ရွှေဂူကြီးဘေးက ကျောင်းအိုအို သူအရှေ့မှာတော့ ရှေးကပုထိုးတော်


ဒီပုံလေးကတော့ ရွှေဂူကြီးဘုရားပုရဝုဏ်ထဲမဝင်ခင် အပြင်အုတ်တံတိုုင်းနားကနေ အရှေ့ဘက်ကိုကြည့်လိုက်ရင် တွေ့ရတဲ့ စေတီလေးတွေပါ။
ကားကြီးများရပ်ရန်လို့ ထုံးနဲ့ရေးထားတာက တော့ ကျောင်းအိုလေး သူ့အရှေ့ဘက်မှာက ရွှေရောင်ဝင်းနေတဲ့ဘုရားတစ်ဆူ သူ့ရဲ့အရှေ့ဘက်
ထုံးဖြူဖြူတွေနဲ့ဘုရားကတော့ ပုထိုးတော်ကြီး …………………………..

10 comments

  • ဆူး

    April 26, 2011 at 3:38 pm

    အမှိုက်တွေကို ဖွေးနေတာဘဲ

  • weiwei

    April 26, 2011 at 4:05 pm

    ဟုတ်ပ .. ရောင်စုံအမှိုက်တွေ …

  • kopauk mandalay

    April 26, 2011 at 4:07 pm

    အဲဒီအမှိုက်ပုံရဲ့တောင်ဘက်မှာက ဟိုနေ့ကတင်ပေးတဲ့ ကျောင်းအိုကျောင်းပျက်ကြီးရှိတယ်လေ။
    လောကကြီးမှာ ဒီအတိုင်းပါဘဲလေ၊
    အသစ်ဆိုရင် အားလုံးက ချစ်လို့ အဟောင်းဆိုရင်ဖယ်လိုက်ကြတာ လောကထုံးစံပါဘဲ။

  • bigbird

    April 26, 2011 at 4:11 pm

    အသစ်ဘယ်လိုကောင်းကောင်း ၊ အဟောင်းကိုတော့ တလည်လည် …..
    ဆိုတဲ့စကားပုံကို ဘယ်နားသွားထားတုံး ကိုပေါက်ရေ…

  • kopauk mandalay

    April 26, 2011 at 4:24 pm

    အဟောင်းကိုလည်တော့ လည်ပါတယ် ကိုကိုငှက်ရေ
    ဒါပေမယ့် ပေါ့ ဆိုတော့လည်း ဒါပေမယ့်ပေါ့လေ………………………………….

  • etone

    April 27, 2011 at 7:21 am

    မိုးလေးအုပ်ပြီး သာယာနေလို့ ကြည့်ကောင်းတာ … နေပူကျဲကျဲမှာ ရိုက်လျှင် သွားချင်စိတ်ပျောက်မှာပဲနော် …။

  • kopauk mandalay

    April 27, 2011 at 11:17 am

    မထင်လိုက်ပါနဲ့ အဲဒီနေ့က နေပူကျဲတဲကြီးပါဗျာ။
    အေပရယ် 19ရက်နေ့လည်ခင်းကြီးပါ။
    တမာပင်အရိပ်အောက်ကနေ ရိုက်လိုက်လို့ နည်းနည်းမှောင်သလိုထင်ရတာရယ်။

  • paukpauk

    April 27, 2011 at 3:03 pm

    ဘာပဲပြောပြော မြန်မာမှန်ရင်တော့ ပုဂံရောက်ဖူးသင့်တယ်။

  • kopauk mandalay

    April 27, 2011 at 3:30 pm

    သိပ်ဟုတ်တာပေါ့ ပေါက်ပေါက်ရယ် ။
    ကျနော်လဲ ပုဂံကို ခဏခဏရောက်ချင်ပါသဗျာ။
    လောလောဆယ်တော့ နှစ်ခေါက်ဘဲရောက်သေးတယ်။
    ဒီတစ်ခါဆိုရင်တော့ ဓါတ်ပုံတွေ တင်နိုင်မယ်။
    အရင်တုံးက ကျနော့်မှာ ကင်မရာမရှိဘူးလေ။
    ကြည့်ရုံဘဲကြည့်ခဲ့ရတာ

  • hmee

    April 28, 2011 at 7:57 am

    ကောင်းကင်လေးက ကြည်လင်နေတာပဲ။သစ်ပင်စိမ်းစိမ်းလေးရယ် ထုံးစေတီရယ် ရွှေစေတီရယ်ရဲ့ နောက်ခံ ပြာလဲ့လဲ့ကောင်းကင်ရယ် ဖြူဖွေးနေတဲ့ တိမ်ရယ် တကယ်လှပါတယ်။

Leave a Reply