အကောင်းမြင်

ywetnuApril 27, 20111min16612

အိုကွယ် ဘုရားစူးရပါစေရဲ့ …..
ကိုယ့်အဖြစ်ကို ကိုယ်ကိုယ်ကိုယ် မေးကြည့်လို့မှ
အဖြေမသိရတဲ့အဖြစ်ဟာ ဘယ်လောက်ဆိုးရွားနိုင်လဲ

ကိုယ်ကကံကောင်းတယ်လေ
ဒီစကားတစ်ခွန်းပြောဖို့
မျက်ရည်တွေ လက်ဖမိုးနဲ့သုတ်နေရတာ
ပါးပြင်က စပ်ဖျဉ်းဖျဉ်းနဲ့

တော်ပါပြီ ကိုယ်မတွေးတော့ပါဘူး
ဒါပေမယ့် ကိုယ်က ကံကောင်းတယ်လေ …..

ရွက်နု
ဧပြီ ၂၇၊ ၂၀၁၁

 

12 comments

  • KoNyeinChan

    April 27, 2011 at 7:36 am

    ဖတ်ကြည့်ပြီး ကိုယ့်မှာ မျက်လုံးလေး ကလယ်ကလယ် နဲ ့ကျန်ခဲ့တယ်… ဟီးးးးးး 😛

  • cobra

    April 27, 2011 at 8:10 am

    ဘယ်လိုကြီးလဲဟ…
    ဘာကိုဆိုလိုတာလဲ…
    လုပ်ပါဦး…။

  • maylekha

    April 27, 2011 at 10:19 am

    ပိုနားလည်သွားအောင်နည်းနည်းလောက်ထပ်ရေးလိုက်ပါလား………….

  • ywetnu

    April 27, 2011 at 10:42 am

    မရေရာမှုတစ်ခုပေါ် ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့် အကောင်းမြင်စိတ်နဲ့ ကြည့်မိလိုက်တာပါ တစ်ချို့သော အကြောင်းအရာတွေက နားလည်စရာမလိုဘဲ ခံစားမိတတ်တယ်

  • manawphyulay

    April 27, 2011 at 1:30 pm

    ရှုပ်နေရင် ရှင်းတဲ့စိတ်
    နောက်နေရင် ကြည်တဲ့စိတ်
    အရာရာ အကောင်းမြင်တဲ့စိတ်
    ရင်မှာ အမှန်တကယ်ထား
    နှလုံးသားက အေးချမ်းသွားမှာပါနော်….

  • naywoonni

    April 27, 2011 at 3:02 pm

    ကံကောင်းခြင်း လက်ဆောင်တွေလည်း ယူပါမေ…….. ဆိုတဲ့သီချင်းလိုဖြစ်နေပြီ……
    ကိုယ်က …ကံကောင်းတယ်လေ…..ဆိုတာပဲနားလည်လိုက်တယ်

  • bigbird

    April 27, 2011 at 3:31 pm

    ဟား..ဟား…ဟာ….ဟာ…ဟား…..
    (ကဗျာနဲ့ ကွန်မန့်တွေကိုသဘောကျလို့ပါ…စာရေးသူအားလှောင်ပြောင်ခြင်းမဟုတ်ပါ)

  • ဆူး

    April 27, 2011 at 3:52 pm

    နားမလည်တာကို နားမလည်သလို ရေးလိုက်တာပေါ့လေ.. ကောင်းပါတယ်..
    ရွက်နု တယောက်လည်း စိတ်ဆင်းရဲခြင်း အပေါင်းမှ ကင်းဝေးပါစေ။

  • etone

    April 28, 2011 at 1:53 am

    မမ မော်ဒန်ကဗျာရေးထားတာ အမိုက်စားပါလား ။

  • bigcat

    April 28, 2011 at 2:33 am

    ဝမ်းမနည်းပါနဲ့ ခလေးရယ်
    ရွက်နုလေးကြွေကာကျ
    မြေပေါ်မှာမခဖို့
    ကြောင်ကြီးရယ်
    လှမ်းခြူဆွတ်ပါ့မယ်
    ပို၍ကံကောင်း….

  • cobra

    April 28, 2011 at 8:11 am

    အော်….
    ကဗျာရေးထားတာလား….
    ပြောမှပဲသိတော့တယ်…။

Leave a Reply