ရှေးရှေးက အုဌ်ကျောင်း


အမရပူရလို့ခေါ်တဲ့တောင်မြို့ ကိုရောက်ရင် တောင်သမန်အင်းကိုသွားတဲ့လမ်းမှာ “ရွှေဂူကြီး”ဆိုတဲ့ဘုရားရှိပါတယ်။
အဲဒီဘုရား ထဲကိုဝင်မယ်ဆိုရင် ဒီအုဌ်ကျောင်းကြီးကို ဖြတ်သွားရပါတယ်.။
ကျနော်လဲအရင်က အမှတ်တမဲ့ပါဘဲ။
ဒီတစ်ခါအဲဒီကျောင်းပျက်ကြီးကိုသေချာကြည့်မိမှ ပိုလို့ စိတ်ဝင်စား ပိုလို့ နှမျောစိတ်တွေဝင်လာပါတယ်။
ဒါကြောင့်လဲ ဒီကျောင်းအပျက်ကြီးကို ဒေါင့်ပေါင်းစုံကနေ ဓါတ်ပုံပေါင်းများစွာရိုက်ခဲ့ပါတယ်။
အားလုံးကြည့်ရအောင်တင်ပေးလို်က်ပါမယ်။

ဒါလေးက အနောက်ဘက်ခြမ်းက နံရံပုံပါ။

ဒီပုံလေးကတော့ တောင်ဘက်ခြမ်းက ဒီကျောင်းလေးပေါ်ကိုတက်တဲ့လှေခါးပျက်လေးပါ။

ဒါက အရှေ့ဘက်ခြမ်းက နံရံလေးပါ။

6 comments

  • ဆူး

    April 24, 2011 at 3:43 pm

    ပုံ ကို မျက်စိကျပြီး သမိုင်းလိုလို ဘာလိုလို ဥစ္စာစောင့် သရဲကား ဇတ်ရိုက်ဖို့ နေရာရသွားအုန်းမယ်။

  • bigbird

    April 24, 2011 at 3:50 pm

    ရှေးဟောင်းလက်ရာတွေပဲ.. နှမြောစရာကြီး။

  • လင်းဝေကျော်

    April 25, 2011 at 7:35 am

    အမရပူရခေတ်က ဘယ်သူ့ကောင်းမှုများပါလိမ့်

  • blacklover

    April 26, 2011 at 1:15 pm

    ဟုတ်တယ်အဲဘုရားကိုရောက်ဘူးတယ် အဲဘုရားဝန်းထဲက လာဘမုနီ ဘုရား2ဆူက အဓိဌာန်အောင်တယ်သိလား။အောင်မြေလဲရှိတယ်အဲဘုရားရောက်တိုင်းအောင်မြေအမြဲနင်းတယ်…. ဆုတောင်းလဲပြည့်တယ် ကျော်မော် ဘတ္တရီကလှူဒါန်းထားတာများတယ်အဲဘုရားက ….သမိုင်းဝင်ဘုရားတစ်ခုပါပဲ…အဲကျောင်းဟောင်းကြီးက မြေမြင့်မြင့်လေးပေါ်မှာရှိတာလေ အတည့်ပုံမပါလို့ အတည့်ပုံပိုပြီးကြည့်ရတာမိုက်တယ် အပြင်မှာမြင်ရတာကိုကြက်သီးထတယ် ည လသာသာမှာအဲကျောင်းကိုမြင်ရရင်တော့ သွေးပျက်လာက်တယ်သိလား…

  • nature

    April 26, 2011 at 1:57 pm

    တကယ့်ကိုသင်္ခါရသဘောတွေပါပဲ။

  • kopauk mandalay

    April 26, 2011 at 2:57 pm

    အခုကျော်မော်ဘက်ထရီက ပြင်ထားတဲ့ ဘုရား ပုံတင်မလို့ဗျာ

Leave a Reply