ယ္ခု သီတင်းပတ်အတွက် စိတ်ဝင်စားဖွယ်နှင့် မှတ်သားဖွယ်သတင်းများ (၂၇.၄.၂၀၁၁-၃.၅.၂၀၁၁), interesting news (27.4.2011-3.5.2011)

erosApril 27, 20111min24130

B.O.T လမ်းပိုင်းအချို့တွင် လမ်းတံတား အသုံးပြုခနှုန်းထား သစ်များဖြင့် ကောက်ခံ

လမ်းခရီးသွားလာမှု၊ ကုန်စည် ပို့ဆောင်မှုနှင့် ပတ်သက်သော အခွန်အခ သက်သာစေရန် B.O.T လမ်း ပိုင်းအချို့တွင် လမ်းတံတားအသုံးပြုခ နှုန်းထားသစ်များဖြင့် ကောက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရှိရကြောင်း၊ ရှမ်းြ%E

30 comments

  • winkyawaung

    April 27, 2011 at 9:19 am

    သတင်းစုံဖတ်ရတာ ကောင်းပါတယ်။ ဂျာနယ်တော်တော်စုံအောင် တင်ပေးစေလိုပါတယ်။

  • kai

    April 27, 2011 at 9:30 am

    အခုလို(တပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်းများ (၂၇.၄.၂၀၁၁), interesting news )သတင်းစုတင်ပေးတဲ့အတွက်… အခုကစပြီး… ဒီလိုပို့စ်အတွက်ပွိုင့်ကို ၃ဆတိုးနဲ့ ပေးပါမယ်ခင်ဗျား..။
    ပိုစုံစုံဖတ်လို့ရအောင်… နောက်ပိုင်းတက်လာတာတွေကိုလည်း… ရွာသားများက.. ကော်မန့်နဲ့ မန်းတင်ပေးကြစေလိုပါတယ်..။ မူရင်းဝက်ဘ်ဆိုက်ကို လင်ခ်ပေးဖို့တော့ မမေ့ကြပါနဲ့နော…။

    အားလုံးအဆင်ပြေကြတာမို ့ပါ..။

    • eros

      April 29, 2011 at 1:31 pm

      သူကြီးရေ ဒီပိုစ့်လိုမျိုး ပုံစံဆင်တူ တင်ရင်တော့ တခြားခေါင်းစဉ်နဲ့ တင်ပေးပါလို့ ကြေငြာချက်ထုတ်ပေးပါ။ ဒီခေါင်းစဉ်ကို ကျွန်တော့်မူပိုင် လို့ သတ်မှတ်ပါတယ်။

  • meelay

    April 27, 2011 at 9:58 am

    “ရန်ကုန်မြို့တော်သစ်” အကောင်အထည်ဖော်ရေး စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ Zhuhai Zhong Zhu Holding ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ အခု လဆန်းက နေပြည်တော်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
    http://www.irrawaddyblog.com/

  • eros

    April 27, 2011 at 10:01 am

    ကျေးဇူးပါသူကြီးရေ၊ ရှိတဲ့ သတင်းဂျာနယ်ဆိုက်တွေကို လှန်လှောကြည့် ကောင်းမယ်ထင်တဲ့ဟာလေးစု၊ ကွန်နက်ရှင်နဲ့ မီးကိုစိတ်မချရတော့ Microsoft Word ထဲမှာသိမ်းထား၊ တက္ကသိုလ် ပထမနှစ်တုန်းက သင်ထားတဲ့ အနှစ်ချုပ်ရေးနည်းကို စဉ်းစားပြီး လုပ်နေရတာပါပဲ။ တပုဒ်လုံးကော်ပီကူးနေတာတွေ ပျောက်အောင်လို့ လုပ်နေတာပဲဗျာ။ အားပေးတော့ ဇက်ကြောတက်ရ ကျိုးလေးနပ်တာပေါ့ဗျာ။ အားလုံးလည်း နောက်တက်သတင်းလေးတွေ မန်းပြီးတင်ပေးကြပါခင်ဗျား။ သူကြီးပြောသလိုပဲ လင့်ပါတင်ပေးပါဗျာ။ အပတ်စဉ်တိုင်းတင်နိုင်ဖို့ ကြိုးစားနေပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 27, 2011 at 11:16 am

    အမေရိကန်ကာကွယ်ရေးဝန်ကြီးချုပ်မှ မြန်မာနိုင်ငံသိုနျူကလီးယား နှစ်ဆယ်ကျပ်သားကို
    တရားမဝင်ရောင်းဝယ်ခဲ့သည်ဟု ကောလဟာလသတင်းများထွက်ရှိ။

  • kopauk mandalay

    April 27, 2011 at 11:59 am

    အားလုံးကို စုံတကာစေ့အောင်မဖတ်နိုင်တောင်မှာ အကြမ်းဖျဉ်းလောက်သိတယ်ဆိုရင်ကို ခေတ်မှီသွားပါပြီ။
    ဒီလိုတင်ပေးတာ ကျေးဇူးပါ

  • ဆူး

    April 27, 2011 at 1:15 pm

    ဘာပဲ ဖြစ်ဖြစ်… ဒီလို တစုတစည်းထဲ ဖတ်ရတော့လည်း ကောင်းတာဘဲ.. သိချင်တဲ့ လူ ဆက်ရှာပေါ့.. ဟိုကူး ဒီကူး.. မူရင်းမပါတော့ ကာယကံရှင် တွေက အကူးခံရရင် အောင့်သက်သက်နဲ့ အခံရခက်မှာပေါ့.. ကူးတဲ့ လူကလည်း ကိုယ်စွမ်းကိုယ်စ မရှိလို့ ကူးပေမဲ့ တချိန် ကိုယ်စွမ်းကိုယ်စ တက်လာလို့ အကူးခံရရင် ဘယ်လိုနေမလဲ.. အလှည့်ကျ မနွဲ့စတမ်း ဆွေ့ဆွေ့တောင် ခုန်နေကြအုန်းမယ်။ ငါဟာကြီး သူများဟာ ဖြစ်သွားလို့ ဆိုပြီးတော့..
    သတင်း အသစ် သိတာနဲ့ ဒီမှာ ကွန်မန်း တခုအနေနဲ့ လာလာ တင်ပေးရင် လည်း ကောင်းတာဘဲ။ ဘာပဲပြောပြော ကြိုဆိုပါတယ်ရှင်…

  • eros

    April 27, 2011 at 2:14 pm

    ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရက်ပိုင်းအတွင်း လူ ၃ဝ ခန့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဆက်တိုက်ဖြစ်ပွား

    ဒဂုံမြို့ သစ်တောင်ပိုင်း ၅၅ ရပ်ကွက်ရှိ ရွှေနှင်း ဆီလမ်း၊ ကရုဏာရှင်လမ်း(၂)နှင့် ဗန္ဓုလ(၂)လမ်းတို့တွင် ရက်ပိုင်းအတွင်း လူ ၃ဝ ခန့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဆက်တိုက်ဖြစ်ပွားပြီး ယခုအချိန်တွင် ရောဂါကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်းကို weekly eleven သတင်းမီဒီယာ ဆိုက်တွင် ဖော်ပြထားသည်။

    သတင်းအကျယ်သို့
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=8164&Itemid=112

    အပူချိန် မြင့်မားမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရုတ်တရက် အပူရှပ်၍ ဖျားနာခြင်းနှင့် ဦးနှောက် သွေးကြောပြတ်သည့် ဖြစ်ရပ်များ ပိုမိုများပြားလာ

    အပူချိန် မြင့်မားမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရုတ်တရက် အပူရှပ်၍ ဖျားနာခြင်းနှင့် ဦးနှောက် သွေးကြောပြတ်သည့် ဖြစ်ရပ်များ ပိုမိုများပြားလာကြောင်းနှင့် ယခု ရာသီဥတုပူပြင်းချိန်တွင် ဆောင်ရန် ရှောင်ရန်များ နှင့် ၂၀၁၁ ဧပြီလအတွင်းမှ အပူချိန်များကို ဖော်ပြထားသည့် သတင်းကို weekly eleven သတင်းမီဒီယာ ဆိုက်တွင် ဖော်ပြထားသည်။

    သတင်းအကျယ်သို့
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=8158:2011-04-27-07-43-15&catid=42:2009-11-10-07-36-59&Itemid=112

  • eros

    April 27, 2011 at 3:39 pm

    အခြေခံ လူတန်းစားများ အရင်းအနှီး ရှားပါးသည့် ပြဿနာများအတွက် အသေးစား ချေးငွေလုပ်ငန်းများ အပေါ် မှီခိုနေရသော်လည်း အတိုးနှုန်း ကြီးမြင့်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရ

    အခြေခံ လူတန်းစားများအတွက် ဝင်ငွေ ဖော်ဆောင်ရာတွင် အရင်းအနှီး ရှားပါးသည့် ပြဿနာများ ကြုံတွေ့နေရသည့် အတွက် အသေးစားချေးငွေ လုပ်ငန်းများအပေါ် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် မှီခိုနေရသော်လည်း ပြန်လည်ပေးဆောင်ရသည့် အတိုးနှုန်း ကြီးမြင့်နေသည့် အတွက် အခက်အခဲများ ရှိနေကာ နေ့စဉ် ခက်ခဲစွာ ရုန်းကန်နေရကြောင်း နှင့် အဆိုပါအချက်ပေါ်တွင် ကာယကံရှင်များ၊ အသိပညာရှင် အတက်ပညာရှင်များက ပြောကြားသည်များကို ဖော်ပြထားသည့် သတင်းကို weekly eleven media သတင်းဆိုက်တွင် တင်ဆက်ထားသည်။

    သတင်းအကျယ်သို့
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=8151:2011-04-27-06-35-09&catid=42:2009-11-10-07-36-59&Itemid=112

    ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအချို့ ဝန်ထမ်းများ၏ မြို့ပြလူနေမှုစရိတ် မြင့်တက်ခြင်း ရင်ဆိုင်နေရမှုအပေါ် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုအချို့ ပြုလုပ်လာ

    ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်း အချို့သည် လက်ရှိအချိန်တွင် မြို့ပြလူနေမှုစရိတ် မြင့်တက်ခြင်းအား ဝန်ထမ်းများ ရင်ဆိုင်နေရမှု အပေါ်တွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးမှုများ ပြုလုပ်လာကြကြောင်း၊ ထောက်ပံ့မှုတွင် ကြိုပို့ယာဉ်စီစဉ်ပေးခြင်း၊ ခရီးစားရိတ်တွက်ပေးခြင်း၊ နေ့ခင်းစာကျွေးခြင်း စသည်တို့ ပါကြောင်သတင်းကို weekly eleven media သတင်းဆိုက်တွင် တင်ဆက်ထားသည်။

    သတင်းအကျယ်သို့
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=8149:2011-04-27-05-18-13&catid=42:2009-11-10-07-36-59&Itemid=112

    ယခုနှစ်အတွင်း စတင် ချထားပေးမည့် GSM ဖုန်း အလုံးရေ လေးသန်းဝန်းကျင်ကို ငွေကျပ် ငါးသိန်းအောက် လျော့နည်းသည့် ဈေးနှုန်းဖြင့် သုံးစွဲခွင့်ပြုဖွယ်ရှိ

    ယခုနှစ်တွင် စတင်ချပေးမည့် GSM ဖုန်း အလုံးရေ လေးသန်းဝန်းကျင်ကို ငွေကျပ် ငါးသိန်းအောက် လျော့နည်းသည့် ဈေးနှုန်းဖြင့် သုံးစွဲခွင့်ပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးကို ကိုးကားပြီး ဖော်ပြထားသည့် သတင်းကို weekly eleven media သတင်းဆိုက်တွင် ဖော်ပြထားသည်။

    သတင်းအကျယ်သို့
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=8147:-gsm-&catid=42:2009-11-10-07-36-59&Itemid=112

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 28, 2011 at 1:21 pm

    ခွဲခြားဖိနှိပ်ရေး အကျႌ
    သန်းထိုက်ဦး Wednesday, 27 April 2011 18:22 ဆောင်းပါး
    ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငခရိုင်၊ ခူရဘူရီမြို့နယ်မှာ ရှိတဲ့ နမ့်မယွန်း နယ်မြေမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို နယ်မြေခံ ရဲတွေက ယခုနှစ် နှစ်ဆန်းပိုင်းမှာ ဥပဒေအသစ်တခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ အလုပ်ကနေ အပြင်ကိုထွက်တဲ့ အခါတိုင်း လိမ္မော်ရောင် အကျႌလက်ပြတ်တွေကို အပေါ်က ထပ်ပြီး ဝတ်ဆင်သွားလာကြဖို့ပါ။
    ဒီဥပဒေဟာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေကို ဖိနှိပ်ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

    လိမ္မော်ရောင် အကျႌလက်ပြတ်တွေ ဝတ်ဆင်ဖို့ ဥပဒေထုတ်ထားတဲ့ အဲဒီ နမ့်မယွန်းဒေသမှာ မြန်မာနိုင်ငံသား ခန့်မှန်းခြေ လူဦးရေ ၁ သောင်းခန့် ရှိပါတယ်။

    အဓိက အလုပ်တွေကတော့ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင် စတာတွေမှာ ဖြစ်ပါတယ်။ ဒီနေရာကို အလုပ်လာလုပ်ကြတဲ့သူတွေဟာ ထားဝယ် တိုင်းရင်းသားတွေ အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့ မော်လမြိုင်မြို့က လာကြတဲ့ သူတွေလည်း ရှိပါတယ်။

    တကယ်က လိမ္မော်ရောင်အပြင် တခြားအရောင်တွေကိုလည်း လုပ်ငန်းအလိုက် ခွဲပြီး ဝတ်ခိုင်းပါသေးတယ်။ ရေလုပ်သား လုပ်ကိုင်နေသူကို လိမ္မော်ရောင်၊ ဈေးဆိုင်တွေမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတွေကို အပြာရောင်၊ ဆောက်လုပ်ရေး အလုပ်သမားတွေကို အညိုရောင် ဝတ်ဆင်ရမယ်ဆိုပြီး ဒေသခံရဲတွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

    ဒီလို အရောင်တောက်တောက်နဲ့ အကျႌတွေ မဝတ်မနေရ ဥပဒေကို ထိုင်းရဲတွေက ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ထုတ်ပြန်ခဲ့ပြီး အကျႌတထည်ကို ဘတ်ငွေ ၂၀ဝ နဲ့ မြန်မာနိုင်ငံသားတွေကို မဝယ်မနေရ ရောင်းချပေးခဲ့သလို၊ ထိုင်းလုပ်ငန်းရှင်တွေက တဆင့်လည်း ရောင်းခိုင်းပါတယ်။

    အကျႌနောက်ကျောမှာလည်း ထိုင်းလုပ်ငန်းရှင်ရဲ့နာမည်နဲ့ လုပ်ငန်းအမျိုးအစားတွေကို ထိုင်းစာတွေနဲ့ ထင်ထင်ရှားရှား ရေးထားပါတယ်။

    အလုပ်သမား လက်မှတ်နဲ့ ယာယီ ပတ်စပို့တွေ ကိုင်ထားတဲ့ တရားဝင် အလုပ်သမားတွေဖြစ်ပေမယ့် သူတို့ သတ်မှတ်တဲ့အတိုင်း အကျႌ မဝတ်တဲ့လူတွေကို ဒေသခံ ရဲတွေက လိုက်ဖမ်းတယ်လို့ အဲဒီမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ကိုအလီက ပြောပါတယ်။

    ကိုအလီက “တရားဝင် အလုပ်သမား လက်မှတ်လည်း ရှိတယ်၊ ယာယီ ပတ်စပို့လည်း ရှိတယ်။ အဲဒါတောင် လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ သူတို့ သတ်မှတ်ပေးထားတဲ့အကျႌ ဝတ်ရတယ်။ အကျႌမဝတ်တဲ့ လူတွေဆိုရင် ရဲကားလာပြီး ကားပေါ် အားလုံးခေါ်တင်သွားတယ်” လို့ ပြောပါတယ်။

    အကျႌဝတ်သည့်တိုင် အပြစ်ရှာခံရပုံကိုလည်း ကိုအလီက “အကျႌကြယ်သီးတပ်တာ မှားရင်လည်း ဖမ်းပြီး ဒဏ်ငွေရိုက်တယ်။ အကျႌမဲနေရင်လည်း အကျႌသန့်သန့် ရှင်းရှင်း မဝတ်ဘူးဆိုပြီးတော့ ဒဏ်ငွေရိုက်တယ်။ ဖမ်းတဲ့အခါမှာ အလုပ်သမား ကတ်ပြားကို ထုတ်ပြတယ်။ ထုတ်ပြတော့ ရဲက မင်းတို့ဆီက အလုပ်သမားကတ်ပြား ကြည့်ဖို့ မဟုတ်ဘူး၊ အကျႌ ဘာကြောင့် မဝတ်လဲ၊ မဝတ်လို့ ဖမ်းတယ်ဆိုပြီး အဲဒီလိုလုပ်တယ်” လို့ ပြောပြပါတယ်။

    အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ လက်မှတ် အထောက်အထားရှိရင် ရဲကို ဘတ်ငွေ ၁၀ဝ (၂၈၀ဝ ကျပ်) ကနေ ၅၀ဝ (၁၄၀၀ဝ ကျပ်) အထိ ပေးဆောင်ရပြီး လက်မှတ်မရှိတဲ့ သူတွေဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ ၃၀၀ဝ (ကျပ် ၈ သောင်းခွဲ) လောက်အထိ ပေးရပါတယ်။

    ကိုအလီက “ပြီးခဲ့တဲ့ ၂ လလောက်က အရမ်း ဖမ်းတယ်။ အခု ဒီလမှာ မဖမ်းတော့ဘူး။ ဒါပေမယ့် အကျႌကတော့ ဝတ်နေရတုန်းပဲ။ ဘယ်အချိန် ဖမ်းမလဲဆိုတာမသိတော့ ဝတ်နေရတယ်” လို့ ပြောပါတယ်။

    တချို့အလုပ်သမားတွေက အကျႌတွေကို ဝတ်ဆင်ပြီး ဈေးဝယ်ထွက်တာရှိပေမယ့် အများစုကတော့ ရဲတွေ ဝတ်ခိုင်းတဲ့အတိုင်း အကျႌတွေကို မဝတ်ချင်ကြဘူးလို့ သိရပါတယ်။

    ရေလုပ်သား ကိုကပ္ပလီက “အလုပ်သမားတွေ မဝတ်ချင်ဘူး ဆိုတာက သွားသွားလာလာ ဆိုင်တွေမှာ ထိုင်တဲ့အခါ ဒီအကျႌ အခံကြီးနဲ့ ရှိုးပျက်တယ်ပေါ့နော်၊ အဲဒါကြောင့် မဝတ်ချင်ကြတာ” လို့ ပြောပါတယ်။

    အကျႌမဝတ်ရင် ဖမ်းတယ်ဆိုတော့ ညစ်ပတ်လို့ လျှော်လိုက်ပြန်ရင်လည်း ဝတ်စရာ မရှိကြောင်း၊ အကျႌခြောက်မှပဲ ပြန်ဝတ်ပြီး အပြင်ထွက်ရမယ့် ပုံစံမျိုးဖြစ်နေကြောင်း ကိုကပ္ပလီက ဆက်ပြောပါတယ်။

    တချို့အလုပ်သမားတွေဆို တလမှာ ၂ ကြိမ်လောက် အဖမ်းခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

    အသက် ၄ဝ ကျော် ရေလုပ်သားတဦးရဲ့ ဇနီးက “ရဲက အကျႌမဝတ်လို့ အိမ်တန်းလျားမှာ လိုက်ဖမ်းတော့ အိမ်ထဲကိုဝင်ပြေးတာ မြန်သွားလို့။ အဲဒါ အိမ်ကိုလက်ညိုးထိုးပြီးတော့ ရဲကပြောတယ်၊ နင်တို့ မြန်မာတွေ ညထွက်ရင်လည်း အကျႌဝတ်တဲ့၊ မဝတ်ရင် မြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။

    အဲဒီဒေသမှာ ဆိုင်ကယ်တက္ကစီ မောင်းနေတဲ့ ထိုင်းလူမျိုးတွေကလည်း အလုပ်သမားတွေ ဝတ်ဆင်ရတဲ့ လိမ္မော်ရောင်နဲ့ တူနေလို့ မကြာသေးခင်ကမှ အကျႌအရောင်ကို အစိမ်းနုရောင် ပြောင်းလိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရဲတွေကတော့ အကျႌဝတ်ခိုင်းတာဟာ မြန်မာအလုပ်သမားတွေ မူးယစ်ပြီး ပြဿနာတက်တဲ့အခါ ဘယ်အလုပ်ရုံမှာ လုပ်တယ်ဆိုတာသိအောင် အခုလို တင်းကျပ်တာလို့ အကြောင်းပြပါတယ်။

    ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်းငခရိုင် အခြေစိုက် Grassroots Human Rights Education and Development (GHRED) အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဘယ်လို အခြေအနေကြောင့် အကျႌဝတ်ခိုင်းတာပဲဖြစ်ဖြစ် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ပဲ မြင်ကြောင်း ဧရာဝတီကို ပြောပါတယ်။

    “ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အနေနဲ့က လုံခြုံရေးအရပဲ ဖြစ်စေ၊ ဘယ်အလုပ်သမားက ဘယ်အလုပ်ရှင်ရဲ့ အလုပ်သမားတွေဖြစ်ကြောင်း သူတို့က စစ်ဆေးချင်တာပဲဖြစ်စေ အဲဒါကို တခြားနည်းလမ်းတွေနဲ့ လုပ်လို့ရတာပဲ။ တိရိစာ္ဆန်တွေလို ဒါမှမဟုတ် ပိုင်ဆိုင်တဲ့ အရာတွေလို သတ်မှတ်ပြီး အကျႌဝတ်ခိုင်းတယ်ဆိုတာက လူ့အခွင့်အရေးနဲ့ ကြည့်မယ်ဆိုရင် ဒါလုံးဝ သဘာဝကျတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး” လို့ ဦးထူးချစ်က ဆိုပါတယ်။

    ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပြည်နယ်လုံခြုံရေး ဥပဒေအရ မြန်မာအလုပ်သမားတွေ ညဘက် အပြင်မထွက်ရ အမိန့်အပြင် လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ၊ မိုဘိုင်းဖုန်း မကိုင်ရ စသည်ဖြင့် ထုတ်ပြန်ခဲ့ဖူးပါတယ်။

    ဦးထူးချစ်ကတော့ “ဒါဟာ ဒေသခံ အာဏာပိုင်တွေ တရားဝင် အဂတိ လိုက်စားမှုတွေကို လွယ်လွယ်ကူကူ လုပ်နိုင်အောင် ပြဌာန်းတဲ့ ဥပဒေပဲလို့ မြင်တယ်”လို့ ပြောပါတယ်။ ။
    ဒါကတော့ တော်တော်တရားလွန်တယ်
    ဒီလိုခွဲခြားခွဲခြား လုပ်ရအောင် ဒီကောင်တွေကကော ဘာအဆင့်ရှိလို ့လဲ
    တော်တော် မိုက်ရိုင်းတဲ့ကောင်တွေပဲ
    ရေလည် ပေါက်ကွဲတယ်ဗျာ

    နိုငိငံခြားသွားဖို���ဆိုတာ လွယ်တယ်မှတ်နေသလား
    written by ကျော်, April 28, 2011

    နိုငိငံခြားသွားဖို့ဆိုတာ လွယ်တယ်မှတ်နေသလား ။ နေ့စဉ် တွတ်တီးမှန်ဖို့တောင် ဒိလောက်ခက်တာ ။ ထမင်းမစားနိုင်ရင် ပေါင်မုန့်စား ဆိုတဲ့ အကြံမိနုးဖြစ်နေပြိ။

    ဘာလို. ထိုင်းမှာဘဲ ဆက်နေမလဲ။ ပိုက်ဆံလေး ဘာလေးစုပြီး တခြားနှိုင်င ံပြောင်းပေါ.။ ဒီလိုဘဲ easy going လုပ်နေလို. ဖြစ်မလား။ ကိုယ်.တိုးတက်ရာ တိုးတက်ကြောင်း ရှာပေါ.။
    myanmar should wake up******
    written by Jonathan, April 28, 2011

    နိုင်ငံသားတွေ ကျွန်ဖြစ်အောင်လုပ်ခဲ့တဲ့ စစ်အစိုးရကိုဘဲ
    အပြစ်တင်ပါ။ တိုက်ခိုက်ပါ။ လက်စားချေပါ
    Shame on you Thailand
    written by Andrew, April 28, 2011

    This is sad. What the Thai government doing right now is similar to that of color coding process during Nazi Germany in Hitler’s era . Shame on you Thailand. You claimed yourself a free Democracy country and yet promoting discrimination???? No people on earth should be labeled like that. What if other countries required all Thais to wear an orange jacket while their stay in the country??? Think of you authorities wearing orange jackets while your visit to Singapore, Malaysia , Australia or what ever. Is that gonna look fun if your royal family has to wear orange jackets during their royal wedding attendance to London????
    ထိုင်းနိုင်ငံမှာ နာဇီတွေက ဂျူးတွေအပေါ်လုပ်တဲ့� ��ွဲခြားမှုတွေကိုခွင���့ပြုသလား
    written by Kyaw Zay Ya, April 28, 2011

    အခုလုပ်ရပ်ကတော့ ဟစ်တလာနာဇီတွေက ဂျူးတွေကို ဒေးဗစ်စတား လက်ပတ်တွေ ဝတ်ခိုင်းပြီး အားလုံးထဲမှာ ခွဲခြား သိနေအောင် လုပ်တဲ့လုပ်ရပ်ပါပဲ။ ထိုင်းအစိုးရက အဲ့ဒီလိုခွဲခြားမှုမျိုး၊ လူသားဆန်ဆန် မသတ်မှတ်ပဲ အနိုင် ကျင့်မှု မျိုးကို လက်ခံထားတာကတော့ အရမ်း ရှက်စရာ ကောင်းလှပါတယ်။
    ကျွန်တော်တို့ရဲ့ အလုပ်သမား သမဂ္ဂ ဆိုတာကြီးကကော အဲ့ဒီလိုကိစ္စမျိုးမှာ ဘာသံမှတောင် မထွက်တာကလည်း အံ့ဩ စရာတော့ သိပ်မဟုတ်ပါဘူး။ ဘယ်တုံးကမှ ဒီအဖွဲ့က အလုပ်သမားတွေအရေးကို အလေးအနက် ထားဘူးတာမှမရှိတာ။ မြန်မာလူမျိုးတွေ ကတော့ နိုင်ငံတကာမှ ကျွန်သာသာ ဆက်ဆံခံရတဲ့အဖြစ်က ဘယ်တော့မှလွတ်မြောက်ပါ့မလဲ။
    A right comment
    written by American King, April 28, 2011

    Dude, you just made a right comment !
    Those who talk shit about Chinese and other races, go back to your own country of burma and fight against this burmese junta who creates the problems !
    ကိုယ့်အစိုးရကိုဘဲအ���ပစ်တင်ပါ
    written by koko, April 27, 2011

    တိုင်းတပါးမှာ ကျွန်ဖြစ်တော့ ကျွန်လိုနေရတာပေါ့
    နိုင်ငံသားတွေ ကျွန်ဖြစ်အောင်လုပ်ခဲ့တဲ့ စစ်အစိုးရကိုဘဲ
    အပြစ်တင်ပါ။ တိုက်ခိုက်ပါ။ လက်စားချေပါ။
    http://www.irrawaddy.org/bur/index.php/articles/2-articles/6270-2011-04-27-11-25-29

    • zoe

      April 29, 2011 at 8:10 am

      တရားဝင်သွားအလုပ် လုပ် နေတာကို ဒီလိုဆက်ဆံနေ ရင် မြန်မာ ပြည်နိုင်ငံခြားရေး ဝန်ကြီးဌာန က ကန့်ကွက် သင့်တာ ပေါ့ ။

  • MaMa

    April 28, 2011 at 2:09 pm

    MG က ရသစုံသွားတာပေါ့။ အရမ်းကောင်းပါတယ်။

  • kai

    April 28, 2011 at 7:17 pm

    ဆေးလိပ်သောက်သူများဟာ … ငါးတွေကို သတ်နေသူတွေဖြစ်တယ်..
    ==========================================
    A New Victim of Second-Hand Smoking: Fish
    Posted by Jeffrey Kluger Wednesday, April 27, 2011 at 4:05 pm

    For smokers, the world has always been one big ashtray, with cigarettes flicked away pretty much anywhere. That’s especially true now, since smokers are increasingly forbidden to light up in restaurants, office buildings and even new no-smoking condos. In the great river of litter human beings create each year, so tiny a thing as a cigarette butt hardly seems to amount to much. But with the world’s smokers burning through a breathtaking 5.6 trillion cigarettes per year — 4.5 trillion of which are simply tossed away outside after they’re smoked — little things add up fast. That, as it turns out, can be especially dangerous for one type of nonhuman critter: fish.

    Read more: http://ecocentric.blogs.time.com/2011/04/27/a-new-victim-of-second-hand-smoking-fish/#ixzz1KqZXGMGH

  • padonmar

    April 28, 2011 at 7:36 pm

    eros ရေ ၊အားပေးပါတယ်၊ကျေးဇူးလည်းတင်ပါတယ်၊ကျွန်မတို့လို site အများကြီးမကြည့်တတ်သူတွေအတွက် အကျိုးတကယ်ရှိပါတယ်၊

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 3:10 am

    အဖွားဂျီး ဟုတ်ပါဘူး ယောင်လို့
    တီတီစုက နောက်ထပ် ဆုတစ်ခုထပ်ရပြန်ပြီတဲ့ဗျို့
    ဒီဆုနာမည်ကတော့ ဝစ်သံ ရွှစ်သံ ပီအောင်ဖတ်ကြဗျို့
    ………………………………………………………………..
    အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ အခြေစိုက်တဲ့ Feminist Majority Foundation လို့ခေါ်တဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ်အတွက် အယ်လယ်နာ ရုစဘဲ့ (Eleanor Roosevelt) ဆု ချီးမြှင့်လိုက်ပါတယ်။ ဧပြီလ ၂၆ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ ဒီအဖွဲ့ရဲ့ ဆုပေးပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုကနေတဆင့် မိတ်ဆက်စကားနဲ့ ကျေးဇူးတင်စကားတွေ ပြောကြားခဲ့ပါတယ်။
    http://www.voanews.com/burmese/news/dassk-awarded-120922509.html

  • Shwe Tike Soe

    April 29, 2011 at 4:33 am

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ကပြော

    သတင်းအကျယ်သို.
    http://www.myanmarinternetjournal.com/local-news/2762-2011-04-27-08-18-37

  • meelay

    April 29, 2011 at 4:42 am

    ဒေါ်အောင်ဆန်းစုကြည်၏ အကြံဉာဏ်များ ရယူသွားမည်ဟု သမ္မတအကြံပေးကပြော
    သတင်းအကျယ်သို့ –
    http://burmese.dvb.no/news.php?id=14106

    ဘုရင့်နောင် ကားပစ္စည်း ဈေးကြီးအတွင်းနှင့် ရွှေပြည်သာစက်မှုဇုန်ရှိ Ve Ve အချိုရည်စက်ရုံတို့တွင် မီးလောင်မှုများ ဖြစ်ပွား
    သတင်းအကျယ်သို့ –
    http://www.news-eleven.com/index.php?option=com_content&view=article&id=8177:—-ve-ve—&catid=43:2009-11-10-07-39-09&Itemid=111

  • weiwei

    April 29, 2011 at 4:48 am

    သတင်းတွေကို အခုလိုတင်ပေးတာ အရမ်းကောင်းတယ် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 3:53 pm

    ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်မှု အဆိုးဆုံးနဲ့ အစိုးရိမ်ရဆုံး နိုင်ငံတွေအဖြစ် နိုင်ငံပေါင်း ၁၄ နိုင်ငံ သတ်မှတ်ထားတာဖြစ်ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံဟာ တနိုင်ငံ အပါအဝင် ဖြစ်ပါတယ်လို့
    ပါလေရာငပိချက် သဂျီးတို့ရွာက နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ရေးသား ဖော်ပြထားပါတယ်။
    http://www.voanews.com/burmese/news/us-burma-religious-freedom-us-120923329.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 3:56 pm

    မြန်မာကို ကုန်သွယ်မှု သက်ညှာခွင့် ပြန်ပေးဖို့ စစ်ဖိနပ်အစုပ်ကိုကိုက်နေရတဲ့ ပါတီတွေက
    တိုက်တွန်း နေကြပါတယ်
    အစတုန်းကတော့ ဒီမိုကရေစီလေးဘာလေးနဲ့
    ခြံကွက်လေးတွေရဘို့အကြောင်းဖန်လာတော့
    …………………
    သိခြင်ရင်ဆက်ဖတ်ကြ
    http://www.voanews.com/burmese/news/eu-burma-trade-gsp-120867619.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 4:01 pm

    အားလုံးဝမ်းသာစရာသတင်းအနေနဲ့
    ဘဘကြီးက
    ချောက်ထဲကိုကျလုကျဆဲ
    မြန်မာနိုင်ငံတော်ကြီးကို
    သူဘယ်လိုကယ်တင်ခဲ့ရပါတယ်ဆိုတာကို
    တစ်ခမ်းတနား စာဖွဲ့ရေးသားထားတဲ့
    ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့
    အတ္ထုပ္ပတ္တိ စာအုပ်ထူကြီးကို
    ဌာနဆိုင်ရာများ မဝယ်မနေရအစီအစဉ်ဖြင့်
    မကြာမီဖြန့်ဝေမည်ဖြစ်ပါကြောင်း
    ဌာနဆိုင်ရာဝန်ထမ်းများကို ဝမ်းသာစရာ သတင်းကောင်းပေးအပ်ပါသည်။
    http://freedomnewsgroup.com/2011/04/27/senior-genrral-than-shwe-autobiography/

  • kai

    April 29, 2011 at 4:59 pm

    ခေါင်းစဉ်က ကိုရင်eros ကပြောင်းရမှာ…။
    တပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်းများ (၂၇.၄.၂၀၁၁), interesting news (27.4.2011)ဆိုတာမှာ… မှ-သို့( ဥပမာ ။ ၂၄-၄-၂၀၁၁ – ၃၀-၄-၂၀၁၁)လုပ်ပေးစေချင်ပါတယ်..။
    အခုလာမဲ့ တနင်္လာကစပြီး …အဲဒီလိုအသစ်လုပ်ပေးလို့ ဖြစ်မလားခင်ဗျား….။

    ဘာဖြစ်လို့လည်း ဆိုတဲ့. အဲဒီ ရက်အတွင်း ဒီစာကို အပေါ်ဆုံးမှာ (ပြန်မကျပဲတောက်လျှောက်ထားဖို့) စဉ်းစားထားလို့ပါ..။ နောက်တပါတ်ပြည့်ပြီဆို.. အသစ်ပေါ့…။

    ဆိုတော့..
    ဒီလိုသတင်းရေးပုံကို စရေးတာ.. ကိုရင်မို ့.. ကိုရင်ကတော့… အပေါ်မှာရှိနေပါတယ်..။

    • eros

      April 30, 2011 at 1:55 pm

      ကိုခိုင်ရေ တက်နိုင်သလောက် ကြိုးစားပါ့မယ်။ ဒါပေမယ့် တနလာင်္နေ့တော့ အာမမခံနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ တနင်္လာနေ့ ဆိုတော့ အလုပ်က နည်းနည်းများတက်လို့ပါ။ နောက်တခုက တနင်္လာဆိုရင် သတင်းတွေက သိပ် မတက်သေးလို့ပါ။ နောက်ပြီး ကျွန်တော့ ပိုစ့် အတွင်းမှာတော့ ပြည်တွင်းက ဆိုက်တွေပဲရေးဖို့ စိတ်ကူးရှိပါတယ်။ အပတ်စဉ်တိုင်း တင်နိုင်လို့ ရဖို့ ကြိုးစားသွားပါမယ်။ အဲ အလုပ်နဲ့ အင်တာနက်မရှိတဲ့ နေရာသွားရမယ်ဆိုရင် ခွင့်တိုင်ပါမယ်ဗျား။ ခေါင်းစဉ်တော့ ပြောင်းလိုက်ပါမယ်။ အခုပြောင်းမယ့်ခေါင်းစဉ်ကို ဘယ်သူမှ မယူစေချင်ဘူးဗျာ။

  • char too lan

    April 30, 2011 at 8:14 am

    ပြည်ပနေ ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ လေကြောင်းလိုင်းတွေမှာ ဒါမျိုးကြီးတွေလဲ ဖြစ်တယ်ဒဲ့နော် သတိ သတိ
    ဦးဖက်ပြန်လာရင်လဲ သတိ သတိ သတိ !! 😀
    >>>>>>>>>>>>>>>>>>>>>>>>>>>
    ဒီရက်ပိုင်းမှာ သတင်း တစ်ပုဒ်က အရမ်းမွှေးကြိုင်နေပါလား ? MAI
    လေကြောင်းလိုင်းက ဝန်ဆောင်မှုတွေ အရမ်းကောင်းနေတယ် ဆိုပဲ။ မနေ့က
    ဖော်ဝပ်မေးလ်ရောက်လာတော့ ဖတ်လိုက်တာ ကျွန်တော်တို့ ညီအကိုတော် ဒီစလုံးကနေ
    ခွင့်နဲ့ မြန်မာပြည် ပြန်တာလေ ( မြန်မာ အင်တာနေရှင်နယ် အဲယားဝေး )
    လေယာဉ်ပျံ ကြီးနဲ့ပေါ့။

    ဘာပဲပြောပြော အိမ်အပြန်လမ်းမှာ ဘယ်သူမဆို ပျော်တပြုံးပြုံး နဲ့နေမှာပေါ့။
    လေယာဉ်ကြီးစီးပြီး၊ လေဆိပ်မှာစောင့်နေမယ့် မိသားစု ဝင် တွေ
    မြင်ယောင်ရင်း၊ လေယာဉ်မယ် ချောချောလေး ငမ်းရင်းနဲ့… ကဲ ဘယ်လောက်တောင်
    ပျော်ရွှင်ဖွယ် ကောင်းတဲ့ အိမ်ပြန်ခရီးလည်း ?

    ပျော်ရွှင်ဖွယ် ခရီးစဉ်ကို စတင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့
    ရန်ကုန်လေဆိပ် ရောက်တဲ့ အချိန်ပဲ။ လဝက ဖြတ်မယ်။ ပြီးရင် ပစ္စည်းရွေးမယ်။
    ဟိုမှန်တစ်ဘက်ခြမ်းက မိသားစုတွေက လက်တပြပြနဲ့ ကိုယ်တွေကလည်း အပြင်
    မြန်မြန် ရောက်ချင်နေပြီလေ။ ပြဿနာက ပစ္စည်းရွေးတဲ့ နေရာမှာ စတာပဲ။

    ငါ့အိတ် ဘယ်မှာလည်း ? ငါ့အိတ် ဘယ်မှာလည်းနဲ့ ရှာနေတဲ့သူတွေ
    တော်တော်များတယ်။ ပစ္စည်းရွေးတဲ့နေရာမှာ လည်နေတဲ့ ရထား ကြီးက
    ခေါင်းမူးနေရောပေါ့။ အိတ်တွေက တော်တော် များများ ပါမလာကြဘူး။ အဲတာနဲ့ MAI
    ကောင်တာမှာ သွားမေးကြတော့ ပစ္စည်း တွေ စင်္ကာပူမှာ လေယာဉ် သယ်ဆောင်နိုင်တဲ့
    အလေးချိန်ထက် ကျော်လွန်နေလို့ ချန်ထားခဲ့ရတာတဲ့ နောက်တစ်ပတ် သောကြာ လေ
    ယာဉ်နဲ့ ပါလာလိမ့်မယ်တဲ့။ အဲ့ဒီတော့မှာ လာရွေးကြပါတဲ့ ခင်ဗျ း)

    အဲဒီမှာ ကျွန်တော်တို့ ကိုယ်တော်က မန္တလေးထိ ပြန်ရမှာလေ ရန်ကုန်မှာ ဘယ်လို
    လုပ်စောင့်နေရမှာတုန်း ? ကိုယ်က မြန်မာပြည်ကို ခွင့်နဲ့ ပြန်လာတဲ့ ကာလဟာ
    အင်မတန် တန်ဖိုးရှိတဲ့ ကာလပါ။ ဘာမဟုတ်တဲ့ ကိစ္စနဲ့ စိတ်အနှောင့်အယှက်
    မဖြစ်ချင်လို့ ထင်ပါ့ ဆရာက မန္တလေး ပြန်သွားတာ။ ချိန်းထားတဲ့ ရက်
    ပြန်လာရွေးတော့ ဆရာသမားအိတ်က ပျောက်သွားပါပြီတဲ့ ခင်ဗျာ….

    အဲမှာ ရုပ်လုံးကပေါ်တော့မယ် MAI ရုပ်လုံးပေါ့။ ဒီပစ္စည်း ပျောက်တဲ့
    ပြဿနာကို လေကြောင်းလိုင်းက လျှော်ကြေး ပေးပါ့မယ်။ ( အိတ် တစ်လုံးကို
    အမေရိကန် ဒေါ်လာ 200 တဲ့ ခင်ဗျ ) ။ ပြီးတော့ MAI စာရွက်မှာ ဤ ဖြစ်ပြီး
    ကိစ္စသည် လေကြောင်းလိုင်း တာဝန် မဟုတ်ကြောင်း လက်မှတ် ရေးထိုးပေးရမယ်တဲ့
    ခင်ဗျ။ ဒါဟာ ဘာလည်း စော်ကား တာ လား ? ပမာမခန့် လုပ်တာလား ? အထင်သေးတာလား
    ? အိတ်တစ်လုံးကို U$ 200 လို့ သတ်မှတ်ရအောင် အိတ်အတွင်းပါ ပစ္စည်းကို
    သူတို့တွေ သိကြလို့လား ? ပြန်လည် အစားထိုး မရနိုင်တဲ့ အရာမျိုးဆိုရင်
    လေကြောင်းလိုင်းက ဘယ်လို တာဝန်ယူပေးမှာလည်း ?

    ဒီကိစ္စဟာ လေကြောင်းလိုင်းကို အားပေးတဲ့ ခရီးသည်ကို စော်ကားတာပဲ။
    အိတ်တစ်လုံးကို U$ 200 တန်ဖိုး ဖြတ်တာကလည်း LEVI’S
    တစ်ထည်တောင်မှ U$ 200 ကျော်တယ် ဆိုတာ သိထားစေချင်တယ်။ နိုင်ငံခြားပြန်
    တစ်ယောက် သယ်ယူသွားတဲ့ အိတ်တန်ဖိုးကို အကြမ်းအားဖြင့်တော့
    ခန့်မှန်းနိုင်ကြမှာပါ။ ထားလိုက်ပါတော့ အသေးစိတ်တွေ ပြောမနေတော့ပါဘူး။

    ဒါနဲ့ လေကြောင်းလိုင်းက လက်မှတ်ထိုးခိုင်းတော့ ဆရာက ဘယ်ထိုးပါ့မလည်း။
    လူကိုများ တော်တော်အတယ် ထင်နေကြလား မသိဘူး လေကြောင်းလိုင်း ဝန်ထမ်းတွေက။
    ဆရာသမားက ပြန်ပြောလိုက်ပါတယ် ခင်ဗျားတို့ တာဝန်ပျက်ကွက်မှု၊ ခင်ဗျားတို့
    လုံခြုံ စိတ်ချမှု မရှိတဲ့ လေကြောင်း ဝန်ဆောင်မှု၊ တာဝန်ကိစ္စ အဝဝတွေကို ဒီ
    U$ 200 နဲ့ ပါးစပ်ပိတ်မယ်။ လျှော်ကြေးပေးမယ်ပေါ့တဲ့။ ( ကြည့်စမ်းပါဦး
    ခရီးသည်တွေကို စော်ကားချက် )

    ဆရာသမားကတော့ ခင်ဗျားတို့ ပေးတဲ့ ငွေလည်း မယူဘူး။ ပျောက်သွားတဲ့
    ပစ္စည်းကိုလည်း ရေစက်ချလိုက်မယ်။ ပြီးတော့ ဒီကိစ္စ ကိုလည်း
    အများသိအောင်လည်း ဖွင့်ချရမယ် လို့ပြောပြီး စင်္ကာပူ ပြန်လာတာပေါ့။
    ဟိုကလည်း အဲလို့ လုပ်မယ်ပြောတော့ နည်းနည်း တော့ ဖြုံသွားမယ် ထင်ပါ့
    မလုပ်ပါနဲ့ ဘာညာ လိုက်တောင်းပန်ပေမယ့် ဆရာသမားက ရင်နာနေပြီ လှည့်ကို
    မကြည့်တော့ပါဘူး။ ကိစ္စတွေက ပြီးခဲ့ပြီလေ။
    ( အထက်ပါ အကြောင်း အရာနှင့် တွေ့ဆုံခဲ့သူသည် ယခု လက်ရှိ စင်္ကာပူတွင်
    နေထိုင်နေပါသည် )

    ကျန်ပါသေးတယ်ဗျာ … ကျွန်တော်တို့ လုပ်ငန်းခွင်တူ ညီအကို
    ပြန်စဉ်တုန်းကလည်း ရန်ကုန်တွင် ပစ္စည်းပါမလာ နောက်နေ့တွေမှ လေဆိပ်တွင်
    သွားရောက်ရွေးယူရပါသည်။ ခွင့်ပြည့်လို့ စင်္ကာပူ ပြန်လာသည့်
    ခရီးစဉ်တွင်လည်း ပစ္စည်းက ရန်ကုန်တွင် ကျန်ရစ်၊ နောက်နေ့တွင်မှ အိမ်လိပ်စာ
    အတိုင်း လာရောက်ပို့ပေးသည်။ အဲ ကွာတယ်နော် ရန်ကုန်မှာကျတော့
    ကိုယ်တိုင်ရွေးယူ။ စင်္ကာပူ မှာကျတော့ အိမ်လိုက်ပို့တယ်။ စာဖတ်သူတွေ
    နည်းနည်းတွေး ကြည့်ကြနော် ဘာတွေကွာတာလည်းလို့ ?

    နောက်တစ်ယောက်ကတော့ ကျွန်တော့် အရင်းနှီးဆုံးမိတ်ဆွေ ခွင့်နဲ့
    ပြန်တာပါပဲ။ စင်္ကာပူ ပြန်မယ့်ရက်စွဲကို ကွန်ဖမ်း လှမ်းလုပ်တာ ဖုန်းနဲ့
    ရန်ကုန်က MAI လေကြောင်းရုံးကိုပေါ့။ ဆက်ဆံရေး တော်တော် ပြေပြစ်တာပဲတဲ့။
    နာမည်ပြော ဖုန်းနံပါတ်ပြော ဂွပ် တန်းချလိုက် တာပဲတဲ့ စကားပြောခွက်ကို။
    တော်တော်လေးကို ယဉ်ကျေးတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပဲဗျ နော်…. ဘယ်လို
    လုပ်ပြီး အဆင့်မြင့် သယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းမှာ
    အလုပ်ရနေပါလိမ့်။ လမ်းဘေး ဈေးသည်လောက်တောင် ဆက်ဆံရေး မကောင်းပါလား။

    အထက်ပါ အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့တဲ့ သူတွေက ကျွန်တော်နဲ့ သိကျွမ်းတဲ့
    သူတွေကြီးပါပဲ အသေးစိတ် ရက်စွဲ လေကြောင်း အမှတ်စဉ် သိချင်ရင် လည်း
    ရှိပါတယ်လို့။

    ကဲအခု ကျွန်တော့် အမြင်ကို နည်းနည်းတော့ ရေးမယ်ဗျာ….
    ကျွန်တော်တို့ ခရီးသည် တစ်ဦးမှာ သယ်ယူလို့ ရနိုင်တဲ့ အလေးချိန်၊
    လေကြောင်းလိုင်းက ခွင့်ပြုတဲ့ အလေးချိန် အတိုင်းပဲ ကျွန်တော်တို့
    သယ်ယူခွင့် ရှိတာနော်။ ဒါဆို ပစ္စည်းအလေးချိန် မနိုင်လို့
    ကျန်ရစ်ခဲ့ရတယ်ဆိုတာ ဘာကြောင့်လည်း ? သေချာတာ တစ်ခုကတော့ သပြေနုနဲ့
    ရဲရင့်ကပဲ လေကြောင်းလိုင်းကို အခက်အခဲ ဖြစ်စေတာ နေပါလိမ့်မယ်.။

    ပြီးတော့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရန်ကုန်အနေနဲ့က ကိုယ်တိုင် လေဆိပ်
    ဂိုဒေါင်မှာ သွားရောက် ထုတ်ယူရပြီး၊ စင်္ကာပူ နိုင်ငံမှာ ကြတော့ ဘာလို့
    အိမ်တိုင်ယာယောက် လာပို့ပေးရတာလည်း ?

    အဲဒီလို ပစ္စည်းတွေ ကျန်ရစ်ခဲ့မယ် ပျောက်ရှခဲ့မယ်ဆိုရင်
    လေကြောင်းလိုင်းကို အားပေးသူ ခရီးသည်တွေ အနေနဲ့ ရှေ့ဆက်ပြီး….
    ရှေ့ဆက်ပြီး…….


    အိုင်တီမန်း(မန္တလေး)၏ အိုင်တီ နည်းပညာ ပြခန်း၊ လိပ်စာက
    http://nyinyi.mandalaybloggers.org
    and Our Group Site: http://www.MandalayBloggers.Org

  • kai

    April 30, 2011 at 8:07 pm

    @ eros
    ကြိုက်တဲ့ နေ့ကစပြီး တပါတ်စာစီခေါင်းစဉ်တပ်သွားပါခင်ဗျား..။

    နားလည်မှုနည်းနည်းလွဲနေပါတယ်..။
    ခေါင်းစဉ်ကို ပြင်ပြီး.. ပြန်ပြန် Edit လုပ်ရေးရမှာမဟုတ်ပဲ.. အသစ်..အသစ်ပို့စ်တွေဖွင့်သွားစေချင်တာပါ..။
    ကျုပ်က… အဲဒီအသစ်ပို ့စ်တွေရင်..အဟောင်းကို အပေါ်မှာ sticky လုပ်ထားတာကနေ ပြန်ချပြီး အသစ်ကို အပေါ် ပထမစာမျက်နှာမှာ တောက်လျှောက်ရှိအောင် လုပ်ပေးရမှာမို ့ပါ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2011 at 7:11 am

    မဲမသမာမှု တိုင်ကြားချက်များ မေလဆန်းတွင် ပြန်လည်စစ်ဆေးမည်
    ပြီးခဲ့တဲ့ ၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရလဒ်တွေနဲ့ပတ်သက်ပြီး မဲမသမာဘူးလို့ ကန့်ကွက်ထားတဲ့အမှုတွေကို လာမယ့်ရှေ့တပတ် မေလဆန်းပိုင်းကစပြီး ပြန်ပြီး စစ်ဆေးဖို့ ဆင့်ခေါ်နေပြီဖြစ်ပါတယ်။
    အသေးစိတ်သတင်းများကိုတော့ အောက်ပါလင့်တွင်ဆက်လက်ဖတ်ရှုပါရန်
    ဝေးဝေးမသွားရပါဘူးခင်ဗျ
    ရွာထဲမှာပါဘဲ
    http://myanmargazette.net/47842/arts-humanities/history-museums

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2011 at 7:20 am

    ဒီသတင်းက အစမဟုတ်ဘူးခင်ဗျ
    မစ်စတာဂဒါဖီရဲ့ရင်သွေးနဲ့မြေးများ တိုက်ခိုက်သတ်ဖြတ်ခံရတဲ့သတင်းပါ
    အစပိုင်းကိုတော့
    အောက်ကလင့်မှာ အရင်သွားဖတ်ပါခင်ဗျ
    http://myanmargazette.net/47842/arts-humanities/history-museums
    လစ်ဗျားအစိုးရအနေနဲ့ အပြောမဟုတ် လက်တွေ့ လုပ်ပြတာကိုပဲ မြင်လိုတယ်လို့ နေတိုး တာဝန်ရှိသူတွေက စနေနေ့က တုန့်ပြန်ပါတယ်။ လစ်ဗျားအစိုးရပ အပစ်အခတ်ရပ်စဲရေးကို အရင် အကြိမ်ကြိမ် ကြေညာခဲ့ပေမယ့် အရပ်သားတွေကို ဆက်ပြီး တိုက်ခိုက်နေတုန်းပဲလို့ နေတိုးဖက်က ပြောပါတယ်။ လစ်ဗျားမှာ အရပ်သားတွေကို အန္တရာယ်ပေးနေသရွှေ့တော့ နေတိုးမဟာမိတ်တပ်တွေက စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    စနေနေ့ မနက်ပိုင်းက ဂဒါဖီက ရုပ်မြင်သံကြားကနေ ၁ နာရီခွဲကြာ မိန့်ခွန်းရှည်ပြောပြီး၊ နေတိုးဖက်က တိုက်ခိုက်တာတွေ ရပ်ပေးရင် စေ့စပ်ဆွေးနွေးမယ်ဆိုပြီး ကမ်းလှမ်းသွားတာပါ။ ဂဒါဖီ အဲဒီ မိန့်ခွန်းပြောနေချိန်မှာလဲ အဲဒီအနီးကို နေတိုးတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်တာ လုပ်ခဲ့ပါသေးတယ်။
    http://www.voanews.com/burmese/news/04-30-2011_Libya-121035314.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2011 at 6:46 am

    ဗိုလ်ချုပ်ကြီးဂဒါဖီက သေနေ့မစေ့တာမဟုတ်ဘူး
    အစောင်လက်ဖွဲ့ကောင်းကောင်းရှိလို့ဖြစ်ပုံရပါတယ်
    သူရှိနေတဲ့အိမ်ထဲကိုဒုံးကျဉ်တွေနဲ့ဝိုင်းဆော်တာ
    သူများတွေသေကုန်တယ်
    သူ့ဘေးနားအခန်းကိုကျတဲ့ဒုံးကျည်ကမပေါက်ဘူး
    အဲ့ဒါ အဆောင်ကောင်းတာအဆောင်ကောင်းတာ
    ဘာဖြစ်လို့လဲဆိုတော့
    နေတိုးဆိုတာကအမေရိကန်တွေနဲ့မရှင်းမရှင်းတွေလေ
    ခုဖြစ်ပုံက ဂဒါဖီမှာ အဆောင်လက်ဖွဲ့ကောင်းကောင်းရှိရင်ရှိ
    မရှိရင် နေတိုးနဲ့ပတ်သက်တဲ့အမေရိကန်တွေရဲ့ဒုံးကြည်တွေဟာ
    တစ်ကယ်ဖြစ်လာရင်သုံးလို့မရဘူးဆိုတာကို မီးမောင်းထိုးပြနေပါတယ်
    ဒီနေရာမှာ http://freedomnewsgroup.com/2011/05/01/nato-strikes-killed-gadaffi-youngest-son/
    နေတိုးတပ် ဖွဲ ့ ၏ လေကြောင်း တိုက် ခိုက်မှု အတွင်း ကဒါဖီ ၏ အငယ် ဆုံးသား တစ်ဦး ဖြစ်
    သူ Saif Al Arab Gadaffi နှင့် ကဒါဖီ ၏ မြေးသုံး ဦး သေဆုံး သွားခဲ့ပြီး သူ၏ သူငယ် ချင်း
    အချို ့သေဆုံးကာ ဆွေမျိုး သားချင်း အချို ့ ဒဏ်ရာ အပြင်းအထန် ရရှိ သွား သည် ဟု သတင်း
    ရရှိသည်။
    ကဒါဖီ သည် ယမန် နေ ့က အပစ် အခတ် ရပ်စဲရန် တောင်းဆိုး ခဲ့ သော်လည်း နေတိုး နှင့်
    လစ်ဗျား လက်နက် ကိုင် ဒီမိုကရေစီ လိုလားသည့် အဖွဲ ့များ က ကဒါဖီ သည် ကတိတည်
    သူ မဟုတ် ဟု ဆိုကာ ပယ်ချ ခဲ့သည်။

    ပြင်းထန် သည့် လေကြောင်း တိုက် ခိုက်မှု အတွင်း ကဒါဖီ သည် ၎င်း ၏ သားဖြစ်သူ အိမ်
    တွင် ရောက် ရှိ နေသော် လည်း ထိခိုက် ဒဏ်ရာ ရရှိမှု့ မရှိ ဘူး ဟု အယ်(လ)ဂျာ
    ဇီးယား ရုပ်သံ တွင် ဖော်ပြထား သည်။

  • kai

    May 2, 2011 at 8:16 am

    🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂
    ဦးဝင်းမောင် မှ မြစိမ်းရောင် ဆရာတော်ဘုရားကြီးသို့ ၂၆-၂-၂၀၁၁ နံနက် ၉း၁ဝအချိန်လျှောက်ထားချက်— ဆရာတော်ဘုရား တပည့်တော်အား ကမ္ဘာစောင့်နတ်၊သာသနာစောင့်နတ်များမှလာရောက်နှိုးဆော်တိုင်တွန်းမှုကြောင့်ဆရာတော်အားလာရောက်လျှောက်ထားခြင်းဖြစ်ပါသည်ဘုရား။ ၂၀၁၁ ခု… မတ်လလယ်လောက်မှစ၍ ငလျင်များစတင် လှုပ်ရှားမှာဖြစ်ကြောင်းအဓိက အနေနှင့် စစ်ကိုင်း၊တောင်ငူ၊ပဲခူး စသည့်မြို့များဖြစ်ကြောင်း၊တန်ခိုးကြီးဘုရားစေတီများ မပျက်စီးစေရန်သာသနာစောင့်နတ်မင်းများအား စောင့်ကြပ်စေခဲ့ကြောင်း၊ မြန်မာပြည်ရှိရဟန်းရှင်လူများ မထိခိုက်မပျက်စီးစေရန်တိုင်းနယ်များရှိမြို့ကြီးများသို့ မိမိအားစေလွှတ်၍ အစီအမံများကို ဆောင်ရွက်ခိုင်းကြောင်းမိမိလုပ်ဆောင်သည့်နေရာမြို့များမှ မြေထက်သို့(၄)မိုင် မြေပေါ်သို့ဗဟိုချက်မှ (၃၉၀)မိုင် အန္တရာယ်ကင်းသက်ရောက်စေပါကြောင်း။ မြန်မာပြည်ကြီးအန္တရာယ်မှကင်းဝေးစေရန် ဆရာတော်၊သံဃာတော်များမှ မြန်မာနိုင်ငံနယ်နမိတ်တစ်လျှောက် လေယာဉ်ဖြင့် ပဋ္ဌာန်း၊ပရိတ်၊မေတ္တာများ ရွတ်ဖတ်သရဇယ်ပါက ၂ဝ ပုံ ၁ပုံခန့် သာ အန္တရာယ်ကျရောက်စေမှာဖြစ်သည့်အတွက် ဆရာတော်ဘုရားအားလျှောက်ထားပါကြောင်း၊ ၂၀၁၁ ဧပြီလတွင် မြောင်းမြ၊ ပုသိမ်၊ဖျာပုံစသည့်မြို့များမှာ မထင်မှတ်ဘဲ ရေကြိးနိုင်ပါကြောင်း၊ ၂၀၁၂ ခု ဒီဇင်ဘာလမှ ၂၀၁၃ ခုနှစ်မတ်လအထိ ကာလသည်အလွန်အရေးကြီးပါကြောင်း၊ နေနှင့်ကမ္ဘာကြားသု့ိ ဂြိုဟ်ကြီးတစ်လုံးဖြတ်သန်းမှာဖြစ်ပါကြောင်း ၊၎င်းဂြိုဟ်သည်အပူရှိန်ပြင်းထန်လွန်းသောကြောင့် ကမ္ဘာကြီးသည်ငလျင်လှုပ်၊မီးတောင်များပေါက်ကွဲပြီး ပြင်းထန်သောဘေးအန္တရာယ်များကြောင့်ကမ္ဘာပေါ်ရှိ လူသန်းပေါင်း(၆၀၀၀)အနက် သန်း(၃၀၀၀)ကျော်(၄၀၀၀)ခန့်သေကြေပျက်စီးမှာဖြစ်ကြောင်း၊ဤကာလတွင်လူများ သီလသမာဓိတည်ဆောက်ပြီး သတ်သတ်လွတ်စားလျှင်ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း၊မြန်မာ၊သီရီလင်္ကာ၊ နီပေါ၊ယိုးဒယား စသည်(၄)နိုင်ငံသာသက်သာရာရမည်ဖြစ်ပါကြောင်း၊ တပည့်တော် ပုသိမ်၌လုပ်ငန်းလုပ်ဆောင်နေစဉ်ဦးအောင်မြင့်ဆိုသူ လူတစ်ဥိးရောက်ရှိလာပြီး ဘိုးတော်အောင်မင်းခေါင်မှ၎င်းအား မြစိမ်းရောက်ဆရာတော်ဘုရားသို့ လျှောက်ထားရန်ခိုင်းပါကြောင်း၊မြစိမ်းတောင်ရှိ အဆောက်အဦးများခိုင်ခန့်စွာ တည်ဆောက်ထားရန်ဆန်ဆီဆားဆေး များစုဆောင်းထားရန် လျှောက်ထားခိုင်းကြောင်း။ ယခုသူမလာခင်တပည့်တော်မှ ကြိုတင်လျှောက်ထားခြင်းဖြစ်ပါကြောင်း၊ ၂၀၁၃ ခု ဖေဖေါ်ဝါရီ ၁၄၊၁၅၊၁၆ ရက်များမှာ ကမ္ဘာကြီးသည်လည်ပတ်မှုရပ်ဆိုင်းပြီး အမှောင်ကျမည်ဖြစ်ပါကြောင်းစသည်ဖြင့်လျှောက်ထားပါသည်။ ဆရာတော်ဘုရားကြီးမှ ဒကာကြီး လျှောက်ထားချက်များဖြစ်နိုင်ပါကြောင်းပြန်လည်မိန့်ကြားပါသည်။ ဒကာကြီးလည်း တောင်ပေါ်သို့လှည့်လည်ပြီးအဆောက်အဦးများ ဆောက်ထားသည်ကို လေ့လာကြည့်ရှုနိုင်ရန်နှင့် ဆန်၊ဆီ၊ဆေး၊ဆားစသည်များ အဆင်သင့် ဆောင်ရွက်ထားပါကြောင်း ပြန်လည်မိန့်ကြားပါသည်။ ဆရာတော်ကြီးမှ ဆက်လက်၍ ယခု မြန်မာသက္ကရာဇ်ဘယ်လောက်ရှိပြီလဲသိလားဟု မေးသည့်အခါ ၁၃၇၂ ခုရှိပါပြီဘုရားလို့ဖြေတဲ့အခါဒကာတို့ကို တဘောင်တစ်ခု ရွတ်ပြမယ်၊ ၈၁ နဲ့ မတင်းတိမ် ၉ဝ ခုကိုအရောက်ချိန် မင်းတို့သိကြသလားမေးပြီး နောင် (၁၀)နှစ်နဲ့ နှစ်(၂၀)ကြာရင်ကမ္ဘာပေါ်မှာအားလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ကုန်ပြီးမန္တလေးမြို့အောင်ပင်လယ်ကန်အနီးမှာ ဗုဒ္ဓရာဇာ၊ဗုဒ္ဓစင်္ကြမင်း ပေါ်လာပြီးကမ္ဘာပေါ်မှာ မင်းတစ်ပါးတည်းသာ အုပ်ချုပ်စိုးစံမှာဖြစ်တယ်လို့မိန့်ကြားပါသည်။
    မှတ်ချက်။ ။ ယခုလာရောက်လျှောက်ထားသူ ဦးဝင်းမောင်မှာ၂၀၀၈ ခုနှစ် နာဂစ် မတိုက်ခတ်မီ ၁ဝ ရက်ခန့်အလိုတွင် ဆရာတော်အားရန်ကုန်၊ဧရာဝတီ စသည့်နေရာများတွင် ကြီးမားသော မုန်တိုင်းကြီးတိုက်ခတ်ပြီးလူသိန်းချီသေဆုံးမည်အကြောင်း လျှောက်ထားခဲ့ဖူးသည်။ ၁-၃-၂၀၁၁ ခု အင်္ဂါနေ့ နံနက် ၈းဝဝ နာရီအချိန် ဦးဝင်းမောင် မှမိုးဇလပညာရှင် ဒေါက်တာထွန်းလွင် သုံးသပ်ချက်အား ဆက်ကပ်ရာ ဆရာတော်မှ ၂၀၁၂ခုနှစ်သည် အင်မတန်မှ အရေးကြီးကြောင်း၊ ပျက်စီးမှာဖြစ်ကြောင်းမိန့်ကြားသဖြင့် လူအများ ကပ်ဘေးမှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်ရမည်ကိုလျှောက်ထားရာ အန္တရာယ်ဖြစ်ပွါးနိုင်သည့်ရက်များ တွင်ဖယောင်းတိုင်အသေး(၂)တိုင်အား ပူးထွန်း၍ ဘုရား၌ ပူဇော်ပါသားတော်၊သမီးတော်များ အား ကယ်တင်စောင့်ရှောက်ပါရန်နှင့်သဗ္ဗုဗဒ္ဓေဂါထာတော်အား အချိန်ရလျှင် ရသလို ရွတ်ဖတ် ပူဇော်ရန်မိန့်ကြားပါသည်။ (ဟုတ်မဟုတ်အား ကိုယ်တိုင် ကြုံကြားသိမြင်ခြင်းမရှိပါလက်ထဲရောက်လာ၍ ထပ်မံဝေငှပါသည်။ဘုရားတရားသံဃာ ကိုးကွယ်ဆည်းကပ်ရန်တိုက်တွန်းချက်များပါ၍ အကျိုးမယုတ်ဟု ယူဆမိပါ၍ ဝေငှခြင်းဖြစ်ပါသည်။) ဖော်ဝပ် အီးမေးလ်မှ…..

    🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁

Leave a Reply