ကရင်ပြည်နယ်အတွင်း…..ဒေသခံတို့နားလည်မှုဖြင့်….သုံးစွဲနေသည့်ငွေအကြွေ…

zaw mgApril 23, 20111min16012
ကရင်ပြည်နယ်အတွင်းတွင်အသုံးပြုနေသော.....ငွေအကြွေ...

ကရင်ပြည်နယ်အတွင်းရှိမြို့နယ်များတွင်ငွေစက္ကူအကြွေများဟောင်းနွမ်းစုတ်ပြဲမှုများအတွက် ဒေသ ခံများ မှ ပ လတ် စ တစ် များလောင်း ၍ အသုံးပြုနေ ကြသည်မှာ နိုင်ငံတော်မှတရားဝင်သတ်မှတ်ထားသော ပုံစံမဟုတ်ဘဲဒေသခံများအကြား နားလည်မှုဖြင့်ဖြေရှင်း သုံးစွဲနေသည့် နည်းလမ်းဖြစ်ကြောင်းသိရသည်။

အဆို ပါငွေအကြွေ များအား ဒေသအတွင်းတွင် ဒေသခံများအကြားနားလည် မှုဖြင့်သုံးစွဲလာခဲ့သည်မှာ နှစ်အတန်ငယ်ကြာ မြင့်လာပြီ ဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ ငွေအကြွေများအား ပ လတ် စ တစ် လောင်း ၍ သုံးစွဲလာ ခြင်းသည် မြန်မာ ပိုက်ဆံများ၏ ဟောင်းနွမ်းဆွေးမြေ့မှု များ ကို လဲလှယ်ပေးရန်တာ ဝန်ရှိသည့် နိုင်ငံတော် ဗဟိုဘဏ် နှင့် အခြားသောပုဂလိက ဘဏ် များ၏ညံဖျင်း မှု့ကြောင့်ဟု ဒေသခံများ၏ပြောပြချက်များအရသိရသည်။ “ ဘဏ်တွေမှာ လည်းအကြွေတွေကို ဒီလို ပလတ်စတစ်နဲ့ လောင်းထားတဲ့အတိုင်း ယူကြပါတယ် ….နေ့စဉ်ကိုင်တွယ် အသုံးပြုနေရတဲ့ ပြည်သူတွေ အနေနဲ့ကတော့ …ဒီနည်းလမ်းကအဆင်အပြေဆုံးပါဘဲ ” ဟု ဘားအံမြို့မှ ဒေသခံတစ်ဦး ကပြောကြားသည်။

ထို့အပြင် “ မြဝတီ….ကော့ကရိတ်….ဘားအံ……အစရှိတဲ့ မြို့တွေအကုန်လုံး ဒီအကြွေတွေသုံးလို့ရတယ်လေ…..ဒီလိုမှမသုံးကြရင်လည်း ငွေအကြွေရှားပါးမှုက..တနေ့တခြားပိုပိုဆိုးလာမှာပေါ့……..” ဟု ကော့ကရိတ်ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း တွင် မြန်မာစစ်အစိုးရနှင့် DKBA တပ်ဖွဲ့များ အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသော ကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများ သည်အိမ်နီးခြင်း ထိုင်းနိုင်ငံသို့ပြောင်းရွေ့ နေထိုင်ကြကြောင်းသိရသည်။

12 comments

  • nayzaw

    April 23, 2011 at 12:30 pm

    ဧရာဝတီတိုင်းကျိုက်လတ်မြို့မှာလည်းသုံးနေတာကြာပါပြီဗျာ
    အဲဒါသင်္ကြန်ပိုက်ဆံလေ သိဘူးလား

  • cobra

    April 23, 2011 at 1:22 pm

    နေရာတိုင်းမှာသုံးသင့်ပါတယ်
    အကြွေတွေအကုန်လုံးကစုတ်ပြတ်သတ်နေတာလေ……။

  • ဆူး

    April 23, 2011 at 1:45 pm

    အကြွေစေ့တွေ သေချာ ရိုက်ပြီး သုံးရင် ပိုကောင်းနိုင်တယ်။
    ယခင်က ၅ဝ ၁၀ဝ ၂၀ဝ ၅၀ဝ စတဲ့ အကြွေစေ့တွေ ထွက်လာတယ် ပြီးတော့ ပျောက်သွားတယ်။ လက်ထဲကို အကြွေ ၁၀ဝ တန် အစေ့ တခု ရောက်လာလို့ ဈေးဝယ်တော့ ပြန်သုံးတော့.. လက်ခံတဲ့ လူက တန်ဖိုးမှ ရှိရဲ့လားဆိုတဲ့ ပုံနဲ့.. ခပ်တည်တည် နဲ့.. အဲဒါ အစိုးရထုတ် ပိုက်ဆံ.. ခုနှစ်တောင်ပါသေးတယ် ပြောမှ အောင့်သက်သက်နဲ့ ယူသွားရှာတယ်။

  • intro

    April 23, 2011 at 2:11 pm

    အဲသည့်ပိုက်ဆံတွေ ကိုင်ရတာ စိတ်တောင် မသန့်ချင်ဘူးဗျာ… အခန့်မသင့်ရင် ရောဂါတောင်ရနိုင်သေးတယ်…

  • bigbird

    April 23, 2011 at 2:55 pm

    အစိုးရကောင်းကြောင်းပြနေတာပဲ…ဒါဒို့မြန်မာပြည်လို့ရဲရဲကြီးဂုဏ်ယူလိုက်စမ်းပါ…ဟီး..ဟီး။

  • unclegyi1974

    April 23, 2011 at 3:10 pm

    ကရင်ပြည်နယ်မှမဟုတ်ပါဖူးဗျာ
    ရှမ်းပြည်မှာလည်းဒီနည်းသုံးနေတာတွေ့ခဲ့ပါတယ်
    ဒါပေမဲ့အခုတလောအသစ်တွေအတော်ထွက်လာ
    တာကိုတွေ့ရပါတယ်
    အချိန်တခု ဘယ်တော့လဲလို့မမေးပါနဲ့
    ရောက်ရင်ကောင်းလာမလားလို့စောင့်နေတာ
    ရောက်တော့မယ်နဲ့တူတယ်

  • NoMore

    April 25, 2011 at 4:27 am

    ကျွန်တော်အခု internet သုံးနေတာတောင် အဲ့ဒီပိုက်ဆံနဲ့ပဲပေးနေတာကို..

  • flower

    April 25, 2011 at 5:31 am

    ပိုက်ဆံကိုအိတ်နဲ့ထည့်သုံးတော့ရောဂါကင်းတာပေါ့နော် 😛
    ရန်ကုန်မှာလည်း အဲဒီလိုသုံးရမယ်နဲ့တူတယ် 😀

  • wakawaka7

    April 25, 2011 at 6:00 am

    တနင်သာရီတိုင်းရှိမြို့တွေမှာလည်း ငွေအကြွေတွေ ပိုပြီးစုတ်ပြဲးမသွားအောင် အခုလိုမျိုးပဲ ပလပ်စတိတ်အိတ်ထဲးထည့်ပြီ သုံးနေကြတာ ကြာလှပြီ။

  • search123

    April 25, 2011 at 9:21 am

    အတူတူပါပဲ။ရန်ကုန်မှာ လည်းဒီလိုပါပဲ။

  • မမလေး

    April 25, 2011 at 10:59 am

    မမဆူး အဲ့ဒီအကြွေစေံတွေကို ဒဂုံစင်တာ sky mart ကတစ်ခါတစ်လေ အမ်းတတ်တယ် …

  • m

    April 26, 2011 at 9:33 am

    တိပ်ပါ ရင် အစစ် တဲ့ တိပ် မပါ ရင် အတု တဲ့လေ – – ပြောပြောနေကြတာ – —–

Leave a Reply