ထမ်စမ်းဂူ

weiweiApril 24, 20112min1128



 

 

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကနေ ၂၈ မိုင်အကွာမှာတည်ရှိပါတယ်။ မြန်မာပြည်မှ တခြားလှိုင်ဂူများနဲ့ မတူတဲ့ ပုံစံကြောင့် အမြင်ဆန်း အတွေ့အကြုံဆန်းတစ်ခု ဖြစ်ပါတယ်။ အဝင်အပေါက်တွင် တိရိစ္ဆာန်ပုံသဏ္ဍာန် ကျောက်ရုပ်ထုများကို တွေ့မြင်ရပါတယ်။ ကျောက်ခက် ပန်းဆွဲများက တရုတ်ပြည်မှ လှိုင်ဂူများနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကျယ်ဝန်းတဲ့ လှိုင်ဂူတစ်ခုဖြစ်တာကြောင့် ဘုရားဖူး ခရီးသွားများ အသွားအလာများပြီး စိတ်ကြည်လင်လန်းဆန်းမှုကိုပေးစွမ်းနိုင်တဲ့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။

8 comments

  • weiwei

    April 24, 2011 at 5:43 pm

    ကိုယ်တိုင်သွားခဲ့ပြီး ဓါတ်ပုံရိုက်ထားတာမဟုတ်ပါ … ကျွန်မ အဖေ သွားလည်တာကို ဓါတ်ပုံရိုက်ခဲ့ဖို့မှာလိုက်ပြီး သူပြောတဲ့အတိုင်းရေးထားခြင်းသာဖြစ်ပါသည် …
    ဓါတ်ပုံထဲမှာပါတဲ့ ကိုရင်လေး တွေ့ခဲ့တဲ့ လှိုင်ဂူဖြစ်ပါတယ် ..
    အဲဒီမှာ ထူးခြားတာတစ်ခုက အလှူခံကို ဖြတ်ပိုင်းနဲ့မလုပ်ပဲ ဒီအတိုင်း ကြုံသလို စေတနာရှိသလို လှူရပါတယ် …

  • bigcat

    April 25, 2011 at 3:13 am

    အဲဒါကျောက်ရုပ်တွေ မဟုတ်ဘူး။ တကယ့်သတ္တဝါတွေ၊ ဂူစောင့်ဘီလူးက စားပြီးတော့ သူတို့ရဲ့အရိုးအရေတွေနဲ့ ရုပ်လုံးကြွအရုပ်လုပ်ထားတာ။ ကာလကြာတော့သဲတွေဖုံတွေတက်ပြီး အခုလိုဖြစ်သွားတာ။ ဘီလူးက အပြင်ခဏသွားတယ်၊ ပြန်လာလို့ ဂူထဲမှာ ရှုပ်ရှုပ်ရှက်ရှက်တွေတွေ့ရင် ပြသနာရှာလိမ့်မယ်။ ဒီအတိုင်းဆို မကြာခင် လူရုပ်တွေပါတွေ့ရကိန်းရှိတယ်။ သဂျီးရေ အန်းတိတ်အဖြစ်နဲ့ ကိုယ်ပုံကိုယ် အမှတ်တရထားခဲ့ချင်ရင် အဲဒီဂူကို ဘီလူးပြန်လာမဲ့နေ လာမဲ့လကွယ်ညကျရင် သွားကြည့်ပါဗျို့….

  • manawphyulay

    April 25, 2011 at 3:20 am

    တောင်ကြီးတော့ တစ်ခါမှ မရောက်ဖူးဘူး မမဝေ။ သွားရင် ဝင်လို့ရတာပေါ့နော်။ ကျေးဇူးပါ။

  • တညင်သား

    April 25, 2011 at 3:37 am

    ထမ်စမ်းဂူ ကို တော့ မရောက်ဖူးသေးဘူး …ပင်းတယ ဂူတော့ရောက်ဘူးတယ်.ကြည့်ရတာ ပင်းတယ ဂူက ပိုလှမလားလို့ထင်တာပဲ

  • weiwei

    April 25, 2011 at 4:26 am

    အတွင်း အပြင်အဆင်က ပင်းတယနဲ့မတူပဲ တမျိုးထူးခြားတယ်လို့ပြောပါတယ် … ဗမာစတိုင်မဟုတ်ပဲ တရုတ်စတိုင်ပြင်ဆင်ထားတယ် …

  • phantom

    April 25, 2011 at 4:54 am

    ထမ်စန်းဂူက ပင်းတယဂူလို ဘုရား သက်သက် တည်ထားတဲ့ဂူမျိုးမဟုတ်ပဲနဲ့ သဘာဝပတ်ဝန်းကျင်ကို တုပြီး အလှဆင်ထားတာတွေ ပါပါတယ် ဂူထဲမှာ ဘုရားရှင် ဓမ္မစကြာ ဟောနေပုံ ပြီးတော့ ရေတံခွန်တွေကို သဘာဝပုံစံရအောင် လုပ်ထားတယ်။ တော်တော်လှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့နေရာပါ အရင်က လမ်းဆိုးပေမယ့် အခုတော့ လမ်းတွေလဲ ပြင်ထားလို့ သွားရတာ တော်တော် အဆင်ပြေသွားပါပြီ။

  • moethidasoe

    April 25, 2011 at 5:26 am

    ဝေဝေ လက်ဦးသွားတော့ ကွန်မင့်ပဲ ပေးတော့မယ် .. တို့ .. ဧပြီလဆန်းမှာ ရောက်ခဲ့တယ် .. ဟိုပုန်းကျော်သွားမှ ရောက်တယ် .. တောင်ကြီးကနေ တစ်နာရီလောက် သွားရတယ် .. သတ္တဝါတွေရဲ့ ပုံတွေက ထုထားတာပါ .. ကျောက်ပန်းဆွဲတွေက သဘာဝလို့ ထင်ရပါတယ် .. အကြောင်းတိုက်ဆိုင်ရင် ဓါတ်ပုံတင်ပေးပါမယ် .. အခုတော့ ဝေဝေ့ကို ယှဉ်သလို ဖြစ်နေမှာစိုးလို့ မတင်တော့ပါ ..
    နောက်ဆက်တွဲ (သာမည လိုပဲ သက်သတ်လွတ် ထမင်း စတုဒီသာ ကျွေးပါတယ် .. အဲဒါက ရောက်ရောက်ချင်းလဲ စားလို့ရပါတယ်)
    ကိုရင်ကိုတော့ ဖူးကြတဲ့လူ များပါတယ် .. အစောင့်တွေလဲ ချထားပါတယ် .. ၂၀၀၉ မှာ စတင်တွေ့ရှိတာလို့ မှတ်တမ်းရေးထားတာတွေ့ပါတယ် ..
    (မွေတော်ကက္ကူနဲ့ တစ်လမ်းစီဆိုတော့ သွားရတာ ခရီးတော့ ထောင့်ပါတယ် .. အဲဒီနေ့က မနက် ၅ နာရီ ၁၅ ကတည်းက ဟိုတယ်ကထွက်တယ် .. မွေတော်ကို မနက် ၆ နာရီ ၁၅ ရောက်တယ် .. လှည့်လည်တာ ၂ နာရီ ကြာတယ် .. ၈ နာရီ ၁၅ ပြန်ထွက်လာတာ တောင်ကြီး အဝင်ကို ၉ နာရီ ၁၅ ရောက်ပြီး ထမ်ဆမ်းကို ဆက်သွားတော့ ၁ဝ နာရီ ၁၅ ရောက်တယ် .. လှည့်လည်တယ် .. ၁၁ နာရီခွဲမှာ ပြန်ထွက်တော့ ၁၂ နာရီခွဲမှ တောင်ကြီးကို ပြန်ရောက်ခဲ့တယ်)

  • weiwei

    April 25, 2011 at 6:07 am

    ကျွန်မက ကိုယ်တိုင်မရောက်ခဲ့လို့ ပြည့်ပြည့်စုံစုံမသိတာကို ဒေါက်တာက ဖြည့်စွက်ပေးလိုက်လို့ ကျေးဇူးတင်ပါတယ် …

Leave a Reply