Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စာရေးကောင်းသောရွာသူရွာသား များအတွက် -“မြန်မာအွန်လိုင်း စာပေဆု” တဲ့

shwe niApril 29, 20111min1840

စာရေးကောင်းသောရွာသူရွာသား များအတွက် သတင်း at http://www.mizzimaburmese.com/news/inside-burma/7406-2011-04-19-14-00-06.html

ရသစာပေကို အားပေးမြှင့်တင်သည့် အနေဖြင့် ပထမဆုံးအကြိမ်ဖြစ်သည့် အွန်လိုင်း ဝတ္ထုတို စာပေဆု ရရှိသူ ၃ ဦးစာရင်းကို ယခုတပတ် တနင်္လာနေ့တွင် ကြေညာလိုက်သည်။

Pgoto-for-Online-Short-Story-Awardပြည်တွင်းပြည်ပ ကိုယ်ပိုင် ဘလော့ဂ် များပေါ်တွင် ရေးတင်ထားသော စာမူ များစွာထဲမှ ဆန်ကာတင် ရ ပုဒ်အနက် ပထမဆုအဖြစ် ‘သမီးလေးရဲ့ မျက်လုံး’ ဝတ္ထုဖြင့် မြသွေးနီ၊ ဒုတိယဆုအဖြစ် ‘ပတ္တမြားလှံတံ’ ဝတ္ထုဖြင့် သတိုး၊ တတိယဆုအား ‘ရွေးချယ်မှုများ’ ဝတ္ထုဖြင့် ချစ်ကြည်အေးတို့က ဆွတ်ခူးရရှိခြင်း ဖြစ်သည်။

အကဲဖြတ်ဒိုင်များမှာ စွယ်စုံ အနုပညာရှင် ဦးဝင်းဖေ၊ ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာ ဦးဝင်းငြိမ်း၊ စာရေးဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူးနှင့် ဘလော့ဂါ ဦးမင်းဒင်တို့ ဖြစ်သည်။

“ကျနော်တို့ဆီ ရလာတဲ့ ရ ပုဒ်လုံးက အရေးအသား ပြေပြစ်တယ်။ စကားပြေနဲ့ စကားပြော မရောဘူး။ ကျနော်က ရွှေအမြုတေမှာ ‘ရွှေအသစ်’ ကဏ္ဍအတွက် တလကို ၄-၅-၆ဝ လောက် ဖတ်ရတယ်။ ဒီမှာ ကလေးတွေက စကားပြေနဲ့ စကားပြော ရောရောနေကြတယ်။ ဒီ ရ ပုဒ်မှာ မရောလို့ ကျနော် သဘောကျတယ်ဗျ” ဟု ဦးဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။

ပထမဆု ဒေါ်လာ ၁ဝဝ၊ ဒုတိယဆု ဒေါ်လာ ၅ဝ နှင့် တတိယဆုအဖြစ် ဒိုမိန်း ၂ နှစ်စာ သို့မဟုတ် ညီမျှသည့် ဆုကြေး ချီးမြှင့်သွားမည်ဖြစ်ကာ၊ ရွေးချယ်ခံရသော ဝတ္ထုတိုအတွက် သတ်မှတ်ထားသော ဆုကြေးနှင့်အတူ ဂုဏ်ပြုလက်မှတ် ပေးပို့မည်ဖြစ်သည်။

ဤဝတ္ထုတိုများမှာ မဂ္ဂဇင်းစာမျက်နှာများပေါ်မှ ဝတ္ထုများနှင့် အရည်အသွေး မကွာလှဟု ဦးဝင်းငြိမ်းက ဆိုသည်။

“သိပ်မကွာပါဘူး။ တခုတော့ရှိတာပေါ့၊ မဂ္ဂဇင်းတွေပေါ်မှာက စာပေစိစစ်ရေးရဲ့ မူနဲ့ဘောင်နဲ့ သွားရတဲ့ဟာပေါ့။ ဘလော့ဂ်တွေမှာ ရေးတော့ ဒီမူဘောင်တွေ ရှောင်စရာ မလိုဘူးပေါ့” ဟု သူက ပြောသည်။

အွန်လိုင်းစာမျက်နှာများပေါ်၌ ရေးသားကြသော ဝါသနာရှင်များအနေနှင့် ရသစာပေအား ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

“ကျနော်ကတော့ အားရတယ်။ ဘယ်လိုမှ အရည်အသွေး မနိမ့်ဘူး။ နည်းနည်း ကျစ်ကျစ်လစ်လစ်လေး ရေးလိုက်ရင် ပိုကောင်းသွားမယ့် ဝတ္ထုတွေဖြစ်တယ်” ဟု ဦးဝင်းငြိမ်းက သုံးသပ်သည်။

ပထမဆုရ ‘သမီးလေးရဲ့ မျက်လုံး’ မှာ ဖြစ်ရပ်မှန်တခုကို အခြေခံထားသည်။ သမီးငယ်၏ ဘွဲ့ဝတ်စုံဖြင့် ဓာတ်ပုံအား ကွန်ပြူတာသမားက လှစေချင်လွန်း၍ ပြုပြင်ပေးလိုက်သဖြင့် မကျေမချမ်းဖြစ်သွားရပြီး၊ မူရင်းပုံထဲမှ မှေးနေသည့် မျက်လုံးအစစ်ကိုသာ တန်ဖိုးထားသည့် သားအဖနှစ်ဦး၏ အဖြစ်ကို ဝတ္ထုတိုတပုဒ်အဖြစ် ဖန်တီးခြင်း ဖြစ်သည်။

စတင်စီစဉ်သူမှာ ဘလော့ဂါ ‘မြစ်ကျိုးအင်း’ ဖြစ်ပြီး၊ ၃ လ တကြိမ် ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ ဤအစီအစဉ်အတွက် ဆရာဦးဝင်းငြိမ်း၊ အင်္ဂါမောင်၊ ဗုဒ္ဓရံသီဆရာတော်၊ တောက်ပကြယ်စင်၊ မေသိမ့်သိမ့်ကျော်၊ အရှေ့လေနှင့် ပိုးဥတို့က ငွေကြေးထည့်ဝင်ပြီး ဒိုမိန်း ၂ နှစ်စာ အတွက်မူ Moon Mountain က တာဝန်ယူသည်။

အွန်လိုင်း ကလောင်ရှင်များအနေဖြင့် မဂ္ဂဇင်းများသို့ စာမူပေးပို့ ရေးသားစေလိုကြောင်းနှင့် ဆန်ကာတင် ရ ပုဒ်လုံးမှာ စာပေစိစစ်ရေးနှင့် ငြိစွန်းနိုင်စရာ တပုဒ်မှ မပါကြောင်းလည်း ဦးဝင်းငြိမ်းက ပြောသည်။

“အားလုံးက လွတ်ပါတယ်။ ရေးတဲ့သူတွေ စိတ်ထဲထင်တတ်ကြတာက ရေးလိုက်ရင် ငြိသွားလိမ့်မယ်၊ အဖြဲခံရလိမ့်မယ် ထင်နေတယ်။ ဒါပေမဲ့ ဒီ ရ ပုဒ်လုံးက မဂ္ဂဇင်းတွေကို ပို့ရင် ပါမယ့် ဝတ္ထုတိုတွေပဲ”

မြန်မာစာပေတွင် အကောင်းဆုံး မဂ္ဂဇင်းဝတ္ထုတိုများကို ဆုငွေဖြင့်လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေပေး၍လည်းကောင်း အမျိုးမျိုး ရွေးချယ်ဂုဏ်ပြုမှု ရှိသော်လည်း အွန်လိုင်းစာမျက်နှာများအတွက်မူ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ဆုရွေးချယ်ရာတွင် လိုအပ်သော စည်းကမ်းချက်များမှာ …
၁။ စာမူရှင်တွင် ကိုယ်ပိုင်ဆိုဒ်တခု ရှိရမည်။ အစုအဖွဲ့ဖြင့် ရေးသားသော ဆိုဒ်မဖြစ်ရပါ။

၂။ စာမူရှင်၏ ဆိုဒ်သက်တမ်းသည် ဆုပေးမည့်ကာလ ၂ဝ၁၁ ခုနှစ် ဧပြီလ မတိုင်မီ ၆ လခန့်က တည်ဆောက်ထားသော ဆိုဒ်ဖြစ်ရမည်။ တနည်းအားဖြင့် ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်း၏ အရှေ့ပိုင်းကာလတွင် တည်ဆောက်ထားသော ၆ လနှင့်အထက် သက်တမ်းရှိသော ဆိုဒ်များ ပထမအကြိမ် ပြိုင်ပွဲအတွက် ပါဝင်နိုင်ပါသည်။ ယခုမှ စတင်တည်ဆောက်မည့် ဆိုဒ်အနေဖြင့် ဒုတိယအကြိမ် ဆုပေးပွဲရောက်မှသာ ပါဝင်နိုင်မည်။

၃။ ကျစ်ကျစ်လစ်လစ်နှင့် လက်လှမ်းမီ ရွေးချယ်နိုင်ရန်အတွက် (.com) (.net) (blogspot) (co.cc) (wordpress) (info) (multiply) တို့တွင် ရေးသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။

၄။ ဝတ္ထုတိုသည် ရသပေါ်လွင်ရမည်။ အဓိကအချက်မှာ ကိုယ်တိုင်ရေးစစ်စစ် ဖြစ်ရမည်။ ဘာသာပြန် မဖြစ်ရပါ။ မှီငြမ်းထားခြင်း မဖြစ်ရပါ။ ကူးယူဖော်ပြခြင်း မဖြစ်ရပါ။

၅။ ပေးပို့သော ဝတ္ထုတို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂ဝ၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့အတွင်း ဘလော့ဂ်ပေါ် တင်ထားသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။ ထို့ထက်ရှေးကျသော ဝတ္ထုတိုများကို ရွေးချယ်မည် မဟုတ်ပါ။

၆။ ဝါသနာရှင်စာရေးသူများအတွက် အဓိကရည်ရွယ်ခြင်းကြောင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားနေသော နာမည်ရ စာရေးဆရာများ၏ ဝဘ်ဆိုဒ်မှ ဝတ္ထုတိုများကို ထည့်သွင်းရွေးချယ်မည် မဟုတ်ပါ။

၇။ အကောင်းဆုံး ရသဝတ္ထုတိုဆုအတွက် ရွေးချယ်ရာတွင် အကဲဖြတ်ဒိုင်များ၏ ဆုံးဖြတ်ချက်များအတိုင်းသာ ရွေးချယ်ပါမည်။

၈။ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ်တာကြောင့် အကဲဖြတ်ဒိုင်များပေးသော အမှတ်အများဆုံးရသည့် ဝတ္ထုတို ၃ ပုဒ်ကိုသာ ဆုချီးမြှင့်ပါမည်။

၉။ ပထမအကြိမ်အတွက် ၂ဝ၁၁ ခုနှစ်၏ ၄ လပိုင်း လဆန်းတွင် ဆုကြေညာပါမည်။

အသေးစိတ် ထပ်မံသိလိုသည်များ ရှိပါက admin@thebestnovel.com သို့ဖြစ်စေ၊ thebestnovel@gmail.com သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပြီး၊ http://www.thebestnovel.com/2011/02/blog-post_11.html တွင် ကြည့်ရှုနိုင်သည်။ at http://www.mizzimaburmese.com/news/inside-burma/7406-2011-04-19-14-00-06.html