အဝေးရောက်မြန်မာများအတွက်..အလွမ်းပြေ..ဖားစည်သံများလွင့်နေသည့်..ဒေါနမြေ

zaw mgApril 26, 20111min912

 

 

 

 

 

 

 

ဖားစည်သံတွေပျံ့လွင့်နေတဲ့. … ဒေါနမြေကို မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလတွင် အလည်တစ်ခေါက် ကျွန်တော်ရောက်ခဲ့ပါတယ်…………………………………..

မရောက်ဖြစ်တာကြာပီဖြစ်တဲ့ ကရင်ပြည်နယ်ကို  ယခုတစ်ခေါက် ပြန်ရောက်တော့ စိတ်ထဲမှာကြည်နှုးပီတိဖြစ်ရပါတယ်……………….ခရီးစဉ်ကတော့ ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ် သင်္ကေတ တစ်ခုဖြစ်တဲ့ “ ကွယ်ကဘော တောင် ” လို့ အမည်ရတဲ့ ဖွဲကပင်တောင် ပေါ်တက်ဖို့ပါဘဲ…………..ပြီးတော့ ဒေသအလှကိုကြည့်ရှု့ခံစားနိုင်ဘို့ဘဲဖြစ်ပါတယ်………..

ကရင်ပြည်နယ်၏အလှ...ဇွဲကပင်တောင်ကို အဝေးမှမြင်တွေ့ရစဉ်

 

 

 

 

 

 

 

 

ဇွဲကပင်တောင်မတက်ခင်မှာ ဘားအံမြို့ကမ်းနာမှာရှိတဲ့ ရွေရင်မျော် ဘုရားကိုသွားရောက်ခဲ့ပါတယ်……..

ရွေရင်မျော်ဘုရား

 

 

 

 

 

 

 

 

 

အဲ့ဒီကနေ……ဖွဲကပင်တောင်ပေါ်မှ….သံလွင်မြစ်ကြီးအလှနှင့် ကရင်ပြည်နယ်အလှကို အပြည့်အဝခံစားပစ်လိုက်ပါတယ်…ပြီးတော့………ဘာအံမြို့ကနေ….အိန္ဒူစံပြကျေးရွာကနေတစ်ဆင့်

မော်လမြိုင်-ဇာသပြင်လမ်းအတိုင်း ခရီးဆက်ကာ……ဘုရားကုန်းစံပြကျေးရွာအနီး နတ်ကျွန်းကျေးရွာရှိ နှစ်ပေါင်း ရာကျော်သက်တမ်းရှိသည့်ှဇရာမသရက်ပင်ကြီး ရှိရာဆီသွားရောက်လေ့လာခဲ့ပါတယ်…………

ဒီနတ်ကျွန်းကျေးရွာကို ရှေးယခင်ကာလက နေထိုင်သူတို့ကနတ်ကြီးလွန်းသောကြောင့် နတ်ကျွန်းကျေးရွာလို့အမည်ပေးထားခြင်းဖြစ်ပါတယ်………….ရွာလည်မှာရှိတဲ့ ဒီသရက်ပင်ကြီး ဟာလည်း ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်များ ၊ ဆုတောင်းပွဲများ ၊ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလ ပွဲတော်များ ကျင်းပလေ့ရှိတဲ့နေရာဘဲဖြစ်ပါတယ်……………

အိန္ဒူလမ်းဆုံ

 

 

နှစ်ပေါင်းရာကျော်သက်တမ်းရှိသည့် သရက်ပင်ကြီး

2 comments

  • တညင်သား

    April 29, 2011 at 1:57 am

    ဇွဲကပင် တောင်ပေါ်ကိုသွားရင် သဲတအိပ်ထမ်းသွားပါ ကုသိုလ် ဖြစ်…..ဒါနဲ့ခင်ဗျားက ကရင်ပြည်နယ်ကလားမသိဘူး…

  • တညင်သား

    April 29, 2011 at 2:19 am

    မမ ကဆူတော့မယ်ထင်တယ် အိပ်ကို ( အိတ်) လို့ ဖတ်ပေးပါဗျို့……..

Leave a Reply