ကျင့်ကြံအားထုပ်ခြင်းဆိုတာ အလကားလို့ ၉၉% ဆုံဖြတ်လိုက်ပြီ

ဟုတ်တယ် ကျင့်ကြံခြင်းဆိုတာအလကားဘဲ
တိုင်းပြည်တွက် လူမျိုးတွက်ဆိုပြီး ပေးဆပ်သူတွေဟာ နွားနဲ့တူတယ်
တစ်ခုခုကို အယောင်ပြပြီး ချောင်တဲ့နေရာကိုသွား
ချောင်သလိုနေတာ ကောင်းတယ်
………………………………….
ဘယ်လိုလုပ်မသိနိုင်…ဉာဏ်မမှီနိုင်ရမှာလည်းကွယ်…။
ဘုရားပွင့်ချိန်က.. အိနိ္ဒယမှာ… ဒီခေတ်ထက်အများကြီးကို … ပုဂ္ဂိုလ်ထူးတွေ ပေါတာပေါ့..။
ဒါတွေ..ဒီလူတွေကို..ဘာတွေလည်းး… ဒုက္ခဆိုတာဘာလည်း.. ဒုက္ခလွတ်ရာကဘာတွေလည်း..စသဖြင့်လူတွေ မှီအောင်သိအောင် ..ဂေါတမဗုဒ္ဓက..၄၅နှစ်လုံးလုံးလုံး တရားတွေမနားတန်းဟောခဲ့တာ…
ဒီခေတ်.. ပညာအမြင်မျက်စိပါထပ်ဆောင်း..တကမ္ဘာလုံးက ..တခြားကိုးကွယ်ကြရာဘာသာကြီးတွေနဲ့… တွေးခြုံကြည့်.. သုံးသပ်…ဆန်းစစ်…
ဒါတောင်..မသိသေးရင်…တော်တော် “အ”သေးလို့ဖြစ်မှာပါ…။
.. ဓမ္မကိုဖတ်တာ..လေ့လာတာ..မအ, အောင်လို့ လို့ (ဒေါက်တာသန်းထွန်းစကား ယူသုံးပြီး) ပြောရမလိုဖြစ်နေပြီ…။
ဆိုတော့..
လူရဲ့အရိုးက… ကယ်လစီယံနဲ့..ဖော့စ်ဖိတ်ဓါတ်ပါတယ်..။
ဒါကို မီးပြင်းနဲ့မြိုက်ရင်.. ကယ်လ်စီယံအောက်ဆိုက်.ပါရောက်ဆိုက်ဖြစ်တယ်..။
ပူလွန်းတဲ့အချိန်ကိုက်… အုန်းရေလို..ကာဗွန်နိတ်ပါတဲ့.. ရေအအေးနဲ့ဖြတ်လောင်း… ကယ်လ်စီယံအောက်ဆိုက်ဟာ…အစေ့အစေ့အလုံးလုံးတွေဖြစ်တတ်တယ်ဆိုတာ… ဓါတ်ခွဲခန်းထဲလုပ်ပြရဦးမလားတော့မသိ…။
သူများနိုင်ငံတွေများ… အရိုးပြာကို… အမှတ်တရလိုချင်သူများအတွက်…ဆားဗစ်မျိုးစုံပေးတာ… ပြာဖြစ်နေတဲ့..ကာဗွန်တွေကို..အပူချိန်..ဖိအားပေးတော့…စိန်အတုလေးတွေပါလုပ်ပေးတယ်…။ ရောင်စုံကျောက်ကလေးတွေလုပ်ပေးတယ်..။ အမှတ်တရ..စာရေးလို့ရတဲ့..ခဲဆံတောင်လုပ်ပေးသေး..။ မြန်မာတွေက .. ဓါတ်တော်ဆိုတာတွေကို ..ကိုးကွယ်နေကြတယ်ဆိုတာ.. တခြားနိုင်ငံက လူတွေမေးကြည့်ချင်သေးလား..။ မြန်မာပြည်အပြင်မှာနေတဲ့ ..ရွာသားတွေ.. အနီးအနားက လူတွေမေးကြည့်လိုက်ပါဉ်ိး..။ အာဖျံကွီးရိုးရိုးသူမမေးပါနဲ့.. ဘဝမှာအောင်မြင်နေသူတွေကိုသာ.. ပွင့်လင်းစွာဝေဖန်ပေးပါဆိုပြီးမေးပါ…။ ပက်လက်တောင်လန်ကျသွားဦးမယ်…။
လူသေရင်… မပုပ်ပဲခြောက်သွားအောင်ဆိုတာ… ကမ္ဘာမှာ.. လွန်ခဲ့တဲ့နှစ်ထောင်ချီကတည်းက..မာယာ..အင်ကာယဉ်ကျေးမှုတွေမှာလုပ်တတ်တယ်…။ အခုထိလည်း အာဖရိကတောထဲက… လူတွေလုပ်တတ်တယ်…။ ဘာခေတ်မှီဆေးမှမသုံးဘူး..။
ထားပါတော့…
ဘုရားပွင့်တယ်..။ရဟန္တာပွင့်တယ်ဆိုလို့..လူတွေအကျိုးများတယ်ဆိုတာ… ဘုရား၊ရဟန္တာ သူတို့ကိုယ်နှိုက်ကတင်…များနေတာမဟုတ်ဘူး…။
လူတွေကအကျိုးများတာ…။
များမှာပေါ့.. အရိယာက… အမှန်တွေချည်းပြောပြ ရှင်းပြတာကိုး.. ဘာအစွဲမှာမရှိ..။ဘာကိလေသာမှမရှိ…အရိယာ ပြောတဲ့စကားတိုင်း..တရားတိုင်း… လူတွေအတွက်အင်မတန်အကျိုးများတယ်..။
နိုင်ငံရေး..စီးပွားရေး.အိမ်ထောင်ရေး….ကြီုက်တာသွားမေး…။ ဖြေတာပြောတာအကုန်သေသေချာချာ နားထောင်..အင်မတန်အကျိုးများတဲ့တရားတွေချည်းဖြစ်တယ်…။
အကျိုးများတော့ ဘာဖြစ်သလဲ..။
ရဟန္တာတပါး..အရိယာတဦး…ထင်ရှားရှိတဲ့တိုင်းပြည်.သူ့အဆုံးအမထဲ တည်တဲ့တိုင်းပြည်.. .မင်း…အစိုးရ…လူ့အသိုင်းအဝိုင်း..အင်မတန်တိုးတက်တယ်…။ ငြိမ်းချမ်းတယ်..။ အောင်မြင်တယ်…။
ဗုဒ္ဓရဲ့..သံဃာ..ဂိုဏ်းကိုဖွဲ ့စည်းပေးတဲ့ရည်ရွယ်ချက်ကဘာလဲ…။ သေသေချာချာ သဘောပေါက်ကြရဲ့လားမသိ..။
ရဟန်းကနေ.. ရဟန္တာဖြစ်ပဟ ဆိုပြီး…ဘယ်သူ့မှမပြောပဲ.. တိတ်တ်ိတ်လေး.. တောထဲဝင်.. တရားထိုင်နေကြဖို့များ… ဘုရားကတိုက်တွန်းခဲ့တယ် ထင်နေကြသလားမသိ..။
(မြန်မာပြည်မှာ .ပုဂ္ဂိုလ်ထူးတော့တော်တော်ပေါမယ်လို့တော့ ထင်ပါတယ်..။
ယောဂကျင့်စဉ်တွေကို …တစိုက်မတ်မတ်လုပ်ရင်… ဈာန်နဲ့.. အဘိဉာဉ်တော့ ရလောက်တယ်..။ ဤကားစကားချပ်)
…………………………..
ကျန်တဲ့ ၁% က သရဲဆိုတာကို မြင်ဘူးတယ်

သရဲဆိုတာ ရှေးဘဝနောက်ဘဝဘဲ

သရဲရှိရင် ရှေးဘဝနောက်ဘဝရှိတယ်

သရဲမရှိရင် ရှေးဘဝ နောက်ဘဝမရှိဘူး
ရှေးဘဝနောက်ဘဝကို မြတ်စွာဘုရားကဟောထားတယ်

သရဲဆိုတာ သိပ္ပံပညာနဲ့ ရုတ္တိမရှိကြောင်း
ရှင်းပြနိုင်ရင်
ဘာသာတရားဆိုတဲ့ ယုံကြည်မှုလက်ကျန် ၁% ကိုပါ အပြီးစွန့်လွှတ်မယ်
ဒါဘဲ 🙁 🙁 🙁

ကျင့်ကြံခြင်းဆိုတာ တစ်ခွက်သောဘီယာလောက် လက်တွေ့မကျပါလား

15 comments

  • weiwei

    April 29, 2011 at 2:55 pm

    သူကြီးကျည်ဆံနဲ့ သူကြီးကို ပြန်ပစ်နေတာပဲ … 😛

  • nayzaw

    April 29, 2011 at 3:34 pm

    အင်းနောင်တဆိုတာနောင်မှရလို နောင်တလိုပြောတာ သူကြီးအတွက်စိတ်ပူလို့ပါ သရဲဆိုတာသိပ္ပံပညာနဲတော့သိဘူး
    ဗုဒ္ဓဝါဒမှာတော့သရဲရယ်လို မရှိပါဘူးသူကြီးရယ် ပြိတ္တာတွေသာရှိပါတယ် သူတိုဟာအစာရေစာငတ်မွတ်လို့ရှိရင်သူတို့ရဲ
    ကျောက်မက်ဖွယ်တွေကိုပြီး အစာရှာကြတာလေသူကြီးရဲ့ သိပ္ပံပညာနဲရှာလိုတွေရင်ပြောပါဦးသူကြီးရဲ့

  • kopauk mandalay

    April 29, 2011 at 4:06 pm

    ကိုကိုပု
    ရှင့်ကို ဒီအရေတွေ ကို မသောက်ပါနဲ့လို့ အတန်တန်မှာရဲ့သားနဲ့
    အခုတော့……………………………..
    မူးလို့ပြောတာတော့ မဟုတ်ပါဘူးနော်။
    ဘာလို့လဲဆိုတော့ အမှန်တွေပြောနေတာကို မူးလို့ပြောနေတယ်ထင်သွားမှာစိုးလို့ပါ

  • bigcat

    April 29, 2011 at 11:03 pm

    ကိုအောင်ပုရေ ဘာမှအားမငယ်နဲ့ ရဟနာ္တပုဂ္ဂိုလ်ထူးအချို့ ချန်ထာရစ်ခဲ့တဲ့ သက်သေအထောက်အထားတွေနဲ့လာပြီ။ သဂျီးမလှုပ်နိုင်တော့ဘူး ရွာသားတို့၊ ဆက်ဖိထားကြပါ…
    ယနေ့တိုင်ရှိနေသေးသော စွန်းလွန်းဆရာတော် ရုပ်ကလပ် http://yinthinneimagazine.blogspot.com/2011/02/blog-post_08.html
    ဆရာတော်ကြီး
    `အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မထေရ် ဘဒ္ဒန ္တ ဇောတိက(လေး)`၏
    ဓါတ်တော်များhttp://dhammadownload.com/Bhaddanta-Jotika%28lay%29-mogok-news.htm
    မုံလည်တောရ ဆရာတော်ဘုရားကြီး၏ အဂ္ဂိဈာပန အခမ်းအနား ဗီဒီယို မှတ်တမ်း
    http://dhammadownload.com/MoneLeiSayaDawUThanWaRa-news.htm

    • ဆူး

      April 30, 2011 at 8:41 am

      တောင်ကြီးဘက်ကို သွားတုန်းက ကုံလုံ ဆရာတော်ကြီး ပျံလွန်တော် မူသွားပါပြီ။
      ဒါပေမဲ့.. ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကို တွေ့ခဲ့ပါတယ်။ ပျံလွန်တော်မူတာ ၁နှစ်ခွဲလောက် ရှိနေပါပြီ။ ၁နှစ်ကျော်တာ သေချာပါသည်။
      မှန်ခေါင်းထဲ ထည့်ထားတာ အသားအရေ နဂို အတိုင်း စိုပြေ နေပါတယ်။
      ဆံပင်တွေ လက်သည်း ခြေသည်းတွေ ရှည်နေပါတယ်။
      သေသွားတဲ့ လူက ဆံပင် လက်သည်း ခြေသည်း ထက်ပြီး ရှည်ထွက်ရိုးထုံးစံ မရှိသလို.. ဘာမှ မလုပ်ဘဲ မှန်ခေါင်းထဲ ထည့်ထားတာ မပုပ်မပွဘဲ.. ရှိနေပါတယ်။

      ဆရာတော်ရဲ့ ရာဇဝင် တချို့ ကြားခဲ့ရတယ်။ တခါတုန်းက သခိုးတွေ ဝင်ခိုးပြီး ဆရာတော်ကို လက်ပြန်ကြိုးတုတ်ပြီး ထားခဲ့တယ်။ နောက်တော့.. ဒကာတွေ လာတော့ ကြိုးက ဖြည့်စရာ မလိုဘဲ ပြည်နေတာ တွေ့တယ်။ ဒကာ တယောက်က စိတ်တိုတိုနဲ့ ဆရာတော် တားနေတဲ့ ကြားထဲက တုတ်ထားတဲ့ ကြိုးကို မီးရှို့လိုက်တာ သခိုးအိမ် အလိုလို မီးထ လောင်လို့ ကြောက်ပါပြီ ဆိုပြီး ယူသွားတဲ့ ပစ္စည်း ပြန်သယ်လာပြီး တောင်းပန်ကြတယ်လို့ ကြားဖူးပါတယ်။

  • True Answer

    April 30, 2011 at 3:35 am

    အမှန်တရား ကို သိနားလည်မှု သည် မိမိ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ကို အဟုတ်ထင် ၊ အတည်ယူ ငြိတွယ် နေမှုနှင့် ပြောင်းပြန်အချိုးကျသည်။

    အမှန်တရားကို သိနားလည်မှု သည် မိမိ ရင်တွင် ဖြစ်ပေါ်နေသော မကျေနပ်မှု၊ ပူလောင်မှု၊ သောကများ လျော့နည်းလာမှု နှင့် တိုက်ရိုက်အချိုးကျသည်။

    မိမိဦးနှောက်မှ နားလည်သောအမှန်တရားသည် အမှန်တရား ဟုတ်မဟုတ် လောကဓံတရားတို့ မှ စာမေးပွဲစစ်ပေးနေသည်။

    မိတ်ဆွေရင်ထဲ ပူလောင်မှု၊ မနာလိုမှု၊ မတရားမှု၊ သောက၊ ဗျာဗါဒ ၊ တို့ ကင်းရှင်းနေမှုတို့နှင့် မိမိဆုပ်ကိုင်ထားသော အမှန်တရားတို့ ပတ်သက်မှုမရှိပါက ….ထိုအမှန်တရားဆိုသော အမှန်တရားသည်……..

  • char too lan

    April 30, 2011 at 8:26 am

    ဘပု !
    ဟန်နီကယ် ဆက်ရတာ ဘာနတ်လဲ ဘယ်လိုအကျိုးထူးလဲ 😛

  • ဆူး

    April 30, 2011 at 2:45 pm

    သရဲလား သနီ လားတော့ မသိဘူး။
    တခါ ကျိုက်ထီးရီုးကို ဘိုမ တယောက် ကို အဖော် အနေနဲ့ လိုက်ပေးဖူးတယ်။ အပြန်မှာ ကျိုက်ပေါလော မှဲ့ရှင် ဘုရားကို ဝင်တယ်။ ဘုရားဝင်းထဲရဲ့ တနေရာမှာ အဝိုင်းပုံစံ အုတ်ခင်းထားတယ် အဲဒီ အဝိုင်းရဲ့ အနားသတ်မှာ အုတ်တိုင် ၆တိုင် ထောင်ထားတယ်။ ၆မြှောင့်ပုံမျိုးပေါ့ တိုင်တွေ ထူထားတယ် အလယ်မှာ ဘာမှလည်း မရှိဘူး ကွက်ကွက်ကလေး ကျင်းတူးထားတယ်။ ကျင်းထဲမှာ ဘာရှိလဲ ကြည့်တော့ ညောင်ပင်တွေမှာ လာလာ စွန့်တဲ့ မနှဲလေး တို့ မြင်းဖြူရှင်တို့လို အရုပ်တွေ ပိုးလိုးပက်လက်နဲ့ အကျိုးအပဲ့ အလိမ်အပိန်တွေ.. ဘိုမက မေးတယ် ဘာလဲ.. ပစ်ထားတာလို့ ဖြေတော့ သူကောက်ယူသွားလို့ရလားတဲ့.. မယူနဲ့ ဒီတိုင်းထားလို့ ပြောပြီး အဲဒီ အုတ်ခင်းထားတဲ့ အပြားကြီးမှာ ရပ်နေရင်း သူက ဓါတ်ပုံရိုက်မယ်တဲ့.. ကင်မရာ ဖွင့်လို့ကို မရဘူး power on လိုက် အလိုလို off ဖြစ်သွားတယ်။ ဓါတ်ခဲ ကုန်တာလား မသိဘူး ဆိုပြီး အပို ဓါတ်ခဲ ထုတ်ပြီး လဲပြီး ရိုက်ဖို့ ကြိုးစားတယ်။ မရတော့.. ကင်မရာ ပျက်တာလား မသိဘူး ဆိုပြီး လှည့်ထွက်လာတာ အဲဒီ အုတ်အပြားကြီးကနေ ဆက်လျှောက်သွားပြီး လွတ်တဲ့ နေရာကျတော့ ကင်မရာကို မသင်္ကာ တာနဲ့ ဖွင့်ကြည့်တော့ ကောင်းနေတယ်။ ဒါနဲ့ ရပြီ ဟေ့ ရိုက်မယ်ဆိုပြီး ထိုနေရာကို သွားရိုက်ပြန်တော့ ကင်မရာ ပိတ်ပိတ်သွားပြန်ကော.. မယုံတတ်တဲ့ ဘိုမလည်း နည်းနည်း ဖြုံသွားပြီး.. တခြားမှာဘဲ ရိုက်ရင် ပိုကောင်းမယ် ထင်တယ် လို့ လာပြောတယ်။ သရဲလား သနီလားတော့ မသိဘူး.. ကိုယ်တွေ့ဘဲ။

  • bigbird

    April 30, 2011 at 2:52 pm

    ဟုတ်ရဲ့လားအန်တီဆူးရယ်…ဒီလောက်အထိတောင်ပဲလား..မယုံချင်စရာကြီး…. .. ယုံချင်ဘူး။

    • ဆူး

      April 30, 2011 at 2:57 pm

      ယုံချင်ယုံ မယုံချင်နေ.. ကိုယ်တွေ့ကိုတော့ တွေ့သလို ရေးချ လိုက်တာဘဲ။
      ဘဂျီးပု သရဲ ရှိလား မေးလို့.. ကြုံဖူးတာ ရေးပေးတာ။

      • realman

        May 2, 2011 at 9:13 am

        အဲဒါတွေ့ပြီးတာနဲ့ အိမ်မက်က လန့်နိုးလာရေားပဲလား။ အိမ်မက်က နိုးအောင် လုပ်ကြပါဦး – – – – – မဆူးကို နိုးအောင် လုပ်ကြပါဦး ဟူး . . . . . . ။ အမြင်တွေကို စစ်ဆေးဦးဗျာ။

  • kai

    May 1, 2011 at 12:37 am

    ္မစင်္ကြဝဠာထဲ… သတ္တဝါတွေနေလို့ရတဲ့ .ဂြိုလ်တွေ..ဥက္ကာပျံတွေ..တိမ်တိုက်တွေ.. မရေမတွက်နိုင်အောင်ရှိပါတယ်..။
    ဆိုတော့…အေလီယန်ဆိုတာ ရှိပါတယ်..။
    အဲဒါတွေကို…
    သရဲအမည်တပ်တပ်..။ ဂေါ်ဂွီလာတပ်တပ်..။ ပြိတုတပ်တပ်.. ရလောက်ပါတယ်..။ 🙁

    ဒီဒွန္ဒယာထဲ.. စိတ်ကိုလိုတာထိမ်းနိုင်.. စိတ်စွမ်းအားနဲ့.. ထူးဆန်းတာတွေလုပ်နိုင်.. တဲ့ …ပုဂ္ဂိုလ်ထူးတွေလည်း ရှိလောက်ပါတယ်..။

    ဆိုတော့…
    အောက်ကဇယားအရ..တမိနစ်တိုင်းမှာ..လူ ၁၀၅ယောက် (၂၀၀၈စာရင်း) သေနေတယ်..။
    အဲဒီ ၁၀၅ယောက်က တယောက်မှ သေပုံသေနည်းမတူကြဘူး..
    သေပုံမတူတိုင်း.. ပြာကြွင်းကျန်ပုံမတူတိုင်း.. ထူးဆန်းတိုင်း..။ ဘာတွေလုပ်ထားမှန်းမသိလို့..ဘာတွေဖြစ်ကုန်မှန်းမသိတိုင်း…..တိုင်းသာ.. ကိုးကွယ်ကြရရင်တော့…
    အင်း..
    တိုတောင်းတဲ့လူ့ဘဝခမြာ.. တော်တော်အလုပ်ရှုပ်ရှာတော့မှာပဲ..။

    ဗုဒ္ဓကတော့ မှာခဲ့တယ်..။
    တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်၏တဲ့..။
    (သင်္ဃာဋိကဏ္ဏသုတ်၊ ပဉ္စမဝဂ်၊ ဣတိဝုတ်ပါဠိတော်။)

    မသေခင်မှာ..သူဘာတွေလုပ်ခဲ့သလည်း..။ ဘာတွေပြောခဲ့သလည်း..။ ..ဒါတွေ..ဒါတွေ..ကြည့်သင့်တာပေါ့..။လိုက်နာသင့်ကြတာပေါ့…။

    Time unit Births Deaths Natural Increase
    ———————————————————
    Year 133,398,951 55,503,922 77,895,029
    Month 11,116,579 4,625,327 6,491,252
    Day 364,478 151,650 212,828
    Hour 15,187 6,319 8,868
    Minute 253 105 148
    Second 4.2 1.8 2.5

    စကားမစပ်…
    ဆူးမမပြောတာ အမှန်ဆို အဲဒီဘိုမ.. ယူအက်စ်က.. အာမီရဲ့ ရီဆပ်ချ်ဌာန သတင်းရောင်းစားပြီးလောက်ပြီ..။
    အာမီက..အဲဒီလို ဟာကို လက်နက်အဖြစ်သုံးဖို့.. ဘီလီယန်ချီမြုတ်နှံပြီး..ရှာနေတာ..။
    စဉ်းစားကြည့်..
    အရေးကြီးတဲ့ သမ္မတလို..နိုင်ငံရေးသမားတွေလာတဲ့နေရာ.. အဲဒီနည်းပညာသာသုံးလိုက်..လျှပ်စစ်အီလက်ထရောနစ်တွေ အလုပ်မလုပ်တာမို ့… ရီမုတ်နဲ့ ဖေါက်ခွဲတာမျိုး ဘယ်လိုမှ လုပ်လို့ရတော့မှာမဟုတ်ဖူး..
    လုံခြုံရေးအတွက် ကုန်တဲ့စရိတ်နဲ့တင်ကို.. ဘီလီယန်နဲ့ချီ သက်သာသွားမှာ..

    ပြောတာပြောသာ..
    အဲဒီနည်းပညာ.. စွမ်းအင်ကို.. မြန်မာအာဏာပိုင်တွေများ သုံးနေသလားမသိ..။
    မိလိုက်ရင်..မပေါက်ကွဲခင်.. ချိန်ကိုက်နာရီတပ်ထားတဲ့.. ဗုံးတွေတော်တော်များနေလို့..။ 🙂

    • ဆူး

      May 1, 2011 at 1:32 pm

      သူများ မရောင်းဘဲ သဂျီး ရောင်းစားရင် ပိုရမလားလို့. သဂျီး ကိုယ်တိုင် သွားပြီး စစ်ဆေးကြည့်ပါလား။

  • realman

    May 2, 2011 at 8:57 am

    သရဲမြင်ဘူးချင်တယ်၊ ကြောက်လည်းမကြောက်ချင်ဘူးဆိုရင် နေ့တိုင်း ပုံမှန် မှန်ကြည့်ပေး။
    မှန်ကြည့်ကြည့်ပေးရင် သရဲလည်းတွေ့မယ်၊ အဲဒီသရဲကိုလည်း မကြောက်တော့ဘူး မောင်ပုရ။

    သေသေချာချာကြည့်ပေးနော်၊ အဲဒါတကယ်ရှိလို့ တကယ်တွေ့ရမှာ၊ အပြင်မှာ မရှိတာကြီးကို သွားရှာရင် ဂေါက်သွားမှာပေါ့။

Leave a Reply