တုံးမောင်းလို့ခေါ်တဲ့ မြန်မာ့အချက်ပေးကိရိယာ


နံနက်ခင်းလေးနာရီလောက် အရုဏ်တက်မှာဆိုရင် ဘုန်းကြီးကျောင်းနဲ့နီးတဲ့အရပ်တွေမှာ တ တုံတုံ နဲ့ တုံးမောင်းခေါက်သံလေးကို ကြားရတာ ကြည်နူးစရာပါ။
အခုတိုက်တိုက်ဆိုင်ဆိုင်ရွှေဂူကြီး ဘုရားထဲကကျောင်းပျက်ကြီးနားမှာတွေ့တော့ မမြင်ဘူးတဲ့သူများမြင်ရအောင် ကင်မရာခလုပ်နှိပ်လို့ မှတ်တမ်းတင်ပေးလိုက်ပါတယ်။

4 comments

  • ဆူး

    April 30, 2011 at 1:04 pm

    တုံးမောင်း အသံ က တော်တော် ကျယ်ကျယ် ထွက်တယ်..
    ဘုန်းကြီး ကျောင်းမှာဆို ဘာလို့မှန်း မသိဘူး.. ဆွမ်းစားဖို့ တုံးခေါက်ရင် ခွေးတွေ သိပ်ဟောင်(အူ)တယ်။ လူကြီးတွေက ပြောတယ် ခွေးနဲ့ တုံး က ကတ်ကင်းကျလို့ မနေနိုင်ဘူးဆိုလား.. တချို့ကတော့ ခွေးက ဆွမ်းစား တုံးအူ တာ.. စားရတော့မှာ မိုလို့ အူတာတဲ့။

  • hmee

    April 30, 2011 at 1:12 pm

    မှီတို့ ရွာမှာတော့ လယ်ထဲ ယာထဲမှာ အလုပ်လုပ်နေသူတွေက ဘုန်းကြီးကျောင်းက ဆွမ်းစားတဲ့ တုန်းခေါက်သံ ကြားရင် အလုပ်နားတယ်။

  • hninkharr

    April 30, 2011 at 1:13 pm

    တုံးမောင်းခေါက်တဲ့ စည်းချက်လေးကို ကြိုက်တယ်။ နှေးသွားရာကနေမြန်လာလိုက် မြန်သွားရာကနေ နှေးသွားလိုက်နဲ့

  • တညင်သား

    May 1, 2011 at 2:05 am

    တုံးမောင်းကတော့ ကျွန်တော်တို့ ဘက် ခပ်ရှားရှားရယ်….. နာရီမောင်းနဲ့ ကြေးစည် ကို အသုံးများတော့တယ်………..အဲ ကျွန်တော်တို့ နားက ဘုန်းကြီးကျောင်းမှာ ရှိတာ သိတယ် မနက် (၃)နာရီလောက် ထခေါက်တာ ဆူညံနေတာပဲ .. ခွေးတော့ မအူးဘူဗျ အဲဒီအချိန်…. ဘာဖြစ်တာလဲဆိုတော့ ………………..? .? .?

Leave a Reply