်၊ ဆွေးနွေးပွဲ စကြတော့တာပဲ၊ ကိုကြီးကျောက်ကို follow up လုပ်တဲ့ ဆရာဝန်က ဘာဆေးတွေတိုက်သလဲလို့ မေးတော့ spironolactone လို ဆီးဆေးလောက်ပဲတိုက်တာလို့ sorafenib က ကိုကြီးကျောက်နဲ့ မတည့်လို့ ဒီဇင်ဘာကထဲက ရပ်ထားတာလို့ ပြောလိုက်တယ်၊ ဒါပေမဲ့ သူ့တို့ နားမလည်နိုင်အောင်ဖြစ်နေတာက ကိုကြီးကျောက်ရဲ့ သွေးစစ်အဖြေတွေက ကောင်းနေတာ၊ သွေးထဲမှာ billirubin ဆိုတဲ့ အဝါရောင်ပါဝင်မှုက ဇန်နဝါရီမှာ ၆ ၊ ဖေဖေါ်ဝါရီမှာ ၄ ၊ ခု စစ်တော့ ၃ ၊ဖြစ်နေပြီ၊ တဖြေးဖြေး ကျလာတာ၊
    ဒါနဲ့ ကိုကြီးကျောက်ကို တခြားဘာတွေလုပ်သလဲလို့မေးတော့ …အ…ဟတ်…ဟတ်…ဒီတခါတော့ ကိုကြီးကျောက်က ကောင်းကောင်း ဒိုင်သွင်းတဲ့ အလှည့်ဖြစ်လာပြီလေ…၊ငါကတော့ တနေကုန် မထတန်း တရားမှတ်နေတာပဲလဲ ပြောလိုက်ရော…အို…. ရှားရှားပါးပါး တွေ့ရတဲ့ သူတော်စင်ကို ဖူးတောင့်ဖူးခဲ တွေ့လိုက်ရသလို …သူတို့မှာလေ…စိတ်ဝင်တစားတွေဖြစ်ကုန်ရော၊ ဗမာတိုင်းရင်းဆေးလဲသောက်တာပဲလို့ ပြောတော့၊ ဘာတွေလဲ သိချင်ပြန်ရော..၊sour sop ဒူရင်းဩဇာ အရွက် ၂ဝ လောက်ကို ရေ တဂါလံလောက်နဲ့ ကြိုပြီး တနေကုန်သာက်တာပဲလို့၊ အင်္ဂလိပ်လို ဘယ်လိုခေါ်မှန်းမသိတဲ့ တပင်တိုင်မြနန်းကိုလဲ ပျားရည်နဲ့ စားတယ်လို့ပြောတော့၊ ဗမာအသံကို အင်္ဂလိပ်လိုပေါင်းခိုင်းပြီး ဘာပင်လဲဆိုတာ ဗမာပြည်ကိုမေးမယ်တဲ့..၊
    အဲဒီနောက်တော့ NIH ဆရာဝန်က ကိုကြီးကျောက်ကို CT Scan အရ ကင်ဆာလို့ ပြောချင်ပြောနိုင်ပေမဲ့ ကိုကြီးကျောက် သွေးစစ်ချက်တွေက ပြောဖို့ခက်နေသတဲ့၊ ကိုကြီးကျောက်ရဲ့ ဆရာဝန်ဆီကို ဧပြီ ၁ ရက်နေ့မှာသွားပြီး၊ သူဘာဆက်လုပ်မယ်ဆိုတာတိုင်ပင်ပါတဲ့၊ biopsy လုပ်ကြည့်မှ ကင်ဆာဆိုတာ သေသေချာချာကွဲကွဲပြားပြား သိနိုင်မယ်တဲ့၊ ကိုင်း….ဆရာဝန်တွေတောင် ကိုကြီးကျောက်ကို နားမလည်နိုင်အောင် ဖြစ်နေလေတော့ အရပ်ထဲကလူတွေ ကိုကြီးကျောက်ကို ကင်ဆာလား…လင်ဆာလား…ကွဲကွဲပြားပြား မသိကြတာ အပြစ်မတင်သာပေဘူးပေါ့ဗျာ….။ at http://penai22.blogspot.com/

    ဒါက ကွန်ဖမ်း မလုပ်ခင်ဆေးစစ်ကြည့်တော့ ဆရာဝန်တွေအံဩနေပါပြီ

    • nozomi

      April 28, 2011 at 9:24 am

      ပို့စ်နဲ့တော့ မဆိုင်ပါဘူး အပေါ်ကဘလော့အမည်ကိုတွေ့တော့ မှ တစ်ခုသတိရလာလို့ပါ..

      မနှစ်က ကိုကြီးကျောက် ရဲ့ ဘလော့ ကိုဝင်ကြည့်ဖြစ်ပါတယ် ပေါ့ပေါ့ပါးပါး ခပ်မြူးမြူးလေးတွေမို့ ဖတ်လို့လဲကောင်း ဗဟုသုတလဲရတာတွေ ပါလို့ပါ အခုနောက်ပိုင်းတော့ မြန်မာပြည်က ဝင်ရခက်တာနဲ့ မဝင်ဖြစ်တာကြာပါပြီ မှတ်မိနေတာလေး တစ်ခုပြောပြချင်လို့ပါ…

      ကိုကြီးကျောက် ဘူမိဗေဒနဲ့ ကျောင်းပြီးတဲ့နောက် တောင်ပေါ်ဒေသ လေးတစ်ခုကိုရောက်သွားပါတယ် အဲဒီက တိုင်းရင်းသားကျေးရွာလေးရဲ့ ဓလေ့က မိန်းကလေး နဲ့ ယောင်္ကျားလေးတွေ့ရင် မိန်းကလေး ရဲ့ ညာဘက်ချိုချိုကို ကိုင်ပြီးနှုတ်ဆက်ရတယ်တဲ့ ကိုကျောက်တို့ကတော့ မဆုံ ဆုံအောင်လုပ်တာပေါ့
      တပ်မတော်စစ်ကြောင်းတစ်ခုခုများ ရွာထဲ ဝင်ပြီးရင် ဧည့်သည်အများဆုံးတွေ့ရတဲ့ သူကြီးသမီးရဲ့ ညာဘက်က ပိုကြီးနေတယ်တဲ့ အဲဒါလေးကို ဖတ်ပြီး မှတ်မိနေတာ ဒီရွာထဲကို ရောက်ပြီး သူကြီးဆိုတဲ့အခေါ်အဝေါ်ကိုလဲတွေ့ရရော အဲဒါကိုချက်ချင်းသတိရမိတယ် ဒီရွာထဲမှာရော…………

  • shwe ni

    April 27, 2011 at 2:50 pm

    အကယ်လို. ယူအက်စ က တကယ်စပြီး R &D လုပ်ရင်တော့ တပင်တိုင်မြနန်းနဲ့ ဒူးရင်းဩဇာရွက် export လုပ်လို့ရ တော့မယ်နဲ့တူတယ်

  • fatty

    April 28, 2011 at 6:42 am

    တပင်နိုင်မြနန်း ကို fame က အကြီးအကျယ်သုတေသနပြုပြီး ဆေးထုတ်လုပ်နေပါပြီ ..။
    သူ့ရဲ့ထူးခြားတဲ့ သတ္တိတခုက အကိုင်းလေး တခုကိုဖြတ်ပြီး လေ ရေ မထိအောင် လှောင်ထားပေမဲ့ ၃-၄ နှစ်ကြာတဲ့
    အထိ ခြောက်မသွားဘူး သူ့ရဲ့ ဆဲလ် တွေရှင်သန်နေပါတယ် ..။
    နောက်တခုက အားလုံးသိကြတဲ့ ပျားမြီးရွက် …။ သူနဲ့ပါတ်သက်တဲ့ဆောင်းပါးတွေအများကြီးပါ ..။ အိမ်မှာစိုက်ထား
    တာတော့ ငှက်တွေ လာလာစားကြတယ် ။ ကြက်ကလည်းလာစားတယ်။ ကြွက်ကလည်း လာအုပ်တယ် ..။ တိရိစာ္ဆန်တွေ လည်း စားရကောင်းမှန်းသိတယ် ..။ ကျနော်စမ်းကြည့်တာတော့ အဆိပ်ဖြေ သွေးကျ ဆီးချိုကျ
    ကောင်းမယ်ထင်တယ် ..။ ကျနော်က အချိုမှုန့် ရှောင်လေ့ရှိတော့ အချိုမှုန့်ပါတဲ့ အပြင်စာတွေစားမိရင် ခေါင်းလေး
    ဇက်လေးဖြစ်လာပါတယ် ..။ အသက်အရွယ်ရလာတော့ထမင်းစားပြီးရင် ကစီဓာတ်ကြောင့် အိပ်ချင်လာတတ်တယ်။
    ပျားမြီးရွက်နှစ်ရွက်လောက် စားလိုက်ရင် ထမင်းဆိပ် မတက်တော့ဘူး ..။ ပေါ့ပါးလာတယ် ..။ ဆရာကြီးတွေ
    research လုပ်ပြီးဆေးထုတ်နေပါပြီ ..။

  • shwe ni

    April 28, 2011 at 8:55 am

    ဦးဖက်တီး ရေ ပျားမြီးရွက်ဓာတ်ပုံလေးရှိရင် တင်ပေးပါလား မေမေက ၆ဝ ကျော်လာတော့ အရင်ကသွေးကျတာ အခုသွေးတိုးချင်လာတယ် လိုလိုမယ်မယ် သိထားချင်လို့ပါ

  • fatty

    April 28, 2011 at 11:35 am

    တင်ပေးလိုက်ပါမယ် ..။ အိမ်ကအပင်ကတော့ ကျနော်နဲ့ ငှက်နဲ့ လုစားနေကြတာမို့ အပင်က ကတုံးဖြစ်နေပြီ။
    အသိအိမ်ကအပင်ရှာပြီးတင်ပေးပါမယ် ။ အခြားလူများ ရျိရင်လဲလွယ်ကူရင်တင်ပေးကြစေလိုပါတယ် ..။
    သွေးတိုးကိုတော့သတိနဲ့ထိမ်းစေချင်တယ် .. ဆရာဝန်ညွှန်ကြားတဲ့သွေးကျဆေးသောက်ပါ။ခက်တာက …
    ဆရာတစ်ဦးနဲ့တစ်ဦး ပေးပုံချင်းမတူကြဘူး အဲဒါကပြသနာပါ။ ကိုယ်ပိုင်လဲစဉ်းစားရပါတယ်။ သွေးတိုးဝင်လာရင်
    ကိုလက်စထောချတဲ့ဆေးအမြဲသောက်ဖို့လိုမယ်ထင်ပါတယ်။ LAVAS 10 တို့လိုပေါ့။ ဆရာဝန်ပေးမှာပါ။
    အရေးကြီးတာက မျက်လုံးထဲက သွေးကြောလေးတွေပေါက်ထွက်ပြီး မျက်စိကွယ်တတ်ပါတယ် ..။ ဒီမှာဆရာဝန်တစ်ဦးဦး ဝင်ရေးရင်ကောင်းမှာဘဲ။

  • etone

    April 29, 2011 at 2:25 am

    တိုင်းရင်းဆေးကို လျှက်ဆားနဲ့ ဆရာခိုလောက်သာ အားကိုးပြီးသုံးပါတယ် … တိုင်းရင်းဆေးဝါးမှတ်ပုံမတင်တဲ့ ဆေးတွေက များနေတာရယ် ၊ အင်္ဂလိပ်ဆေးရောကြိတ်ထည့်တဲ့ တိုင်းရင်းဆေးတွေ ဈေးကွက်ထဲ ဆက်လက်ထွက်ရှိနိုင်တာရယ်ကြောင့်ပါပဲ … ။နောက်ပြီး တိုင်းရင်းဆေးတွေ ထားသိုတဲ့ နေရာကလည်း သန့်ရှင်းမှူမရှိတာ မြင်တွေ့ခဲ့ဖူးပါတယ်… ။ လမ်းမပေါ်အထိ ဖျာထုတ်ခင်းပြီး ဆေးလုံးနေလှန်းတာလည်း မြင်ခဲ့ရတယ်… ။အမေတောင် အသားမှိုစွဲချင်သလို လက်လေးတွေမှာ အဖြူကွက်လေးတွေဖြစ်လာလို့ ဟိုကွမ်းရွက်ပုံနဲ့ နာမည်ကြီးတဲ့ တိုင်းရင်းဆေးခန်းသွားပြတာ … သွေးလေ မညီလို့ ဆိုလား အခိုးမထွက်လို့ဆိုလား… ပေးလိုက်တာ နည်းတဲ့ ဆေးမဟုတ်ဘူး ။ ဆေးကုန်လို့ ပြန်ချိန်းတော့လည်း မထူးခြားဘူး … ။ တစ်ခါသွားပြလျှင် လေးငါးထောင် ဖိုးဝယ်ရတယ် 😀

    နောက်ဆုံး ဘဲကို ခေါ်ပြလိုက်တော့မှ အသားမှိုစွဲတာမှန်းသိရတယ်… သောက်ဆေးနှစ်ရက်စာပေးပြီး လိမ်းဆေးဗူးသေးလေး တဗူးပေးလိမ်းတာ … တပတ်အတွင်း မှေးမှိန်ပြီး ဆယ်ရက် နှစ်ပတ်လောက်အကြာမှာ နဂို အသားရေ ပြန်ဖြစ်သွားပါတယ် … ။

    Fame ကတော့ သစ်ဥ၊ သစ်ဖုတွေ အခြေခံထားပြီး အဆင့်မှီမှီ ထုတ်တော့ အတော်လေး နာမည်ရတာ တွေ့ရတယ်… ဆီးကျောက်တည်တဲ့ ဆေးဆိုလည်း တကယ့်ကို ပျောက်သွားတဲ့လူတွေ ရှိတယ်… သည်းခြေကျောက်လည်း သေးလျှင် ချေပေးတယ်… ဈေးကလည်း နှုန်းသင့်တယ်… ။

    ဆေးရုံကြီးမှာ ခွဲစိပ်ထားတဲ့ လူနာတွေကို ဖလူးမောက်စ် တမျိုးထဲ ပေးတာ တွေ့ခဲ့ရတယ်… ။ ခွဲစိပ်ဆောင်က လူတိုင်းနီးပါး ဖလူးမောက်စ် သောက်ရတယ် … တခြားဆေးမပါလျှင်သာနေမယ်… အဲ့ဒါတမျိုးတော့ ပါအောင် ရေးပေးတာ တွေ့ဖူးတယ် … ။ ဆေးဆိုင်တွေ ၊ ဆေးခန်းတွေမှာ အသုံးများတာကတော့ အမ်းပီးကလော့ပ်ပါပဲ … ။

    ကင်ဆာကို ရိုက်စားလုပ်တဲ့ မြန်မာတိုင်းရင်းဆေးဆရာအကြောင်းလည်း ရှိသေးတယ်… အလျှင်းသင့်သလို နာမည်နှင့်တကွဖော်ပြပါမယ် … ။ မရှိဆင်းရဲသားကို မက်လုံးတွေပေးပြီး ရေညှိဆေးတပြား တသောင်းနှုန်းနဲ့ အချပ် 20 ကပ်ပြီး ဆယ့်ငါးရက် ကြပ်စီးပေးခဲ့တာ… ။ အချိန်ရလျှင် အသေးစိတ်ပြောပြပါဦးမယ် ။

  • moethidasoe

    April 29, 2011 at 5:13 am

    ဝင်ဖတ်ပြီးပြီ .. တိုင်းရင်းဆေးဆရာအမည်ခံအချို့ အကြောင်း အချိန်ရရင် ရေးမယ်နော်

  • kai

    April 29, 2011 at 9:47 am

    ဆေးမြီးတိုက တကမ္ဘာလုံး..နိုင်ငံတိုင်း…ကိုယ်နည်းကိုယ့်ဟန်နဲ့..ဟုတ်ပြီး… ရှိနေကြတာပါပဲ..။
    ပျောက်ချင်လည်း ပျောက်တယ်..မပျောက်ချင်လည်းမပျောက်ဖူးဆိုတာမှာ… တော်တော်များများက .. မဟုတ်တာတွေနဲ့..အာနိသင်ထင်သလောက်မရှိတာတွေများပါတယ်..။

    မြန်မာတိုင်းရင်းဆေးတွေကို.. တကယ်ပျောက်တယ်ယုံကြည်ရင်..
    လုံးဝစိတ်ရောကိုပါ..ယုံကြည်တယ်ဆိုရင်..ပြောပါ.ဆွေးနွေးကြည့်ပါ.. ယူအက်စ်မှာ နေတဲ့သူတွေထဲကတောင်.. အရင်းအနှီးထည့်ပေးမဲ့သူ သေချာပေါက်ပေါ်လာပါလိမ့်မယ်..။

    လူနာ..၁၀၀ဝလောက်နဲ့ စစ်ချက်ကို စံနစ်တကျ.. ဆရာဝန်တွေ.. ပညာရှင်တွေကယူ..ဓါတ်ခွဲခန်းပို ့.. စစ်ဆေး..ပြီးရင် စာတန်းပြုစုရပါတယ်.။ နိုင်ငံခြားက ဆရာဝန်တွေဖိတ်ပြီး .. အတည်ပြုချက်တွေယူသင့်ပါတယ်..။
    တကယ်သာ.. ရောဂါတွေ သက်သာပျောက်ကင်းတယ်ဆို.. အဲဒီဆေးကို.. ကမ္ဘာကျော် ဆေးကုမ္ပဏီကြီးတွေကို မူပိုင်ခွင့်လျှောက်..ရောင်းစား…။
    မီလီယန့် … မီလီယန်ဘစ်ဇနက်ပါ..။
    ကင်ဆာလောက်.. သွေးတိုးလောက်မလိုပါဘူး..။ ဆံပင်ပေါက်ဆေးလောက်တောင်.. မီလီယန်ဘစ်ဇနက်ဖြစ်နေပြီ..။
    တကယ်ဆိုရင်နော…။

    ထားပါတော့..
    ရိုက်စားလုပ်တဲ့.. မြန်မာတိုင်းရင်းဆေးဆရာတွေအကြောင်း စိတ်ဝင်စားပါတယ်..။
    အဲဒါမျိုးများများရေးပေးကြပါနော..။
    ခံရသူတွေ… မခံစားကြရအောင်..။ ကုသိုလ်ရပါတယ်..။ 🙂

  • ဆူး

    April 29, 2011 at 12:21 pm

    ရိုက်စား မြန်မာ တိုင်းရင်းဆေး ဆိုလို့.. တနေ့က စိန်ဆိုင်မှာ ဖုန်းဝင်တာ ကြားလိုက်တယ်.. မှန်ချို ကတော် က စိန်နားကပ် နှစ်ဘက်ပေါင်း ၈ ရတီ ရှိတယ် အဲဒါ မြင်တောင် မမြင်ဘူးသေးဘူး ဖုန်းဆက် အော်ဒါမှာတဲ့ စကားသံ များ ကြားခဲ့ရတယ်။

  • nature

    May 15, 2011 at 8:09 pm

    (လူနာ..၁၀၀ဝလောက်နဲ့ စစ်ချက်ကို စံနစ်တကျ.. ဆရာဝန်တွေ.. ပညာရှင်တွေကယူ..ဓါတ်ခွဲခန်းပို ့.. စစ်ဆေး..ပြီးရင် စာတန်းပြုစုရပါတယ်.။ နိုင်ငံခြားက ဆရာဝန်တွေဖိတ်ပြီး .. အတည်ပြုချက်တွေယူသင့်ပါတယ်..။)
    သူကြီးရေးတာအရမ်းစိတ်ဝင်စားပါတယ်၊ ဘယ်ဓါက်ခွဲခန်းကိုပိုု့ပြီး ဘာတွေစစ်ရမှာလည်း၊ ဆေးပေးလို့ပျောက်သွားတဲ့သူတွေဆီက ၁၀၀ဝ ပြည့်အောင် ထောက်ခံချက်သူရမှာလား၊ အသေးစိတ်ကို email ဖြစ်ဖြစ်post ဖြစ်ဖြစ်ပို့ပေးပါလား၊ တိုင်းရင်းဆေးတိုးတက်ရေးအတွက်လမ်းစတခုပါဘဲ။ ဘာမီတွန်အမှုန်ကြိတ်တယ်ဆိုတဲ့ သူကြီးရဲ့အယူအဆမှားကြောင်း လက်တွေ့ပြလိုပါတယ်။

Leave a Reply